Pages

Sunday, May 22, 2011

အညတြသူရဲကောင်းဆု ရရှိခဲ့သူ အညတြ သူရဲကောင်း(၃)ဦး၏ ကိုယ်ရေးအကျဉ်း.....

မြန်မာနိုင်ငံအတွင်း အနယ်နယ် အရပ်ရပ်က အကျဉ်းထောင်များ အတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ကျော်ရှိပါတယ်...။ လူသိထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရှိသလို တစ်ချို့မှာလည်း နာမည်မထင်မရှားနဲ့ လူထုအတွက် ဘဝတွေပေးဆပ် တိုက်ပွဲဝင်ပြီး အသက်တွေ၊ ခန္ဓာတွေ၊ မိသားစုဘဝတွေ ပေးဆပ် တိုက်ပွဲဝင်ခဲ့တဲ့ အညတြသူရဲကောင်းတွေ အများအပြားရှိပါတယ်...။ ပြည်သူကို နှိပ်စက်ညှင်းပန်းတဲ့ အာဏာရှင်အစိုးရတွေ ရှိနေသရွေ့တော့ ဒီလို ပြည်သူတွေအတွက် ပေးဆပ် တိုက်ပွဲဝင်နေတဲ့ အသြတြ သူရဲကောင်းတွေ အမြဲမပြတ် ပေါ်ထွက်နေမှာပါပဲ..။

ထိုသို့ နာမည်မထင်မရှား လူမသိသူမသိ အညတြသူရဲကောင်းတွေကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ ပထမအကြိမ် အညတြသူရဲကောင်းဆုချီးမြှင့်ရေး အခမ်းအနားကို ပြည်တွင်းမှာ အောင်မြင်စွာ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်..။ ဂျပန်နိုင်ငံမှာ ဖွဲ့စည်းထားတဲ့ အညတြသူရဲကောင်းများ ဆုချီးမြှင့်ရေးကော်မတီမှ ယခုတစ်ဖန် ဒုတိယအကြိမ်မြောက် ဆုချီးမြှင့်ရေးအခမ်းအနားကို ကျင်းပပြုလုပ်ရန် စီစဉ်လျှက်ရှိပြီး ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများနဲ့ ပြည်ပနိုင်ငံအသီးသီးမှ စိတ်ပါဝင်စားတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားအသီးသီးကိုလည်း ဖိတ်မန္တက ပြုထားပါတယ်..။

ပြီးခဲ့တဲ့ ဧပြီလ(၁၇)ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့က ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ပထမအကြိမ် အညတြသူရဲကောင်း ဆုပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဆုရရှိသူ မိသားစုဝင်များအား ကိုယ်တိုင်ချီးမြှင့် ပေးအပ်ခဲ့ပါတယ်...။ ထို့အတူ အဆိုပါ လူမသိသူမသိ အညတြသူရဲကောင်း (၃)ဦးရဲ့ ဓာတ်ပုံနဲ့ ကိုယ်ရေးအကျဉ်း တစ်ချို့ကို ဖော်ပြလိုက်ပါတယ်...။

ပထမအကြိမ် အညတြ သူရဲကောင်းအဖြစ် ရွေးချယ်ခံရတဲ့ ပုဂ္ဂိုလ် ၃ ဦးကတော့
ဦးဣန္ဒက၊ ဘိုးတော်ခေါ် ဦးခင်ဝင်းနဲ့ ကိုသန်းနိုင်တို့ ဖြစ်ပါတယ်။
ဆရာတော် ဦးဣန္ဒက
ဆရာတော် ဦးဣန္ဒက
ဆရာတော် ဦးဣန္ဒကဟာ မဂ္ဂင်ကျောင်းတိုက် နောက်ဆုံးဆရာတော် ဖြစ်ပြီး ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ကာလက အဖမ်းခံလိုက်ရတာပါ။ အဲဒီနောက် ထောင်ဒဏ် ၂၆ နှစ်နဲ့ လာရှိုးထောင်မှာ ကျခံနေရ ပါတယ်။ (ကိုယ်ရေးအကျဉ်းကို ထပ်မံဖော်ပြပေးပါမယ်...)


