Pages

Wednesday, December 29, 2010

ယနေ့ အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်တွေ့ဆုံပွဲ အခမ်းအနား...

ဓာတ်ပုံ... ဒီမိုဝေယံ
ယနေ့ အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်တွေ့ဆုံပွဲ အခမ်းအနားသို့ ထိုင်ခုံစာရင်းအရ လူ ၃၀၀  လောက်တက်တယ် နယ်ပယ် ပေါင်းစုံက လာတာတွေ့ရပါတယ်.../ ၀န်ထမ်းပါတယ် ရှေ့နေပါတယ် ဥပဒေ ကျောင်းသားပါတယ် ဘလော့(ဂ်)ဂါ ပါတယ် NGO က ပါတယ်။ လူမှု့ရေး အဖွဲ့အစည်းတွေက ပါတယ်။ ကျောင်းသားလူငယ်တွေပါတယ် ၉ နာရီ ခွဲခန့်မှ ပွဲ စတယ် ၁၂ နာရီမှာ ထမင်းစားနားတယ် ၁၂ ခွဲ မှာ ပြန်စတယ် ထမင်းစားတဲ့ အချိန်မှာ အန်တီက လက်ရေတပြင်ထဲစားတာ တွေ့ရတယ်။ အားလုံးထိုင်တဲ့ ကြားထဲ လာထိုင်စားတာ လေးစားဖွယ်ပါပဲ တက်ရောက်လာသူ ၅၂ ဦး က ဆွေးနွေးပြောဆို မေးမြန်းတယ် အကြောင်းအရာ မျိုးစုံပါတယ် စီးပွားရေး လူမှု့ရေး နိုင်ငံရေး ILO ကိစ္စ ဥပဒေ ကိစ္စ လူငယ်ကွန်ယက် ကိစ္စ IT ကိစ္စ နည်းပညာ သင်တန်းကိစ္စ အားလုံးပြောပြီးတော့ အန်တီက အနှစ်ချုပ်ပြန်ပြောတယ်။ အားလုံးမေးတာကို ရှင်းပြတယ် အနှစ်ချုပ်ပေါ့ ပြီးတော့ အခမ်းအနားပြီးပါတယ်..။ နောက်လည်း ပွဲတွေ လုပ်ဦးမယ်ပြောတယ် အားရတယ်လည်းပြောတယ်.. ဟုသိရှိရပါသည်။

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။