Pages

Saturday, May 21, 2011

သူခိုးဒမြထက် ဆိုးတဲ့ ရန်သူများ (တိုင်ကြားစာ)

သူခိုးဒမြထက် ဆိုးတဲ့ ရန်သူများ...
လားရှိုး ၁၆မိုင်ဂိတ်က အကျင့်ပျက်ဝန်ထမ်းများအကြောင်း တိုင်ကြားစာ

ကျွန်တော်ပြောချင်တာက နိုင်ငံရေးနဲတော့မဆိုင်ပါဘူး ဒါပေမယ့် ခံပြင်းလွန်းလို့ပါ ၀က်ဆိုက်မှာ တင်ပေးပါလို့လည်း တောင်းပန်ပါတယ်ခင်ဗျာ့။ ဒီလိုပါ ကျွန်တော်က ကားသမားပါ လားရှိုးနဲ မန္တလေးနဲ့ပြေးတဲကားမောင်းသူ တစ်ယောက်ပါ....။ ကျွန်တော်တို့ကားက ကုန်တင်တယ်ပေါ့ဗျာ့... လားရှိုးက အပြန်ဆိုရင် အသွားလဲ တင်ပါတယ်..။ ဒါပေမယ့် တားမြစ်ထားတဲ့ ကုန်တစ်ခုမှ မပါပါဘူး အဆင်းဆိုလည်း တားမြစ်ထားတဲ့ ကုန်မပါဘူးခင်ဗျာ.... ဒါပေမယ့် ၁၆ မိုင်ဂိတ်ကိုဖြတ်ရင် အကောက်အခွန်၊ မူးယစ်၊ လ၀က အဖွဲ့စုံခေါ် သစ်တောတို့အစုံပေါ့ တားမြစ်ကုန်တစ်ခုမှ မပါပေမယ့်လည်း ဒီကောင်တွေကို ပိုက်ဆံပေးပြီးတော့ ဖြတ်ရတယ်ဗျာ....။

သတင်းစာထဲမှာ သမ္မတကြီးဦးသိန်းစိန် ကြော်ငြာထားတာက တစ်မျိုး။ ဒီကောင်တွေက တစ်မျိုးဖြစ်နေတယ် ငွေကို အတင်းကိုတောင်းတာ ခင်ဗျာ့.... ခိုးဆိုးလုယက်နေတဲ့ ဓားပြတောင် တောင်းပန်ရင် သနားဦးမယ် ဒီကောင်တွေကတော့ မသားနားဘူးခင်ဗျာ့။ အတင်းကို တောင်းတာဘဲခင်ဗျာ့ ... မပေးရင်လည်း ကားနဲ့ကုန်တွေ ကို ခေါင်းစဉ် အမျိုးမျိုးတပ်ပြီး ဒုက္ခပေးတော့မှာဆိုတော့ ပေးရတော့တာပါပဲ..။ ကျွန်တော်တို့ လားရှိုး- မန္တလေး ကုန်တင်ကားသမားတိုင်း ခံစားနေရတဲ့ ဒုက္ခတွေပါပဲ..။ နောက်ဆုံးတော့ ဒီဝန်ထုတ်ဝန်ပိုးတွေကို ပြည်သူတွေပဲခံရတာပါပဲဗျာ..။ အဲဒါကို ရင်ဖွင့်ချင်လို့ပါ ၁၆ မိုင်ဂိတ်က အကောက်အခွန် မူးယစ် လ၀က အဖွဲ့စုံရဲ့ ယူနီးဖောင်းဝတ်ပြီး အေးဒမြတိုက်နေတာကို အားလုံးသိအောင် ဖော်ပြပေးစေချင်ပါတယ်..။ စာကလည်း မရေးတတ်တော့ဗျာ အမှားပါရင်ခွင့်လွတ်ပါ သက်ဆိုင်ရာနဲ့ သတင်း မီဒီယာတွေကိုလည်း တိုင်ကြားပေးပါခင်ဗျာ့...

လားရှိုး ကုန်ကားမောင်းသူတစ်ဦး

4 comments:

  1. ခက်တော့ခက်သားလား.. သိန်းစိန်ကိုယ်တိုင်က..သူခိုးဆိုတော့ internet တင်လဲ သိထူးမယ်မထင်ပါဘူး..အကောက်အခွန် မူးယစ် လ၀က အဖွဲ့စုံက သိန်းစိန်ကိုရှာကျွေးနေရတာကိုး...

