လွတ်လပ်ရေးနေ့ ညစာစားပွဲမှာ မပူဇော်ထိုက်သူကို ပူဇော်ပြီး လက်အုပ်ချီလျှက် တွေ့ရတဲ့ တေဇ (နောက်ဆုံးမှ ကန်တော့နေသူ)
ဆရာ ဆရာမ ကို ကျေးဇူးသိတတ်တာ ကောင်းတဲ့ အလေ့ပေမယ့် ပြိုင်ဘက်မရှိတဲ့ သူခိုးကြီး၊ လက်နက်ပွဲစား လုပ်ပြီး မတရားသမှုဖြင့် ရထားတဲ့ တိုင်းပြည် ဘဏ္ဍာငွေတွေကို အလွယ်တကူ ဖြုန်းတီး နေတဲ့ တေဇရဲ့  စင်ကာပူ ခရီးစဉ်ကို ရေးပို့လိုက်ပါတယ်.. ကိုဒီမို..။T.T.C ကျောင်းသား ဟောင်း တေဇက သူရဲ့ T.T.C ဆရာ၊ ဆရာမဟောင်းများနှင့် သူငယ်ချင်းများ အဖွဲ့ အပါအဝင် လူခြောက်ဆယ်ကို MAI လေယာဉ် လက်မှတ်ဖိုး စါးရိတ်ခံပြီး စင်ကာပူ အလည်ပို့ဆောင် ပေးသတဲ့။ လက်မှတ်ဖိုး အပြင်၊ စားစရိတ်၊ နေစရိတ်တွေကိုပါ.. တာဝန် ယူ ပြီး ကိုယ်တိုင် လိုက်ပို့ပါ သေးတယ်။ ဒါတင် ဘယ်ကဦးမလဲ၊ ဆရာ၊ ဆရာမတွေနဲ့ လူအယောက် သုံးဆယ်ကျော် သုံးဖို့  တစ် ဦးကို စင်ကာပူ ဒေါ်လာ ၂၀၀၀စီ ကန်တော့ပါသေးတယ်၊ ကျန်တဲ့သူတွေ အတွက်တော့ ဘယ်လောက် ပေးလဲတော့ မသိပါဘူး။
Marina Bay Sands Hotel ဆက်သွယ်ရန် ဖုန်းနံပါတ်.. Book online or call + 65 6688 8888
သူတို့ အဖွဲ့တွေ (၆)ရက်နေ့က စင်ကာပူ ရောက်ပြီး လည်ပတ်နေကြပါပြီ။ မနက်ဖြန်၁၀ ရက်နေ့ ပြန်ကြပါလိမ့်မယ်။ တစ်ရက် တစ်နေရာစီ တည်းကြတာပါ..။ ဒီနေ့ (ဇန်န၀ါရီ ၉ရက်) မှာတော့ ဟိုတစ်လောကမှ ဖွင့်ခဲ့တဲ့ အရမ်းဈေးကြီးတဲ့ Marina Bay Sands Hotel မှာ တစ်ခန်း ကို တစ်ရက် စင်ကာပူ ဒေါ်လာ ၃၇၀ ပေးပြီးတောင် ဖြုန်းလိုက် ပါသေးတယ်။ အဲဒီအဖွဲ့ထဲမှာ တေဇရဲ့ T.T.C ငယ်သူငယ်ချင်း ဖြစ်သူ အဆိုတော် ဇော်ဝင်းထွဋ် တောင်ပါလိုက်သေး။ ငယ်ငယ်တုံးက ဇော်ဝင်းထွဋ် ကို အားပေးခဲ့တာ အခုတော့ ရှက်လိုက်တာ။
ဒီစင်ကာပူ ၅ ရက်စာ ခရီးအတွက် ဒေါ်လာတစ်သိန်းကျော်ကို အလွယ်တကူ သုံး လိုက် တာများ နှမြောစရာ ကောင်းလိုက်တာ။ အဲဒီ့လို သုံးမယ့်အစား ဆရာမတွေကို မြန်မာပြည်မှာပဲ ငွေကန်တော့ပြီး ကိုကျော်သူ့တို့ နာရေးကူညီမှု အသင်းအဖွဲ့ ကိုများ လှူလိုက်ရင် ပြည်သူတွေ အများကြီး အကျိုး ဖြစ်မှာပဲ။
စင်ကာပူက မြန်မာတွေနဲ့ မြန်မာပြည်သူတွေ သိရအောင် ပေးပို့ တင်ပြလိုက်ပါတယ်...။
ပေးပို့ပေးတဲ့ ရန်ကုန်သားအား ကျေးဇူးတင်ပါသည်...။
တေဇအကြောင်း ပို့စ်များ ပြန်ဖတ်လိုလျှင်...