ဆရာတော် ကိုယ်ရေးအကျဉ်း အသံဖိုင်...
ဘိုးတော်ခင်ဝင်း
(ဘ)ဦးအောင်သိန်း
(ဓာတ်ပုံ ပေးပို့တဲ့ Ko Pwint Thit အား ကျေးဇူးတင်ပါသည်)
လုပ်သားများကောလိပ်မှဘွဲ့ရရှိခဲ့ပါသည်..။ ၁၉၇၄ခုနှစ် မှိုင်းရာပြည့်တွင် ပါဝင်ပြီး ဆလအစိုးရမှ ထောင်ဒဏ် ဆယ်နှစ်ကျော် ချမှတ်ခြင်းခံရပြီး ၁၉၈၁ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်ပေးသဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်..။ ထောင်တွင်းမသန့်ရှင်းမှု အစားသောက်များကြောင့် ၀မ်းကိုက်ရောဂါပိုး ပါလာပြီး ယင်းရောဂါကို ကုသရန်ဆေးခန်းပြရင်း သူနာပြုဆရာမ ဒေါ်အုံးမြိုင်နဲ့ အကြောင်းပါ အိမ်ထောင်ကျခဲ့ပါသည်။ ၁၉၈၈ခုနှစ် လူထုအရေးတော်ပုံတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပြီး.. ဆေးရုံသမဂ္ဂ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ပါသည်..။ နအဖအာဏာသိမ်းပြီး ပါတီများတည်ထောင်ရာ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပါဝင်ခဲ့ပြီး ကမာရွတ်မြို့နယ် စည်းရုံးရေးအဖွဲ့ ဒုတိယဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်..။ သွေးသစ်ပါတီကို တည်ထောင်ပြီး ပါတီတည်ထောင်သူ ဥက္ကဌအဖြစ်တာဝန် ထမ်းရွက်ခဲ့သည်..။ ၁၉၈၉ဂျွန်လတွင် ထပ်မံ ဖမ်းဆီးခံရပြီး ဗမာပြည်ကွန်မြူနစ်ပါတီ ကွန်ယက်ထဲပါဝင်သည်ဆိုသည့် စွပ်ဆွဲချက်ဖြင့် န၀တအစိုးရမှ ထောင်ဒဏ်နှစ်နှစ်ဆယ် ထပ်မံချမှတ်ခံရသည်။ အိမ်ထောင်ဖက် ဖြစ်သူမှာလည်း သူနာပြုဆရာမ အဖြစ်မှ ဖြုတ်ပစ်ခြင်းကို ခံရသည်။ ၂၀၀၀ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာပြီး ကမာရွတ်နေအိမ်မှ ဖယ်ရှားခြင်းခံရပြီးနောက် မြောက်ဒဂုံတွင် အစားထိုးမြေကွက်ပေးသဖြင့် မြောက်ဒဂုံသို့ ပြောင်းရွှေ့ခဲ့ရသည်။ ပြန်လည် လွတ်မြောက်လာပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချှုပ် ကမာရွတ်မြို့နယ်စည်းအဖွဲ့ ရန်ကုန်တိုင်း စည်းရုံးရေးအဖွဲ့တို့တွင် ပြန်လည်တာဝန်ယူခဲ့သည်။ ၂၀၀၂ခုနှစ်တွင်ပြည်ပနှင့် အဆက်သွယ် လုပ်သည်ဆိုကာ ပြည်တွင်း မြေအောက်လှုပ်ရှားမှုအတွက် ငွေယူသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ထပ်မံဖမ်းဆီးခံပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရပြန်သည်။ ယခုအခါ အင်းစိန်အကျဉ်းထောင်တွင်း လေဖြတ်ဝေဒနာခံစားနေရပြီး ထောင်တွင်းတွင် မကျန်းမမာဖြင့် နေထိုင်နေရပါသည်။ ဘိုးတော်ခင်ဝင်းသည် အာဏာရှင်အဆက်ဆက်ကို တော်လှန်ရင်း သုံးကြိမ်တိုင်တိုင် နှစ်ရှည်လများ ထောင်တွင်း ဖမ်းဆီးထိန်းသိမ်း ခံနေရသည့် အမည်နာမ မထင်မရှား သည့် အညတရသူရဲကောင်း တစ်ယောက် ဖြစ်ပါသည်။

