Pages

Monday, February 7, 2011

တိုက်တွန်းနှိုးဆော်ချက်....


တိုက်တွန်းနှိုးဆော်ချက်

သောကြာနေ့ (၅.၂.၂၀၁၁) မနေ့ည သန်းခေါင်ယံ အချိန်က Arakawa ku- Nisshi Nippori ရှိ ရပ်ကွက်တခုတွင် ၃-ထပ်အိမ် (တိုက်) တခုလုံး ပြာကျခဲ့သော အပြင်းစား မီးလောင်ကျွမ်းမှုတခု ဖြစ်ပွားခဲ့ရာ လူ (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။

အဆိုပါ မီးလောင်ကျွမ်းမှုတွင် ရခိုင်အမျိုးသားရေးနှင့် မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်း ဆောင်ရွက်နေသူတစ်ဦးဖြစ်သော ကိုလှအေးမောင် (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်-ဥက္ကဌ -ပြည်ပဂျပန်)၏ အိမ်လည်း မီးလောင်ခံခဲ့ရကြောင်း သိရှိရပါသည်။

လူမမယ်ကလေးငယ်(၂) ဦး ပါဝင်သော ကိုလှအေးမောင်တို့မိသားစုသည် ပိုက်ဆံအိတ်တ ခုကလွဲ၍ ဘာတခုမှ ယူဆောင်နိုင်ခြင်း မရှိဘဲ အ၀တ်တစ်ထည် ကိုယ်တစ်ခုနှင့် ထွက်ပြေးခဲ့ရပါသည်။

လက်ရှိတွင် ၎င်းတို့မိသားစုသည် အနီးအနားရှိ မြန်မာမိတ်ဆွေများအိမ်တွင် ယာယီခိုလှုံနေ ရပြီး အခက်အခဲ အမျိုးမျိုးနှင့် ကြုံတွေ့နေရကြောင်း သိရှိရပါသည်။

သို့ဖြစ်ပါ၍ ကိုလှအေးမောင်တို့ မိသားစုအား ၀ံသာနုရက္ခိတစိတ်ဓါတ်ဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ဓါတ်ပိုင်းဆိုင်းရာ အားပေးကူညီမှုများအား ပြုလုပ်ပေးနိုင်ကြပါရန် မေတ္တာရှေ့ထား တိုက်တွန်းနှိုးဆော် လိုက်ရပါသည်ခင်ဗျာ။

လေးစားစွာဖြင့်

မင်းထက်ဇော်
မြန်မာမျိုးချစ်ဒီမိုကရက်တစ်အင်အားစု (BPDF)

2 comments:

  1. အိမ်ငှားတုန်းက hoken ၀င်ထားတယ်ဆိုရင်တော့ တော်သေးတာပေါ့
    နောက်ထပ်အိမ်အသုံးအဆောင်ပစ္စည်းက ဒီလိုနိုင်ငံမျိုးမှာ recycle shop တွေ ရှိနေလို့ တော်သေးတယ်လို့ြေ့ပာရမယ်။ (မပြည့်စုံတဲ့သူတွေအတွက်ဆိုရင်ပါ)
    တခြားသောစာရွက်စာတမ်း အ၀တ်အထည်တွေ အတွက်တော့ စိတ်အတော်မကောင်းဘူး . အထူးသဖြင့်ခလေးတွေပါနေတော့လေ...

    အားလုံးအကောင်းဆုံးက အရေးကြီးစာရွက်စာတမ်း ပတ်စ်ပို့  မြန်မာသံရုံးကို အခွန်ဆောင် တဲ့သူတွေက ဘောက်ချာတွေ ...(ဂျပန်ကိုဆောင်ရတဲ့ အခွန်က ဂျပန်ရုံးတွေက ကွန်ြ့ပုတာတစ်ချက် ကလစ်ရင် ဒေတာအကုန်ထွက်ပေမယ့် ....မြန်မာသံရုံးကအဲ့  လို မလုပ်ထားနိုင်ရင် တစ်ချို့ နိုင်ငံတွေ မှာ ဖြစ်သလို ၂ ခါဆောင်ရတာတို့ ဘာတို့ ဖြစ်မယ်.)
    နောက်လက်ဝတ်လက်စား တွေကို အိတ်တစ်လုံးနဲ့ စုထည့်ထားနိုင်ရင်အကောင်းဆုံးပါပဲ ဂျပန်လည်းခုတစ်လော အတော်ကို မီးလောင်တယ်....

    မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်.။ ဂျပန်မှာ ဘုန်းကြီးကျောင်းကျယ်ကျယ်ရှိရင်လည်းသိပ်ကောင်းမှာပဲနော်။ သာရေး နာရေး အကုန် လုံးအသုံးပြု လို့ ရတာပေါ့ ..

    ချော

    ReplyDelete
  2. ကူညီ၇မည်.လိပ်စာ။အဆက်အသွယ်တွေပါမှ၊ကူညီမဲ.သူတွေကူညီနိုင်
    မှာပေါ.။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။