ဓာတ်ပုံ ဒီမိုဝေယံ
ပြီးခဲ့တဲ့ နိုဝင်ဘာလ(၃၀)ရက်နေ့ကဝင်ဒါမီယာရှိ အဖွဲ့ချုပ် (ဒု)ဥက္ကဋ္ဌ ဘဘဦးတင်ဦး၏ နေအိမ်၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခွဲထွက်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ခေါင်းဆောင်များ ဖြစ်ကြတဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာဝင်းနိုင်၊ NDF လူငယ်အဖွဲ့ဝင် ကိုမြင့်ငွေ နှင့် ကိုမျိုးဇော်အောင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။အဆိုပါသတင်းနဲ့ ပတ်သတ်ပြီးhttp://www.irrawaddyblog.com/2010/12/ndf.htmlမှာဖော်ပြပါရှိတဲ့ နိုင်ငံရေးဟာ ကြောက်စရာ ကောင်းပါတယ်။ နှစ်ပေါင်းများစွာ ကျောချင်းကပ်ခဲ့ပေမယ့် ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးကြောင့် လမ်းခွဲကြ၊ ပြစ်တင် ဝေဖန်ကြနဲ့ မျက်နှာချင်း မဆိုင်နိုင်အောင် ဖြစ်သွားကြပါတယ်။ ကြားရတဲ့ သတင်းတွေအရ NLD ရုံးချုပ်မှာ ဆုံတွေ့ကြမှာကို ကန့်ကွက်ကြလို့ ဦးတင်ဦး အိမ်မှာ တွေ့ဖို့ စီစဉ်ပေးရတယ်လို့ ဆိုပါတယ်။
NDF ခေါင်းဆောင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် မတွေ့ခင်ကလည်း အထစ်အငေါ့တွေ ရှိကြောင်း သိရပါသေးတယ်။ ဦးခင်မောင်ဆွေတို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့လိုကြောင်း အကြောင်းကြားစာပို့တာကို ဒေါ်အောင်ဆန်းစုကြည်က မသိခဲ့ပါဘူးတဲ့။ ရေဒီယိုကတဆင့် NDF က ပြောတော့မှ ဒေါ်အောင်ဆန်းစုကြည်က သိသွားပြီး တွေ့ကြတဲ့ အစီအစဉ် ဖြစ်ပါတယ်တဲ့။ (ဧရာဝတီ ဘလော့ဂ်စာမျက်နှာမှ)
အဆိုပါ သတင်းနဲ့ ပတ်သတ်ပြီး အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းနဲ့ ဆက်သွယ်မေးမြန်းချက်ကို တင်ပြလိုက်ရပါတယ်..
မေး။....။ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၃၀)ရက်နေ့က NDF ခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးခင်မောင်ဆွေတို့ တွေ့ဆုံကြတဲ့ နေရာမှာ တစ်ချို့ အင်တာနက် စာမျက်နှာတွေမှာ ပါရှိနေတာကတော့ အဖွဲ့ချုပ်ရုံးမှာ ဆုံတွေ့ကြဖို့ စီစဉ်တာကို ကန့်ကွက်ကြလို့ နေရာပြောင်းလိုက်ရတဲ့ သတင်းနဲ့ ဦးခင်မောင်ဆွေတို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့လိုကြောင်း အကြောင်းကြားစာပို့တာကို ဒေါ်အောင်ဆန်းစုကြည် သိခွင့်မရပဲ ရေဒီယိုမှ NDF ပြောကြားချက်ကို ဒေါ်အောင်ဆန်းစုကြည် ကြားသိမှ တွေ့ခွင်ရတယ်လို့ ရေးသားဖော်ပြချက်တွေ မှာပါရှိနေပါတယ်..။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အဖြစ်မှန်ကို ပြောပြပေးစေလိုပါတယ်..။
