Pages

Tuesday, March 29, 2011

အဟိတ် တိရိစ္ဆာန်လောက်တောင် အသိတရားလေးများ မရှိတော့ဘူးလား.. တပ်ချုပ်ကြီးခင်ဗျား..

တပ်မတော်နေ့ ညစာစားပွဲတဲ့ဗျာ... တခြားနှစ်တွေမှာ လုပ်တာ ပြသနာမရှိပါ.. လုပ်ကြပါ.. ဘာမှမပြောလိုပေမယ့် .. စားနိုင်သောက်နိုင်သူတွေကို  နေပြည်တော်ဆိုတဲ့ အရပ်မှာ ဝတ်ကောင်းစားလှ... စားကောင်းသောက်ဖွယ် တွေနဲ့ ပြုံးပျော် ဧည့်ခံ ကျွေးမွေးနေချိန်မှာတော့ တာလေနဲ့ ငလျင်ဒဏ်ခံနေရတဲ့ အရပ်တွေမှာ ရှိနေကြတဲ့ စားရမယ့် သောက်ရမယ့် ကျွန်တော်တို့ ပြည်သူတွေရဲ့ ဘဝကတော့ ..
 စေတနာရှင်တွေ လာရောက် ဝေငှတဲ့ စားစရာ၊ ရိက္ခာလေးတွေကို ကိုရင်ငယ်လေးတွေက အစ အလုအယက်ပေါ့..
အပူရုပ်ကို ဟန်မလုပ်နိုင်တော့တဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ မျက်ရည်တွေကတော့ ဆုံးရှုံးမှုတွေ သောကတွေနဲ့လေ.။ ပြည်သူတွေ အပေါ်မေတ္တာထားရင်၊ ကိုယ်ချင်းစာစိတ်ရှိရင် အာဏာရှင်ကြီးအတွက် သွားချင်ရင် အနီးကလေးပေါ့...။ တိုင်းသူပြည်သား တွေကို ဝမ်းနည်းကြောင်းနဲ့ အားပေးစကားတောင် လာရောက် မပြောနိုင်တဲ့ နိုင်ငံခေါင်းဆောင်ဆိုသူပါ...
ပြုံးပျော် မူးမော် မျက်နှာလို မျက်နှာရ လက်အုပ်ချီတဲ့ သူကချီ .. ပြောင်ပြောင် ရောင်ရောင် အဝတ်အစားတွေနဲ့ နေရာလေးရရေး၊ ရာထူးလေးတိုးရေး၊ လုပ်ပိုင်ခွင့်လေးများ မစရေးအတွက် အကျိုးမြော်ကိုး လက်အုပ်ချီ နေကြတဲ့ အချိန်မှာ...
 ငလျင်ဒဏ်ခံရတဲ့ ဒေသက ကျွန်တော်တို့ ပြည်သူတွေကတော့ ကိုးကွယ်ရာ အစစ်ကိုသာ အားကိုးအားထားရင်း သေဆုံးသူတွေ ဘဝကူးကောင်းအောင် ဆုတောင်းမေတ္တာ ပို့သနေရတယ်လေ။
 အခုအချိန်မှာ လိုအပ်နေတာကတော့ နေဖို့ထက် စားဖို့က အရေးကြီးနေပြီပေါ့..
 ဒုက္ခရောက်နေတဲ့ အချိန်မှာ သခင်အပါးက တဖဝါးမှ မခွါပဲ သစ္စာရှိတဲ့ အဟိတ် တိရိစ္ဆာန်လောက်တောင် အသိတရားလေးများ မရှိတော့ဘူးလား.. တပ်ချုပ်ကြီးခင်ဗျား..
(ဓာတ်ပုံများ AP,Getty Images, Reuters)

9 comments:

  1. မိုးယံ (လူသားအားလုံးအတွက်)March 29, 2011 at 6:06 PM

    ခေါင်းဆောင်တွေက ဒီလို နေရာမျိုး(ငလျင်ဒဏ်ကြေင့် ဒုက္ခရောက်နေတဲ့သူတွေကြား)မှာ ဝေငှ နေမယ်ဆိုရင်.....

