Pages

Tuesday, May 10, 2011

အမေ့အိမ်ကျောင်းဆင်းပွဲ......

အလှူရှင်များနှင့် သူငယ်ချင်းများ အာလုံးမင်္ဂလာပါ..

အမေ့အိမ် ပညာဒါနကျောင်းရဲ့ Summer Course သင်တန်းဆင်းပွဲ အခမ်းအနားကို လာမယ့် (29th May) မနက်(09:00)မှာ ကျင်းပပြုလုပ်ပါမည်။ သူငယ်တန်း မှ ၅တန်း ထိ( English နှင့် ပန်းချီ) သင်တန်းသား ၃၀၀ ယောက်။ ၄တန်း မှ ၁၀တန်းထိ (Grammer and Speaking) သင်တန်းသား ၁၃၀ ယောက်။ ယဉ်ကျေးလိမ္မာ သင်တန်သား ၆၀ ယောက် တို့ကို သင်တန်းဆင်း Certificate များနှင့် ထူးချွန် ကျောင်းသားများကို ဂုဏ်ပြုဆုများ ပေးအပ်ပါမည်။

အခမ်းအနားတွင်…..

(၁) စေတနာဖြင့်သင်ကြားပေးခဲ့သောဆရာ ဆရာမ များအားကန်တော့ခြင်း။
(၂) ခလေးများ၏ English စာစွမ်းရည်ပြသခြင်း။
(၃) ပန်းချီး စွမ်းရည်ပြသခြင်း
(၄) Certificate များနှင့်

ထူးချွန်ကျောင်းသားများကို ဂုဏ်ပြုဆု ပေးအပ်ခြင်းတို့ ပြုလုပ်ပါမည်။

လာမည့် 2011-12 ပညာသင်နှစ်အတွက် မူလတန်းကို ပုံမှန် တနလာင်္ မှ သောကြာထိ ၅တန်း မှ ၁၀တန်း ထိ English စာနှင့် Computer သင်တန်းများကို စနေနှင့် တနင်္ဂနွေနေ့တွေမှာ သင်ကြားပေးပါမည်။

အမေ့အိမ် ကျောင်းအဆောက်အဦးမှာ လုံလောက်သော အကျယ်အ၀န်းရှိ ပြီး ဖြစ်သော်လည်း ခလေးများ အတွက် စာသင်ခုံမှာ ၁၅ စုံသာ ရှိပါသေးသည်။ အတန်း ၃ တန်းကို တစ်ချိန်တည်း သင်ကြားနိုင်ရန်အတွက် စာသင်ခုန် နောက်ထပ် ၁၅ စုံ လိုအပ်လျှက် ရှိနေပါသေးသည်။ စာသင်ခုံတစ်စုံလျှင် သစ်သားဖိုး ၁၅၀၀၀ ကျပ်နှုန်းဖြင့် လှူဒါန်းနိုင်ပါသည်။ လက်သမားခ လုပ်အားဒါန လှူဒါန်းမည့်သူများ ရှိပါသည်။

ကျောင်းဆင်းပွဲ အခမ်းအနားသို့ လည်း အားလုံးကြွရောက် အားပေးကြပါရန်.. လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

လေးစားစွာဖြင့်
ကိုငယ်
09 5162060

2 comments:

  1. ဆက်သွယ်ရမဲ့ လိပ်စာလေး ထည့်ပေးပါလား။

    ReplyDelete
  2. ဖုန်းနံပါတ်.. 09 5162060 ကို ဆက်သွယ်နိုင်ပါတယ်...

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။