နှစ်သစ်မှာ မြန်မာပြည်သူတွေရဲ့ မေတ္တာနဲ့ ကျက်သရေအပေါင်း ခညောင်းတဲ့ ကျွန်တော်တို့ အမေစု..
မင်္ဂလာရှိတဲ့ တစ်လေးလုံးနေ့
၁.၁.၂၀၁၁ (စနေနေ့) သည် ကျွန်တော်အတွက် အဖိုးမဖြတ်နိုင်သော မင်္ဂလာတရားနှင့် ပြည့်စုံသော နေ့ရက်တစ်ရက်ပင် ဖြစ်တော့သည်။ ထိုနေ့ရက်သည် ကျွန်တော်၏ဘ၀၊ ကျွန်တော်၏ လျှောက်လှမ်းနေသော လူသားအကျိုးပြု လမ်းမပေါ်သို့ ဆွဲခေါ်လမ်းပြပေးခဲ့သော ကျွန်တော်၏ ဓူဝံကြယ်၊ ကျွန်တော်၏ မဟေသီ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၏ ကမ္ဘာမြေပြင်ပေါ်သို့ စတင်ရောက်ရှိလာသော နေ့တစ်နေ့လည်း ဖြစ်သည်။ နှစ်သစ်မင်္ဂလာနေ့ရက်တွင် မွေးဖွားခဲ့သော ကျွန်တော်ဘ၀ရဲ့ ကောင်းကျိုးအသစ် အသစ်တွေကို ဖန်တီးပေးခဲ့သော ရွှေဇီးကွက်တည်းဟူသော လူမှုအကျိုးဆောင် အမျိုးသမီးတစ်ဦး မွေးဖွားသန့်စင်လာသော နေ့ရက်တစ်ရက်လည်း ဖြစ်သည်။
နံနက်စောစောပိုင်း (၄း၀၀) နာရီတွင် အိပ်ယာမှထပြီးနောက် မေတ္တာပို့သ၊ ဘုရားရှစ်ခိုး၊ ပုတီးစိပ်အပြီး ကျွန်တော်ရဲ့ အိမ်ပြင်သို့ထွက်ကာ ပတ်ဝန်းကျင်ကို လေ့လာလိုက်သည့်အခါ အလွန်ကို သာယာလှပစိုပြေ အေးချမ်းမှုကို ခံစားလိုက်မိသည်။ ကျေးငှက်များရဲ့ တေးသီသံကို ကြားလိုက်သည်။ မင်္ဂလာရှိသော အတိတ်နိမိတ်ပင် ဖြစ်တော့သည်။ နံနက် (၇း၃၀) နာရီအချိန်မှစ၍ တဖွဲဖွဲနှင့် ကြွရောက်လာကြသော ဧည့်ပရိသတ်များ၊ အသင်းသူ/သားများနှင့် စိုပြေလာသည်။
မွေးနေ့ပွဲ အခမ်းအနားစချိန်မှာ နံနက် (၉း၀၀) နာရီ မှ ညနေ (၅း၀၀) နာရီထိ သတ်မှတ် ထားသော်လည်း နံနက် (၇း၀၀) နာရီ / (၇း၃၀) နာရီအချိန်မှစ၍ ဧည့်ပရိသတ်များ စည်ကား လာမှုသည် ထူးခြားလှတော့သည်။ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ လူမှုရေးသမားများနှင့် စည်ကားလှ တော့သည်။
နံနက် (၈း၃၅) နာရီတွင် ကျွန်တော်ဆီ တယ်လီဖုန်းသံ မြည်လာတော့သည်။ “ဒေါ်အောင်ဆန်းစုကြည် လာနေပြီတဲ့” အလွန်အံ့သြမိသည်။ ၀မ်းသာမိသည်။ ပရိသတ်အားလုံးလည်း အပြုံးမျက်နှာများ၊ ၀မ်းသာမှုများ၊ နွေးထွေးမှု မဟာအင်အားများ တိုးပွားလာခဲ့တော့သည်။ ဟုတ်သည် … အမေ ဒေါ်စု (၈း၅၀) နာရီတွင် ရောက်ရှိလာတော့သည်။ အမေစုကို မွေးနေ့ရှင် ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်နှင့် ကျွန်တော်ရဲ့ မိခင် ဖခင်၊ မိတ်ဆွေသင်္ဂဟများ၊ အမေစုကို လေးစားကြည်ညိုသူအားလုံး ၀မ်းမြောက်စွာ ကြိုဆိုဂါရ၀ပြုကြသည်။
အမေစုသည် ကျွန်တော်ရဲ့ ပိတ်ပင်ထားခံရသော အနုပညာလုပ်ငန်းရပ်များ၊ ဖန်တီးရိုက်ကူး ထားမှုများ၊ ရေးဆွဲထားချက်များကို စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှုအားပေးခဲ့သည်။ အမေစုသည် ကျွန်တော်ဖန်တီး ပြသထားသော “တရံရောအခါက” ဟူသောရုပ်ရှင်နှင့် ပတ်သက်သည့် ပါဖော်မန့် သရုပ်ပြအခန်းကိုလည်း စိတ်ဝင်တစား ကြည့်ရှုအားပေးခဲ့သည်။ ကျွန်တော်ရဲ့ ငြိမ်သက်နေသော အနုပညာလုပ်ငန်းများ ပြန်လည်အသက်ဝင် လှုပ်ရှားမှုကို ခံစားမိတော့သည်။
