ဝန်ကြီးချုပ်ဦးနုသည် တိုင်းပြည်အုပ်ချုပ်စဉ် တိုင်းပြည်တွင်း လှည့်လည်၍ မိန့်ခွန်းပြောသည့်အခါ အောက်ပါ ဒီမိုကရေစီ သဘောတရား (၇)ချက်ကို အမြဲတိုင်း ထည့်ပြောလေ့ ရှိပါသည်။
၁။..... နိုင်ငံတစ်နိုင်ငံဟာ လူတစုသာပိုင်တဲ့ ပစ္စည်းမဟုတ်ဘူး။ နိုင်ငံသူ နိုင်ငံသားအားလုံး စုပေါင်းပြီးပိုင်တဲ့ အားလုံးပိုင် ပစ္စည်းဖြစ်တယ်။
၂။.... ဒီလိုပိုင်တာကြောင့် နိုင်ငံသူနိုင်ငံသား လူများစုက ကြည်ကြည်ဖြူဖြူ ရွေးကောက်တင်မြောက်ခြင်းကို ခံရတဲ့ ပုဂ္ဂိုလ်သို့မဟုတ် အဖွဲ့ကသာလျှင် ဒီတိုင်းပြည်ကို အုပ်ချုပ်နိုင်ခွင့်ရှိတယ်။
၃။.... အုပ်ချုပ်တဲ့အခါ ထင်သလို အရမ်းမအုပ်ချုပ်ရဘူး။ ပြည်သူလူထုက ကြည်ကြည်ဖြူဖြူ ရွေးကာက်တင် မြောက်ထားတဲ့ အမတ်တွေက ရေးဆွဲပြီး အတည်ပြု ပြဌာန်းထားတဲ့ ဥပဒေအရ တိုက်ဖျက်ပိုင်ခွင့် အစရှိတဲ့ ပြည်သူလူထု တရပ်လုံးရဲ့ မွေးရာပါမူလ အခွင့်အရေးများကို ခိုင်ခိုင်လုံလုံ အာမခံထားတဲ့ ဥပဒေတွေရှိရမယ်။
၎။... ပြည်သူလူထုဟာ ဂုဏ်သိက္ခာ ရှိတဲ့လူတွေလို နေနိုင်အောင် လွတ်လပ်စွာ ဟောပြောခွင့်၊ ကိုးကွယ်ခွင့်၊ စီးပွါးရှာဖွေခွင့်၊ မတရား ဖိနှိပ်ချုပ်ချယ်မှုများကို ဥပဒေအရ တိုက်ဖျက်ပိုင်ခွင့် အစရှိတဲ့ ပြည်သူလူထု တရပ်လုံးရဲ့ မွေးရာပါမူလ အခွင့်အရေးများကို ခိုင်ခိုင်လုံလုံ အာမခံထားတဲ့ ဥပဒေတွေရှိရမယ်။
၅။... အရွယ်ရောက်သူတိုင်း မဲပေးနိုင်ခွင့် ရှိရမယ်။
၆။... ပြည်သူလူထု လူများစုရဲ့ ထောက်ခံမှုကို မရတဲ့ အစိုးရ အဖွဲ့ဟာ အလိုအလျောက် ရာထူးက နှုတ်ထွက် ပေးရမယ်။
၇။... အခုပြောခဲ့တဲ့ အဓိကအချက်တွေကို လက်ခံနိုင်တဲ့ နိုင်ငံရေးသဘောတရားဟာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုတဲ့ လောကပါလတရားတွေကို အခြေခံထားတဲ့ သဘောတရားဖြစ်တယ်။ ဒီသဘောတရားကို ဒီမိုကရေစီလို့ ခေါ်တယ်။ ဒီမိုကရေစီ မရှိတဲ့နိုင်ငံမှာ လူဖြစ်ရတာဟာ ဂွေးသင်းခံထားရတဲ့ နွားဖြစ်တာနဲ့ အတူတူပါပဲ။ မခြားနားပါဘူး။ အဲဒါကြောင့် ဒီမိုကရေစီ ဖျက်ဆီးသူ မှန်သမျှကို ခံချရမယ်။ တိုက်ထုတ်ရမယ်။
