ဓာတ်ပုံ ဧရာဝတီ
ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင် နောက်ဆုံးသတင်း ပြီးခဲ့တဲ့ နှစ်များက မြန်မာစစ်တပ်ရဲ့ အမြင့်ဆုံးရာထူးဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ်ရာထူးအား ဆက်လက် ဆက်ခံမည်ဟု နာမည်ကြီး တစ်ပြေးခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား ကာကွယ်ရေးဦးစီးချုပ် ရာထူးအစား တပ်ချုပ်ကြီးမှ ကာကွယ်ရေးဝန်ကြီး ပေးအပ်ခဲ့ပါသည်..။ ထိုကာကွယ်ဝန်ကြီး ရာထူးအပေါ် မကျေမနပ် စောဒက တက်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား ပြီးခဲ့တဲ့ (၉)ရက်နေ့ ည အစောပိုင်းက နေပြည်ေ တ်ာမှ ရန်ကုန်မြို့သုဝဏ္ဏ ဗိုလ်ချုပ်ရွာမှာရှိတဲ့ ၎င်းနေထိုင်ရာ နေအိမ်သို့ သူပိုင်တဲ့ အရပ်ဘက်သုံးကားနဲ့ လာရောက်ခေါ်ယူ ပို့ဆောင်ခိုင်းလိုက်ကြောင်း သိရှိရပါတယ်။ နေအိမ်အကျယ်ချုပ် သဘောအနေဖြင့် ယခင်က စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ လုံခြုံရေး အစောင့်အရှောက်များကို ရုပ်သိမ်းလိုက်ပြီး၊ နေအိမ်ပတ်ဝန်းကျင်မှ စရဖအဖွဲ့အစည်းက စောင့်ကြပ် ကြည့်ရှုလျှက် ရှိကြောင်း သတင်းရရှိပါတယ်..။
Myanmar Times publisher and co-owner Ross Dunkley ဓာတ်ပုံ(AP)
မြန်မာတိုင်းမ် ဂျာနယ်ကို တည်ထောင်သူ မစ္စတာ Ross Dunkley သတင်း..
မြန်မာတိုင်းမ် ဂျာနယ်ကို တည်ထောင်သူ မစ္စတာ Ross Dunkley သတင်း..
ယခင် ထောက်လှမ်းရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ်ခင်ညွန့် လျှမ်းလျှမ်းတောက်စဉ်က အပေးအယူ တည့်ခဲ့တဲ့ မြန်မာတိုင်းမ် ဂျာနယ်ကို တည်ထောင်သူ မစ္စတာ Ross Dunkley ဟာယခု အင်းစိန်ထောင်ထဲ ရောက်ရှိနေပါတယ်..။ ၎င်းအား အမှု၃မှုဖြင့် စွဲချက်တင်ထားပါတယ်..။ ထိုအမှုထဲမှမ စ္စတာ Ross Dunkley လူဝင်မှုကြီးကြပ်ရေး ချိုးဖောက်တယ်ဆိုတဲ့ ဥပဒေဟာ မတရားသဖြင့် စွပ်စွဲတာ ဖြစ်ကြောင်းနဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်ခန့်ကမှ ဂျပန်နိုင်ငံမှ Single Entry Tourist Visa အမျိုးအစားဖြင့် တရားဝင် ပြန်လည် ဝင်ရောက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်..