Pages

Saturday, December 25, 2010

၂၀၀၆ခုနှစ်က ပြောတဲ့ နိုင်ငံတော် အလံက ကြယ်ဖြူက ၂၀၁၀မှာ တဖြည်းဖြည်းနဲ့ အလယ်ရောက်သွားခြင်း..

၂၀၀၆ခုနှစ် နိုဝင်ဘာလ ၁၀ရက်နေ့ အမျိုးသားညီလာခံက သတင်းပါ..။ သတင်းပုံကတော့ Google Search ကရတာပါ....
၂၀၀၆တုန်းက ပြောတဲ့ပုံအရဆို အပေါ်ကအလံပေါ့...။ တဖြည်းဖြည်းနဲ့ ကြယ်ဖြူက ရသမျှ စားရင်း စားရင်း Evolution Teoryဆင့်ကဲ ဖြစ်စဉ်အရ ကြီးကြီးလာပြီး အလယ်ကို ရွှေ့လျှားလာပါတယ်... အစိမ်းက အလယ်ရောက် အဝါက အပေါ်ရောက်နဲ့
အစိမ်းရောင်တွင် လက်ဝဲဘက်၌ ကြယ်ဖြူကြီးကို အထက်သို့ မတ်မတ်ညွှန်လျှက် တည်စေရမည်တဲ့...။  ကြယ်ဖြူကြီးဆိုတာ တပ်ချုပ်ကြီးကို ပြောတာလားတော့မသိပါဘူး.. ။ ခုမှ တရေးနိုးလို့ ထရေးတာတော့ မဟုတ်ပါဘူး.. သတင်းပုံလေးတွေ့လို့ မျက်စိများမှားလားလို့ပါ...။ ၂၀၀၆ခုနှစ်က အပြောနဲ့ ၂၀၁၀ ခုနှစ် ထွက်လာတဲ့ အလံရဲ့ ကြယ်ဖြူက ဗိုက်ပူနံကား စားတာ များတဲ့ နအဖ စစ်ခေါင်းဆောင်တွေကိုများ ကိုယ်စားပြုလားလို့ပါ..။ သြော်နအဖ လက်ထက် အလံက အစ အဓိပ္ပါယ်တွေ ...ခုတစ်မျိုး တော်ကြာတစ်မျိုး ကဘောက်တိ ကဘောက်ချာတွေနဲ့ပါလား။

1 comment:

  1. အဲ့ဒါက ပထမချပြတုန်းက ပုံစံပါ။ နောက် ကိုယ်စားလှယ်တွေ ပြန်ဆွေးနွေးပြီးတင်ပြလို့။ ကြယ်က အလယ်ရောက်သွားတာပါ။
    အစိမ်းရောင် အလယ်ရောက်တာကတော့ ကြယ်ကို အလယ်မှာ ထားတဲ့အခါ အ၀ါရောင်နဲ့ရောပြီး မထင်ရှားမှာ ဖြစ်တဲ့အတွက် အစိမ်းရောင်ကို အလယ်ပြောင်းထားခြင်းဖြစ်ပါတယ်။
    အဲ့ဒီကာလ များက သတင်းစာများမှာ ဖော်ပြထားပါတယ်...

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။