မီးထက်ဆိုးတဲ့သူတွေ အုပ်ချုပ်နေတဲ့ ခေတ်ဆိုတော့လည်း..
ပြီးခဲ့တဲ့ (၈)ရက်နေ့က သင်္ယန်းကျွန်းမြို့နယ် ၁၆ ရပ်ကွက် အပိုင်း(၄)မှာ နေ့လည် (၂)နာရီခန့်က မီးလောင်ကျွမ်းခဲ့ရာမှာ လူနေအိမ်ခြေ (၁၅)လုံး မီးလောင်ကျွမ်းခံရပါတယ်..။ အခင်းဖြစ်ပွားရာသို့ မီးသတ်ကားများ ရောက်ရှိ လာခဲ့ပေမယ့် မီးငြိမ်းသတ်ခြင်း မရှိပဲရပ်ကြည့်နေခဲ့ကြောင်း အနီးပတ်ဝန်းကျင်မှ ဒေသခံများမှ ဆိုပါတယ်။ ထိုသို့ မီးလောင်ကျွမ်းချိန်၌ ယခင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဖွင့်လှစ်ခဲ့တဲ့ ဗြမ္မ၀ိဟာရကျောင်းမှ သံဃာတော်များမှ ဂတောင်း မြှောင်အောင်ကျိုက်ပြီး ရေပုံးတွေဆွဲကာ ပတ်ဝန်းကျင်မှ ပြည်သူများနှင့် အတူ ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ကြပါတယ်..။ အဆိုပါ သံဃာတော်များမှ မီးလောင်စဉ်မှာ မကြောက်မဝံ့ ငြိမ်းသတ်ပြီးမှ မီးသတ်များမှ ဝင်ရောက်ငြိမ်းသတ်ခဲ့တဲ့ အတွက် မီးညွှန့်ကျိုးသွားခဲ့ကြောင်း သိရှိရပါတယ်...။
ငွေပါမှ ရေလာ.. ငွေဖြန်းမှ ရေလန်း... ရေခင်းမှ ဗျင်းတဲ့ မီးသတ်များ.. ငွေမပါရင် ရေမလာဘူးတဲ့ဗျာ..
မြန်မာပြည်မှာ ရန်သူမျိုးငါးပါး မကြောက်တာကတော့ ကျွန်တော်တို့ရဲ့ ပြည်သူ့ဘုန်းဘုန်းတွေပါပဲ....။ တိုင်းပြည်မှာ အရေးကြီးပြီဆိုရင် ရှေ့ဆုံးက ပြည်သူတွေရဲ့ အားထားရာ ဘုန်းဘုန်းတွေပါပဲ။
သတင်း၊ ဓာတ်ပုံ ... ဒီမိုဝေယံ..
မနှစ်က မန္တလေးမှာ ရေကြီးစဉ်ကလည်း သက်စွန့်စံဖျား ပြည်သူ့ဘုန်းဘုန်းများ ပြန်ဖတ်ချင်ရင်..
http://www.demowaiyan.co.cc/2010/10/blog-post_14.html
မီးသတ်တပ်ဖွဲ့ဆိုတာ စေတနာအရင်းခံပြီး ကိုယ်ကျိုးစွန့် သက်စွန့်ဆံဖျား အပူထဲတိုးပြီး လုပ်ရတဲ့အလုပ်ပါ။မည်သို့သော ခံယူချက်နဲပဲဝင်လာဝင်လာ မီးသတ်တပ်ဖွဲ့ထဲရောက်ပြီဆိုတာနဲ့ သတ်မှတ်ထားတဲ့စည်းကမ်းတွေလိုက်နာရတဲ့အပြင် ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကို တတ်စွမ်းသရွေ့ကူညီရတဲ့အလုပ်ဖြစ်တဲ့အတွက်စေတနာမပါပဲ လုပ်တဲ့မီးသတ်သမားဟူပြီး မရှိပါဘူး။တပ်မတော်သားတွေနဲ့ ပြည်သူ့ရဲတပ်ဖွဲ့သားတွေဟာလည်း ထိုနည်း၎င်းပါပဲ။
ReplyDeleteချက်ဝတ်တန်ဆာမစုံမလင်တဲ့ကြားထဲက မိမိခန္ဒာကိုယ်ကိုအပူခံပြီး ပိုးဖလံလေးတွေမီးကိုတိုး နေရတဲ့အဖြစ်လေးတွေပါ။ဂုဏ်ယူစရာကောင်းသလို အင်မတန်လည်းမွန်မြတ်ပါတယ်။
စိတ်ထားကောင်းကောင်းလေးတွေထားပြီး အကောင်းမြင်ဘက်ကနေကြည့်ပေးစေချင်တယ်။ကိုယ်ကိုတိုင်တောင် ဒါမျိုးမလုပ်နိုင်ပဲ အုတ်တစ်ချက်သဲတစ်ပွင့်အဖြစ် လက်တွေ့ကျကျကူညီလုပ်ဆောင်ပေးနေတဲ့သူတွေကို မစော်ကားပါနဲ့။