ကိုသန်းနိုင်

မွေးသက္ကရာဇ် သြဂုတ်၊၁၉၆၆
အဘအမည် ဦးဆိုင်း(ကျောင်းဆရာ/ငြိမ်း)+အမိဒေါ်မမကြီး
မွေးချင်းရှစ်ဦးအနက် (၅)ဦးမြောက် သားဖြစ်သည်။
နေရပ်လိပ်စာ တောင်တွင်းကြီးမြို့၊ အုန်းတော(၂)လမ်း

- ၁၉၈၈မကွေးကောလိပ်၊ရုက္ခဗေဒနောက်ဆုံးနှစ်ကျောင်းသား

- ဒီမိုကရေစီ အရေးတော်ပုံကာလ- ၈၈သြဂုတ်(၁၂)ရက်နေ့၌ တောင်တွင်းကြီးမြို့တွင် စတင်သပိတ်မှောက်စဉ် ဦးဆောင်ပါဝင်ခဲ့ ပါသည်။ အရေးတော်ပုံကာလတွင်၊ ကျောင်းသာသမဂ္ဂ (တောင်တွင်းကြီးမြို့နယ်၊ ဒုဥက္ကဌ အဖြစ်လည်းကောင်း၊ မြို့နယ်သပိတ်စခန်း ကော်မတီစည်းရုံးရေးမှုး အဖြစ်လည်းကောင်း၊ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပါသည်။

- ၁၉၈၉ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (တောင်တွင်းကြီးမြို့နယ် စည်းရုံးရေးမှုး)အဖြစ်လည်းကောင်း ဗ.က.သ များအဖွဲ့ချုပ် (တောင်တွင်းကြီးမြို့နယ်တွင် ပါဝင်လှုပ်ရှားခဲ့ပါသည်။ - ၁၉၈၉ မတ်လတွင် မိတ္တီလာထောက်လှမ်းရေးမှ လာရောက်ဖမ်းဆီးကာ မိတ္ထီလာစစ်ကြောရေးစခန်းတွင် (၁၈)ရက်ကြာ ကြမ်းတမ်းစွာ ရိုက်နှက် စစ်ဆေးခြင်းခံရပြီး တိုက်ပိတ်ထားခံခဲ့ရသည်။ ထိုသို့ဖမ်းဆီးခံစဉ် အ၀တ်တထည်၊ ကိုယ်တစ်ခုဖြင့်သာ နေရပြီး ရေချိုး သန့်စင်ခွင့် လုံးဝမပေးပဲ၊ မ၀ရေစာ အစာကြမ်းများ ကျွေးကာ ညှင်းပန်းနှိပ်စက်ခဲ့သောကြောင့် ယခုတိုင်အတွင်း ဒဏ်ရာမျာဖြင့် မကြာခဏ နာကျင်ခံစား နေရပါသည်။ မိတ္ထီလာ စစ်ကြောရေးစခန်းတွင် (၁၈)ရက်ကြာပြီးနောက် တောင်တွင်းကြီး အချုပ်စခန်းသို့ပြန်ပို့ကာ နောက်တစ်နေ့၌ တောင်တွင်းကြီး တရားရုံးမှ ထုချေလျှောက်လဲခွင့်၊ ရှေ့နေငှားခွင့်လုံးဝမပေး၊ မည်သို့သော ပုဒ်မမှန်မသိပါပဲ၊ ထောင်ဒဏ်၇နှစ် ချမှတ်ကာ၊ သရက်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့။

