Pages

Thursday, January 13, 2011

နှောင်းတမြေ့မြေ့ပါပဲဗျာ . . . .


နှောင်းတမြေ့မြေ့ပါပဲဗျာ . . . .
စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ မောင်ဝဏ္ဏ အသက် (၆၅) နှစ် သည် ၁၁.၁.၂၀၁၁ (အင်္ဂါနေ့) နံနက် (၄း၂၀) နာရီအချိန်တွင် အဆုတ်ဝေဒနာဖြင့် ကွယ်လွန်သွားခဲ့ပြီး ယနေ့ ၁၃.၁.၂၀၁၁ (ကြာသပတေးနေ့) နေ့လည် (၃း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း (ရန်ကုန်) အစီအစဉ်ဖြင့် မီးသဂြိုလ် ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်း အခမ်းအနားတွင် စာပေ၊ ဂီတ၊ ရုပ်ရှင် နယ်ပယ်အသီးသီးမှ အနုပညာသမားများ နှင့် ဆရာ မောင်ဝဏ္ဏ၏ အနုပညာကို ချစ်မြတ်နိုးကြသော ပြည်သူလူထုအပေါင်းတို့မှ လာရောက်၍ နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ကြသည်။
ဆရာ မောင်ဝဏ္ဏသည် အမှန်တကယ် ပန်းတွေနဲ့ဝေ၍ ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်းကာ ဘ၀တစ်ပါးသို့ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါသည်။

အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်....။

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။