ပြည်သူလူထုကြီးခင်ဗျား အခုတက်လာတဲ့ အစိုးရသစ်ဟာ ခုဖေါ်ပြခဲ့တဲ့ အချက်တွေနဲ့ ကိုက်ညီပါသလား။ စဉ်းစားဝေဖန် ဆုံးဖြတ်၍ မညီပါက ဒီမိုကရေစီ ရရှိရေးအတွက် အားလုံး ပူးပေါင်းပါဝင် တိုက်ပွဲဝင်ကြပါ။
မှတ်ချက်။ ။ ၀န်ကြီးချုပ်ဟောင်း ဦးနု ရေးတဲ့ တာတေစနေသားစာအုပ်မှ ကူးယူဖေါ်ပြပါသည်။
ဘုန်းဘုန်း မင်းသုညအား ကျေးဇူးတင်ပါသည်....။
ဦးနုသာ ပြောတဲ့အတိုင်း လုပ်လို့ အောင်မြင်ခဲ့ရင် စစ်တပ်ကို အိမ်စောင့်အစိုးရ လုပ်ဖို့  ထိုးအပ်ခဲ့မှာ မဟုတ်ဘူး။ ၁၉၈၈ တုံးက ဦးနုက ကျွန်တော်သာလျှင် တရားဝန်ဝန်ကြီးချုပ်ပါ ပြောခဲ့တုံးက ဦးနု နောက်က ဘယ်နှစ်ယောက် ရပ်ခဲ့ပါသလဲ။ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပြန်သွားပြီး ကထဲက NLD ဘာဆက်လုပ်ရမှန်း မသိဖြစ်နေတာ လူတိုင်းသိပါတယ်။
ReplyDeleteပြည်သူလူထုကြီး အလွန်မုန်းတဲ့ ငခုတ်ကြီး၊ ငဆော်ကြီးတို့ ရဲ့  အရှင်သခင် ဗကပ တဖြစ်လဲ ဒီမုကရေစီ အယောင်ဆောင်တွေအတွက် ဘယ်တော့မှ ပူးပေါင်းပါဝင် တိုက်ပွဲဝင်လိမ့်မည် မဟုတ်ပါကြောင်း၊ ယုံကြည်ချက်တွေ ကွဲပြားနေပေမဲ့ အမြင်တွေ မတူပေမဲ့ ရွေးကောက်ပွဲ နည်းလမ်းနဲ့သာ တရားဝင် အာဏာကို ရယူဖို့  တရားနည်းလမ်းကျကျ မျှမျှတတ ဦးသိန်းစိန်က ပြောထားပြီးပါကြောင်း။
ReplyDeleteဟောင်လွန်းတဲ့ခွေး လူမလေးတဲ့ သိန်းစိန်ဆို သိန်းစိန်ပေါ့ ဘာဦးသိန်းစိန်လည်း ဒေါက်တာလှိုင်မြင့်တို့ ကိုဒီမိုတို့ေ၇းတာတောင် နည်းသေးတယ်။
ReplyDeleteဦးနုပြောသွားတဲ့ အထဲမှာ နိုင်ငံသူနိုင်ငံသား လူများစုက ကြည်ကြည်ဖြူဖြူ ရွေးကောက်တင်မြောက်ခြင်းကို ခံရတဲ့ ပုဂ္ဂိုလ်သို့မဟုတ် အဖွဲ့ကသာလျှင် ဒီတိုင်းပြည်ကို အုပ်ချုပ် နိုင်ခွင့်ရှိတယ် - တဲ့ ။ စာကြောင်းတိုင်းမှာ ရွေးကောက်ပွဲ နဲ့  ပတ်သက်တာချဉ်းဘဲ။