။ ပေးပို့လာတဲ့ သတင်းအရ စစ်အစိုးရမှ မြန်မာတိုင်းမ်ဂျာနယ်ကို သိမ်းပိုက်လို့၍ ဖြစ်ကြောင်း ထို့အတွက် မစ္စတာ Ross Dunkleyအား နေရပ်ပြန်ခိုင်းရာမှာ မပြန်တဲ့အတွက် ဘိန်းပစ်ဖမ်းတဲ့ ပုံစံ အပြစ်မရှိ အပြစ်ရှာ ဖမ်းဆီးခြင်း ဖြစ်တယ်လို့ စာနယ်ဇင်း အသိုင်းအဝန်းမှ သတင်းသမားတစ်ဦးမှ ပေးပို့လာပါတယ်..။ လာမယ့် ဖေဖော်ဝါရီလ ၂၄ရက်နေ့မှာ မစ္စတာ Dunkley အား တရားရုံးထုတ်မှာ ဖြစ်ကြောင်း သိရှိရပါတယ်..။
သတင်း... ဒီမိုဝေယံ


ကျွန်တော်တို့ ရတဲ့ သတင်း အရတော့ မစ္စတာ ဒန်ကလေဟာ ဇန်န၀ါရီလ ၁၈ ရက်နေ့ညမှာ သိမ်ကြီးဈေး ညကလပ် တစ်ခုက ခိုင်ဇာ အမည်ရှိတဲ့ အမျိုးသမီး တစ်ဦးကို အင်းယားလမ်းက သူ့အိမ်မှာ ပျော်ပါးဖို့ ငွေပေးပြီး ခေါ်သွားတယ်၊ အိမ်ရောက်တော့ နှိပ်စက် ညှင်းပန်းပြီး ပျော်ပါးတဲ့ အတွက် အမျိုးသမီးမှာ ဒဏ်ရာရပြီး ရဲကို တိုင်ခဲ့တယ်လို့ သိရပါတယ်။ အမျိုးသမီး ကိုတော့ ရန်ကုန် ဆေးရုံသစ် (ဂျပန်ဆေးရုံ) တင်ထားရတယ်လို့ ဆိုပါတယ်။ နောက် သတင်း တစ်ခုကတော့ ဒီအမျိုးသမီးကို ၁၇ ရက်နေ့ ညကလည်း ခေါ်ပြီး ပျော်ပါးတယ်။ အဲဒီညက အမျိုးသမီးကို ဆေးပြားတွေ မီးရှို့ပြီး ရှုခိုင်းတယ်။ မနက်ကျတော့ သူ့အံဆွဲထဲက ပိုက်ဆံကို သူမသိပဲ ယူသွားလို့ ၁၈ ရက်နေ့ညမှာ ထပ်သွား ခေါ်လာပြီး နှိပ်စက်တယ် လို့လည်း ဆိုပါတယ်။
ReplyDeleteဒီလို အမျိုးသမီးက တိုင်တဲ့အတွက် ရဲက အမှုဖွင့်ပြီး ၂၃ ရက်နေ့မှာ ဒန်ကလေ အိမ်ကိုလည်း သက်သေတွေနဲ့ ရှာခဲ့တယ်လို့ သိရပါတယ်။ ဖွင့်ထားတဲ့ ပုဒ်မတွေ ကတော့ အပြင်းအထန် နာကျင်စေမှုနဲ့ သက်ဆိုင်တဲ့ ပုဒ်မတွေ၊ နိုင်ငံခြားသားတွေ မြန်မာ နိုင်ငံထဲမှာ နေထိုင်တဲ့ အခါ မလျော်မကန် ပြုကျင့်မှုနဲ့ ပတ်သက်တဲ့ လ၀က ပုဒ်မတွေ ဖြစ်ပါတယ်။
ဒါ့ကြောင့် ရော့စ်ဒန်ကလေ အမှုဟာ မီဒီယာ လွတ်လပ်ခွင့်နဲ့ မပတ်သက်ပဲ ရာဇ၀တ်မှုသာ ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဆက်စပ်ပြီး ပြောရရင်တော့ မြန်မာနိုင်ငံကို နိုင်ငံခြားသားတွေ အ၀င်အထွက် များလာတာတော့ ကောင်းပါရဲ့။ သို့သော် ဘန်ကောက်လို Sex Tour တွေ ဖြစ်မလာဖို့ အတွက်ကတော့ အားလုံးထိမ်းဖို့ လိုပြီလို့ ထင်မိကြောင်းပါ။
ရော့ခ်ဒန်ကလေ ဘာကြောင့် အဖမ်းခံရသလဲ?
http://padaukmyay.blogspot.com/2011/02/blog-post_14.html