    ReplyDelete
  2. ဒီမှာလဲစားနေကျတာဘဲလေ ဘာထူးလို့ လဲ

    http://www.demowaiyan.co.cc/2011/03/blog-post_3363.html

    ReplyDelete
  3. ဓါတ်ပုံတွေကိုယှဉ်တွဲပြထားတော့ ပိုပြီးပေါ်လွင်ပါတယ်။

    ReplyDelete
  4. မောင်ကျောင်းသားMarch 30, 2011 at 12:08 AM

    ဒီမှာလဲ စားနေကြတာဘဲလေ ဘာထူးလို့လဲ ဆိုတဲ့ ပုဂ္ဂိုလ်။
    အခုလို နှိုင်းယှဉ်ပြောတာမရှက်ဘူးလား။ မသတီစရာကောင်းလိုက်တာ။
    ခင်ဗျားတို့ ချီးထုတ် တပ်ချုပ် ငရွှေ က သူ မတရား ယုတ်ယုတ်မာမာ အာဏာသိမ်းပြီးကတည်းက ဘယ်နှခါများ လူကြားသူကြားသွားရဲလို့လဲ။ လူရှေ့သူရှေ့မှာ ဘယ်နှခါ စကားပြောဖူးလဲ။ ပြည်သူတွေရဲ့အသံကို ဘယ်နှခါ ရဲရဲဝံ့ဝံ့ နားထောင်ရဲလို့လဲ။
    အမေစု၊ ဘဘဦးဝင်းတင် နဲ့ ဘဘဦးတင်ဦးတို့ဆိုတာ တနိုင်ငံလုံး၊ တမျိုးသားလုံး၊ တကမ္ဘာလုံး က လာတွေ့ရ၊ လာဆွေးနွေးရ နဲ့။ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန် ဘရောင်းတောင် အမေစုကိုတွေ့ဖို့လာတာ ခင်ဗျားတို့ပထွေးတွေက ဗီဇာချပေးရဲလို့လား။ အမေစု အခုနေအိမ်အကျယ်ချုပ်ပြီးသွားကတည်းက ခင်ဗျားတို့တွေ ဒီပရင်းလို ထပ်ယုတ်မာကြမှာကို အားလုံးက စိုးရိမ်နေလို့၊ အမေစုကို ဘယ်မှမသွားဖို့အားလုံးက ဝိုင်းတားကြတာ။ တကယ်ဆို မင်းတို့တွေသာ မယုတ်မာဖို့တာဝန်ယူရင် SSA-S ဖက်က ဒီလိုဘယ်တော့မှ မလုပ်ဘူးဆိုတာ ရှမ်းပြည်သူတွေ အသက်နဲ့ ထပ်ပြီးတာဝန်ယူရဲတယ်။ ဒီလိုထပ်ပြီးလောင်းရင်တောင်မှ မင်းပထွေးတို့ဖက်က အရှုံးခံပြီး လုပ်ကြံရင် လုပ်ကြံအုံးမှာ။ မင်းတို့ဘာမှမလုပ်လို့ ငါတို့ရှုံးပြီး ငါတို့လိုဘာမှမဟုတ်တဲ့သူတွေ သေတာအရေးမကြီးဘူး။ အမေစုသာမရှိရင် ပြည်တွင်းငြိမ်းချမ်းရေး ဆိုတာဘဲဥ အစရှာမရတဲ့ အစ္စရေး၊ ပါလက်စတိုင်း လိုဖြစ်သွားမယ်ဆိုတာ သိလို့ NLD လူကြီးတွေက အမေစုကို ဘယ်မှမသွားဖို့ တောင်းပန်ထားရတာကွ။

