သူခိုးစည်း ဓါးပြစည်းနှင့် စည်းမဲ့ စစ်ဘီလူး
ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)
တစ်ဦးက ဒီမိုဝေယံ စီဘောက်ပေါ်မှာ ထောင်အကြောင်းတွေ မရေးနဲ့ ခေတ်နောက်ကျနေပြီတဲ့။ ထောင်အကြောင်းနဲ့ နိုင်ငံရေး အငြင်းအခုန်ဖြစ်နေရတဲ့ နိုင်ငံရေးအကျဉ်းသား ရှိ / မရှိ ကိစ္စ ကိုသူ သဘောမပေါက်တာလို့ နားလည်လိုက်ပါတယ်။ နိုင်ငံရေး အကျဉ်းသား မရှိလို့ အစိုးရက တချိန်လုံး လိမ်နေတာကို အရင်ရပ်ပေးရင် ဒါက ရေးနေစရာမလိုတဲ့ ကိစ္စပါ။ မရှိဘူး ငြင်းနေသမျှ ခေတ်နောက်ကျတယ် လုပ်မနေနဲ့ ကိုယ့်လူ။ နိုငံရေးအကျဉ်းသား ၀ိသေသများ အရင်က တင်ထားတာရှိရင် ဖတ်တောင်ဖတ်ချင်ပါတယ်ဗျာ။ ကျနော်က ရေးရတာ ခေါင်းထဲက စဉ်းစားထုတ်ရေးရတာ အလုပ်တဖက်နဲ့ဆိုတော့ ကျန်ခဲ့တာ ကိုယ်တိုင် သတိမထားမိ မသိတာတွေ အများကြီးကျန်နေလို့ပါ။ အခုအဲဒီဝိသေသ တင်ပြိး ရက်အတော်ကြာမှ နိုင်ငံရေး အကျဉ်းသားတွေကို တမင်တကာ ဒုက္ခရောက်အောင် မိသားစုနဲ့ဝေးရာ နယ်ထောင်တွေပို့ ထားတဲ့ အင်မတန် အရေးကြိးတဲ့ အချက် ကျနော်မေ့ခဲ့တယ်။
ဒီကိစ္စက မီဒီယာတွေမှာ အော်ချက်ထုတ်နေရတဲ့ကိစ္စ။ နောက်တခုက ပြင်ပကို ထွက်ဆေးကုသခွင့်ကိစ္စ။ အများကြီးနဲ့ တကယ့်အရေးကြီးတာကျန်ခဲ့တာပါ။ အဲဒီလူ သိပြီးသား ခေတ်နောက်ကျနေတယ် ပြောရင် ကျနော်ကို ညွှန်ပြပါဦး။ ကျနော်ရေးတာ မပြည့်စုံလို့ပါ။ ခိုးဆိုးတွေကို ဆရာဝန်က အပြင်ထုတ်ကုဖို့ လိုတယ်လို့ မှတ်ချက်ပေးလိုက်ရင် လွယ်လွယ်လေး။ နိုင်ငံရေး အကျဉ်းသားကျတော့ နယ်ထောက်ကနေ ရန်ကုန် ထောက်လှမ်ရေးအထိ အကြောင်းကြားရတာ။ ရှင်းနေတယ်။ နိုင်ငံရေးသမားကို ထောက်လှမ်းရေးက ကိုင်ထားတာ။ လွယ်လွယ်နဲ့ မရဘူး။ ထောင်ပိုင်တွေကလဲ နိုင်ငံရေးသမားထုတ်ရမှာ သိပ်ဝန်လေးတယ်။