- ၁၉၉၇တွင် မအေးအေးခိုင်နှင့် အိမ်ထောင်ပြုကာ သမီးနှစ်ယောက်ဖြစ်သော မအိသဉ္ဖာနိုင်နှင့် မမြတ်သိဂီင်္ ခိုင်တို့ထွန်းကားခဲ့...။

- ၂၀၀၃ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးများ ပြန်လည်ဖွင့်လှစ်သောအခါ မြို့နယ် NLD လူငယ်တာဝန်ခံ၊ မြေလတ်ဒေသ NLD လူငယ်စည်းရုံးရေးမှုးနှင့် မကွေးတိုင်(၂၅)မြို့နယ် လူငယ်တာဝန်ခံအဖွဲ့တွင် လည်းကောင်း တက်ကြွစွာဖြင့် ဆက်လက်လှုပ်ရှားခဲ့...။

- ၂၀၀၇ စက်တင်ဘာတော်လှန်ရေးတွင် (၈၈)မျိုးဆက်ကျောင်းသားများ အဖွဲ့(ရန်ကုန်)နှင့်အတူ ပါဝင်လှုပ်ရှားရင်း ၂၀၀၇ စက်တင်ဘာ ၂၆ ရက်၌ ရွှေတိဂုံဘုရား အရှေ့မုဒ် တွင်ဖမ်းဆီးခြင်း ခံခဲ့ရပါသည်။

- ၂၀၀၈ အောက်တိုဘာ ၂၂ တွင်အင်စိန်ထောင်မှ ထောင်ဒဏ် ၁၄နှစ် ချမှတ်ကာ ယခုတိုင် မအူပင်ထောင်တွင် အကျဉ်းခံနေရပါသည်။ ကိုသန်းနိုင်သည် အမည်နာမ မထင်မရှား သည့် အညတရသူရဲကောင်း တစ်ယောက် ဖြစ်ပါသည်။

အညတြသူရဲကောင်းများ ဆုချီးမြှင့်ရေးကော်မတီမှ ယခုတစ်ဖန် ဒုတိယအကြိမ်မြောက် ဆုချီးမြှင့်ရေး အခမ်းအနားကို တစ်နှစ်(၂)ကြိမ် ကျင်းပပြုလုပ်နိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်နေပါတယ်...။ ပြီးခဲ့တဲ့ မေလ ၁၇ရက်နေ့က သမ္မတသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ဘယ်လိုထုတ်ပြန်ခဲ့ပြီး၊ ဘယ်လို လုပ်ဆောင်ခဲ့တယ်ဆိုတာ အများသိပြီးဖြစ်ပါတယ်..။ မြန်မာပြည်သူ၊ ပြည်သားတွေနဲ့ နိုင်ငံတကာအား လက်ရှိအစိုးရရဲ့ စေတနာအစစ်အမှန်နဲ့ သဘောထား ဘယ်လိုဆိုတာကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင် ထင်ရှားအောင် ပြသလိုက်တာပါပဲ..။ မြန်မာပြည်သူတွေ လွတ်မြောက်ရေး အတွက် မိမိတို့အသက်တွေ၊ ဘဝတွေ၊ အနာဂတ်တွေ အဆုံးရှုံးခံ တိုက်ပွဲဝင်နေတဲ့ ပြည်တွင်းမှ နိုင်ငံရေး အကျဉ်းသားတွေအတွက် ကျွန်တော်တို့ ပြည်ပမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ တတ်နိုင်သလောက် ငွေအား၊လူအား၊ စိတ်ဓာတ်အားနဲ့ အင်တိုက်အားတိုက် အုတ်တစ်ချပ် သဲတစ်ပွင့် ဝင်ရောက်ကူညီပေးကြဖို့ တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်....။

ဒီမိုဝေယံ..

