Pages

Tuesday, May 31, 2011

၁၉၆၇ခုနှစ်က ရိုက်တာ သတင်းဋ္ဌာနက ရိုက်ကူးထားတဲ့ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဦးသန့် (ရုပ်သံဖိုင်)

ဥပဓိရုပ်၊ အရည်အချင်း၊ နိုင်ငံတကာရဲ့လေးစားမှုဂုဏ်ပါရရှိတဲ့ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဦးသန့် 
ပြည်တွင်းပရိသတ်များ ဒေါင်းလုပ်လုပ်ချင်ရင် http://www.mediafire.com/?vcovldaaj9ky8tv

ရိုက်တာ သတင်းဋ္ဌာနက ရိုက်ကူးထားတဲ့ ကျွန်တော်တို့ နိုင်ငံ့ဂုဏ်ဆောင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဦးသန့် .... ရဲ့ ရုပ်သံမြင်ကွင်းတွေပါ...။ ပထမပိုင်းမှာတော့ ၁၉၆၇ခုနှစ်က ဖေဖော်ဝါရီလက ရန်ကုန်မြိုသို့ ခေတ္တအားလပ်ရက်အတွင်း ပြန်လည်ရောက်ရှိလာပြီး မိခင်ကြီး ဒေါ်နန်းသောင်အပါအဝင် မိသားစုဝင်များနဲ့ ပြန်လည်တွေ့ဆုံခဲ့တဲ့ ရုပ်သံပါ...။ ဒုတိယပိုင်းမှာတော့ ၁၉၆၇ခုနှစ် ဇွန်လက အီဂျစ်၊ အစ္စရေး ကိစ္စကိုဝင်ရောက် ဖြေရှင်းပေးခဲ့ရစဉ်က ရုပ်သံပါ...။ ကျွန်တော်တို့ နိုင်ငံမှာ ကမ္ဘာကလေးစားရတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဦးသန့် ဟာ ၁၉၆၁ခုနှစ်မှာ နိုဝင်ဘာလမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ်ခန့်အပ်ခံရပြီး ၁၉၇၁ခုနှစ် ဒီဇင်ဘာလအ ထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်...။

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တခေတ်တခါက ဦးသန့်ကဲ့သို့ ကမ္ဘာသိ ကမ္ဘာကလေးစားရတဲ့ ပုဂ္ဂိုလ်ကြီးတွေ ရှိခဲ့သလို... ယနေ့အချိန်မှာတော့ နှစ်စဉ်ကမ္ဘာ့ လူဆိုးစာရင်း အာဏာရှင်စာရင်းမှာ အမြဲ ပထမ၊ ဒုတိယ၊ တတိယ လူဆိုး စာရင်းဝင်တွေလည်း ထိပ်ကနေရှိပါတယ်...။ ယနေ့အချိန်ခါမှာ ကျွန်တော်တို့ လူမျိုးတွေ မျက်နှာငယ်ရ၊ အနှိမ်ခံနေရတာတွေဟာ ဘာကြောင့်ဆိုတာ အားလုံးသိပြီးတဲ့ အတိုင်း အထွေအထူး ပြောနေစရာ မလိုတော့ပါဘူး။ ယနေ့ခေတ် လူငယ်လူရွယ်တွေ သိရှိနိုင်ဖို့ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဦးသန့်ရဲ့ ရှားပါး ဗီဒီယိုဖိုင်ကို ရှာဖွေတင်ပြလိုက်ပါတယ်...။

ဒီမိုဝေယံ

9 comments:

  1. ယနေ့ ခောတ်လူငယ်တို့ ရေ ရရာနေရာဝင်ရေးမူနဲ့  နေရာဝင်ယူထားတဲ့ ဗကပတဖြစ်လဲ ဒီမိုကရေစီဟန်ဆောင် တို့ ရဲ့  မသိနားမလည်သူ လူငယ်တွေကို အသုံးချပြီး သူတို့ အာဏာရဖို့  လမ်းစဉ်မှာ အချိန်ကုန် မခံကျပါနဲ့။ ၈၈ ကထဲက မိသားစုနဲ့ ကွဲပြီး သေကျေပျက်စီးခဲ့ရတဲ့ သူတွေ ဘယ်လောက်ရှိနေပြီလဲ။ နှစ်ခါပြန် အသုံးချမခံကျနဲ့ ။ ထောင်ထဲပို့ မဲ့ ထောင်ထဲရောက်မဲ့ လမ်းကိုဝေးဝေးရှောင် ဦးသန့်ကဲ့သို့ ကမ္ဘာသိ ကမ္ဘာကလေးစားရတဲ့ ပုဂ္ဂိုလ်ကြီးတွေ ဖြစ်အောင်ကြိုးစားကျပါ လို့  တိုက်တွန်းပါရစေ။

    ReplyDelete
  2. ကိုဒီမိုရေ ဗကပတစေ`္ဆ နအဖလူကလည်းတမှောင့်

    ReplyDelete
  3. အပေါ်ကကောင်.ခွေးမသား...