အခုထောင်အကြောင်း သက်သက်ပါ။ ထောင်ကိုအခြေခံ ရေးရတဲ့ကိစ္စပါ။ ထောင်ထဲမှာဆုံခဲ့တဲ့ သူခိုးအကြောင်းပါ။ မကြိုက်ရင်မဖတ်ပါနဲ့။ ကြိုက်သူတွေလည်း ရှိကြမပေါ့။ ရေးရတာကလဲ သူခိုးကြီးတယောက် အကြောင်းပါ။ မန္တလေးထောင်မှာ မန္တလေးမှာ အင်မတန်မှ နာမည်ကြိးတဲ့ ရမ်ဘို@ တရုတ်ကြီး@သူခိုးကြီး အကြောင်းပါ။ သူခိုးဆိုမှတော့ ဘယ်သူခိုးမှ လူကောင်းမဟုတ်ဘူး။ ဒါပေမဲ့ သူကတော့ သူခိုးထဲက သူခိုးအကောင်းလို့ ပြောလို့ရတဲ့သူ။ သူ့မှာ သူကိုကိုးကွယ်တဲ့ တပည့်တွေကလဲ မနည်းဘူး။ သတ္တိကတော့ ခင်ဗျားတို့ ကျနော်တို့ စံပြုယူရလောက်အောင် သစ္စာရှိသူ သတ္တိပြောင်မြောက်သူပါ။ ချလည်း ချရဲတယ်။ ခံစရာရှိလဲ အသက်သာ အသေခံမယ် သူ့ ဆီက တစွန်းတစ မှ မထွက်စေရဘူး။ ဘာတစမှ မထွက်စေရဘူး။ အရေးကြီးတာကော မကြီးတာကော။ သေသာသွားမယ်။ SORRY ဘဲ။
သူခိုးတွေ အကြောင်းမပြောခင် သူခိုးစည်း / ဓါးပြစည်း ရှိတာလေး သူပြောပြ သလောက်လေးပေါ့။ သူကလည်း သူတို့ကောင်းကြောင်း အသံလွှင့်တာလည်း တစ်ပိုင်း ကိုယ်ကလည်း မသိတာလည်းပါပါတယ်။ သူပြောပြတော့ အော်ဟုတ်နိုင်သားဘဲ တွေးတောကြည့်မိတယ်။ ဖြစ်နိုင်ခြေ ရှိ / မရှိတော့ ကိုယ်ပိုင်သာ သုံးသပ်ကြပါ။ အဆိုရှိတာက သူခိုးကြီတော့ ဓါးပြ/ ဓါးပြကြီးတော့ စစ်ဘီလူးပေါ့။ သူခိုးက ခိုးနိုင်လှ ဓါးပြ အိပ်နေသလောက်ပေါ့။ တခါဓါးပြကလည်း တိုက်နိုင်လှ စစ်ဗိုလ်ချုပ်တွေ သတိမေ့နေ သလောက်ဘဲရှိပါမယ်။ အိပ်နေတာထက် သတိလစ်နေတာထက် ပိုတယ်နော်။
ကျနော်တို့ ဆေးကျောင်းတုန်းက အ၀တ်တွေလာခိုးတဲ့ သူခိုးတွေကို တခါတရံမိတယ်။ သူခိုးတွေကို ကျောင်းသားတွေက ၀ိုင်းသမကြတာ မပြီး။ ကျနော်က မကြည့်ရက်ဘူး။ သေလုနီးပါးဖြစ်နေတာကို ချနေကြတုန်း။ ကျနော်မကြည့်ရက်တော့ ၀င်တားရာကနေ ထိုးမယ် ကြိတ်မယ်တွေ ဖြစ်ကုန်ကြတယ်။ ကျနော်က လူကိုချတာ မလွှဲနိုင် မရှောင်နိုင်လို့ချတာ။ ဒီလို အရှုံးပေးထားသူ မှောက်နေသူကို မလုပ်ရက်ဘူး။ အဲဒါယောင်္ကျား မဟုတ်သူတို့ သတ္တိ။ နောက်မိန်းမကို ရိုက်တာလဲ ယောက်ျားမဟုတ်သူတို့  သတ္တိ။ သန်းရွှေနဲ့ ကြံ့ဖွတ်တွေက မိန်းမတွေကိုတောင် မှောင်ရိပ်ခို လူဆယ်ဆလောက်နဲ့မှ ဆေးတွေကျွေး အရက်တိုက်ပြီးမှ ရိုက်ရဲသူတွေနော်။ ရွံတယ် ထွီး။ ယောကျာ်းဖြစ်ပေမဲ့ လဥမှာ အဆံချောင်နေတဲ့ အကောင်တွေ။