တေဇဆိုတာ ဘယ်လိုကောင်လဲ http://www.demowaiyan.co.cc/2009/10/blog-post_30.html
မြန်မာပြည်ရဲ့စီးပွားရေးဘီလူး တေဇပိုင်တဲ့ ဟိုတယ်များအကြောင်း http://www.demowaiyan.co.cc/2010/08/blog-post_720.html


သူ့ပိုက်ဆံနဲ့သူတို့သုံးတာ ဖြုန်းတာ မင်းတို့အပူပါလား။မင်းတို့ပိုက်ဆံကိုလည်း မင်းတို့ကြိုက်သလို သုံးသလို သူတို့လည်း သူတို့ပိုက်ဆံသူတို့သုံးချင်သလို သုံးမှာပေါ့။ဘာမှ မနာလိုစရာအကြောင်းမရှိဘူး။ကိုယ့်သမိုင်းကိုယ်ရေး ယောင်္ကျားဖြစ်ပြီး မနာလိုစိတ်တွေမထားနဲ့။အဲဒါယောင်္ကျားကောင်းတို့ လက္ခာမဟုတ်ဘူး။
ReplyDeleteသူ့  ပိုက်ဆံလားဟ၊ စစ်အစိုးရ ရဲ့ မတရား လုပ်ရပ်တွေကို လိုက် အကောင်အထည် ဖေါ်ပြီး ဝေစားမျှစား လုပ်လို့  ရထားတဲ့ ပိုက်ဆံတွေ။ စစ်အစိုးရ အကူ မပါပဲ သူ့  အရည်အချင်းနဲ့  သူ ငွေရှာရင် တစ်ဒေါ်လာ တောင် ရမဲ့ကောင် မဟုတ်ဘူး။ သူခိုးက သူခိုးပဲ။ သူကိုယ်တိုင် တရားဝင် ရထားတဲ့ ငွေတွေ နဲ့ စီးပွါး တွေဆိုရင် အဆင့်ရှိ ခေတ်မှီတိုးတက်တဲ့ နိုင်ငံကြီးတွေက သူ့  ကို စီးပွါးလုပ်ခွင့်ပြုမှုာပေါ့ ၊ ဘယ်သူမှ sanction ထဲ မထည့်ဘူး ။ သူတို့  သွားလို့ ရတာ အရှေ့ တောင် အာရှ၊ တရုတ် နဲ့  မြောက်ကိုးရီးယား ပဲရှိတယ်။
ReplyDeleteဇော်ဝင်းထွဋ် က တေဇ အထောက်အပံ့ နဲ့  ကပ်စား နေတာ ကြာပြီ၊ တေဇ က စတူဒီယို တောင် ထောင်ထားပေးသေးတယ်။
ReplyDeleteWhen next time they come or see around can you grab and let they EAT YOUR DICK AND SHIFT so that dictator generation must remember as his whole life.
ReplyDeleteSometime physical action is good for talking than writing on paper. So do it for your poor country, your people.and
find their links and do similar action include young female students in USA.
so why are you waiting for .....?
Aung Thit Min