Pages

Sunday, January 23, 2011

ရန်ကုန်လှိုင်မြို့နယ် ကံ့ကော်ပညာရေး သင်တန်းကျောင်းမှာ ပြုလုပ်တဲ့ ဂီရီ(၃)လပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် ဓာတ်ပုံပြပွဲ..


ပြီးခဲတဲ့ ၂၀၁၀ အောက်တိုဘာလ (၂၂)ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နဲ့ အနီးပတ်ဝန်းကျင်မှာ တိုက်ခတ်ခဲ့တဲ့ အင်အားကြီးမားတဲ့ ဂီရိမုန်တိုင်း တိုက်ခတ်ခဲ့တာ (၃)လပြည့်ခဲ့ပြီ ဖြစ်ပါတယ်..။ ယနေ့အထိ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ နေရာဒေသတွေမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ မလုပ်ဆောင် နိုင်သေးပါဘူး..။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှလည်း ဂီရိမုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေမှာ အကူအညီပေးရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်..။ ပြည်တွင်း အစိုးရမဟုတ်သော လူမှုရေးအဖွဲ့များ၏ ပြောဆိုချက်အရ လူဦးရေ ၂သိန်း၇သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး လူဦးရေ ရာဂဏန်းကျော် ထိခိုက်သေဆုံးခဲ့ရပါတယ်...။

KhineBraveHeart အားကျေးဇူးတင်ပါသည်။

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။