ရှေ့နေကြီးဦးဥာဏ်ဝင်း.။..။ မဟုတ်ပါဘူး.. ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ကို ဒေါက်တာဝင်းနိုင်ကို ဦးသိန်းဦးကိုယ်တိုင် ကြိုတင် အကြောင်းကြားပါတယ်။ နောက်တစ်ခုက အဖွဲ့ချုပ်ရုံးချုပ်မှာ ဆုံတွေ့ဖို့ ကန့်ကွက်တယ် ဆိုတာလည်း မဟုတ်ပါဘူး.. ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဘယ်မှာတွေ့သင်တယ်ဆိုတာနဲ့ တွေ့မယ့်နေရာကို အဲ့ဒီ့နေ့ မတိုင်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်က စီစဉ်ဆုံးဖြတ်တာပါ။ အဲ့ဒီ့နေ့က NDF လူငယ်နှစ်ဦးဖြစ်တဲ့ မကွေးကိုမြင့်ငွေနဲ့ ကိုမျိုးဇော်အောင် တို့နဲ့အရင်ဆွေးနွေးပြီး နောက်မှ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာဝင်းနိုင်တို့နဲ့တွေ့တာပါ..။ နိုင်ငံရေးအကြောင်းဘာမှ မပြောဖြစ်ပဲ လူမှုရေးအကြောင်းတွေပဲ ပြောဖြစ်တာပါ..။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန်တို့နဲ့ ပဲဆွေးနွေးတာပါ.. အန်ကယ်ဦးတင်ဦးမပါပါဘူး။ နှစ်ဘက်လုံးက နိုင်ငံရေးအကြောင်း လုံးဝမဆွေးနွေးပါဘူး။ ဒေါ်အောင်ဆန်းကြည်လည်း နိုင်ငံရေးအကြောင်း မဆွေးနွေးသလို သူတို့ဖက်ကလည်း မဆွေးနွေးပါဘူး..
မေး ။....။နောက်တစ်ခု သိချင်တာက NDF ကအမြဲပြောနေတဲ့ အဖွဲ့ချုပ်ရွေးကောက်ပွဲ ဝင်ဖို့မဝင်ဖို့ ဆုံးဖြတ်တဲ့ နေ့က အစည်းအဝေးမစခင်မှာ အန်ကယ်က ရွေးကောက်ပွဲမဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည် မပြောခိုင်းပဲ.. ပြောပါတယ်ဆိုပြီး စွပ်စွဲချက်နဲ့ ပတ်သက်ပြီး အန်ကယ် တစ်စုံတစ်ခု ပြောပြပေးနိုင်မလားခင်ဗျာ..
ရှေ့နေကြီးဦးဥာဏ်ဝင်း.။..။ ဒီဥစ္စာကလည်း ဒေါ်အောင်ဆန်းစုကြည် ပြောခိုင်းတဲ့ဟာကို အန်ကယ် ပြောတာကိုး ဒေါ်စုပြောခိုင်းတဲ့ဟာ ပြောတော့ ဘာမှဖြေရှင်းစရာ မရှိဘူးလေ.. ဘာမှ အမှားအယွင်းမှ မရှိတာလေ .. ဟုပြောဆိုသွားပါတယ်...။
