Pages

Sunday, November 7, 2010

ရွေးကောက်ပွဲ ညပိုင်းအသံများ..

ရန်ကုန် မဲရုံတစ်ခု အတွင်းပိုင်း မြင်ကွင်းတစ်ခု.. (ဓာတ်ပုံ ကိုနစ်အား ကျေးဇူးတင်ပါသည်)

ရန်ကုန်မြို့မှာ မဲများစတင်ရေတွက်လျှက် ရှိပါတယ်.. ရန်ကုန်နဲ့ ဆင်ခြေဖုန်းဒေသတွေမှာ ဆန္ဒမဲပေးသူတွေ အင်မတန်နည်းပြီး ရန်ကုန်တစ်မြို့လုံး ခြောက်ကပ်နေကြောင်း အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြီးခဲ့တဲ့ မြန်မာစံတော်ချိန် ည(၇)နာရီခန့်က ပြောဆိုသွားပါတယ်။

ရှေ့နေကြီးဦးဥာဏ်ဝင်း.။....။ ဒီနေ့ မဲရုံတွေက ညနေ(၄)နာရီမှ ပိတ်ပါတယ်..။ မဲလာပေးတဲ့သူတွေ တော်တော်နည်းပါတယ်... ဒီနေ့အန်ကယ်တို့ ကိုယ်တိုင် နေရာတော်တော်များများကို ပတ်ကြည့်ခဲ့ပါတယ်... ရန်ကုန်မြို့တစ်ခုလုံး ခြောက်ကပ်နေပါတယ်.. ကားတွေ၊ ဘတ်(စ်)ကားတွေ ကြပ်ပိတ်မနေဘူး.. ချောင်လို့ပေါ့. လူတွေက အသွားအလာတွေ တော်တော်နည်းတာပေါ့ .. အဖွဲ့ချုပ်ရဲ့မဲမပေးရေး လုပ်ဆောင်ချက်တွေ အောင်မြင်တယ်လို့ ပြောလို့ရပါတယ်..။ နယ်တွေမှာတော့ မသမာမှုတွေနဲ့ ပတ်သတ်ပြီး အန်ကယ်ဆီကို Report တွေတက်လာပါတယ်..။ ဥပမာ တစ်ချို့နယ်တွေမှာ မဲရုံတွေ ဟင်းလင်းပြင်မှာ အကာအရံမထားပေးဘူး.. သီးခြား ကန့်သတ်မှုမရှိဘူးပေါ့ အဲ့ဒါတွေ အပြင် တခြားမသမာ မှုတွေပေါ့.. ဟု ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်...။

ယနေ့ရွေးကောက်ပွဲ နဲ့ ပတ်သတ်ပြီး ပြည်တွင်းမှ ပေးပို့လာတဲ့ အတည်ပြုချက် မရနိုင်သေးတဲ့ သတင်းအတိုအထွာတွေကို ဖော်ပြလိုက်ပါတယ်..။

အင်းစိန်။...။ ယနေ့ အင်းစိန် ကမ်းနားလမ်း အနောက် ကန်သာယာ ဘုန်းကြီးကျောင်းဝင်း အတွင်း ရှိ မဲရုံအမှတ် ၇ ရှေ့တွင် ကြံ့ဖွတ် ပါတီမှ မဲဆွယ်စည်းရုံးသည်ကို တစည ပါတီမှ ကန့်ကွက် ရာ အချင်းများ ပဋိပက္ခ ဖြစ်ကြရာ မဲရုံကို မနက် ၁၀ နာရီခွဲခန့်တွင် ခေတ္တပိတ်လိုက်ရရင် ၁၂ ခွဲခန့်တွင်မှ ပြန်လည် ဖွင့်လှစ်ကြောင်းသိရသည် ။

ရန်ကင်း။...။ ရန်ကင်းမြို့နယ်တွင် ရပ်ကွက်တစ်ခုမှာ ကြံ့ဖွတ်မှ အားရကြေနပ်ဖွယ် ၃၅ မဲတိတိသာရရှိကြောင့် အတိအတကျ သတင်းရပါသည် မဲရုံမူး တူကိုယ်တိုင်ပြောသည်။

တောင်ဥက္ကလာ။..။ တောင်ဥက္ကလာမှာ အောင်သိန်းလင်း နိုင်သွားတယ်လို့ ကြားပါတယ်..။

တောင်ဒဂုံ။....။ တောင်ဒဂုံ ကြံ့ဖွတ်နိုင် ခမောက် ဒုတိယ တစည အပြတ်အသတ်ရှုံး မဲမပေးသူများ...

