Pages

Wednesday, March 16, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်းစိန်မြို့နယ်မှ ပြုလုပ်တဲ့ နွေရာသီ အင်္ဂလိပ်စာ သင်တန်းအား ဘဘဦးဝင်းတင်မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့.. (သတင်း၊ ဓာတ်ပုံ)


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်းစိန်မြို့နယ်၏ နွေရာသီ ကျောင်းပိတ်ရက်များအတွင်း ကလေးများအား အင်္ဂလိပ်စာ တိုးတက်မှုရရှိစေရန် ရည်ရွယ်ကာ အင်းစိန်မြို့ နယ် ၊အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရုံးတွင် ပညာဒါနတစ်ခုကို 15-3-2011 ရက်နေ့ နေ့လည် (၃)နာရီတွင် စတင် ဖွင့်လှစ် သင်ကြားပေးခဲ့ပါတယ်။

အဆိုပါ ပညာဒါန အစီအစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ လူငယ်များ ပညာရေး တိုးတက်စေရန် ရည်ရွယ်ပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်...။  အဆိုပါအင်္ဂလိပ်စာသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဘဘဦးဝင်းတင်မှ တက်ရောက်ကာ အဖွင့် အမှာစကား ပြောကြား ဖွင့်လှစ်ပေးခဲ့ပါသည်။

ယနေ့ဖွင့်လှစ်လိုက်သော ပညာဒါန အင်္ဂလိပ်စာ သင်တန်းအား ပဉ္စမတန်းမှ အဌမတန်းထိ ကလေးငယ်များအား သင်ကြားပေးမည် ဖြစ်ပြီး အခြေခံ အင်္ဂလိပ်စကားပြောသင်တန်းအား ဆရာ ဦးမောင်မောင်ဌေးမှ သင်ကြားပို့ ချပေးမည်ဟုလည်း သိရှိရပါသည်။

သတင်း၊ ဓာတ်ပုံများအတွက် ညီမငယ်အား ကျေးဇူးတင်ပါသည်။

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။