မည်သူကိုမျှ ထိခိုက်စေလို၍ မဟုတ်ပါ.. အဖြစ်မှန်ကို သိစေရန် ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါသည်..။
ဒီမိုဝေယံ
မည်သူကိုမျှ ထိခိုက်စေလို၍ မဟုတ်ပါ.. အဖြစ်မှန်ကို သိစေရန် ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါသည်..။
ဒီမိုဝေယံ

ဦးညဏ်ဝင်းကတော့လုပ်ချလိုက်ပြန်ပြီ. NDFက ဒေါ်စုနဲ့တွေ့ဖို့ စာ (၄) စောင်တိတိတင်ခဲ့တာကို NLD တာဝန်ရှိသူတွေက ဘေးဖယ်ထားခဲ့တာ ဘာလို့ထည့်မပြောတာလဲ။ NDF အနေနဲ့ စာတင်လို့မရတော့မှ ဆရာတင်မျိုးဝင်းက တဆင့်ဒေါ်စုကိုပြောပြရတာ နောက်ပြီး ပြည်တွင်း Media တွေမှာ ပြောတာကို ဒေါ်စုသိသွားပြီဆိုတော့မှ ကိုယ့်ဆရာတို့က NDF ကိုဖုန်းဆက်လာတာလေ...ဒေါ်စုကိုတိုင်ကစာတင်တာတွေကို လုံးဝမသိပါဘူးလို့ NDF ခေါင်းဆောင်တွေကို ပြောခဲ့တာနော်၊ပြန်မေးပါဦး။ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ အချင်းချင်မို့လို့ ဒီလောက် သဘောထား သေးတာကို NDF က ဘာမှမပြောခဲ့တာပါ။ နအဖနဲ့ Dialogue ဘယ်လိုလုပ်မလဲမသိဘူး အမြင်မတူလို့ လွတ်လပ်စွာသဘောထားကွဲလွဲတဲ့ အချင်းချင်းကိုတောင် ဒီလောက်ရန်သူလိုဆက်ဆံနေတော့လဲအခက်သား လား။
ReplyDeleteကျေးဇူးအထူးတင်ပါတယ်၊တချို့အပြင်ကသတင်းသမားတွေကအရင်းအမှန်ဇစ်မြစ်သေချာ
ReplyDeleteရှာဖွေရမယ့်နေရာမှာသူတို့ဖြစ်ချင်တဲ့အရာတွေစပွန်ဆာတွေ
သဘောကျမဲ့အရာတွေကိုအဓိကထားနေကြတာတွေတွေရနေတယ်၊
အထူသဖြင်းဧရာဝတီပေါ့ရွေးကောက်ပွဲမဖြစ်ခင်ထဲက၊ခွဲထွက်တဲ့NDF
အဖွဲ့ကိုအကြီးအကျယ်ပွဲထုတ်ပေးပြီးရွေးကောက်ပွဲကိုသပိတ်မှောက်တဲ့
NLDကိုပဲလက်ရှိအခြေအနေကိုနားမလည်သလိုလို၊အောင်ဇော်ကဆို
NLD၏နောက်ဆုံးနေ့များလို့ဆိုလားဆိုရဲ့ကျွှန်နော်ပဂ္ဂိုလ်ရေးတိုက်ခိုက်နေခြင်း
မဟုတ်ပါ၊ဖြစ်သင့်တာကသေချာတဲ့သတင်းဇစ်မြစ်တွေရှာပြီးပြည်သူတွေထံပို့
သင့်ပါတယ်၊တခြားတိုးတက်နေတဲ့နိုင်ငံတွေဆိုရင်တော့မပြောတော့ပါ၊သူတို့မှာကမီဒီယာတွေကလွပ်လပ်တော့ပြသနာမရှိပါ၊ကျွှန်နော်တို့နိုင်ငံအနေအထားအ
ရသတင်းလောကမလွပ်လပ်တော့ပြည်ပကမီဒီယာတွေကိုပဲအားကိုးနေရတဲ့အနေအထားမှာဥပမာဗျာငတ်နေတဲ့သူတွေကိုအဆိပ်ကျွှေးသလိုမျိုးဖြစ်သွားတယ်ဆိုတာကိုသတိထားသင့်ပါတယ်၊နောက်တခုကသတင်းသမားတချို့မိမိဖြစ်လိုတဲ့ဖက်ကိုယိမ်းပြီးမိမိနဲ့အမြင်မတူတဲ့ဖက်ကိုတိုက်ခိုက်ပြီးရေးနေကြတယ်နိုင်ငံရေးသမားကနိုင်ငံရေးကိုလုပ်တယ်