အမေစုသည် ကျွန်တော်ရဲ့ ပိတ်ပင်ထားခံရသော အနုပညာလုပ်ငန်းရပ်များ၊ ဖန်တီးရိုက်ကူး ထားမှုများ၊ ရေးဆွဲထားချက်များကို စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှုအားပေးခဲ့သည်။ အမေစုသည် ကျွန်တော်ဖန်တီး ပြသထားသော “တရံရောအခါက” ဟူသောရုပ်ရှင်နှင့် ပတ်သက်သည့် ပါဖော်မန့် သရုပ်ပြအခန်းကိုလည်း စိတ်ဝင်တစား ကြည့်ရှုအားပေးခဲ့သည်။ ကျွန်တော်ရဲ့ ငြိမ်သက်နေသော အနုပညာလုပ်ငန်းများ ပြန်လည်အသက်ဝင် လှုပ်ရှားမှုကို ခံစားမိတော့သည်။
ဒါ . . . အမေ့ရဲ့ ပါဝါ
အမေ့ရဲ့ စွမ်းအား
အမေ့ရဲ့ နွေးထွေးမှု
အမေ့ရဲ့ ကြင်နာမှု
အမေ့ရဲ့ အားပေးမှုတို့ကြောင့်ပင် ဖြစ်တော့သည်။
ကြွရောက်လာကြသော အနုပညာနှင့် ပါတ်သက်သော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများနှင့် ကျွန်တော်အား အားပေးသူ၊ ကြင်နာသူ၊ ဂရုပြုကြသူများ၊ ပရိသတ်များ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၊ လူမှုရေးသမားများ၊ ဂီတပညာရှင်ကြီးများနှင့် စာပေပညာရှင်များ အပါအ၀င် အသက် (၉၀) ကျော်ပြီဖြစ်သော်လည်း Kyaw Thu’s Art Zone ရှိ လှေကားအတက်အဆင်းများတွင် ဖန်တီးပြသထားသော အနုပညာပြချက်များကို စိတ်ပါဝင်စားစွာ တက်ကြွစွာဖြင့် လာရောက်အားပေးသော ဆရာကြီး ပါရဂူ၊ ပန်းချီပညာရှင်များနှင့် ဆရာကြီး မောင်ဒီ၊ ရုပ်ရှင်ပညာရှင်ကြီးများဖြစ်သော ဒါရိုက်တာကြီး ဦးအောင်မြင့်မြတ်နှင့်တကွ ကျွန်တော်၏ အနုပညာ ဖန်တီးမှု၊ ကျွန်တော်ရဲ့ လူမှုရေးစွမ်းဆောင်မှုတို့ကို လေးစားအားပေးမှုများကို ထပ်ဆင့် ထပ်ဆင့် အားပေးချီးမြှင့် အသိအမှတ်ပြုသော အမေ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သားများ၊ လူငယ် မျိုးဆက်သစ်များ၊ အနာဂတ်ခေါင်းဆောင် လူငယ် လူရွယ်များအားလုံးကို အထူးလေးစား ဂါရ၀ဖြင့် နှလုံးသားထက်တွင် မှတ်တမ်းတင်လိုက်ရသော “တစ်လေးလုံး” မင်္ဂလာရှိသောနေ့မြတ် တစ်ရက်ပင် ဖြစ်ပါတော့သည်။ကျော်သူ
ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နေ့ပါ။ မရွှေဇီးကွက် အသက်ရာကျော်ရှည်ပြီး ပရဟိတလုပ်ငန်းတွေဆက်လက်ဆောင်ရွက်နိုင်ပါစေ။
ReplyDeleteကိုကျော်သူ ရန်သူမျိုးငါးပါးဒဏ်မှကင်းဝေးပါစေ။
အမေစုရဲ့ကျက်သရေရှိလှတဲ့ဓါတ်ပုံကိုကြည့်ရတာအင်မတန်မှ
စိတ်ချမ်းသာတာပဲ။
အမေစုအသက်ရာကျော်ရှည်ပါစေ။ အမေစုကျန်းမာပါစေ။ သား၊သမီးများအမေစုနဲ့အတူညီညွတ်စွာရှိနေပါမယ်။
သတင်းတင်ပေးတဲ့ဧရာဝတီကိုလည်းကျေးဇူးအထူးတင်ပါသည်။
စောစောက comment မှာ ဧရာဝတီလို့မှားရေးမိသွားတယ်။ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီးဒီမိုဝေယံလို့ပြင်ပေးပါနော်။
ReplyDeleteHappy birthday and happy newyear for Daw Shwezeegyat and may been doing this NGO until 100 yrs over
ReplyDeleteI really respect U Kyaw Thu! I pray for you and your groupsto be ok everything in this year! Happy birthday Daw Shwezeegyat! Happy New Year to you all!
ReplyDelete