Pages

Tuesday, March 1, 2011

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီး အတွင်းထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ ကြီး (All Burma Monks Alliance) ၏ သမိုင်းဝင် ကြေငြာချက်မှတ်တမ်း ဓာတ်ပုံများ..


သံဃာ့သမဂ`္ဂီ၂၀၀၇ ခုနှစ် (၈)လပိုင်း ၉ရက် လျှို့ဝှက်အစည်းအဝေး(မန္တလေး) မှာတွေ့မြင်ရတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ ကြီး (All Burma Monks Alliance) ၏  ဦးဆောင် သံဃာများ ဝဲမှယာ ဦးဣသရိယ(မျက်မှန်နှင့်)၊ ဦးသြဘာသ၊ဦးပညာသီရိ 
(အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်ပြီး ယခု အိန္ဒိယ) 
တို့ရဲ့ သမိုင်းမှတ်တမ်း ဓာတ်ပုံ...
 Sangha Samammghi Meeting in Mandalay. From left: King Zero, U Aubhatha, U Kheminda (U Kesara) သံဃာ့သမဂ`္ဂီ၂၀၀၇ ခုနှစ် (၈)လပိုင်း ၉ရက် လျှို့ဝှက်အစည်းအဝေး မန္တလေး ဝဲမှယာ ဦးဣသရိယ၊ ဦးသြဘာသ၊ ဦးခေမိန္ဒ( ဦးကေသရ)
ရွှေဝါရောင် တော်လှန်ရေးကာလ အတွင်းတုန်းက ဦးဆောင် ဆရာတော် ဦးဂမ္ဘီရ၏ လက်ရေးမူ သတိပေး နှိုးဆော် တိုက်တွန်းချက်
ပေးပို့ပေးတဲ့ ဆရာတော် ဦးဣသရိယ (မင်းသုညအား ကျေးဇူးတင်ပါသည်) ကိုနစ်နေမန်းနဲ့ ဒီမိုဝေယံ ပြန်လည်တင်ပြပါသည်...။ PDF ဖိုင်အား ဆက်လက် တင်ပြပေးပါမယ်..

3 comments:

  1. လက်ရေးမူ နှစ်ခုထဲက အပေါ်က လက်ရေးမူသည် ဦးဂမ္ဘီရ လက်ရေး မဟုတ်ပါ။ ဦးကေ ရဲ့ လက်ရေးသာဖြစ်ပါသည်။ အခုလို လုပ်ခဲ့သည်မှာ မှန်သော်လည်း မန္တလေးတခုထဲ၌သာ လုပ်ခဲ့သည်မဟုတ်ပဲ ရန်ကုန်ကသာ အဓိကရပ်တည်လုပ်ခဲ့သည်ကို စက်တင်ဘာမတိုင်မီ သတင်းအမေးအဖြေများကို ပြန်ကြည့်လျှင် သိပါလိမ့်မည်။ စာမူတင်သူသည် ဦးကေနှင့် သိပ်မရင်းနှီးမှု မရှိပဲ ခဏတာသာ တွေ့ခဲ့ကြည်သည်ကိုလည်း စာရေးသားမှုအပေါ်၌ မှားနေသည်ကို ထောက်ခြင်းအားဖြင့် သိနိုင်ပါသည်။ လုပ်ခဲ့သည်ကတော့ မှန်ပါသည်။ သူတို့ချည်းသာ လုပ်ခဲ့တာမဟုတ် ဆိုတာကိုတော့ သိစေလိုပါသည်။
    ( ဦးကေ နဲ့ အတူလုပ်ခဲ့သူ အနီးကပ်ဆုံးသူငယ်ချင်း)

    ReplyDelete
  2. ဟုတ်ကဲ့ ဝေဖန်တာ ကျေူးဇူးတင်ပါတယ်..။ ပေးပို့လာတဲ့ အတိုင်း တင်ထားခြင်းဖြစ်ပါတယ်.. မှတ်တမ်း ဓာတ်ပုံ အချို့အား အားလုံးသိစေရန် အတွက် ဖော်ပြခြင်းသာ ဖြစ်ပါတယ်.. ။ အထက်ပါ ပို့စ်၌လည်း မန္တလေးမှာသာ လုပ်သည် ရန်ကုန်မှာ မလုပ်ဟု ရေးသားထားခြင်းမရှိပါ.. ပြန်လည်ဖတ်ကြည့်စေလိုပါတယ်..

    ရွှေဝါရောင် တော်လှန်ရေးကြီး အတွင်းမှ သံယာတော်များအား အထူးလေးစား ဦးတင်လျှက်

    ReplyDelete
  3. ဆရာတော် သံဃာတော် အရှင်သူမြတ်တို့ဘုရား သမဂ္ဂါနံ တပေါ သုခေါ တဲ့ အားလုးံညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်ကြပါဘုရား မြန်မာပြည်သူ ပြည်သားတွေ အမှောင်တည်းက ခေါ် အလင်းကို ရောက်ဖို့ရန်အတွက် တစ်ဦးတစ်ယောက်တည်း နဲ့ မရသလို အဖွဲ့အစည်း တခုတည်းနဲ့လည်း လုပ်ဆောင်လို့ မရပါဘူး ဒါကြောင့်မို့ အားလုးံညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်ကြရင် မလွဲမသွေ တိုင်းပြည်ကြီး ဟာ အလင်းဆောင်လို့ အမိုက်တရားတွေပပျောက်သွားမှာပါဘုရား သံဃာဆိုတာကလည်း ညီညွတ်မှ သံဃာ လို့ ခေါ်ဆိုရပါတယ် ဘုရား ရဟန်းတွေ တပါးနဲ့တပါးကွဲပြားနေမယ်ဆိုရင်တော့ အရှင်ဘုရားတို့ တပည့်တော်တို့ကို ကိုးကွယ်ဆည်းကပ် ယုံကြည်မှီခိုအားထားနေတဲ့ ဒကာဒကာမတွေ ဟာ အချည်းအနှီဖြစ်သွားပါလိမ့်မယ်ဘုရား ဒါကြောင့်မို့ ညီညီညွတ်ညွတ်နဲ့လုပ်ဆောင်ကြပါလို့ ဘုရား တပည့်တော် ရိုသေစွာဖြစ် တိုက်တွန်း လျှောက်ထား ပါတယ်
    ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံဃာ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။