ဒီနေ့ည APသတင်းဓာတ်ပုံတွေ လျှောက်ကြည့်နေရင်းက တပ်ချုပ်ကြီးနဲ့ ဒေါ်ကြိုင်ကြိုင်တို့ရဲ့ ပြီးခဲ့တဲ့နှစ် အိန္ဒိယခရီးစဉ်အတွင်း မဟာဗောဓိ စေတီတော်ရှေ့မှာ ရိုက်ထားတဲ့ သတင်းဓာတ်ပုံ တစ်ပုံကို သတိထား မိလိုက်ပါတယ်..။ အရင်ကလည်းဒီပုံကို သတိထားမိပေမယ့် ခုမှအမေစု အဖွဲ့ချုပ်ရုံးရှေ့မှာ သံဃာတော်တွေ သီလရှင်တွေကို ဆွမ်းလောင်းတဲ့ နေ့ကသတင်းဓာတ်ပုံနဲ့ နှိုင်းယှဉ်ကြည့်မိရင်းနဲ့ ဒီပို့စ်ကို ရေးဖြစ်တာပါ..။ တော်တော်များများလည်း တပ်ချုပ်ကြီးနဲ့ ဒေါ်ကြိုင်ကြိုင်တို့ရဲ့ ဒီဓာတ်ပုံကို သိပြီးဖြစ်ပါလိမ့်မယ်။ ဒီနေ့ည သတင်းရေးမယ် စိတ်ကူးထားတာက နအဖရဲ့ မြောက်ကိုရီးယားနဲ့ လျွှို့ဝှက်တည်ဆောက်နေတဲ့ ဖျောက်ဆိတ်ပင် ရေဒါစခန်းအကြောင်းပါ..။ ရေးဖြစ်တာကတော့ ဒေါ်ကြိုင်ကြိုင် ငရဲမကြောက် ဖိနပ်စီးထားတဲ့ အကြောင်း ရေးဖြစ်သွားတာပါ..။
ပုံAP
တပ်ချုပ်ကြီးနဲ့ ဒေါ်ကြိုင်ကြိုင်တို့ ပြီးခဲ့တဲ့နှစ့် ဇူလိုင်လက အိန္ဒ္ဒ္ဒိယနိုင်ငံ အလည်အပတ် ခရီးစဉ်အတွင်း ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ မဟာဗောဓိ စေတီတော်ရှေ့မှာ ရိုက်ထားတဲ့ ပုံမှာ တပ်ချုပ်ကြီးက ဖိနပ်ချွတ်ပြီး ဒေါ်ကြိုင်ကြိုင်ကို ဖိနပ်စီးထားလျှက် တွေ့ရတာပါ..။ ကဲကော်ဇောနီ ခင်းထားတဲ့ ဘုရားပရဝဏ် အတွင်း ဖိနပ် စီးခွင့်ရှိမရှိ သိရအောင် အောက်ကပုံနဲ့ ယှဉ်ကြည့်ရအောင်ဗျာ. ။ စီးခွင့်ရှိတယ် ဆိုရင်လည်း ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ စောင့်ထိန်းသင့်ပါတယ်..။ စီးခွင့်ရှိမရှိ ဆိုတာကိုတော့ အိန္ဒိယက ဆရာတော် အရှင်ထာဝရကို မေးကြည့်ပေးပါဦးမယ်။ဒီပုံမှာတော့ အားလုံး ဖိနပ်ချွတ်ထားတာ တွေ့ရပါတယ်..။ ၂၀၀၇ခုနှစ် နံပတ်တစ် တရားခံ တပ်ချုပ်ကြီး ကတော့ ဖိနပ်စီး ထားမထား သိရအောင် ခြေသလုံးပေါ်အောင် ပုဆိုးတောင် မ... ပြထား လိုက်ပါသေးတယ်..။ လူကြီးလူကောင်းတွေ တကယ့်အခမ်းအနားတွေ အရေးကြီးတဲ့ နေရာတွေမှာ ဘယ်တော့မှ ပုဆိုးမပြီး လမ်းမလျှောက်ကြပါဘူး..။ (သတင်းရေးတော့မယ် ဆိုတာသိလို့ထင်ပါတယ်)..။