    ReplyDelete
  5. ငလျင်ဒဏ်သင့် ပြည်သူတွေကို NLD ကူညီမည်။ http://luthuorthan.blogspot.com/
    မြသိန်း

    ReplyDelete
  6. အစ်ကိုရေ အလှူခံဖို့အတွက် ပုံလေး တစ်ပုံကူးသွားပါတယ်ရှင်။

    ReplyDelete
  7. "ငလျင်ဒဏ်သင့် ပြည်သူတွေကို NLD ကူညီမည်"
    What I understood is NLD has a plan to help earthquake victims. Good! No talking! No joking. Not only in the media please!

    ReplyDelete
  8. ၇ုပ်ကြည့်ပီတော့တာဝေဖန်၇မယ်ဆို သန်းေ၇ွှ၇ုပ်ကဘယ်လိုမှလူကြီးလူကောင်
    ၇ုပ်မပေါက်ဘူး ခွေးဘီလူး၇ုပ် စစ်တပ်ထဲကတက်လာတဲ့ခေါင်းဆောင်လုပ်တဲ့
    သူတွေ၇ဲ့၇ုပ်တွေက ဥပဒိ ၇ုပ်မ၇ှိသလို စိတ်ဓါတ်တွေကလဲအတူတူဘဲတွေ့ 
    ၇တော့ အော်ငါတို့နိုင်ငံ၇ဲစစ်တပ်ထဲမှာ ဒီလိုလူတွေပဲ ၇ှိပါလားလို့ တွေးမိ
    တယ် အဆိုး၇လုပ်၇မဲ့အလုပ်ကို ပြည်သူကလုပ်ပေး၇တယ် လုပ်ပေးတဲ့
ဲ့ပြည်သူကိုကျေးဇူးတင်၇မဲ့အစား အခန့်မတင်၇င်ဖမ်းခံ၇သေးတယ် ဘယ်လို
    အမြှော်အမြင်တွေနဲ့တိုင်းပြည်ကိုအုပ်ချုပ်နေကြသလဲတော့မသိဘူး အံ့ေ၇ာ
    အံ့ေ၇ာ

    ReplyDelete
  9. သခင်အပါးမှ တစ်ဖ၀ါးမခွာ
    ခွေးလောက်တောင်မှ သစ္စာမရှိ
    လူကောင်းတစ်ယောက်လိုဆိုဝေးသေး..
    အမင်္ဂလာဘွဲ့ကို ခံယူဖို့တောင်မထိုက်တဲ့ ဗိုလ်ချုပ်ကြီး..
    ခုနှစ်အိမ် ရှစ်အိမ်ကြား ၊ လူသိရှင်ကြား ဘုရားရှိခိုးလည်းအလကားပါ
    ဆယ်တန်းတုန်းကသင်ရတဲ့ ဆဒ္ဒန်ဆင်မင်းအကြောင်း သတိရမိတယ် ။
    ဒါတောင်သတ္တ၀ါ နော် ကိုယ့်ကိုသတ်မယ့် ရန်သူကိုပြန်သတ်မည့်ဆဲဆဲ ကိုယ်ပေါ်ကသင်္ကန်းကို မြင်တော့ မသတ်တဲ့အပြင် အပြန်လမ်းကို (၇) ရက်တည်းနဲ့ ရောက်အောင်လမ်းညွန်ပေးသေးတယ် ။ သတ္တ၀ါသာဟုတ်တယ် လူတွေအတွက် ပုံသက်သေကောင်းတွေ ပေးခဲ့ပါတယ် ။ ဒီတော့ဗိုလ်ချုပ်ကြီးရေ နတ်ဆိုးဝင်ပူးနေတယ် ဆိုလည်း မြန်မြန် ပြယ်ပါတော့.....
    ပြည်သူတွေ အရမ်းဒုက္ခ ရောက်နေပါပြီ.....။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။