တောင်ဒဂုံ မဲရုံ ၁၂ မှာ ကြံ့ဖွတ်က၃၂၂ ခမောက်က ၃၀၀ တစည က၂၉(သိပ်မသေချာ) ပယ်မဲက ၂၇ မဲထည့်စာရင်းက ၁၂၂၂

ကမာရွတ်။....။ ၂ နေရာ ခမောက်နိုင် တစည ဒုတိယ လိုက်

ပန်းပဲတန်းမြို့နယ်။......။ ပန်းပဲတန်းမြို့နယ် တွင်မဲရုံ(၂၆)ရုံအနက် အားလုံးတွင် NDFပါတီမှ ဦးတင်ထွေးမှ မဲအသာစီးနှင့် အသာစီး ဦးဆောင်လျှက်ရှိသည်။ သို့သော် ကြံ့ဖွတ်ပါတီမှ ကြိုတင်မဲ အဝေးရောက်မဲများခြင့် အနိုင်ယူမည်ကို စိုးရိမ်ရသော အခြေအနေတွင်ရှိပါသည်။ ပန်ပဲတန်းမြို့နယ်မှ ဟာဂ်ျဘုရားဖူး ၀တ်ပြုရန်သွားမည့် ဟာဂျီလောင်းများ အားလုံးကို ကြိုတင်ပြီး ကြံ့ဖွတ်ပါတီအား မဲပေးပြီးမှ သွားကြရန် ..အာဏာပိုင်များမှ ဖိအားပေး ကြိုတင် မဲထည့်ခိုင်းကြောင်း သိရှရပါသည်။

မြစ်ကြီးနား။...။ မြစ်ကြီးနားက ကျွန်တော့ အဖွားကတော့ မဲသွားမပေးနိုင်ဘူးလို့ ရတယ်မလာနဲ့လို့ ပြာပါတယ်တဲ့ ... သူတို့ထည့်ပေးမယ်တဲ့ ဦးလေးကိုတော့ ခြင်္သေ့ကို ပေးရမယ်လို့ ပြောတယ်တဲ့.... ဦးလေးအမျိုးသမီးက နိုင်ငံခြားသူလေ သူ့မှာ မှတ်ပုံတင်လုပ်ထားတာ ၂ခါရှိပြီး မပေးဘူး ။ အခုမှ ကောက်ကာငင်ကာ မှတ်ပုံတင် နံပတ်ထုတ်ပေးတယ်တဲ့ မဲထည့်ရမယ်တဲ့ မှတ်ပုံတင် ကဒ်ပြားတော့ မထုတ်ပေးဘူးတဲ့... မဲအတွက် မှတ်ပုံတင် နံပတ် အတုတွေလိုက်ပေးတယ်... မြစ်ကြီးနားမှာ ဖြစ်နေတာ...

ဆက်လက် ဖော်ပြပါမည်..

1 comment:

  1. အခုနောက်ပိုင်းသတင်းအရတော့ ရန်ကုန်မယ် ndf ကအများဆုးံမဲအနိုင်ရရှိတယ်လို့ကြားသိရပါတယ် လူတွေတော်တော်များကတော့ မဲရုးံထဲမဲပေးဘို့သွားလိုက်ရင် ပေးစရာမလိုတော့ဘူး မင်းတို့ပေးပြီးပြီလို့ပြောလွှတ်လိုက်တာများပါတယ် တဲ့
    စမ်းချောင်းမဲရုးံတခုမယ်တော့ ရပ်ကွက်ထဲက လူငယ်တွေနဲ့စကားများရန်ဖြစ်ကြတယ်လို့ကြားသိရပါတယ် ကြံ့ဖံွ့အဖွဲ့ဝင်တွေကတော့ ပျော်ပွဲရွှင်ပွဲတွေနဲ့ဧည့်ခံနေကြပြီးလို့လဲ သတင်းကြားသိရပါတယ် မြို့နယ်တိုင်း ရပ်ကွက်အသီးသီးတိုင်းမှာ သူ့မဲရုးံနဲ့သူ အောင်ပွဲအနေနဲ့ဧည့်ခံကျွေးမွေးကြတယ်လို့ကြားသိရပါတယ် တာချီလိတ်မယ်တော့ ကြံ့ဖွံ့သာလျင်ထင်တိုင်းကြဲပြီးတော့လုပ်ချင်တိုင်းလုပ်နေတာလို့ကြားရပါတယ် ကြံ့ဖံွ့ကိုမဲထဲ့လျင်လည်းလုပ်ချင်တာလုပ်လို့ရတယ်လို့တာချီလိတ်မယ်သတင်းသုးံနေတဲ့ ရဟန်းတစ်ပါးကနေပြောကြားပါတယ် ဘုန်းကြီးတွေကို နိုင်ငံရေးဝင်မစွက်ဖက်လျင်လုပ်ချင်တာလုပ်လို့ ပြောထားတယ်လို့ ကြားသိရပါတယ်..
    နောက်ကြားသိတဲ့သတင်းများကိုလည်းဆက်လက်တင်ပြပေးပါမယ် မြ၀တီမယ်တော့ အားလုးံငြိမ်သက်နေပြီးလို့ကြားသိရပါတယ်..
    စက်တင်ဘာဦးနေမိန္ဒ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။