Pages

Monday, January 31, 2011

(၃၀)ရက်နေ့က ကြပ်ပြေး နေပြည်တော်ကို ရောက်ရှိနေတဲ့ နိုင်ငံခြားသတင်းထောက်များမှ ငါးမရရေချိုး မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ကြပ်ပြေးမှ ဓာတ်ပုံအချို့..

ရွှေတိဂုံနဲ့ ပုံစံတူ နေပြည်တော်မှ ဥပ္ပါတသန္တိစေတီတော်
 ဥပ္ပါတသန္တိစေတီတော် အတွင်းပိုင်း မြင်ကွင်းတစ်ခု
လွှတ်တော်ရှေ့ မြင်ကွင်း.. ဒီနေ့ ၈နာရီ၅၅မိနစ်မှာ ယတြာချေ ခေါင်းညိတ်ပွဲကြီး စတင်နေပါပြီ..
လွှတ်တော်ရှေ့က ထုံးစံအတိုင်း လုံခြုံရေးရဲများ...
ကြပ်ပြေးနေပြည်တော် ပန်းခြံနှင့် အလုပ်သမများ
ကြပ်ပြေးမှ လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုရာ တည်းခိုခန်းအတွက် ပစ္စည်းများ သယ်ဆောင်လာတဲ့ အလုပ်သမများ
ကြပ်ပြေးကို လွှတ်တော်တက်ဖို့ ရောက်ရှိနေတဲ့ အဖွဲ့ချုပ်ဝတ်စုံနဲ့ လွှတ်တော်တက်မယ်ဆိုတဲ့ NDF ပါတီက အရွေးခံကိုယ်စားလှယ် ဦးစိုးဝင်းနှင့် လက်ထောက်တစ်ဦး ..သြော်... ကြံဖွတ်က တစ်ရာ နှစ်ရာ.. အတိုက်အခံက တစ်ယောက်တည်း ဆိုသလိုပေါ့..
ဓာတ်ပုံများ Getty Image နဲ့ Reuters

မြန်မာနိုင်ငံမှာ အနှစ်(၂၀)ကျော် အတွင်း ပထမဦးဆုံး ကျင်းပမယ့် လွှတ်တော်အတွက် ကြပ်ပြေး ခေါ် နေပြည်တော်သို့ လွှတ်တော် ကိုယ်စားလှယ် ၁၀၀၀ဦးခန့်ဟာ တစ်နေ့အသုံးစားရိတ် မြန်မာငွေ ကျပ်တစ်သောင်း ရယူလျှက် ကမ္ဘာမှာ မရှိဘူး မကြားဘူးတဲ့ ဒီမိုကရေစီနိုင်ငံ တည်ထောင်မယ်ဆိုတဲ့ စစ်အာဏာရှင်တွေရဲ့ တံခါးပိတ် အလုံလွှတ်တော် တက်ရောက်ရန် ကြပ်ပြေးနေပြည်တော်မှာ ရောက်ရှိနေပါတယ်..။ ကင်မရာ၊ ဖောင်တိန်၊ ဘောပင်၊ စာရွက်စာတမ်းများ ယူဆောင်ခွင့်မရှိတဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့တူတဲ့ အဆိုပါ ကြံ့ဖွတ်များ လွှမ်းမိုးရာ လွှတ်တော်သို့ ယနေ့ တက်ရောက်ကြမှာ ဖြစ်ပါတယ်..။ တိုင်းပြည်အတွက် အလွန်အရေးပါပါတယ် ဆိုတဲ့ အာဏာရှင်တွေရဲ့ အဆိုပါ လွှတ်တော်သတင်းအား သက်ဦးဆံပိုင် မင်းတြားကြီး အမိန့်နဲ့ မည်သည့် သတင်းမီဒီယာကိုမျှ တက်ရောက် သတင်းယူခွင့်အား ခွင့်ပြုခြင်း မရှိသေးပါဘူး..။ ပြီးခဲ့တဲ့ အစောပိုင်းက ရရှိတဲ့ သတင်းများအရ သတင်းမီဒီယာများအား သတ်မှတ်ထားသော မှန်လုံခန်းအတွင်းမှ သတင်းယူခွင့်ပေးမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အာဏာရှင်ကြီး၏ အလိုကျ မီဒီယာများအား တက်ရောက်ခွင့်အား တားဆီးပိတ်ပင်ခဲ့ပါတယ်..။ သို့ပါသော်လည်း ပြည်တွင်း သတင်းထောက်များနဲ့ နိုင်ငံခြား သတင်းထောက်အချို့မှ ခွင့်ပေးလို ခွင့်ပေးငြား မင်းတြားကြီး စိတ်ပြောင်းလို စိတ်ပြောင်းငြား ဇွဲမလျှော့ပဲ ၂၉ရက်နေ့ကတည်းက ကြပ်ပြေးသို့ ရောက်ရှိနေပါတယ်...။ လောလောဆယ် နိုင်ငံခြား သတင်းထောက်များမှ ငါးမရ ရေချိုးပြန်မယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ ကြပ်ပြေးမှာ ရိုက်ယူထားတဲ့ လတ်တလော သတင်းဓာတ်ပုံများအား တင်ပြလိုက်ရပါတယ်..။

ဝါရင့် သတင်းစာ ဆရာကြီး လူထုစိန်ဝင်းရဲ့ DVB နဲ့ အင်တာဗျူးမှာ ပါတဲ့မှတ်ချက်လေးကတော့


1 comment:

  1. So you see now.
    That's call our "Yes" parliament.

    If all of us keep quiet like this nothing going to happen.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။