    ReplyDelete
  4. အပေါ်ဆုံးကကောင်.ခွေးမသား..

    ReplyDelete
  5. ကိုဒီမိုရေ ဒီလို ရှားပါးတဲ့ ရုပ်သံမှတ်တမ်းတွေကို ရှာဖွေစုဆောင်းပြီး ပြန်တင်ပြပေးတာ တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ဒီဇင်ဘာကျရင် ဦးသန့်အရေးအခင်း ပို့စ်တင်ရင် ယူသုံးချင်လို့ အခုကတည်းက ခွင့်တောင်းပါတယ်နော့်။ အသုံးဝင်တဲ့ sites တွေ စုဆောင်ထားတဲ့ စာရင်းထဲ ထည့်ထားလိုက်တော့မယ်။

    လေးစားလျက်
    Nge Naing

    ReplyDelete
  6. ဦးသန်.ကိုအကြောင်းပြပြီး ဆုံးမသလိုလိုနဲ....... မင်းအဖေတွေ အသုံးမကျလို. တိုင်းပြည်ပျက်မလိုဖြစ်ခဲ့ရတာ ဒီမိုကရေစီရဲ. အပြစ်တစ်ခုမှမပါဘူးကွ

    ReplyDelete
  7. အပေါ်ဆုံးကကောင်...မင်းကဘာနားလည်လို့ သူများကိုတိုက်တွန်းနေတာလည်း...ကိုယ့်နိုင်ငံအတွင်းကဖြစ်ရပ်မှန်တွေကို ကိုယ်ချင်းစာစိတ်မရှိတဲ့ မင်းလိုကောင်တစ်ယောက်ရဲ့ ပါးစပ်က နတ်စကာထွက်နေသေးတယ်...

    ReplyDelete
  8. အေပ်ါဆု့းကအကောင် အဲဒီလိုထူးချွန်သူဦးသန့် ကိုမင်းတို့ ကိုမင်းတို့ အဘရွှေရဲ့ အဖေဗိုလ်နေ၀င်းကအဲဒီဦးသန့် မြန်မာနိုင်ငံကိုလာလည်စဉ်ဦးသန့် ကသူ့ ကိုတွေ့ ချင်လို့ ငပလီအထိလိုက်တွေ့ တာကိုအတွေ့ မခံပါဘူးမောင်။အာဏာရှင်လူလိမ်တွေဟာ လူရီုသေရှင်ရိုသေလူပုဂိုလ်တွေကို မနာလိုမုန်းတီးတတ်ကြတာလောက်တော့ မင်းထမင်းစားရင်သိမှာပါ။ဒါဆိုဦးသန် တပည့်တဦးဖြစ်ခဲ့ဘူးတဲ့ဒေါ်အောင်ဆန်းစုကြည်-ကိုရောမင်းဘယ်လိုသဘောထားမလဲ ..??? စွပ်ဖါးစားလို့ရတဲ့ခေတ် ကျန်ခဲ့ပြီမောင်။မင်းသန်းရွှေရှေ့ မှာဦးသန့် ပုံကြိးရင်ထိုးချိတ်ကြိုဆိုကြည့်စမ်းပါ။

    ReplyDelete
  9. အပေါ်ဆုံးကလူ..ဦးသန့် ကိုလေးစားတယ်ပေါ့။ဒါဆိုမင်း-၇၄-ဦးသန့် အရေးအခင်းကြောင့်ထောင်အချခံရသူ.သေဒါဏ်အပေးခံရသူတွေကိုဘယ်လိုဝေဖန်ချင်ပါသလဲ။အလကားနေရင်ထောင်ကျချင်နေသူတွေလား။မင်းကောဘာလို ၀င့်မပါခဲ့တာလဲ။မင်းအဖေတွေဦးသန့် အပေါ်မင်းလိုလေးစားတယ်ဆိုရင်-ရဟန်းရှင်လူကျောင်းသားတွေအသက်ပေးကာကွယ်နေစရာမလိုပါဘူး။ဦးဏှောက်နဲနဲလေးထုတ်သုံးပြိးမှရေးပါ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။