စိတ်မကောင်းစွာပဲ ဖတ်သွားတယ်.. ဆက်တွေးမိသေးတာတွေ ရှိပါရဲ့။
ReplyDeleteအပေါ်ဆုံးကို ရဲချစ်နဲ့ ကိုသန်းရွှေချစ်အတွက်
ReplyDeleteကိုယ်တွေ့ ကြုံခဲ့ရတယ့် အဖြစ်အပျက်တစ်ခုပါ.. ရန်ကုန်မြို့ရဲ့ ရပ်ကွက်ကြီး တစ်ခုမှာ မီးလောင်တုန်းကပေါ့.. လောင်တာကတော့ အဆိုပ်ရပ်ကွက်ကြီးရဲ့ အနောက်ဘက်က ကျူးကျော်ရပ်ကွက်ကပေါ့.. မီးကကျူးကျော်ရပ်ကွက်ကုန်တော့ ကပ်ရပ် ရက်ကွက်ကြီးကို ကူးပါလေရော.. လူလတ်တန်းစားတွေ ရှိတဲ့ ရပ်ကွက်ဆိုတော့ ကျူးကျော်တဲတွေ လောင်တုန်းက ကြည့်နေတဲ့ မီးသတ်တွေ ဘာလုပ်တယ် ထင်ပါသလဲ အိမ်တွေကို မီးမကူးအောင် ရေကြိုဖြန်းပေးဘို့ ပိုက်ဆံတောင်းပါလေရော.. ကိုယ်ကိုယ်တိုင် သူငယ်ချင်းအိမ်မှာ ပစ္စည်းတွေ ကူသိမ်းပေးဖို့ ရောက်နေတော့ အကုန်မြင်နေရတယ်.. သူငယ်ချင်းအမေကလည်း ပြာယာခတ်နေတော့ တောင်းတဲ့မီးသတ်ကို လည်ပင်းက ဆွဲကြိုးချက်ချင်းဖြုတ်ပြီး ပေးလိုက်တော့မှ ရေဖြန်းပေးပါတော့တယ် ..အဲ့ဒီလောက်အထိ အခြေအနေဆိုးတာ ရေနစ်သူ ဝါးကူထိုးလေ.. ဒါတောင် အိမ်နောက်ဖေးတစ်ခြမ်းပါသွားသေးတယ်. မြန်မာပြည်မှာ ဘာအောက်ဆိုဒ်မှ မရှိတာ မီးသတ်လေ. အဓိကကတော့ ဝမ်းစာမဖူလုံတော့ ပြည်သူတွေ မျက်ရည်ကြီးငယ် ကြရတဲ့အချိန်မှာ မြွေပူရာကင်းမှောင့်ပေါ့ သိအောင်ပြောပြတာ.. Mg ဆိုတဲ့လူ.. မေးကြည့်ဟုတ်မဟုတ်ဆိုတာ.. လူတိုင်းသိတယ်
မီးလောင်တဲ့အခါ အသက်ပေးပြီး ကယ်တင်ကြတဲ့မီးသတ်ရဲဘော်တွေ
ReplyDeleteအကြောင်းလည်းပြောပြပါလားကိုAnonymous
...အကို့စိတ်ထဲမှာ အဲလိုလူလဲမရှိဘူးထင်နေလို့လား...
ဆွမ်းဆန်ထဲကြွက်ချေးရောတာတော့ အဖွဲ့အစည်းတိုင်းမှာ
ရှိမယ်ထင်ပါတယ်...
မီးသတ်ရဲဘော်များကိုစာနာသူ
ဦးဇင်းတို့ မန္တလေးမယ် ပညာသင်ကြားနေစဉ်က အတွေ့အကြုံလေးပြောပြပါမယ် ဝေယံဘုံသာ ကျောင်းတိုက်မယ် သတင်းသုးံစဉ်ကာလကပေါ့ ချမ်းအေးသာဇံမြို့နယ် နဲ့ မဟာအောင်မြေ မြို့နယ် အစပ် သုးံဆယ့်ငါးလမ်း ဝေယံဘုံသာ ကျောင်းတိုက် အနီး မီးလောင်စဉ်ကာလတုးံက မီးလောင်းတာ ရပ်ကွက်တခုလုးံကုန်ပြီး မီးသတ်ကားတစ်စီးမှမရောက်လာသေးဘူးရောက်လာတဲ့ကားကလည်း ရေမပါဘူး ရေပါတဲ့ကားကြတော့လည်း ဝေယံဘုံသာကျောင်းနဲ့ ကပ်လျက် အိမ်က ပိုက်ဆံရှိတော့ လက်မယ်ပတ်ထား လက်ကောက်တွေ လပ်စွပ်တွေဖြုတ်ပေးထားပြီး တော့ မီးမလောင်းသေးဘူး ရေနဲ့ပက်ခိုင်းထားတာ မီးသတ်သမားကလည်းပိုက်ဆံပေးထားတော့လုပ်နေတာ အဲဒါကိုယ် ဘုန်းကြီးရဟန်းသံဃာတွေမြင်ပြီးပြောတာ အစတော့လက်မခံဘူး