    ReplyDelete
  2. ကားဆရာရေ ... ကြားရဒါ စိတ်မကောင်းပါ။ ကိုယ်ယောင်ဖျေက်သန်းရွှေ တို့၊ ဂိုဘာချော့ဖ်သိန်းစိန် တို့ကို တိုင် လည်း၊ အဲဒိ ငတိတွေ၊ ငတတွေ ကိုယ်တိုင်က၊ ဘုန်းကြီးသရဲတွေဖြစ်နေကြပြီ ဆိုတော့ အခက်သားဗျ။ တံငါနားနီး တံငါ၊ မုတ်ဆိုးနားနီး မုတ်ဆိုး ဆိုသလို၊ အဲဒီ ဖြူနီညိုပြာရောင်စုံနဲ့ ငတိတွေကို၊ ခင်ဗျားရဲ့ ဂွင် ထဲဝင်လာယင်၊ အသားကုန် ဆွဲစိ ပေတော့။ အဲဒါ မှန်ကန်တဲ့ လုပ်ရပ်မို့တရားဝင် တယ်နော်။

    ReplyDelete
  3. သိန်းစိန်ရေ...မင်းအမေလင်တွေကိုဒီလိုဘဲထားတော့မှာလား...အေူပာတမျိုးအလုပ်တမျိုး..မအေလိုး.ခွေးမသား...

    ReplyDelete
  4. တရားမဝင် စစ်အစိုးရရဲ့ လက်ဝေခံတွေက မြန်မာပြည်တွင်းက ပြည်သူတွေဆီက သာမက ပြည်ပမှာ ကျွန်ခံနေရတဲ့ မြန်မာနိုင်ငံသားတွေဆီကပါ ညစ်ပတ်တဲ့ နည်းတွေ သုံးပြီး ချွေးနည်းစာကို ညှစ်ယူပြီး လုပ်စားနေပုံကို ကို ဖတ်ဖြစ်အောင် ဖတ်ပါ။


    စိန်လွင် ရေးသော သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၃) မှ ကောက်နုတ်ချက်


    ၂ဝဝဝ ခုနှစ် (ဝ၁၊ ဝ၂) ဝန်းကျင်ကာလများတွင် မလေးရှားမှ အထူးသဖြင့် ကော်လာပြာ လုပ်သားများ ဌားရန်းရန် ကမ်းလှမ်းလာသည်၊ ထိုကိစ္စတွင် ရွှေအင်းဝ အေဂျင်စီကို ရွေးချယ်ကြောင်း၊ ၄င်းသည်လည်း၊ S2 ဗိုလ်ချုပ်တင်ဦး၊ မိသားစု ဝင်များ ပိုင်ဆိုင်သော ကုမ္မဏီမှန်း သိရသည်၊ မြန်မာ အလုပ်သမားများ၏ လစာကို ဖြတ်တောက်ခြင်း၊ မလေး အလုပ်ရှင်များအား ၄င်းတို့၏ နိုင်ငံကူး လက်မှတ်များကို သိမ်းဆည်း ထားစေခြင်းတို့ဖြင့် မြန်မာ လူမျိုးခြင်းများစွာ ဂုတ်သွေး စုတ်နေသည်ကို ရင်နာဖွယ် မြင်တွေ့ခဲ့ရသည်၊

    ထို့ပြင်၊ မလေးရှားနှင့် ထိုင်းရှိ မြန်မာသံရုံးတို့သည် မြန်မာတို့ အပေါ် ကောင်းကျိုး မပေးသော ရုံးများ ဖြစ်သည်ကိုလည်း တွေ့ရှိရသည်၊ သံရုံးရှေ့သို့ လာရောက် ဆန္ဒပြသူများ၏ ဓာတ်ပုံများကို အသွင်သွင်ရိုက်ကာ၊ သတင်းပေးများက မည်သူ မည်ဝါ ခွဲခြားပေးသည်ကို နခဌသို့ ပဏာစားကာ စီရင်ခံ ပေးပို့လာသည်၊

