ဗိုလ်မှူးစိုင်းသိန်းဝင်း၏ အီးမေးလ် { Account Setting}
ဗိုလ်မှူးစိုင်းသိန်းဝင်း၏ အီးမေးလ် {Inbox Mail Section}
ဗိုလ်မှူးစိုင်းသိန်းဝင်း၏ အီးမေးလ် {Sent Mail Section}
ဤကဲ့သို့ အကြိမ်ကြိမ် မေးလ်ကိုပြန်လည် ရယူရန် ကြိုးစားနေကြသည်။
{----၁၀ နှစ် ကြိုးစားလိုက်ဦး----} BHG မှရေးသားချက်များ ဖြစ်ပါသည်...
ယခုတလော ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်း၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်များ ပေါက်ကြားမှု ...ဖြစ်ပြီး Facebook တွင် လူယုတ်မာတစုက ထိုအချက်အလက်များကို ဖြန့်ဝေခဲ့ကြသည်။ ထို့ကြောင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း၏ အီးမေးလ်ကို BHG မှ လူသားချင်းစာနာမှုစိတ်ဖြင့် ပြန်လည် ရယူပေးခဲ့ပါသည်။ ယခုအခါ obooma@gmail.com ကို BHG မှ ထိန်းသိမ်းထားပါသည်။
ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်း၏ ကိုယ်ရေး အချက်အလက်များကို ဖွင့်ထုတ်နေသူများက ၄င်းတို့သည် ရုရှားနိုင်ငံမှ ဖြစ်သယောင် ဟန်ဆောင်လိမ်ညာထားကြောင်းကိုလည်း စစ်ဆေးတွေ့ရှိရပါသည်။ (အောက်တွင် အီးမေးလ်ကို ၀င်ခဲ့သော IP များကို ကြည့်၍ သိနိုင်သည်။) ဖြစ်နိုင်သည်မှာ ၄င်းတို့သည် ပြင်ဦးလွင် စစ်တက္ကသိုလ်မှ မျိုးမစစ် စစ်အရာရှိ တစုသာဖြစ်နိုင်သည်။ ထို IP များတွင် ရုရှားမှ IP လုံးဝမပါရှိပေ။
ထို့အပြင် ဗိုလ်မှူးစိုင်းသိန်းဝင်း၏ Gtalk Chat History ပါအချက်အလက်များသည်လည်း ၄င်းတို့ Facebook တင်ဖြန့်နေသော စာသားများနှင့် လုံးဝကိုက်ညီမှုမရှိဘဲ သေသေချာချာ အကွက်ချစီစဉ်ပြီး ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းအပေါ် ပုဂ္ဂိုလ်ရေးအရ၊ နိုင်ငံရေးအရ အထိနာစေရန် လုပ်ဆောင်ထားခြင်း သာဖြစ်ကြောင်း သိရပါသည်။ ထိုလူယုတ်မာတစုသည် ဗိုလ်မှူးစိုင်းသိန်းဝင်းအပါအ၀င် အခြားသူများကိုလည်း ခြိမ်းခြောက် အကျပ်ကိုင်ပြီး ကိုယ်ရေးဆိုင်ရာအချက်အလက်များကို ၄င်းတို့ ကိုယ်ကျိုးအတွက် ညှစ်ထုတ်ယူရန် ပြင်ဆင် နေပုံရပါသည်။