နောက်ကြတော့ ဘုန်းကြီးတွေဝိုင်းလာတော့ မှ မီးလောင်းနေတဲ့ဘက်ကို ရေပက်တာ အဲဒိတော့ရေကကုန်နေပြီး နောက်ဆုးံတော့သုးံရပ်ကွက်လုးံပြောင်ပါလေ ရော သုးံဆယ့်ငါးလမ်းအနီးက ရပ်ကွက်တွေချမ်းအေးသာဇံမြို့နယ်တည်းက အဲဒါတောင်မီးသတ်သမား သတ်လို့သေတာ မဟုတ်ဘူး မီးက ကူးစရာနေရာက ဝေးနေလို့ကူးဘို့ကြားတည်းမယ်ကလည်း ဘုန်းကြီးရဟန်းသံဃာတွေနဲ့ ပြည်သူလူထုက ခံနေလို့ အဆုးံမှာသတင်းစာကနေ ရေတစက်မှမပါဘနဲ့ ပထမဦးဆုးံရောက်လာတဲ့ မီးသတ်သမား ကို ဆုချပြီးတော့ မီးသတ်သမားတွေနဲ့ တာဝန်သိ စွမ်းအားရှင် အဖွဲ့ကနေ ၀ိုင်းပြီးမီးငြိမ်းလို့ မီးငြိမ်းသွားပါတယ်ဆိုတဲ့ အကြောင်း ခေါင်းစဉ်မယ် စားလုးံအမဲကြီးနဲ့ ထဲ့ရေးလိုက်တာ အရှက်တရားမရှိစွာ အဲဒိသတင်းစာကို ဖတ်ပြီး မန္တလေးရှိပြည်သူလူထုတွေနှင့်တကွ ဘုန်းကြီးတွေက ဆဲလိုက်တာမှ လွန်ရော ဒါလား ကွ မီးသတ်ကား တဲ့ လောင်စရာ ကူးစရာမရှိတော့ လို့ ပြည်သူတွေနဲ့ဘုန်းကြီးရဟန်းသံဃာတွေက ၀ိုင်းသတ်လို့သေသွားတဲ့မီးကို တဲ့ ဒါလားကွ နအဖ တဲ့ မီးသတ် ရဲဘော်တွေသိပါတယ်လေ ဒီအကြောင်းတွေပြောနေရင်လည်း ဒေါတွေပါပါတယ် ဆင်အော်လို့ မနိုးတဲ့ တာဝန်သိ မီးသတ်သမား မီးမလာလို့ေ ရ မရှိတဲ့ တာဝန်သိ မီးသတ်သမား မိန်းမကြောက်လို့ မီးကင်းမစောင့်တဲ့ တာဝန်သိ မီးသတ်သမားတွေ မင်းတို့ကြောင့် ပြည်သူတွေ အိုအိမ်မဲ့ နေစရာ မရှိတာတွေကို ကြည့်ပြီးဝမ်သာနေကြတာလား ဒါမှ မဟုတ် မီးလောင်မှ ထမင်းစားရမဲ့ မင်းတို့ဘ၀လား မေးစမ်းပါရစေဦး တိုင်းပြည်ဘဏ္ဍာသူခိုး ဒကာတော် မင်းမြတ်တို့ရေ ဒီဒုက္ခတွေမှ အမြန်ဆုးံကင်းဝေးရပါလို၏
ReplyDeleteစက်တင်ဘာဦးနေမိန္ဒ
မီးသတ်ရဲဘော်များကိုစာနာသူသို့
ReplyDeleteကိုဒီမိုသတင်းမှာ တင်ထားတဲ့ သံဃာတော်တွေ ဂတောင်းကြိုက်ပြီး ရေပက်တာကို ပြောနေတာလေ.. နေရာတိုင်းမှာ ဖြစ်ပျက်နေတဲ့ လာဘ်ပေးလာဘ်ယူမှုတွေလေ
စေတနာမပါပဲ လုပ်တဲ့မီးသတ်သမားဟူပြီး မရှိပါဘူး။တပ်မတော်သားတွေနဲ့ ပြည်သူ့ရဲတပ်ဖွဲ့သားတွေဟာလည်း ထိုနည်း၎င်းပါပဲဆိုပြီး မဆိုင်တာတွေ ပါလာလို့ပါ.။
ခုတိုင်းပြည်မှာ ဖြစ်နေတာက ဆွမ်းဆန်ထက် ကြွက်ချေးက များနေတာလေ.. ဆွမ်းဆန်အနည်းငယ် ရှိတာကိုတော့ လက်ခံပါတယ်။ ကြွက်ချေးဗိုလ်ချုပ်တွေကြောင့် ဆွမ်းဆန်ကုန်တော့မယ်။ ပြောရင်းနဲ့ နိုင်ငံရေးတွေ ပါလာပြီ။
သေနတ်ဆိုလည်း ပစ်မိန့်ပေးမှ...
ReplyDeleteရေဆိုလည်း ပက်မိန့်ပေးမှ...
အထက်ကို တင်ပြရတယ်... (တင်ကို ပြသခြင်းမဟုတ်)
အထက်ကိုစောင့်နေရတယ်... (အထက်က ပြုတ်ကျလာမှာကိုး)