ယနေ့ မေလ ၁၇ရက်နေ့က မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အကျဉ်းသား ၁၄၆၀၀ ပြန်လွတ်ပေးခဲ့တယ်လို့ ဆိုပါတယ်..။ မနေ့က ကြေငြာခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ တစ်နှစ် လျှော့ပေါ့ပေးလိုက်တဲ့ အတွက် ပြန်လည် လွတ်မြောက် လာကြသူတွေအထဲမှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ပါရှိပါတယ်...။
ဒီဗီဘီ သတင်းဋ္ဌာန အဆိုအရ ပြန်လွတ်လာကြတဲ့ နိုင်ငံရေး အကျဉ်းသား လက်ရှိစာရင်းအရ နိုင်ငံတ၀ှမ်း လွတ်မြောက် လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကျော် ပါဝင်ပါတယ်။ ဒေါပုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံ ၃ ကိုညီညီအောင်၊ မမိမိလေး (အင်းစိန်ထောင်)၊ နော်အုန်းလှ၊ ကိုမြသန်းထိုက် (တောင်ငူထောင်) ၊ ဗကသ ကိုရဲမင်းဦး (မြင်းခြံထောင်) ကိုဇင်လင်းအောင် (ပေါင်းတည်ထောင်) ကိုသိန်းဆွေ (မိုင်းဆတ်ထောင်) မသန္တာ၊ ထက်ထက်ဦးဝေ ၊ မမြမြသိန်း (ပူတာအိုထောင်)၊ ကိုစိုင်းမင်းသိမ်း (ခန္တီးထောင်) တို့ဖြစ်ပါတယ်။
အကျဉ်းဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းရဲ့ နိုင်ငံတော်အစိုးရရဲ့ စေတနာ ထုံးစံအတိုင်း မိန့်ခွန်း မိန့်ကြားချက်အား နားထောင်နေကြစဉ်....
တနှစ်လျော့တယ် ဆိုတော့ နှစ်ရှည် ထောင်ဒဏ်ကျခံနေရတဲ့ ကျောင်းသား ခေါင်းဆောင်တွေ ၆၅နှစ်ကနေ ၆၄နှစ်ပေါ့ တတ်လဲတတ်နိုင်ပါပေ့ သမ္မတကြီး မောင်သိန်းစိန်ရေ..။ လွတ်ရက်စေ့သူတွေကို နာမည်ပြောင်း လွတ်ပေးတဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ပေါ့..။ နိုင်ငံရေး အကျဉ်းသားတွေက နှစ်ရှည်ထောင် ကျတဲ့သူ အများစုပါ...။
မြန်မာနိုင်ငံတစ်ဝှမ်း အကျဉ်းထောင်များတွင် မိမိတို့ရဲ့ယုံကြည်ချက်ကြောင့် မတရားအကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၂၂၀၀ကျော် ရှိပါတယ်....။
ဓာတ်ပုံ EPN, AP, Reuters






သမတကြိးသိန်းစိန်က အကျဉ်းသားတွေကို တနှစ်လျှော့လိုက်တာဟာ သူလဲ တနှစ်ဘဲ ခံမယ်ဆိုတာ နမိတ်ပြလိုက်တာပါဘဲ ။သန်းရွှေက သူ့ ကို သတိပေးထားတယ်ဆိုဘဲ ။ တနှစ်စောင့်ကြည့်မယ်တဲ့  ။ကြားထားတာလေးစောင့်ကြည့်ရမှာဘဲ ။
ReplyDeleteလှိုင်မြင့်။
အကျဉ်းသားများအား လူသားချင်း စာနာထောက် ထားသော အားဖြင့် လည်းကောင်း၊ ယင်းတို့၏ မိသားစုများအား ငဲ့ညှာသောအားဖြင့် လည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း ဆိုပြီး ဦးသိန်းစိန်လဲ သူ လုပ်ပေးနိုင်တဲ့ ဘောင်ထဲက လွတ်ပေးတာ ကျေးဇူးတင်စရာပါ။ နိုင်ငံရေး အကျဉ်းသားတွေ အနဲအကျဉ်းပါပေမဲ့ အနှောင်အဖွဲ့ က လွတ်သွားသူတွေ အတွက်ရော သူတို့ မိသားစုတွေ အတွက်ရော ၀မ်းသာ စရာ ပါ။ ဒေါ်စုတောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က တပ်မတော်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်း သမီးဖြစ်နေလို့  သူလုပ်ပေးနိုင်တဲ့ ဘောင်ထဲက အမိန့် ထုတ် လျှော့ပေးခဲ့လို့  ၁ နှစ်ခွဲ သက်သာသွားပြီး အခုတွေ့ နေရတာ မလား။ ဘာလုပ်လုပ် အကောင်း မပြောကြ တတ်တဲ့ အကျင့်တွေ ဖျောက်ဖို့ ကောင်းပြီ။
ReplyDelete