Pages

Saturday, December 11, 2010

ယနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သတင်း၊ အဖွဲ့ချုပ်သတင်း ဓာတ်ပုံများ..(ဒီဇင်ဘာ ၁၀ရက်)

ယနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်း မှတက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ လာရောက်တွေ့ဆုံပါတယ်..မနက် ၁၀နာရီမှာ စတင် ဆွေးနွေးခဲ့ပြီး ၁၂နာရီခွဲမှာ ပြီးဆုံးကြောင်းသိရှိရပါတယ်..။
ဆက်လက်ပြီး အဖွဲ့ချုပ်ရုံးမှာကျင်းပတဲ့ ၆၂ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အခမ်းအနားသို့ တက်ရောက်ပြီး နိုင်ငံရေးအကျဉ်းကျခံနေရသူများရဲ့ မိသားစုများနဲ့ တွေ့ဆုံခဲ့ပါတယ်..။

ဓာတ်ပုံများ (ဒီမိုဝေယံပြည်တွင်း)
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း ပန်းခြံအား ပြန်လည် ပြင်ဆင်နေပြီး နေအိမ်ခြံဝင်း သံဇကာများ ပြန်လည်ကာရံနေတဲ့ ပုံများဖြစ်ပါတယ်..။

သတင်း၊ ဓာတ်ပုံများ.... ဒီမိုဝေယံ(ပြည်တွင်း)နဲ့ ညီမငယ်အား ကျေးဇူးတင်ပါသည်..။

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။