Pages

Friday, March 18, 2011

မြန်မာပြည်မှာ ပီဖင်ဂို ခေါ်ဆို အသုံးပြုခွင့် ယနေ့မှစ၍ ပိတ်ပြီ...

ပြည်တွင်းမှ အင်တာနက်ကဖီး နဲ့နိုင်ငံတာ ဖုန်းစင်တာတစ်ခု
ပြည်တွင်း အင်တာနက်ကဖီးများမှ ပြည်ပ နိုင်ငံများသို့ ခေါ်ဆိုဆက်သွယ်ရာမှာ အစိုးရနှုန်းထားထက် ဈေးနှုန်းချိုသာတဲ့ ပီဖင်ဂိုး
ရန်ကုန်မြို့မှာ ယနေ့မှ စ၍ အင်တာနက်ဆိုင်များမှ ခေါ်ဆို အသုံးပြုလို့ရတဲ့ ပီဖင်ဂိုး  ကဒ်ပြားများဖြင့်  ခေါ်ဆို အသုံးပြုခွင့်အား ပိတ်ပင်လိုက်ပြီ ဖြစ်ကြောင်းသိရှိရပါတယ်။ အင်တာနက်မှ ဖုန်းခေါ်ဆိုသည့် ပီဖင်ဂိုးကဒ်ပြားများအား  ပြည်တွင်း၌  ၁၅ဒေါ်လာတန် တစ်ကဒ်လျှင် ကျပ်ကိုးထောင်ကျော်နှုန်းဖြင့် အင်တာနက်ကဖီးများမှာ ရောင်းချပေးလျှက်ရှိပါတယ်..။. ပြည်တွင်း အင်တာနက်ဆိုင်များမှ နိုင်ငံတကာသို့ ခေါ်ဆိုရာတွင် အစိုးရနှုန်းထားထက် အထူးသက်သာပြီး အဆင်ပြေလွယ်ကူသော အဆိုပါ VOIP CALL သုံးစွဲနေမှုအား ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဋ္ဌာန ဦးဆောင်ညွန်ကြားရေးမှုး ဦးတင့်လွင်၏ အမိန်ြ့ဖင့် ပြီးခဲ့တဲ့ ရက်များအတွင်းက တားမြစ်ချက် ထုတ်ပြန်ခဲ့ပါတယ်...။ မယောင်ရာဆီလူး ကိုယ်ချင်းမစာမနာ ထုတ်ပြန်သည့် အဆိုပါ အမိန့်စာရောက်ရှိသည့် ဆိုင်များ ရောက်ရှိပြီး လက်ခံမရရှိသေးသည့် ဆိုင်များလည်းရှိကြောင်း သိရှိရပါတယ်...။

အများ သိပြီးဖြစ်တဲ့ ဂျီတော့ဦးတင့်လွင်အမိန့်
 နိုင်ငံခြားဝင်ငွေ ထိခိုက်တာတစ်ခုတည်းကို ကြည့်ပြီး မတရား အမိန့်စာထုတ်တဲ့  အဆိုပါလုပ်ရက်ဟာ အင်မတန်  မစာမနာလုပ်ရပ်ဖြစ်ပါတယ်...။ မိမိတို့ နိုင်ငံသားတွေ  သူများ နိုင်ငံမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး  နှစ်ရှည် လများ ကွဲကွာနေရတဲ့ မိမိတို့ရဲ့ မိဘ၊ သားသမီး ၊ ဇနီးမယား၊ သူငယ်ချင်း၊ မိတ်ဆွေတွေကို ငွေကုန်ကြေးကျ သက်သက်သာသာနဲ့ ရုပ်အသံလေး ကြားဖို့အတွက်တောင် မလွယ်ကူတော့ဘူးလား ..။ မိမိ မိသားစုကို ခွဲခွါ မိမိတို့ရဲ့ လူမှန်းသိတတ်စ ကလေးငယ်တွေကို ပြည်တွင်းမှ ထားခဲ့ပြီး ပြည်ပမှာ သွားရောက် လုပ်ကိုင်နေရတဲ့ မိခင် ဖခင်တွေအနေနဲ့ မိမိရဲ့ ရင်သွေးငယ်တွေရဲ့ ရုပ်အသံကို ကြည့်ခွင့် ရဖို့တောင် အခွင့်အရေး မရှိတော့ဘူးလား။ နည်းနည်းပါးပါး စာစာနာနာလေးလည်း လုပ်ကြပါဦး..။ ကိုယ်ကိုယ်တိုင် မခံစားတတ် ခံစားရကောင်းမှန်း မသိတော့ မတရားဥပဒေတွေ ထုတ်ပြီး မျက်နှာလို မျက်နှာရ လုပ်တဲ့ လုပ်ရပ်ပါ..။ တခြားနည်းနဲ့ အခွန်ကိစ္စတွေ ကောက်ခံလို့ ရတာတွေ အများကြီးပါ..။ နည်းနည်းလောက် ကိုယ့်တိုင်းသူပြည်သားတွေ မျက်နှာကို ကြည့်ကြပါဦး လက်ဝေခံ အာဏာရှင်ကြီးများခင်ဗျား...။

1 comment:

  1. Hi M****Fu**** Tint Lwin,

    Are you heartless? Don't you?

    I never see this kind of government and their dogs. All international governments are trying to provide good communication for their people. Only Myanmar Junta and their follower never ever stand for their people. They always think how they are going to give trouble to the people.

    Tint Lwin, bear in your mind. You have responsibility for this.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။