ReplyDeleteNLD ကို မဲပေးချင်သူတွေ ရှိမှာဘဲ NLD ကရော ရွေးကောက်ပွဲ ၀င်လို့ လား? ပြည်သူလူထုက NLD ကို လုပ်ပေးနိုင်တဲ့ အခွင့်အရေးကို အလေးတစ်ယူ ဂရုစိုက်ရဲ့လား ပြန်စဉ်းစားကြည့်ပါ။
ပြည်သူလူထု လူများစုရဲ့ ထောက်ခံမှုကို NLD တစ်ကယ်ရခဲ့ရင် လူထုကြီး ပါလာတာကြာလှပြီ။ အစိုးရ ဖြစ်ဖို့  နေနေသာသာ တရားဝင်ပါတီ ဖြစ်ဖို့  အရင်ကြိုးစား ကြည့်ပါအုံး။ စေတနာဖြင့်။
ဒီမိုဝေယံမဟုတ် ဒီမိုအဝေဖန်မခံ စီဘောက်ကိုဘန်
ReplyDeleteဦးနု နဲ့ သိန်းစိန်နဲ့ မနှိုင်းနဲ့ဗျာ..ကျနော်မြန်မာနိုင်ငံသားတယောက် ကျနော်တို့ သမ္မတကြီး ပြည်သူလူထုကြားထဲမှာ မိန့်ခွန်းပြောတာလဲတခါမှနားမထောင်ဘူးပါ။သူ့ကိုလဲ အပြင်မှာမမြင်ဖူးပါ..။နောက်ဆုံးဗျာ သမ္မတကြီးရဲ့အသံတောင်မကြားဘူးပါခင်ဗျာ။
ReplyDeleteမြန်မာပြည်မှာ တရားမရှိ မတရားပဲရှိတယ်။ ဝန်ုကီးချုပ်ဦးနှပြောတဲ့ သဘောတရား(၇) ချက်ကိုသိရောသိကြလားလို့တောင်မေးကြည့်ပါရစေအုန်း။
ReplyDeleteကျုပ်ပြောမယ်အင်လ်အယ်လ်ဒိီရွေးကောက်ပွဲဝင်ပါမယ်တဲ့သန်းရွှေကမဖြစ်ဖြစ်အောင်ဖျက်ပစ်မှာကိုသဘောမပေါက်ကြတာလားသန်းရွှေကသူ့ဘာသာအပိုင်လုပ်ထားတာကိုများပေးပြီးကြားကအဖေါက်ခံမယ်ထင်လားအသုံးချသွားမှာနိုင်ငံရေးမှာအင်အယ်လ်ဒီသိက္ခာတောင်အချခံရဦးမယ်လူလိမ်လူကောက်တစက်မှဂုဏ်သိက္ခာမရှိသူတွေကိုယုံကြည်လို့ဗျာရွေးကောက်ပွဲနဲ့အာဏာယူဖို့ပြောတာကြားကောင်းအောင်ပြောတာလူထုကအုံကြွမှုဖြစ်မှာစိုးလို့ကာထားတာနားလည်ကြရဲ့လားဗျာကိုယ်တုံးတာကိုသူများတွေကိုလိုက်စည်းရုံးပေးမနေပါနဲ့
ReplyDeleteအင်လ်အယ်လ်ဒိီရွေးကောက်ပွဲ.နိုင်ခဲ့တာ၁၉၉၀ခုနှစ်ထဲကဘဲ..ယောက်ကျား
ReplyDeleteဂတိမတည်တဲ့မင်းပထွေးသန်းရွှေ.စစ်ဗိုလ်မလုပ်ဘဲနတ်ကစားသင့်တယ်.NLD ကရော ရွေးကောက်ပွဲဝင်လဲ.မင်းပထွေးတွေထပ်ပီး.ခွေးကျင့်ခွေးကြံ.
လုပ်အုံးမှာဘဲ..ငနွားရဲ့