ကိုမင်းထက်ဇော်အား ကျေးဇူးတင်ပါသည်...

ဆက်သွယ်ရန်ဖုန်းနံပါတ်များ..

81+ 080 3682 2028။ 090 9828 2240။ 080 4137 7138 ။ 080 4204 9292။ 090 9917 3383။ 080 3699 6045။ 090 6658 4835။ 090 1695 3579။

ဆက်သွယ်ရန် အီးမေးလ်လိပ်စာများ...

phoezaw2004@gmail.com
mya1964320@gmail.com(လူထုအော်သံ)
laylaytokyo2005@yahoo.com

11 comments:

  1. ဘိုးတော်ခင်ဝင်းကို ဗမာပြည်ကွန်မြူနစ်ပါတီ နဲ့ ပတ်သက်လို့  စွပ်စွဲပြီး ဖမ်းတယ်လို့  ဆိုတော့ ဘိုးတော်ခင်ဝင်းက ဗမာပြည်ကွန်မြူနစ်ပါတီ က မဟုတ်ဖူးလား၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အလံကို ဗမာပြည် ကွန်မြူနစ်ပါတီ ကဘဲ ဖန်တီးပေးခဲ့ တာလေ မေ့နေပြီလား ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးလောကထဲ မရောက်ခင် ဒေါ်ခင်ကြည် အသက်ရှိစဉ်ကထဲက ဗမာပြည် ကွန်မြူနစ် ပါတီက ဒေါ်ခင်ကြည် တင်ဖို့ ကြိုးစားခဲ့တာ မလုပ်နိုင် လို့  ဒေါ်အောင်ဆန်းစုကြည် ကိုတင်ပေးခဲ့ တာလေ။ ဒေါ်အောင်ဆန်းစုကြည် က တွဲလုပ် မယ်လို့  ပြောခဲ့တာရော မေ့နေပြီလား ဗမာပြည် ကွန်မြူနစ် ပါတီဝင် ဖြစ်ရတာ ဂုဏ်ငယ်လို့လား?

    ReplyDelete
  2. အရင်ကတော့ ဗကပပါ။ အနီပေါ့။ အခုတော့ ပန်းရောင်တောင် မရှိတော့ဘူး။ အမေရိကန်က ပိုက်ဆံပေး ခိုင်းတာ လုပ်နေကြတာပါ။ အမေရိကန်က ခိုင်းလို့ ပြီးတဲ့ အချိန် မင်းတို့ ကွန်မြူနစ်တွေပါကွာ ဆိုပြီး တွန်းချခဲ့မှာ မြင်ယောင်ပါသေးတယ်။ မှတ်မှတ်ရရ နာမည်မှာ 'နီ' ပါတဲ့ ကဗျာဆရာတောင် အမေရိကန် ယူဂိုဆလားဗီးယား ၀င်တိုက်တုံးက ဖားပြီး ထောက်ခံတဲ့ ကဗျာတောင် စပ်ခဲ့သေးတယ်။ အော်တာက ဒီမို အထဲက ကွန်မြူနစ်၊ ပြည်သူတွေက ထုတ်မပြောဘဲ လုပ်ပုံကိုင်ပုံတွေ ကြည့်ပြီး သိနေတယ်။

