ကျွန်တော်က ပျဉ်းမနားမြို့အရှေ့ဘက် အမှတ်(၃)သကြားစက် ၀န်ထမ်းတစ်ဦးပါ။ ကျွန်တော်ကို အကူအညီလေး တစ်ခုလောက်ပေးပါ..။
ကျွန်တော်တို့ သကြား စက်ဝန်ထမ်းများအား လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်၏ ကြံစိုက်ခင်းဧက ၅၀လောက်နေ့တိုင်း ကြံခင်း ဘောင်လုံး ပေါင်းရှင်း ၊ မြက်နုတ်၊ စိုက်ခင်းအတွက် မြေသြဇာ များ အား ကိုက်၂၀၀ အကွာအဝေးသို့ ထမ်း၍ သယ်ခိုင်းခြင်း စသည်များကို နေ့စဉ်ရက်ဆက် ခိုင်းစေနေပါသည်။ သို့သော် ၀န်ကြီးဖြစ်သူမှာ သူ၏ ကိုယ်ပိုင်စိုက်ခင်းကို ယခုလို ၀န်ထမ်းများကို မတရားခိုင်းစေနေခြင်းကို မသိပါ။
တစ်နေ့က ၀န်ထမ်းတွေ ကြံခင်း လုပ်အားပေးနေခိုက် ၀န်ကြီး ရောက်ရှိလာသောအခါ ၀န်ကြီးမမြင်စေရန် ၀န်ထမ်းများအား ပြေး၍ ပုန်းခိုင်းပါသည်။ ၀န်ထမ်းများသည် စနေ တနင်္ဂနွေ မရှောင် မနက်အစော ညမိုးချုပ် အထိ နေ့စဉ်ရက်ဆက် အလကား ကိုယ့်ထမင်းကိုယ်စား ကိုယ့်ရေဗူး ကိုယ်သောက် အလုပ်လုပ်ပေး နေရပါသည်။
ဤသို့လုပ်နေရခြင်းမှာ ၀န်ကြီးကမသိပါ. ဒု MD မှ ရုံးချုပ်မှ ခိုင်းစေနေပြီး မျက်နှာလုပ်နေခြင်း ဖြစ်ပါသည်။
နောက်ပြီး ကျွန်တော့ အမှတ်(၂) အမှတ်(၃) သကြားစက် ၀န်ထမ်းတွေဟာ ရုံးတက်ချိန် မနက် ၈း၀၀ နာရီမှ ညနေ ၄း၃၀ထိ အလုပ်ဆင်းရပါတယ်။
ဘယ်အစိုးရ၀န်ထမ်းမဆို နက် ၉း၃၀ မှ ၄း၀၀ နာရီ အလုပ်ဆင်းချိန်ဖြစ်ပါသည်။ ကျွန်တော် အဲဒါကိုလည်း ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (International Labor Organization)ကို တိုင်ကြားချင်ပါတယ်.. အားလုံးသိအောင် ဖော်ပြပေး စေလိုပါတယ်....။
ပျဉ်းမနားမြို့အရှေ့ဘက် သကြားစက်ဝန်ထမ်းတစ်ဦး...။

No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။