ဆိုလိုချင်တာကတော့ ဦးသန်းရွှေ ဒေါ်ကြိုင်ကြိုင်အပေါ်မှာ ဘယ်လောက်အထိ သြဇာညောင်းမညောင်းနဲ့ ပြောင်းပြန် တွေးကြည့်ရင်လည်း ဒေါ်ကြိုင်ကြိုင် တပ်ချုပ်ကြီးအပေါ် ဘယ်လောက်အထိ သြဇာ ပါဝါရှိတယ် ဆိုတာပါပဲ..။ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ တစ်သက်မှာ အမြဲမရောက်နိုင် တစ်ခေါက်တစ်ခါသာ ရောက်ဖြစ်တဲ့ ဒီလိုဘုရားပွင့်ရာ အရပ်က မဟာဗောဓိစေတီတော်မှာ ဖိနပ်မစီးပဲ မပူဇော်နိုင် ဓာတ်ပုံအရိုက် မခံနိုင်တော့ဘူးလားဗျာ..။ နောက်အောက်မှာ လည်း ကော်ဇောနီခင်းထားတာပါ...။ ဒီလိုပုဂ္ဂိုလ်တွေကို လက်အုပ်ချီ ပူဇော်နေသူတွေ ဘယ်လို အကျိုးကျေးဇူးတွေ ရရှိမယ်ဆိုတာကတော့ စဉ်းစားဆင်ခြင်စရာပါပဲ.။
ပြီးခဲ့တဲ့လက ကြေးမုံသတင်းစာမှာ ပါတဲ့ တပ်ချုပ်ကြီးတို့ မိသားစု ဘုရားပုရဝဏ်အတွင်း အလှူဒါန ပြုနေတဲ့ ပုံမှာလည်း အာလုံးက ဖိနပ်ချွတ်ပြီး လှူဒါန်းနေပေမယ့် မြေးဖြစ်သူကတော့ ဖိနပ်စီးလျှက်နဲ့ တွေ့ရတဲ့ပုံကို ကိုနစ်နေမန်း ဘလော့(ဂ်)မှာ ဖတ်လိုက်ရပါတယ်..။ နအဖနဲ့ အပေါင်းအပါ တွေရဲ့ဘာသာတရား အပေါ် သက်ဝင်ယုံကြည်မှု တကယ်ရှိမရှိဆိုတာ အာဏာနဲ့သာသနာ ယှဉ်လာတဲ့ အခါမှာ အာဏာအတွက် ငရဲမကြောက် သာသနာကိုတောင် ဘယ်လို စော်ကားခဲ့တယ်ဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ်..။ အခုလတ်တလော လုပ်တိုင်းဖြစ်နေပြီး အကုသိုလ်ကံတွေ အကျိုးမပေးသေးတဲ့ အချိန်မှာတော့ မိုးမမြင်လေမမြင် သွေးနားထင်ရောက်စရာ ဖြစ်နေပေမယ့်.. မိမိပြုခဲ့တဲ့ ကြီးမားတဲ့ အကုသိုလ်ကံ စေတနာတွေဟာ တစ်နေ့ မလွဲမသွေ မိမိထံ ပြန်လည် ရောက်ရှိလာတော့မှာ ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်..။

ပုံ GETTY IMAGE
ကျွန်တော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ အားလုံးအတွက် စံနမူနာယူစရာ အဖွဲ့ချုပ်ရုံးရှေ့ ဆွမ်းလောင်းပွဲမှာ ရဟန်း၊ သံဃာ၊ သီလရှင်တွေကို ဖိနပ်ချွတ်လျှက် အရိုအသေပြု ခဲ့ပုံကို ပြင်သစ်အမျိုးသမီး သတင်းထောက်က မှတ်တမ်းတင်ခဲ့ပါတယ်..။ဆက်စပ် သတင်း ပြန်ဖတ်ချင်ရင်... http://www.demowaiyan.co.cc/2011/01/blog-post_454.html

လူကြီး လူကောင်းတို့ မည်သည် ဘုရားကျောင်းကန်တွေ ဖိနပ် မစီးရ ဆိုတာ လူဆိုသော ပုဂ္ဂိုလ်များ ပညာတတ်များ ဗုဒ္ဓဘာသာဝင်တိုင်း သိကြသလို တချို့ ဘာသာခြားများပါ ထိုစည်းကမ်းကို သိကြ နားလည်ကြပါသည် ထို့အပြင် ဒါပာာ သင်မှ တတ်စရာမလို မိရိုးဖလာ ထုံးတမ်းစဉ်လာ ဖြစ်နေ သောကြောင့် ....
