Pages

Tuesday, April 26, 2011

အဖြေ .....

အဖြေ
၂၃.၄.၂၀၁၁ (စနေ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ၁၀ နှစ်ပြည့် အခမ်းအနား အား နံနက် (၉း၀၀) နာရီအချိန်တွင် စာရေးဆရာ၊ ဒါရိုက်တာ၊ နာယကကြီး ကျေးဇူးရှင် ဘဘဦးသုခ ၏ ရုပ်ထုဖွင့်ပွဲအခမ်းအနားဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဘဘဦးသုခ၏ ရုပ်ထုမျက်နှာပြင်စတင်၍ ကတ္တီပါအခန်းဆီး မျက်နှာပြင်အကွယ်မှ ပေါ်ပေါက်လာစဉ် ဘဘဦးသုခ၏ ကမ္ဘာပေါ်ရှိ မိခင်များ (အမေ)အား ဂုဏ်ပြုစကားသံတို့သည် အရပ်ရှစ်မျက်နှာတွင် လွှမ်းခြုံ၍ ပေါ်ပေါက်လာတော့သည်။ စကားသံဆုံးသည်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မျိုးဆက်သစ်ကလေးငယ်များ၏ “ပေးဆပ်လိုက်ကြ xxx ဖေးမလိုက်ကြ ခွဲမရတဲ့တွဲလက်တွေခိုင်မြဲလို့ xxx စည်းလုံးကြမယ် . . . ပေးဆပ်လိုက်ကြ xxx ဖေးမလိုက်ကြ ခွဲမရတဲ့ တွဲလက်တွေခိုင်မြဲလို့ xxx စည်းလုံးကြမယ်” ဟူသော ခွဲမရတဲ့တွဲလက်များသီချင်းအား သံပြိုင်သီဆိုသံ တပြိုင်နက်ထွက်ပေါ်လာတော့သည်။ ကျွန်တော်တို့ ၏ လူမှုရေးစိတ်ဓါတ်အင်အားတို့သည် အသွေးအသားထဲ ဆူပွက်၍လာပါတော့သည်။ ကျွန်တော်တို့ အဖွဲ့သားများအားလုံး ကြက်သီးမွှေးများ တပြိုင်နက်ထလာပါတော့သည်။ ကျွန်တော်တို့အဖွဲ့သား အားလုံး၏ ပီတိအပြုံးများအားလုံး လွှမ်းခြုံနေတော့သည်။ ဘဘဦးသုခ၏ သက်မဲ့ရုပ်ထု မျက်နှာပြင်သည်လည်း အသက်ဝင်နေသည့်အလား ကျေနပ်ပီတအပြုံးများဖြင့် လွှမ်းခြုံနေသည်ကို တွေ့မြင်လိုက်ရသည်။

သက်မဲ့ ဘဘဦးသုခ၏ ရုပ်ထုမျက်နှာပြင်အဘယ်ကြောင့် ပီတအပြုံးများ လွှမ်းခြုံနေသနည်း ? အောက်ပါပုံရိပ်များအား ကြည့်ရှုလေ့လာခြင်းဖြင့် ဤမေးခွန်း၏ အဖြေအား ရရှိလိမ့်မည်ဟု မျှော်လင့်ပါသည်။

ကျော်သူ




အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်..။

1 comment:

  1. အမှန်တရားဆိုတာ ပျောက်ကွယ် သွားရိုးထုးံစံမရှိသလို အမှန်တရားကို ဖျောက်ဖျက်လို့လည်း ရရိုးထုးံစံမရှိပါဘူး
    ထိုနည်းအတူ မတရားမှုတွေကိုလည်း ဖျောက်ဖျက်လို့မရပါဘူး
    ကိုယ်ပြုသည့်ကံ ကိုယ့်ထံသာပြန်လာမှာပါ ကောင်းတာလုပ်တဲ့သူတွေက ကောင်းတဲ့လူတွေကို ထိပ်တန်းတင်ပြီး ကောင်းချီးပေးကြတာ သဘာဝကြဆုးံပါ
    မတရားတာ လုပ်တဲ့ သူတွေက မတရားမှုတွေကို မြတ်နိုးတဲ့သူ မတရားမှုတွေကို ပြုလုပ်တဲ့သူတွေနဲ့သာလျင် ပေါင်းသင်းဆွေးနွေးနေထိုင်ကြပါတယ် (ဂေါဏေနဂေါဏော) လို့ တောင် ဦးဇင်းတို့ဘုရားက ဖွင့်ဆိုမိန့်မှာခဲ့သေးတာဘဲ ဒီကနေ့ ကိုကျော်သူ ဟာ သူကိုယ်တိုင်းက ကောင်းတာလုပ်နေတဲ့ အတွက်ကြောင့် ကောင်းတဲ့တော်တဲ့လူတွေကိုထိပ်တန်းတင်ပြီး ဂုဏ်ပြုတာ ဟာ နေနဲ့လရွှေနဲ့ မြပါဘဲ ဒကာတော် ကိုကျော်သူ ဒီကနေ့မှစပြီး စိတ်`၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး နောင်ကိုဒိထက်ပိုပြီး အများအကျိုး ပြည်သူ့အကျိုးကို ရွက်သည်ဆောင်ပိုးနိုင်ပါစေလို့ ဦးဇင်းဆန္ဒ ပြုပြီး ဆုမွန်ကောင်းတောင်းပေးပါတယ်
    စက်တင်ဘာဦးနေမိန္ဒ( အမှန်တရားကို မြတ်နိုးသူတိုင်းက အမှန်တရားတွေကို ဖော်ထုပ်ပါတယ်)

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။