    အခွန်တွေကို ဘုံးကာ၊ ဗီဇာခတွေကို ဖြောင်ကာ၊ ကိုယ့်ရုံးကို မီးတင်ရှို့ကာ စာရင်းဖျောက်သည်မှာ မကြာခဏ၊ အချင်းချင်းလည်း စားကွက်လုကာ ဆော်နေကြသည်၊

    ဤသို့ အဝေးမတော့သည့် ကြားမှ စစ်သံရုံးများက စစ်သံမှူးနှင့် စစ်ထောက်လှမ်းရေး တို့က ဝင်လာပြီး ကတုံးပေါ် ထိပ်ကွက် နေသည်မှာ သချိုင်းကုန်းရှိ ခွေးသေကောင် ပုပ်ကို ဋင်းတ တစ်အုပ်နှင့် မြေခွေး တစ်စုတို့ ဖုန်းတထောင်းထောင်း ထအောင် ဆော်နေသည်နှယ် ယနေ့ထိတိုင်ပါ၊

    စခဲ့သည်ကို ထိုအချိန် မလေးရှားရှိ သံတမန်လောကတွင် ပြောစမှတ် သွင်ကာ အောချခဲ့ရပါသည်၊ ထိုင်းမှာ အစားဆုံး ထဲက တစ်ယောက်သော သံအမတ်မှာ လှမ်းဒဗမက လှမောင်၊ သူက မြန်မာပြည် အလယ်ပိုင်းတွင် သိန်း ၃ဝဝ တန် စာသင် ကျောင်း တစ်ကျောင်းကို လှူရာ၊ သူ၏ ဆရာ ဖိုးကံကောင်း (၁၉၉၇ တွင် လာဘ်စားသော နဝတ ဝန်ကြီးများကို ဖြုတ်ခဲ့ သော၊ TV မင်းသားကြီး ခင်ညွန့်) က ပြုံးပြုံးကြီးနှင့် ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ပုံကို မြန်မာ့ ရုပ်သံမှ ထုတ်လွှတ်ခဲ့ပုံမှာ ထိုင်းရောက် မြန်မာနိုင်ငံသားတို့မှ သာဓု သာဓု (ဒို့ဟာတွေ) ခေါ်နိုင် ပါ ပေသည်၊

    ၁၉၉၉၊ ၂ဝဝဝ ဝန်းကျင်ကာလတွင် ကက(လှမ်း)သို့ သတင်းများ ပို့ပြီး၊ မြန်မာနိုင်ငံ သားများ ထံမှ အစားခဲ့ ဆုံးသော ဖျံများ မှာ - စိန်ညွှန့် (သံရုံးအုပ်)၊ လှိုင်ဘုန်းမြင့် (ပထမ အတွင်းဝန်၊ ယခုဒုညွှန်မှူး၊ နခဌ၊ နေပြည်တော် ဝန်ကြီးရုံး) ၊ တို့သည် ၄င်းတို့၏ စွမ်းဆောင်ချက်များကို ဖော်ပြ၍ ကားသွင်းခွင့် ပါမစ်များ ရရှိကာ၊ သိန်း ၈ဝဝ ဝန်းကျင်စီ ရရှိခဲ့ကြသည်၊ လက်ရှိ ၂ဝဝ၈၊ ၂ဝဝ၉ ဝန်းကျင် ကာလများတွင် ထိုကဲ့သို့ ခြေရာ နင်းနေသူက သက်ထွန်း၊ (ပထမအတွင်းဝန်) ဖခင် လဝကဝန်ကြီး ဗိုလ်မှူးစောထွန်း ဖြစ်ကာ၊ အောက်ခြေသိမ်း ငွေရှာ ပေးသော စာရေး အောင်ကြီးကတော့ အထုတ်ပိုက်ကာ ပြန်ရောက်နေပြီး ဖြစ်သည်၊ ၂ဝဝ၉ ထဲမှာ ဤခွင်ကို သိ၍ ဘန်ကောက် မြန်မာသံရုံးသို့ ဒုတိယ အကြိမ် တာဝန်ပြန်ကျအောင် လုပ်ယူလာသူက ဒုတိယ အတွင်းဝန် (ခင်မောင်ဌေး) နှင့် သက်ထွန်းတို့ စားကွက်လုသည်မှာ ယခုအခါ ပွဲကြီးပွဲကောင်း။


    သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၃)
    စိန်လွင်


    http://www.vimutti.co.cc/2010/01/blog-post_574.html

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။