ReplyDelete၁။ အသိပညာ မကြွယ်ဝပာု ဆိုနိုင်
၂။ မိဘ များမှဆို ဆုံးမ မှု မရှိခဲ့( သို့ ) အားနည်းခဲ့သည်ပာု ဆိုနိုင်
၃။ မိမိပိုက်ဆံဘယ်လောက်ချမ်းသာနေသောငြား၊ အာဏာရနေသောငြား လူဝင် မဆန့် နိုင် ..အထူးသဖြင့် ပညာတတ်များသည် ပွဲလမ်းသဘင် လူအများစည်ကားရာ နေရာများတွေ ပုဆိုးမ လေ့ထုံးတမ်း အစဉ်အလာမရှိကြချေ .၊ ရှိကောင်းရှိနိုင်သည် သို့ သော် နည်းသည် ရှားသည်
သာမန်အဆင့်အတန်းမှ လူများသာ များသောအားဖြင့် ပြုမူတတ်ကြသည် ..၊
ယခုနောက်ပိုင်း အတော်ကို သတိထားတတ်လာကြတာ တွေ့ ရပါသည် ။
ခင်မင်စွာဖြင့် ထင်မြင်ရာကို ကြုံသလို ရင်ဖွင့် ဝေဖန်ခဲ့ပါသည် ..း)
မြန်မာပြည်သူ
အဲ့ဒီနေရာက မဟာဗောဓိဘုရား ပရ၀ုဏ်ထဲမဟုတ်ပါဘူး
ReplyDeleteအ၀င်ဂိတ်(အတွင်းဂိတ်)အပြင်ဘက်နားဖြစ်ပါတယ်။ ဂိတ်(အတွင်းဂိတ်)အတွင်းပိုင်း ကျော်မှ ဖိနပ်ချွတ်ကြပါတယ်။ အဲ့ဒီနေရာမရောက်ခင် အပြင်ဂိတ် အ၀င်ဝ မှာ ဖိနပ်အပ်ဖို့နေရာရှိပါတယ်။ အပြင်ဂိတ် အတွင်းဂိတ်ကြားမှာ တစ်ချို့ဖိနပ်စီးပါတယ် တစ်ချို့မစီးပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ချင်တာနဲ့ နေရာဒေသအကြောင်း ကောင်းကောင်းမသိဘဲ စွတ်ရေးနေရင် လူရယ်စရာဖြစ်နေမှာမို့ပါ။ ရေးချင်ရင် ဒေသအကြောင်း သေချာလေ့လာစေချင်ပါတယ်။
အထက်က မိတ်ဆွေ ရေးသလိုဆိုရင် တစ်ချို့ဖိနပ် စီးပြီးတစ်ချို့ ဖိနပ်မစီးဆိုတဲ့ စကားအရ ဒေါ်ကြိုင်ကြိုင်က ဖိနပ်စီးပြီး ဦးသန်းရွှေက ဖိနပ်မစီးဟု ဆိုလိုခြင်းဖြစ်ပါသလား?
ReplyDeleteနိုင်ငံခေါင်းဆောင် ဆိုသူများသည် ပြည်သူလူထုအား စံပြဖြစ်စေရန် နေထိုင်ပြုမူဖို့လိုလေသည်.။ မည်သည့်အတွက်ကြောင့်တစ်ဦးမှ ဖိနပ်စီးပြီး တစ်ဦးမှဖိနပ်မစီးပဲ နေသနည်း?
နှစ်ဦးစလုံး ဖိနပ်စီးထားသည် (သို့မဟုတ်) နှစ်ဦးလုံး ဖိနပ်ချွတ်ထားသည် ဆိုသော် မည်သို့မျှ ဆိုဖွယ်ရာမရှိပေ..။ မိတ်ဆွေမှ အဆိုပါနေရာသို့
ရောက်ရှိသည် ဆိုငြားပါအံ့ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနှင့် ဖိနပ်စီးသည့် လူများဘက်မှ ရပ်တည်မည်လော.. ဖိနပ်မစီးသည့် လူများဘက်မှ ရပ်တည်မည်လော..။
ဆက်လက်၍ အထက်ပါ ရေးသားသူသည်.. အရေးကြီး အခမ်းအနား
နေရာဒေသများသို့ သွားရောက်လေ့လာသည့် အခါ၌ ပုဆိုးကိုမ၍ သွားလာခြင်းရှိမရှိ သိလိုသည်။ ပညာတတ်မတတ် အာဏာရှိမရှိသည် ဆိုတာထက် နေထိုင်လုပ်ကိုင် လှုပ်ရှားပြောဆိုမှုသည် အဆိုပါ ပုဂ္ဂိုလ်၏
အဆင့်အတန်းနှင့် အသိပညာပေါ်တွင် အခြေခံလေသည်.။
သိပါဘူးကွား...