    ReplyDelete
  3. အကယ်၍သာ ဤသတင်းအချက်အလက်များ မှန်ကန်မည်ဆိုပါက ဒေါ်စုကြည် ဟာ မကြာခင်အချိန်များအတွင်း စည်းရုံးရေးခရီးများထွက်ပြီး သူမတွင် လုံခြုံရေးအရ စိုးရိမ်စရာအခြေအနေမျိုးရှိနေသယောင် ဖန်တီးကာ ပြည်ပမှ လုံခြုံရေးအကူအညီတောင်းခံမှုများ ၊ ပြုလုပ်လာ နိုင်ကြောင်း ၊ လက်ရှိအစိုးရက ဒါကိုခွင့်ပြုမှာ မဟုတ်တဲ့ အကြောင်း ၊ ဒီလိုခွင့်မပြုခြင်းအပေါ် အခွင့်ကောင်းယူက အစိုးရကို နိုင်ငံရေးအရ ဖိအားပေးမှုများ ဆောင်ရွက်လာနိုင်ကြောင်း ၊ တစ်ချိန်တည်းမှာပဲ ကုလသမဂ္ဂ ကလည်း ဒီအခြေအနေဆိုရင် လူ့အခွင့်အရေး အခြေအနေတွေ စိုးရိမ်စရာရှိတယ်ဆိုပြီး အကြောင်းပြကာ အနီးကပ်စောင့်ကြည့်ဘို့ မြန်မာနိုင်ငံမှာအထူးကိုယ်စားလှယ် ခန့်အပ်ရေး ဖိအားပေးဆောင်ရွက်ပြီး အစိုးရကို နိုင်ငံရေးအရ အကျပ်အတည်း ဖြစ်လာအောင် ဆောင် ရွက် ပြီး အစိုးရ၏ နိုင်ငံရေးအရ အမှားကိုစောင့်ကာ အာဏာရရှိရေး လမ်းစဉ်ကို ဆောင်ရွက်လာတော့မှာဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ် အကဲခတ် စောင့်ကြည့် လျှက်ရှိပါကြောင်းတင်ပြအပ်ပါသည် ။

    ပြည်သူများအနေဖြင့်လည်း ဒေါ်စုကြည်၏ ပြည်ပနှင့် စည်းဝါးရိုက်ကာ ပူးပေါင်းကြံစည်မည့် ခြေလှမ်းများကို သတိမပြတ် စောင့်ကြည့်နေ သင့်ပါကြောင်း အလေးအနက်ထားတင်ပြအပ်ပါသည် ။

    ReplyDelete
  4. ဗကပယူဂျီခေါင်းဆောင် ဘိုကျင်မောင်က ပြောခဲ့ဘူးတယ်။ ဘုန်းကြီးထဲမှာ သူတို့ လူရှိတယ်-တဲ့။

    ReplyDelete
  5. ဒီမိုရေ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ဆိုတာ ဗမာပြည် ကွန်မြူနစ်ပါတီ တဖြစ်လဲလားကွဲ့  ပတ်သက်တယ် မပတ်သက်ဖူး ရှင်းပါအုံး

    ReplyDelete
  6. ဘိုးတော်ခင်ဝင်းကို ဗမာပြည်ကွန်မြူနစ်ပါတီ နဲ့ ပတ်သက်လို့  စွပ်စွဲပြီး ဖမ်းတယ်လို့  ဆိုတော့ ဘိုးတော်ခင်ဝင်းက ဗမာပြည်ကွန်မြူနစ်ပါတီ က မဟုတ်ဖူးလား၊
ှဆိုတာကတော့ ဘယ်သူက စွပ်စွဲပြီး ဘယ်သူကဖမ်းတာလဲ ဒီချုပ်ကဖမ်းတာလား။ ဖမ်းတဲ့သူကို သွားမေးကြပေါ့။ဒေါ်စုကလုံခြုံရေးတောင်းရင်ပေးရမှာပေါ့ သူလဲကမ္ဘာကျော်တစ်ယောက်ပဲ. အစိုးရက ဘာမဟုတ်တဲ့ ကိုးရီးယားမင်းသားမင်းသမီးတွေလာတာတောင်လုံခြုံရေးအပြည့်ပေးသေးတာပဲ.မလိုအပ်ဖူးထင်ရင် မင်းတို့ သမ္မတရှောဗိုလ်ချုပ်တွေပါ တကောင်မှ လုံခြုံရေးမထားနဲ့ ။မင်းတို့ ကောင်တွေကလည်းမိန်းမလိုမိန်းမရတော်တော်ပြောတာပဲ.