အချုပ်အားဖြင့် (နအဖ)စစ်အစိုးရမှ (ပြည်တွင်း/ပြည်ပ) နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ တော်လှန်ရေး အင်အား စုများအား ချုပ်ကိုင် နိုင်ရန် ထင်ယောင်ထင်မှား ပြုလုပ်ပြီး ခြိမ်းခြောက်နေခြင်း ဖြစ်ပါသည်။ (နအဖ) စစ်အစိုးရမှ နည်းပညာ အသာစီး ရယူထားပြီးသည့်အပြင် ကောက်ကျစ်စွာ လှည့်ဖြားခြိမ်းခြောက်ပြီး မိမိတို့၏ ကိုယ်ရေးကိုယ်တာ အတွင်းရေးများကို ရယူပြီး အကြပ်ကိုင်ရန် ရည်ရွယ်ဆောင်ရွက် နေခြင်းဖြစ် ပါသည်။
ထို့ကြောင့် မိမိတို့အနေဖြင့် မည်သည့်အကြောင်းကြောင့် ခြိမ်းခြောက် အကြပ်ကိုင်ပြီး ကိုယ်ရေး အချက်အလက်များကို မပေးကြရန် သတိပေးနှိုးဆော်အပ်ပါသည်။





တိုင်းပြည်အုပ်ချုပ်နေသူ သန်းရွှေ က သူ့ ဥိးဏှောက်ကို အပေါင်းလက္ခဏာ (တိုင်းပြည်တိုးတက်အောင်)မသုံးဘဲ အဲဒီလိုအောက်တန်းကျယုတ်မာတဲ့စိတ်ဓါတ်တွေကိုသင်ပေး/နေရာပေးလုပ်နေတော့ မြန်မာနိုင်ငံကြိးဖွတ်တက်တာထက်မွဲရတာမဆန်းပါဘူး။သမတကြိးဦးသိန်းစိန်ဒါကိုရပ်အောင်မလုပ်ရင် အထုပ်သာပြင်ထားတော့။ အချိန်ပေးရမယ်ဆိုတဲ့ အသံလေးနဲ့ ညာဖို့ ကြံမနေနဲ့ ။ ဘုန်းကျော်- ဆဲတာနည်းတောင်နည်းသေးတယ် ။
ReplyDeleteလှိုင်မြင့်
ဒီလို အောက်တန်းကျစွာနဲ့ လုပ်တဲ့လူတွေ ကို လည်း အံ့သြပါရဲ့ ။ ဖွတ်တွေ အုပ်ချုပ် နေတာဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့ ဆရာရယ်။ ဖွတ်က အရောင်တော့ ပြောင်းထားသား၊ ဒါပေမဲ့ ဖွတ်ကတော့ ဖွတ်ပါဘဲ ဆိုတာ တတိုင်းပြည်လုံးကတော့ သိပြီးသားပါဘဲ။
ReplyDeleteအခုလို အီးမေးလ် ပြန်လည် ယူလို့ ရတာ ၀မ်းမြောက်စရာပါဘဲ။
ဖွတ်ဆိုတာဘာလဲ။မြန်မာပြည်မှာ ဖွတ်ဆိုတဲ့စကားလုံးပါတဲ့ ပါတီအဖွဲ့စည်းမရှိပါဘူး။
ReplyDeleteကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းဆိုတာပဲ ရှိပါတယ်။အဲဒီအသင်းမှာ အားလုံးက အများသိ အထင်ကြီးလေးစားကြတဲ့ ပညာရှင်ပါမေက္ခချုပ်တွေ ပညာတတ်တွေနဲ့ပဲ ဖွဲ့စည်းထားတာပါ။တွေ့ကရ ပေါက်ပန်းစား အဆင့်တန်းပေါင်းစုံနဲ့ ဘာနကန်းတစ်လုံးမှ မသိ တွေ့ကရလူတွေ ဆွဲခေါ်ထားပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့စည်းတွေနဲ့ လားလားမျှ မဆိုင် မတူညီပါဘူး။
ဟုတ်တယ် ဖွတ်တွေထဲမှာ စွမ်းအားရှင် ကလေကချေတွေ ပေါက်ပန်းသေးတွေ လောင်းကစားသမားတွေ ဖွဲ့ထားတဲ့ ကြံ့ဖွတ်ဆိုတဲ့ မဲသူခိုးဖွတ်ပါ...
