ကိုကိုညီညီနှင့် ကျွန်တော်နှင့် ကျွန်တော့်ဇနီး ရွှေဇီးကွက်တို့ ရင်းနှီးမှုကာလကား ကြာမြင့်လှပြီ ဖြစ်သည်။ ကိုကိုညီညီသည် ကျွန်တော်ရုပ်ရှင်လောကတွင် နာမည်ကြီးနေစဉ် ကာလကတည်းက ကျွန်တော်တို့နှင့် ခင်မင်ရင်းနှီးခဲ့သော သူငယ်ချင်းများ ဖြစ်ခဲ့သည်။ ကျွန်တော်၏ ရုပ်ရှင်ဇာတ်ကား များတွင် ပါဝင်သရုပ်ဆောင်ရသည့် ဇာတ်ကောင်နှင့် လိုက်ဖက်သော ဆံပင်ပုံစံများကိုလည်း ဖန်တီး ပေးခဲ့သူလည်း ဖြစ်သည်။ ကိုကိုသည် လူချစ်လူခင်ပေါများပြီး အပေးအကမ်း ရက်ရောသူ ဒါနရှင် တစ်ဦးလည်း ဖြစ်သည်။ ဘာသာတရားကိုလည်း ကိုင်းရှိုင်းသူလည်း ဖြစ်သည်။ ကိုကိုညီညီသည် နာမည်ကြီး ဆံသပညာရှင်များ ဖြစ်သည်နှင့်အညီ ကိုကိုညီညီ တည်းဟူသော Beauty Saloon ဆိုင် မြောက်များစွာနှင့် ဆံသပညာရှင်ပေါင်း မြောက်များစွာ မွေးဖွားပေးခဲ့သော ဆံသပညာရှင်လည်း ဖြစ်သည်။
ယခု ဦးကိုကို ဆုံးရှာပြီ။
ဦးကိုကို (ခ) ချစ်လွင် အသက် (၅၈) နှစ် (KO KO Beauty Saloon) ပိုင်ရှင်သည် ၂၄.၁.၂၀၁၁ (တနင်္လာ) နေ့တွင် ကွယ်လွန်ခဲ့ပြီး ၂၆.၁.၂၀၁၁ (ဗုဒ္ဓဟူးနေ့) နေ့လည် (၃း၀၀) နာရီ အချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၊ ဦးကိုကိုအား ချစ်ခင်ကြသော မိတ်ဆွေသူငယ်ချင်းများ၊ ဆွေမျိုးသားချင်းများ၊ အနုပညာသမားများနှင့် တပည့် တပန်းများဖြင့် စည်ကားစွာ မီးသင်္ဂြိုလ်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။ ဦးကိုကိုအား လွမှ်းဆွတ် ကြေကွဲဝမ်းနည်းမှုများကား အဆုံးမသတ်နိုင်တော့ချေ။
တစ်နေကွယ် . . . သေနယ်သို့ တစ်ခါကူး
မေ့လျော့ကာ သေဘူးထင်ပါနဲ့
နေကွယ်တာ အချိန်များလျှင်ဖြင့်
သေနယ်ရွာ တစ်ကြိမ်သွားရမယ်
တားမရဘူး . . . ။
အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်။..
ကျောင်းကြီး မပြီးခင်.. (ကျားပေါက်)
ကျားပေါက်ရဲ့ ကျောင်းကြီးမပြီးခင်.. Download လုပ်ချင်ရင်... http://www.mediafire.com/?emmc7jbrni4zqc5



No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။