    ReplyDelete
  7. အမြင်မတော်လို့ ဝင်ပြောတာပါ ဒီချုပ်မှာ စစ်ဗိုလ်ချုပ်ဟောင်းလည်းပါတယ် ဗကပ ဟောင်းလည်းပါချင်ပါမှာပဲ ဆိုရှယ်လစ်ဟောင်းလည်းပါချင်ပါမယ် အရေးကြီးတာက ခု လုပ်နေတဲ့လုပ်ရပ်ကအရေးကြီးတယ် မင်းတို့ အခုအစိုးရကပိုတောင်စိုးသေးတယ် အရပ်သားအစိုးရဆိုပြီးတော့ အားလုံးစစ်သားတွေချည်းပဲ ဒါကရောဘယ်လိုပတ်သတ်တာလဲလို့ မေးချင်တယ်။သူများကြွေးစာကမ်းစာစားနေလဲ တခါတလေပဲဟောင်ကြပါကွာ ခဏခဏ လာဟောင်တော့လည်း နားညီးတယ်

    ReplyDelete
  8. ဗမာပြည်ကွန်မြူနစ်ကဘဲဖြစ်ဖြစ်.ဘယ်ကဖြစ်ဖြစ်..ဗမာပြည်သားအားလုံး..နိုင်ငံရေးလုပ်ပိုင်ခွင့်ရှိတယ်ကွ..ငါလိုမသားတွေရ...

    ReplyDelete
  9. ဗမာပြည်ကွန်မြူနစ်ပါတီ သည် အင်္ဂလိပ်လက်ထက် မှစပြီး ယနေ့ တိုင် မတရားအသင်း ဖြစ်နေသဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ ယူဂျီ ဘိုးတော်ခင်ဝင်း အဖမ်းခံရသည်မှာ မထူးဆန်းပါ။ သို့ သော် တည်ဆဲဥပဒေအရ အရေးယူခံနေရသည့် ဗမာပြည်ကွန်မြူနစ်ပါတီ ယူဂျီ တစ်ဦးအား ဦးဝင်းတင်က ရွေးချယ်ခဲ့ခြင်းမှာ ၄င်းတို့  ကွန်မြူနစ် အချင်းချင်း စာနာလိုသဖြင့် ဟု မှတ်ယူသည်။

    ReplyDelete
  10. အကျဉ်းသား ၁၄၀၀၀ကျော် လွှတ်ခြင်းသည် ရှုံ့ချ ဝေဖန် စရာမဟုတ်ပါ

    အတိုက်အခံဆိုတာ အတိုက်နဲ့ အခံ နှစ်ခုပဲ မလုပ်သင့်ပါဘူး။ တစ်ခါတစ်ရံမှာ အစိုးရရဲ့ လုပ်ဆောင်မှုတစ်ခုက ပြည်သူများကို ပျော်ရွှင်စေတယ်၊ ကောင်းမွန်စေတယ်ဆိုရင် အလိုက်အထိုက် အသိမှန်ပြုသင့် ချီးကျူးသင့်ပါတယ်။ အကောင်းမြင်တယ်ဆိုတာ သူတော်ကောင်းကျင့်စဉ်ပါ။ သူတော်ကောင်းမဟုတ်လို့ အကောင်းမမြင်နိုင်သေးရင်တောင် အမှန်ကိုတော့ မြင်သင့်ပါတယ်။ ဖြစ်သမျှ၊ လုပ်သမျှ မကောင်းပြောနေလို့တော့ မဖြစ်သေးပါဘူး။ အကျဉ်းထောင်ထဲက အကျဉ်းသား ၂ သောင်းနီးပါးလွှတ်တယ်ဆိုတာ ရှုံ့ချစရာ၊ အပြစ်တင်စရာ၊ ဝေဖန်စရာ မှ မဟုတ်ပါဘူး။ ဒီ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်ကြောင့် ဘယ်မြန်မာပြည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်မှု၊ နစ်နာမှု၊ စိတ်ဆင်းရဲမှု မဖြစ်စေခဲ့ပါဘူး။ စိတ်ချမ်းသာမှုတွေပဲ ဖြစ်ခဲ့ရတာပါ။ ဒါကို ဘာလို့များ အပြစ်တင်သံတွေ၊ ဝေဖန်သံတွေ ရှုံ့ချသံတွေ ကြားနေရလဲ စဉ်းစားဖို့လိုပါတယ်။


