ရပ်ကွက်နေ ပြည်သူများမှ ကိုယ့်အားကိုယ်ကိုး ငြိမ်းသတ်နေစဉ်
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ မြို့မ(၁)ရပ်ကွက်တွင် ပေါ့ဆမီးကြောင့် မီးလောင်မှုတစ်ခု ဖေဖေါ်ဝါရီလ(၅)ရက်၊ နံနက်(၈း၃၀)က ဖြစ်ပွါးခဲ့ပါသည်။ ဒလမြို့နယ်၊ မြို့မ(၁)ရပ်ကွက်၊ ကမ်းနားပတ်လမ်း၊ အမှတ်(၃၄)နေ ဦးမြင့်ဦး၊ ဒေါ်အေးအေးမာတို့၏ နေအိမ် မီးဖိုဆောင်ရှိ မီးသွေးမီးဖိုမှ၊ မီးပွါးလွင့်စင်ပြီး အနီးရှိ မီးမွှေးလောင်စာ (ဒီဇယ်နှင့် လွှစာမှုန့် ရောစပ်ထားသော) တဲပေါ်သို့ ကျရောက်ရာမှ မီးလောင်မှု စတင်ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။ ရပ်ကွက်နေ ပြည်သူများ များမှ သဲအိတ်များ၊ ရေပုံးများဖြင့် တာဝန်သိစွာ ၀ိုင်းဝန်း ငြိမ်းသတ်မှုကြောင့် နံနက်(၈း၄၅)အချိန်တွင် မီးငြိမ်းသွားခဲ့သည်။ ထိုမီးလောင်မှုကြောင့် အိမ်ရှင် ဦးမြင့်ဦးနှင့် ဒေါ်အေးအေးမာတို့အား ဒလရဲစခန်းမှ ပြစ်မှုအမှတ် (ပ)၆၀/၂၀၁၁၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၂၈၅)အရ အရေးယူထားသည်ဟု သိရှိရပါသည်။ ယင်းအိမ်ရှင်များမှာ လောင်စာဆီများကို တရားမ၀င် လက်လီ လက်ကား ရောင်းချနေသူများ ဖြစ်ကြပြီး၊ ဒလမြို့နယ် မယက၊ ရယကနှင့် ဒလရဲစခန်းသို့ လစဉ် လိုင်းကြေးငွေများစွာ ပေးဆောင်ပြီး ရောင်းချနေခြင်း ဖြစ်ကြောင်း ရပ်ကွက်နေ လုပ်သားပြည်သူများ၏ ဝိုင်းဝန်း ငြိမ်းသတ်မှုကြောင့်သာ မီးငြိမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ မီးလောင်ရာသို့ မြို့နယ်အရံ မီးသတ်တပ်ဖွဲ့ဝင်များ ရောက်လာခြင်း မရှိကြောင်း ဒေသခံ ရပ်ကွက်သားတဦးမှ ပြောဆိုခဲ့ပါသည်။
နေပြည်တော်က တပ်ချုပ်ကြီး အိမ်ပြောင်းတဲ့ သတင်းတင်ပြီး မကြာခင်မှာပဲ ကွန်မာန့်မှာ ချောဆိုတဲ့သူ လာရေးထားတာလေးကို အများသိအောင် တင်ပြလိုက်ပါတယ်..။
နေပြည်တော် ဘာလုပ်ကြလည်းမသိဘူး .. ၀န်ထမ်းတွေ အရာရှိပိုင်းထဲက အိမ်တွေ ၂ရက်အတွင်း ပြောင်းခိုင်းတယ်။ တစ်ချို့ ဆို ၆ ခါလောက်အိမ်ပြောင်းရတဲ့သူတွေ ရှိတယ်..။ တစ်ချို့  ၂ လအတွင်း ၂ ခါ ပြောင်းရတယ်... ဟု ရေးသားလာပါတယ်...။
နေပြည်တော်ရှိ တပ်ချုပ်ကြီးနေအိမ် ပြောင်းရွှေ့
ဒလမှာ မီးလောင်တာနဲ့ ကြပ်ပြေးမှာ လဒအိမ်ပြောင်း (အဲမှားလို့) နေပြည်တော်က တပ်ချုပ်ကြီး အိမ်ပြောင်းတဲ့ သတင်း တစ်ခြားစီ ဖြစ်နေပေမယ့် တပ်ချုပ်ကြီးနဲ့ နီးစပ်တဲ့ အတွင်းသိ တစ်ဦး ပေးပို့လာတဲ့ တပ်ချုပ်ကြီး အိမ်ပြောင်းတဲ့ သတင်းတိုလေးကို တင်ပြလိုက်ရပါတယ်..။ ပေးပို့လာတဲ့ သတင်းကတော့..
ကြာသပတေးနေ့ ကတည်းက ရတဲ့သတင်းပါတဲ့ ။ နေပြည်တော်က ဦးသန်းရွှေ အိမ်မှာ ပစ္စည်းတွေ ထုပ်ပိုးနေပြီ ။ ဘယ်ပြောင်းမယ် ဆိုတာကိုတော့ ..သားသမီးတွေ မြေးတော်.. နေရွှေသွေးအောင်တောင် မသိဘူး ဖြစ်နေပါတယ်တဲ့ ။ မထင်လဲ မထင်ထားကြပါဘူးတဲ့။ အဆိုပါသတင်းမှာ အလွန်ခိုင်လုံတဲ့ သတင်းဖြစ်ကြောင်း.. ရေးသားပေးပို့ လာပါတယ်...။ တပ်ချုပ်ကြီးမိသားစုဟာ နေပြည်တော်မှာ နန်းတော်သမျှ ခမ်းနားတဲ့ စံအိမ်တော် ရှိနေပေမယ့်လည်း.. မိသားစုမှာ အထူးသဖြင့် ရန်ကုန်မြို့တွင် အနေများကြောင်း သိရှိရပါတယ်....။
ဒီမိုဝေယံ
နေပြည်တော် ဘာလုပ်ကြလည်းမသိဘူး .. ၀န်ထမ်းတွေ အရာရှိပိုင်းထဲက အိမ်တွေ ၂ရက်အတွင်း ပြောင်းခိုင်းတယ်။ တစ်ချို့ ဆို ၆ ခါလောက်အိမ်ပြောင်းရတဲ့သူတွေ ရှိတယ်..။ တစ်ချို့  ၂ လအတွင်း ၂ ခါ ပြောင်းရတယ်... ဟု ရေးသားလာပါတယ်...။


နေပြည်တော် ဘာလုပ်ကြလည်းမသိဘူး
ReplyDelete၀န်ထမ်းတွေ အရာရှိပိုင်းထဲကတွေ အိမ်တွေ ၂ရက်အတွင်းပြောင်းခိုင်းတယ်
တစ်ချို့ ဆို ၆ ခါလောက်အိမ်ပြောင်းရတဲ့သူတွေ ၇ှိတယ်
တစ်ချို့  ၂ လအတွင်း ၂ ခါပြောင်းရတယ်...
ချော
Don't waste your time to think why? It's just another "Yadayar" as usual.
ReplyDeleteThey always make nonsence.
ReplyDelete