ReplyDeleteပညာရှင်တွေဆွဲထဲ့ထားတာတော့ဟုတ်ပါရဲ့ ။ဒီပဲယင်းလူသတ်တာကြံ့ဖွတ်မဟုတ်ဘူးငြင်းရဲလား။ ကြံ့ ဖွတ်မဟုတ်ဘူးဆိုရင် စုံစမ်းရေးဖွဲ့ တာထောက်ခံလိုက်ပါ။ခွင့်ပြုလိုက်ပါ။မင်းတို့ ပညာရှင်ကျန်းမာရေးဝန်ကြိး/ဒု-၀န်ကြိးတွေကိုပြောလိုက်ပါ။ လူသတ်တာကြံ့ ဖွတ်မဟုတ်ဘူးငြင်းရဲရင် ဆိုင်ယာနိုက်-သောက်ကြေးလောင်းမလားလို့ ။ ငါလဲသူတို့ နဲ့ကျောင်းနေဖက်ဆရာဝန်ပါ။ငါ့နံမည်ပြောတာနဲ့ ငါဘာကောင်ဆိုတာသိပ်သိပေါ့။ပညာကအခရာမဟုတ်ဘူး။စိတ်ဓါတ်ကအခရာ။
ReplyDeleteလှိုင်မြင့်
ကျန်းမာရေးဝန်ကြီး ဖေသက်ခင်လည်း ဒီပုတ်ထဲက ဒီပဲဘဲ
ReplyDeleteယခု သိန်းစိန်ရဲ့ ကျန်းမာရေးဝန်ကြီးဖြစ်လာတဲ့ ဒေါက်တာဖေသက်ခင်က ငယ်စဉ် ကျောင်းသားဘ၀ကတည်းက တစ်ပါတီအာဏာရှင်ကြီး နေ၀င်း မဆလပါတီ အကြီးအကဲတွေရဲ့ သားသမီးများနဲ့  အလွမ်းသင့်ခဲ့ပါတယ်။ စာပေကြိုးစားတာကြောင့်တင်မကဘဲ အဆိုပါ အာဏာရှင်ကြီးတွေရဲ့  မိသားစုနဲ့  နီးစပ်စွာပေါင်းသင်းနိုင်မှုကြောင့် လူရည်ချွန် (၆) ထပ်ကွမ်း ရပေမဲ့လည်း အခြားလူရည်ချွန်တွေနဲ့  ကွာတာကတော့ ဘယ်လိုလူမျိုးနဲ့  ပေါင်းရမယ်ဆိုတာ ကောင်းကောင်း သိပုံရသူမို့  ချီးမြောက်ခြင်းခံရတာလို့  ဒေါက်တာဖေသက်ခင်နဲ့  သက်တူရွယ်တူ ကျောင်းသားကျောင်းသူတွေထဲက ပြောဆိုခဲ့ကြပါတယ်။
နအဖခေတ်မှာလည်း အာဏာရူး တပ်ချုပ်ကြီး သန်းရွှေရဲ့  လက်စွဲတော် ဆေးမှူးကြီး (ကကဆေး) ဗိုလ်ချုပ်သန်းအောင်တို့ ၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်တို့ နဲ့  အတော်ပလဲနံပ သင့်ခဲ့သူ ဖြစ်တယ်လို့  အတွင်းသိများက ပြောဆိုပါတယ်။
ဒေါက်တာဖေသက်ခင်ဟာ မန္တလေး ဆေးတက္ကသိုလ် ကလေးကျန်းမာရေးပညာဌာနမှာ ဌာနမှူး ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ရန်ကုန်ဆေးတက္ကသိုလ် အမှတ် (၁) မှာ ပါမောက္ခချူပ်တာဝန်ကို ထမ်းဆောင်နေရင်း မန္တလေး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် နအဖသန်းရွှေတို့ ရဲ့  ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကတစ်ဆင့် အခုဆိုရင် သိန်းစိန်ရဲ့  ကျန်းမာရေးဝန်ကြီး ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
အာဏာရူး သိန်းစိန်လက်ထက်မှာ ကျန်းမာရေးအသုံးစရိတ်အတွက် မဖြစ်စလောက်လေး ၁.၃ ရာခိုင်နှုန်းလောက်လေး
ပေးထားတဲ့အခြေအနေကတစ်မျိုး၊ ဖြစ်လာတဲ့ ကျန်းမာရေးဝန်ကြီးကလည်း အာဏာရှင်ခေတ်အဆက်ဆက် နီးနီးစပ်စပ် ပလဲပနံသင့် ကပ်ပေါင်းလာသူဖြစ်တာကတစ်မျိုးကြောင့် ပြည်သူတွေရဲ့  ကျန်းမာရေးအခန်းကဏ္ဍကတော့ အရင်ကလိုဘဲ အသက်ကို ဆက်လက်ပြီး ဖက်နဲ့ ထုတ်ထားရမယ့် အနေအထားပါဘဲ။
(နစ်နေမန်းဘလော့)
http://niknayman-niknayman.blogspot.com/2011/05/blog-post_3260.html