Pages

Thursday, December 9, 2010

မနေ့က အဖွဲ့ချုပ်ရုံးရှေ့မှာ ကျင်းပပြုလုပ်တဲ့ သံဃာတော်များနဲ့ သီလရှင်များအား လှူဖွယ် ဝတ္ထုများနဲ့ လောင်းလှူပွဲမှာ အမေစု ဒီလို အရိုအသေပြုခဲ့ပါတယ်...

သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်များအား ကျွန်တော်တို့ လူထုခေါင်းဆောင် အမေစုမှ သဒ္ဓါတရားဦးထိပ်ထားပြီး ရိုသေမြတ်နိုး လက်အုပ်မိုးကာ လှူဒါန်းဆက်ကပ်ခဲ့ပါတယ်...။
ဓာတ်ပုံ ဒီမိုဝေယံ (ပြည်တွင်းသတင်းထောက် တစ်ဦး)
ဒီဓာတ်ပုံကတော့ Getty Images ကပါ..
ကျွန်တော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ သံဃာတော်များအား သဒ္ဓါကြည်လင်စွာဖြင့် ရိုသေလေးစားစွာ ခြေဗလာနဲ့ လှူဒါန်းဆက်ကပ်နေတာပါ..။ အမေစု ကျွန်တော်တို့အားလုံး သာဓုခေါ်ပါတယ် အမေ..။
အမေစုရဲ့ သံဃာတော် အရှင်မြတ်တွေ အပေါ်မှာ ထားတဲ့ ရိုသေလေးစားမှုကို စဉ်းစားမိရင်းက ကျွန်တော်တို့ နိုင်ငံမှာ ရက်ရက်စက်စက် သံဃာတော်တွေကို  ဖမ်းဆီး၊ ရိုက်နှက် ၊ သတ်ဖြတ်ခဲ့တဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကြီးအတွင်း ကကိုယ့်ဘာသာ ကိုယ့်သာသနာတော်ကို စော်ကား ဖျက်ဆီးခဲ့တဲ့ သာသနာဖျက် မိစ္ဆာစစ်ခေါင်းဆောင်များနဲ့တော့ မနှိုင်းကောင်းနှိုင်းကောင်း မိုးနဲ့မြေလို ကွာခြားလှပါကြောင်း.. ????

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။