Pages

Tuesday, April 19, 2011

သင်္ကြန်အတက်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ခြံရှေ့မှ မြင်ကွင်းများ....

ပေးပို့ပေးတဲ့ ညီမအား ကျေးဇူးတင်ပါသည်...။

1 comment:

  1. ရပ်ထဲရွာထဲ ဒေသထဲက အရွဲအဆွေး အကြေးအညစ်တွေကို ဆေးပစ်ရေးသံချပ်တွေ မရေး မဆို မပြိုင်ရတော့ တနွယ်ငင်တစင်ပါ တေးသစ်ဖွဲ့ဆိုမှုတွေပါ တဖြည်းဖြည်းကျဆင်းလာပြီး သင်္ကြန်အနှစ်သာရ အညစ်အကြေး ဆေးကျောရေးပျောက်ကာ သင်္ကြန်ဆိုတာ အရက်နဲ့ရေရောထားတဲ့ သောက်သောက်လဲ ကွဲကွဲကျေ အသေပြိုင်ပွဲတော်ကြီးဖြစ်သွားပြီ။

    သင်္ကြန်ဆိုတာ မြန်မာတွေ တေးသစ်သီရာလ။
    သင်္ကြန်ဆိုတာ တောရောမြို့ပါ၊ ဆိုက္ကားသမားရော ကားပိုင်ပါ၊ စာမတတ်သူရော ပါမောက္ခပါ တေးဖွဲ့ကြတဲ့လ။
    သင်္ကြန်ဆိုတာ ကလေးလူကြီး အလွှာပေါင်းစုံ စိတ်ကူးကွန့်မြူး ပျော်ရွှင်တဲ့လ။
    သင်္ကြန်ဆိုတာ တပြည်လုံး အနုပညာတွေ နိုးတဲ့လ။
    သင်္ကြန်ဆိုတာ မြန်မာပြည်မှာ ရွက်ဟောင်းကြွေပြီး ရွက်သစ်ဝေတဲ့လ။

    ခုတော့ ---
    သင်္ကြန်ဆိုတာ အရက်ဖိုးစုတဲ့လ။
    အရက်သောက်ပြိုင်တဲ့လ။
    အရက်ကုမ္မဏီတွေ ဂုဏ်ပြုခံတဲ့လ။
    မိဖတွေ စိတ်ပူရတဲ့လ။
    နာရေးကူညီမှုယဉ်တွေ စက်နိုးထားရတဲ့လ။
    ယဉ်ကျေးမှုတွေ ဖြဲဆုပ်ခံရတဲ့လ။


    သမ္မတကြီးခင်ဗျား …
    ကဗျာဖွဲ့နည်းတရပ်ကို ကုမ္မဏီလိုင်စင်ချပေးသလို ချပေးလို့ရော ရပါသလား။
    ပိတ်ပင်လို့ကော ရပါသလား။
    အဲဒီ သံချပ်မထိုးရဥပဒေကို လွတ်တော်ကရော အတည်ပြုပေးလိုက်ပါသလား။

    အော် တိုင်းပြည်ကတော့ မရှိရေ ရှိရေနဲ့ လစာတွေပုံပေး၊ လွတ်တော်ကြီးတွေ ဆောက်ပေး၊ အစိုးရဖွဲ့ပေးနဲ့ လုပ်လိုက်ရတာ။ လာ လာချည်သေး၊ သံချပ်တောင်မထိုးနဲ့တဲ့။ တတိုင်းပြည်လုံးများ ခင်များတို့ဗိုက်ထဲက ထွက်လာတယ်များ ထင်နေကြလား။

    ရပ်သင့်ပြီ။

    စစ်အစိုးရတုန်းကလိုမျိုး အနုပညာတွေကို ယဉ်ကျေးမှုတွေကို သွေးလှန့် သွေးပျက်ပြီး ချိုးဖျက်နှိပ်ကွပ် ဖြတ်တောက် ပိတ်ဆို့တားဆီးခဲ့တာတွေ ရပ်သင့်ပြီ။


    လွတ်တော်မှန်သမျှအတွက် တလ တလ တိုင်းပြည်က ပေးထားရတဲ့ငွေတွေက နဲနဲနောနောမဟုတ်။
    တကယ်တမ်း တိုင်းပြည်မှာက ဘာအလုပ်မှ ဟုတ်တိပတ်တိ မရှိ။
    မြေပေါ်ရှိတဲ့အပင်တွေလဲကုန်၊ မြေအောက်ရှိသမျှလဲ နှိုက်ထုတ်ရောင်းနေရလို့ ဘယ်နေ့တိုင်းပြည်ကြီးက မြေအောက်ကျွံဝင်သွားမယ်မှန်းတောင် မသိ။
    လူငယ်လူရွယ်မှန်သမျှ အိုးပစ် အိမ်ပစ် မိပစ် ဖပစ် သားပစ် မယားပစ် လယ်ပစ် ယာပစ် နိုင်ငံခြားထွက် ကျွန်ခံပြီး ငွေရှာနေရတာ။


    အဲဒါတွေကို ထိုင်သုံးနေသူတွေက …..
    ခင်ဗျားတို့ အစိုးရဆိုသူတွေက တချိန်လုံး သတင်းစာတွေ တီဗီတွေ ဂျာနယ်တွေကနေ ပြောချင်ရာကို ပြောချင်တဲ့အချိန်မှာ ပြောချင်သလိုပြောလာခဲ့တာ နှစ်ပေါင်း ဘယ်လောက်ကြာပတုန်း။

    အဲဒီလို ပြောနေသူတွေက…..


    ကျုပ်တို့ ပြည်သူတွေမှာ ဒီသင်္ကြန်လေးဘဲ ပျော်စရာရှိတာပျော်၊ ဒီသံချပ်လေးတွေနဲ့ဘဲ ပြောစရာရှိတာ ပြောရတာ။


    အော် သံချပ်သံလေးတောင် မကြားရဲသူတွေက……….
    ပြည်သူ့စကား နားထောင်အုံးမတဲ့။
    အရပ်ကတို့ရေ ကောင်းကြသေးရဲ့လား ………။


    (မိုးနတ်သား
    မိုးမခ၊ ဧပြီ ၂၁၊ ၂၀၁၁)


    [ မိုးနတ်သား ၏ "ဂွဒ်ထနဲ့ ကလီးယားန (ကွက်စိတ်တော်ကြီး)" ( http://moemaka.com/index.php?option=com_content&task=view&id=8710&Itemid=1 ) သရော်စာ အပြည့်အစုံကို ဖတ်ဖြစ်အောင် ဖတ်ပါ။ ဖတ်ရန် ယခု ကော်မန့် ခေါင်းစဉ်ကို နှိပ်ပါ။ ]

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။