သတင်းသမားကိုသူတို့ဘာတွေလုပ်နေတယ်ဆိုတာကိုအတတ်နိုင်ဆုံးအနီး
စပ်ဆုံးပြည်သူတွေကိုချပြရသလို၊သူတို့ရဲ့အတွေးအခေါ်တွေကိုလဲချပြကြပါတယ်
နိုင်ငံရေးသမားတွေကအတွေးအခေါ်တွေကိုအကောင်အထည်ဖေါ်တဲ့သူတွေပါ
သတင်းသမားတွေချပြတဲ့အတိုင်းသူတို့ကလုပ်ချင်လုပ်သင့်မသင့်သူတို့စဉ်းစားဆုံးဖြတ်တာပါ၊အဲဒါကိုငါပြောတာမလုပ်လို့ဆိုမယ်ဆိုရင်(ဒေါ်စုက JIM WEBB ကိုပြောသလိုပေါ့ဗျာကျမတို့ကတကယ်လက်တွေလုပ်နေတာပါတဲ့)
ဆင်ကဆင်အလုပ်လုပ်၊ခွေးကခွေးအလုပ်လုပ်ပေါ့ဗျာ၊နန်းတော်စောင့်နေရတာ
ကိုမကျေနပ်လို့စစ်ထွက်တိုက်ချင်တယ်ဆိုရင်တော့နောက်ထပ်အာဏာရှင်စနစ်
အသစ်တဖန်သံသရာပေါ့ဗျာ၊ကိုယ့်ဒေါင့်နဲ့ကိုယ်တာဝန်ကျေနိုင်ကြပါစေ။
အဝေးရောက်(ပြည်ပ)မြန်မာသတင်းသမားတစ်ချို့ဟာ လွတ်လပ်တဲ့ စာနယ်ဇင်းသမားဆိုပြီး တောရေးတောင်ရေး၊ တောပြောတောင်ပြော၊ စစ်အစိုးရကိုဆန့်ကျင်တာရေးရင်၊ပြောရင်ပြီးရောဆိုပြီးအခြေအမြစ်မရှိရေးနေပြောနေရုံသာမကဘဲ စစ်အစိုးရအကြိုက်ကလေးတွေကိုလဲတစ်ခါတစ်ခါ လုပ်တတ်ကြပါတယ်(ဥပမာ-NLD ဘယ်လဲ၊ဘာလဲဆိုတာမျိုးလို နှပ်ကြောင်းကလေးတွေပေးဝေဖန်တာတို့ အင်တာဗျူးတို့လုပ်တာမျိုး၊ NLD ကနေခွဲထွက်သွားတဲ့ NDF နဲ့ ပင်မအတိုက်အခံပါတီကြီး NLD အကြားဆက်ဆံရေးတွေကို သေချာမသိဘဲ ဝေဖန်၊သုံးသပ်သယောင် တိုက်ခိုက်မှုလေးတွေလုပ်တာမျိုးတွေဘဲပေါ့။)
ReplyDeleteဒါတင်နဲ့မပြီးသေးတာက NLD ကို ဒေါ်စုလွတ်လာပြီးနောက်ပိုင်းမှာပြန်ပြီး ဆက်သွယ်မှုများလာပြန်တာကလဲ ဧရာဝတီဝိုင်းတော်သားများရဲ့ သတင်းရှာနည်း၊အမဲလိုက်နည်း တစ်မူထူးခြားဟန်ကလေးဘဲပေါ့။
"မြန်မာပြည်နှင့်မြန်မာပြည်သူလူထုကိုအကျိုးပြုသော စာနယ်ဇင်း သတင်းသမားများဖြစ်ရန်မှာ မိမိတို့၏ရေးသားတင်ပြဟန်၊စေတနာ၊ဝါသနာ နှင့်သတင်းအခြေအမြစ်တို့တွင် အထူးတည်မှီသည်" ဟုထင်မြင်ယူဆပါသည်။
ကိုBama ဆိုသူခင်ဗျား NDF တာဝန်ခံ တစ်ယောက်ဖြစ်တယ်ဆိုရင် လေလှိုင်းထဲက ဖြေရှင်းကြပါ.. အန်ကယ်ဦးဥာဏ်ဝင်းလည်း နာမည်တပ်ပြီး ဖြေရှင်းတယ်ဆိုတော့ NDF အနေနဲ့လည်း ကျွန်တော်ဘလော့(ဂ်)မှာ ဖြေရှင်းနေမယ့်အတူတူ By Name တပ်ပြီး မီဒီယာကနေ တာဝန်ခံပြီး ဖြေရှင်းတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်.
ReplyDelete