    ထောင်ကထွက်ရလို့ မကျေနပ်တဲ့လူတွေ

    လွတ်မြောက်လာတဲ့အထဲက နိုင်ငံရေးအကျဉ်းသားဆိုတဲ့ လူတချို့က လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ပတ်သက်လို့ စိတ်မကောင်းတဲ့အကြောင်း၊ မကျေနပ်တဲ့အကြောင်း ပြောကြပါသေးတယ်... ဒီအမိန့်ထုတ်ပြန်တာက ပြည်သူပေါင်းများစွာ၊ ဝမ်းသာကြည်နူးပျော်ရွှင်စေဖို့နဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ မိန့်ခွန်းမှာ နိုင်ငံတော်တည်ဆောက်ရေးမှာ ပါဝင်ဖို့နဲ့ ငဲ့ညှာလို့ ဆိုတာ ပါနေပါတယ်။ ဒါပေမယ့် နိုင်ငံတော်သမ္မတဲ့ တာဝန်ရှိသူများကို တစ်ခုလောက်တော့ ကွန်ပလိန်း တက်ချင်ပါတယ်.. နိုင်ငံတော်သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကြောင့် စိတ်ညစ်သွားတဲ့လူတွေ၊ ထောင်ကလွတ်လို့ မကျေနပ်တဲ့လူတွေကိုတော့ သူတို့ဆန္ဒကို ငဲ့ညှာပြီး ထောင်ထဲမှာ ပျော်သလောက်နေခိုင်းသင့်ပါတယ်။

    တာဝန်ရှိသူတွေက ”တည်ဆဲဥပဒေတစ်ခုခုကို မဖေါက်ဖျက်ပဲ ထောင်ကျနေသူတစ်ဦးမှ မရှိပါ” ဆိုတဲ့ စကားအတိုင်း အပြစ်မရှိပဲ ထောင်မချဘူး ဆိုရင်လည်း ထောင်ကလွတ်လို့မကျေနပ်သူများအနေနဲ့ ထောင်ကျအောင် လုပ်နည်းကိုတော့ အတွေ့အကြုံရှိပြီးသားဖြစ်လို့ မကျေနပ်ဘူးတောင် ပြောနေဖို့မလိုပဲ နေ့တစ်ရက်မကူးခင် ထောင်ထဲပြန်ဝင်နိုင်အောင် တည်ဆဲဥပဒေတစ်ခုသာ ချိုးဖောက်လိုက်ပါ။ အားလုံးစိတ်ချမ်းသာဖို့ နိုင်ငံတော်မှ တာဝန်ရှိသူများက ကူညီကြပါလိမ့်မယ်။

    ------------------

    အပြည့်အစုံ ပုံများနှင့် ဒီနေရာမှာ ကြည့်နိုင်ပါသည်။

    http://myanmarexpress.blogspot.com/2011/05/blog-post_18.html

    ReplyDelete
  11. သူခိုး ဓားမြထက် ဆိုးတဲ့ ငတက်ပြား အစိုးရဆိုတော့လည်း မသူတော်ချင်း အချင်းချင်းတွေပဲ ပြန်လွတ်ပေးနေတာပေါ့

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။