Pages

Sunday, February 6, 2011

ကျိုက်ထီးရိုး (၂) (အမိမြန်မာပြည် အမှတ်တရ)

ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော် မြတ်ကြီးအား သပ္ပါယ်စွာဖူးမြင်ရပုံ..
ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတောမြတ်ကြီးရဲ့ မနက်အာရုဏ်ဦးမှာ ဆွမ်းတော်ကပ်လှူရတဲ့ မြင်ကွင်းဟာ အင်မတန်မှ ကြည်နှူးစရာ ကောင်းလှပါတယ်..။ တို့မြန်မာတွေရဲ့ သဒ္ဓါထက်သန်ပုံတွေလေ..
ဘုရားဖူးလာကြတဲ့ အနယ်နယ် အရပ်ရပ်က မြန်မာပြည်သားများ..
နှစ်စဉ် မြင်တွေ့ရတဲ့ တောတွင်းတိရိစ္ဆာန်တွေ ရဲ့ အင်္ဂါအစိတ်အပိုင်းတွေ ရောင်းတဲ့ဆေးဆိုင်တွေလေ...
တကယ်တော့ တောတွင်းတိရိစ္ဆာန်တွေ တရားမဝင် သတ်ဖြတ်ရောင်းဝယ်နေတာ ထိန်းသိမ်းသင့်တယ် လို့တော့ ယူဆမိတယ်လေ.. 
တိုင်းရင်းဆေးဆိုင်တွေက စုံမှစုံ အထက်တစ်နေရာမှာ ရေးထားတဲ့ ကျောက်သွေးဆိုတာကို စာစောင် တစ်ခုမှာ ဖတ်ဘူးပါတယ်...။ ကျောက်ကနေထွက်တဲ့ အဆီဆိုပဲ.. မြန်မာပြည်မှာပဲ ရှိပြီး ကျိုက်ထီးရိုးတောင်နားက တောနက်ထဲမှာပဲ ရရှိနိုင်ကြောင်း  AIDS ရောဂါပျောက်ကင်းတယ်ဆိုလို့ ထိုင်းလူမျိုးတွေ တောနက်အတွင်းကို လာပြီး စွန့်စွန့်စားစား လာရောက် ရှာဖွေဝယ်ယူတယ်လို့ သိရပါတယ်..
ထမင်းဆိုင်တန်းတွေ

ဒီဆိုင်ကို နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် မကြာခဏရောက်ဆိုပဲ... ဘာကြောင့်ဆိုတာ ဆေးအညွှန်းတွေထဲမှာ တွေ့နိုင်ပါတယ်...။
ဒီဆိုင်က ထိပ်ပြောင်သူ ဆံပင် ပြန်ပေါက်ဆေးကို သမ္မတ ဆံပင်ပြန်ပေါက်ဆေးဆိုပြီး တံဆိပ်တပ် ဈေးကွက်တင် ရောင်းရင် တော်တော်လေး အောင်မြင်မှာပါပဲ..
မြန်မာပြည် အမှတ်တရ ကျိုက်ထီးရိုးပုံတွေ ပြည်ပရောက် မြန်မာတွေအတွက် အလွမ်းပြေ ဖော်ပြပေးလိုက်ပါတယ်.... (ဓာတ်ပုံတွေကိုတော့ ကိုချစ်ကိုက ပေးပို့လာပါတယ်..)

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။