ReplyDeleteဒုတိယနေရာမှာ ရေးထားသူသို့..
ReplyDeleteထင်ယောင်ထင်မှားဖြစ်အောင် လျှောက်လုပ်မနေနဲ့ ဒေါ်ကြိုင်ကြိုင်ထိုင်ပြီး ဓာတ်ပုံရိုက်တဲ့နေရာက ဖိနပ်စီးလို့မရတဲ့နေရာ ကိုယ့်လူ.. ဝင်ပေါက်က ဒေါ်ကြိုင်ကြိုင်ရဲ့ ဘယ်ဘက်မှာ ရှိတယ် .. လူတိုင်းအဲ့ဒီမှာ ဖိနပ်ချွတ်ရတယ်.. အဲ့ဘေးမှာ ဖိနပ်ထားတဲ့ စင်ရှိတယ်.. အဲ့စင်က ဖိနပ်ထားတဲ့ စင်မို့လို့ နင့်ပထွေးတဲ့ ထိုင်တဲ့စင်လား အဲ့ဒီမှာ Take off you shoe လို့ ရေးထားတာ ဗမာလို မဖတ်တတ်ဘူးလား အေးမင်းတို့ပထွေး အာဏာရှင်တွေ ဝင်ပေါက်က မဝင်ဘဲ ကျော်တက်ပြီးဝင်လာ ဒါမှ မဟုတ် မဝင်သင့်တဲ့နေရာက ဝင်လာရင်တော့မပြော တတ်ဘူး ကာကွယ်ပြောချင်ရင် သိမှပြော
KO Y
အဲဒီနေရာမှာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတိုင်း ဖိနပ်ချွတ်ကြပါတယ်။ တခြား တိဘက်ဘုန်းကြီးအချို့ စီးတာ ရှိပါတယ်။ မြင်ဖူးပါတယ်။ သေချာတာကတော့ လူပုဂိုလ် မှန်သမျှ မစီးကြတော့ပါ။ လိုက်လံရှင်းပြပေးတဲ့ မြန်မာသံဃာတော် အားလုံးကလည်း ဖိနပ်ချွတ်ဖို့ လောဆော်နေကြပါ.
ReplyDeleteဘုရားဖူး ပို့ဆောင်ပေးသူ
ReplyDeleteဗုဒ္ဓဂယာမှာ ဦးသန်းရွှေနဲ့ ဇနီး ဓာတ်ပုံရိုက်ထားတဲ့ နေရာမှာ ဖိနပ်စီးလို့ ရတယ်လေ။ ဗုဒ္ဓဂယာကို အလည်လာပြီး သေသေချာချာလည်း ကြည့်ကြပါဦး။ အဲဒီ လူတစ်ယောက်ကို အမြင်ကတ်တာနဲ့ မြင်တိုင်း အပြစ်ပဲ ပြောဖို့ မကောင်းဘူးလေ။ ဗုဒ္ဓဂယာ ဘုရားမှာ ဖိနပ်စီးလို့ မရတဲ့ နေရာက ဗောဓိညောင်ပင်နဲ့ စေတီတော်နား တစ်ဝိုက်မှာပါ။
ကိုယ်ကိုယ်တိုင် ဘုရားကို ရောက်အောင် လာပြီး မေးကြည့်ရင် ပိုကောင်းမယ်။ ထင်ကြေးနဲ့ လိုက်ပြောနေရင် ကိုယ်ကိုယ်တိုင်ပဲ မကောင်းတာ ဖြစ်တတ်တယ်။ ဘုရားပေါ် ဖိနပ်စီးတယ် လို့ ပြောနေကြလို့ ကျုပ်က ပြောပြတာပါ။ အရာရာကို သေချာအောင် စိစစ်ကြပါဗျာ။
ကျုပ်က ဗုဒ္ဓဂယာ ဘုရားဖူးတွေကို ပို့ဆောင်ပေးနေတာပါ။ ဒါကြောင့် ကျုပ်က ပြောတာပါ။ အရာရာကို ပညာဉာဏ်နဲ့ ဆင်ခြင်ပြီး တစ်ဖက်စွန်း မရောက်ကြဘဲ သုံးသပ်ဝေဖန် ကြပါဗျာ။