ကျွန်ုပ်နှင့် မဒွယ်ရေခဲတောင်မှ နတ်ရေကန် ရှာပုံတော် အပိုင်း(၁) ခရီးကြမ်းမှတ်တမ်း...
မဒွယ်ရေခဲတောင် နတ်ရေကန် ရှာပုံတော် စွန့်စားခန်း ခရီးကြမ်း မှတ်တမ်းစာအုပ်မှ မြိုင်ရာဇာ တေဇ၏ လက်မှတ်နှင့် အမှာစာ..
(၂၁.၂.၂၀၀၁) မနက်(၇း၃၀)ခန့်တွင် အပေါ်ကောင်းကင်ရာသီဥတု ကင်းရှင်းပြီး အဝေးမှ မြင်ရသည့် "ခါကာဘိုရာဇီ" တောင်ကိုပင် Camera Zoom ဆွဲ၍ ဥက္ကဋ္ဌမှ မှတ်တမ်းတင်ထားသည့်ပုံ...
နတ်ရေကန်အသွား မဒွယ်တောင် ပေ(15,110) တောင်ကို အဝေးမှ Zoom ဆွဲရိုက်ထားပုံ.. (နတ်ရေကန်သွားရှာတယ် ဆိုတော့ ဘာအကြံလည်းတော့မသိပါ)
- မြန်မာပြည်၏ အထူးဂုဏ်ယူရသည့် ကမ္ဘာပေါ်တွင် အမြင့်ပေ(10,000) အထက်တွင် မြင်ရန် အလွန်ရှားပါးလှသည့် သစ်တောကြီးများပုံ ဖြစ်သည်..။
- ၎င်းတောများထဲတွင် ရှားပါးလှသည့် မရှော့၊ ခမ်းတောက်မြစ်၊ သစ်မွှေးများ ရှိသကဲ့သို့ ရှားပါးလှသော သားမင်း၊ Red Panda၊ တောင်ဆိတ်များ၊ ဖက်ဂျီများလည်း အလွန်ပေါများလှသည်..။
ဝတိမ်ဖျားမှ နတ်ရေကန်အား ဖြတ်ပျံစဉ် ရေခဲ၍ တင်းနေသော နတ်ရေကန်ကို လေယာဉ်ပျက်မကျမှီ ဥက္ကဋ္ဌမှ အမှတ်တရ မှတ်တမ်းတင်နိုင်ခဲ့ပုံ..
ရေကန်မှာ ၂ဆင့်ရှိပြီး ယခုအောက်နတ်ရေကန်ကို ဥက္ကဋ္ဌမှ မှတ်တမ်းတင် ရိုက်ထားပုံ (ရဟတ်ယာဉ်ပျက်ကျစဉ် သတင်းမီဒီယာများရဲ့ မေးမြန်းခန်းမှာတော့ ဝန်ထမ်းတွေ ရေခဲတောင်တက်ဖို့ လမ်းကြောင်းရှာတာလို့ ဆိုပါတယ်..။ တပ်ချုပ်ကြီးအတွက် နတ်ရေကန် ရှာပေးတာလား စဉ်းစားချင့်ချိန်စရာပါ)
ရဟတ်ယာဉ်ပျက်ကျပြီး ရသမျှပစ္စည်းများ ထုတ်နေပုံ..
ရှေ့တွင် ပေ(2,000)ခန့်နက်သည့် ကျောက်ဆောင်နှင့် နတ်ရေကန်တို့ အကြား ကံကောင်းစွာ ပျက်ကျလဲလျောင်းနေသော မိမိတို့ ရဟတ်ယာဉ်ကို ဦးသက်ထွန်းမှ အမှတ်တရ မှတ်တမ်းတင်ထားပုံ..
မိမိတို့ အဖွဲ့မှ ရဟတ်ယာဉ် ပျက်ကျပြီး ဘာလုပ်သင့်သလဲ တိုင်ပင်နေပုံကို ဦးသက်ထွန်းမှ မှတ်တမ်းတင်ထားပုံ....
ရဟတ်ယာဉ်ပေါ်ပါသည့် ရေ(၂)ဗူးနှင့် ရသမျှ ပစ္စည်း စစုဆောင်းကာ တောင်အောက်သို့ ရသမျှ ဆင်းရန် ပြင်ဆင်နေပုံ...
ဥက္ကဋ္ဌကြီးဦးတေဇရဲ့ ကျွန်ုပ်နှင့် (၇၅နာရီကြာ) မဒွယ်ရေခဲတောင်မှ စွန့်စားခန်းများ အပိုင်း(၁)ပါ.. အပိုင်း (၂)ကို ဆက်လက်ဖော်ပြပေးပါမယ်...။ အမိမြန်မာပြည် အမှတ်တရပေါ့ဗျာ...။ ရေခဲတောင်ကနေ စင်ကာပူ ဆေးရုံရောက်တဲ့အထိ စွန့်စားခန်းမှတ်တမ်း ဓာတ်ပုံတွေပါ....။ ဆက်လက်ဖော်ပြပေးပါမယ်..။
ဒီမိုဝေယံ
မှတ်တမ်း အပိုင်း(၂)မှာ ပါတဲ့ ဥက္ကဋ္ဌကြီးဦးတေဇပုံပါ...










အော...မသေဘူးလား။ တော်သေးတာပေါ့။ ကံကောင်းလို့
ReplyDeleteI think Tayza is looking for a ski resort in Kachin state. I also dream about it when I was a geology students in 1973.
ReplyDeleteif we can open a ski resort in the foot step of Khakaborazin mountain, Burma will has summer games and winter games. It will attract many tourists to visit and enjoy our diverse weather condition. But it will construct under Democratic government with fair competition.
Htun Aung Gyaw
ဗေဒင်အရဆိုရင် ဒီနှစ်က သေရမဲ့နှစ်။ ကံကောင်းသွားတာ..
ReplyDeleteသြော် ... အနောက်နိုင်ငံလုပ် လေယဉ်မို့လို့ သပိတ်မှောက်တဲ့ အနေနဲ့ ရေခဲတောင်ထဲသွားပြီး ပစ်တာ ဆိုလို့ ....
ReplyDelete