ဒီ ရမ်ဘိုကြိးက တော်ရုံတန်ရုံရဲတွေ သူ့ကိုတွေ့ရင် ရှောင်ကြတယ်။ သူ့ကိုလာဖမ်းတယ်ထင်ပြိး မထင် ကောက်ရိုက်ပြီး ထွက်ပြေးတတ်လို့။ တကယ်ကို ကြောက်ကြတာ။ သူတင်ပါးမှာ ပစ်စတိုကျည်ဆံ -၂ -ခု ကျောမှာတခု။ ပေါင်မှန်ထားတာတွေ ထုတ်ပြီးပြီ။ တခါက သူ့ကို စစ်ကိုင်းတံတားကို ပိတ်ပြီးဖမ်းဖို့။ တံတားပေါ်ကနေ ရေထဲခုန်ချ ကူးပြေးတယ်။ စစ်ကိုင်းဖက်ကမ်းမှာ လူတွေက အုံနေတော့ ခန အနားယူတယ်။ ပြီးလူတွေထဲ တိုးဝင်ပြေးပြိး ဓါးကိုင်ထားသူကိုထိုးကြိတ် ဓါးလုလိုက်တာ လူတွေအားလုံး ပြေးကြတော့တယ်။ စက်ဘီးလုပြီး ပြေးတယ်။ လွှတ်သွားတယ်။ နောက် ညဘက် ငှက်နဲ့ ကူးတယ်။
နောက်သူနေတဲ့ နေရာသိတော့ ရဲသား စစ်သား ၅၀-လောက်နဲ့ ၀ိုင်းတယ်။ သူက တခြား တိုက်ခေါင်မိုးပေါ်က ပြေးဖို့ တိုက်ခေါင်မိုးတိုင်းမှာ သေနတ်တွေ အပြည့် အဖမ်းခံလိုက်တယ်။ တရားရုံးထုတ်တော့ ရဲတွေကိုရိုက် ထွက်ပြေးပြန်တယ်။ သူချိန်းထားတဲ့စက်ဘီးက လွှဲသွားတော့ ပြေးတာ မလွှတ်ဘဲ တိုက်ခေါင်မိုးပေါ်ကနေ ပြန်မိပြန်တယ်။ လူက -၆-ပေ နဲ့၃-လက်မမြင့်တယ်။ လက်မောင်းက တောင့်ထားရင်- ၁၉-လက်မရှိတယ်။ သူ့ကိုဖမ်းမိတော့ သူခိုးထားတဲ့ ကျောက်စိမ်းတုံးကို အဓိက စစ်တာ။ ခိုးတာက အာရှဓနဘဏ် ဒု-ဥက္ကဌအိမ် မီးခံသေတ္တာထဲက ကျောက်စိမ်းတုံး မသွားတဲ့ကိစ္စကို အသေရိုက်စစ်။ နောက်ဆုံး ဘယ်သူ့ကို ရောင်းတယ် ပြောရင် သူ့မိန်းမကို- ၁၅-သိန်းပေးပါမယ် အမျိုးမျိုး ညှိတယ်။ မပြောဘူး။ ရဲတွေကလဲ အဲဒါဖေါ်ပေးရင် ဆုကြေးရမှာဆိုတော့ သေလုမတတ် ရိုက်တယ်။ သူက ပြောလိုက်တယ်။ ရဲမှုးက-အောင်နိုင်သူ။ ခင်ဗျားဗျာ ရဲအရာရှိလုပ်ပြီး ဒီလောက် မငတ်စမ်းပါနဲ့ ခင်ဗျားစစ်တာ လက်လွန်လို့ ကျနော်သာ သေသွားမယ်။ ဒီမယ် ယောကျာင်္းဗျ မပြောဘူး ဆိုရင် မပြောဘူး အသက်သေသွားပါစေတဲ့။ ခင်ဗျားဘဲ အမှုရှုပ်မယ်ပေါ့။
မဖေါ်ဘူး။ သူဆီက ၀ယ်ထားသူအပေါ် သစ္စာထားတာပါ။ နောက်သူ့ကို ထောင်ထဲမှဘဲ အမှုကို စစ်ရတော့တယ်။ တရားသူကြီးတွေ ထောင်ထဲလာစစ်ရတယ်။ ထောင်ချလိုက်တယ်။ ၁၉၉၈- ဧပြီလ- ၈-ရက်နေ့မှာ (နောက်တနေ့က အစ်နေ့) သူထောင်ဖေါက် ထွက်ပြေးဖို့ လုပ်တယ်။ ကံဆိုးချင်တော့ ၅ / ည- ဆေးရုံဆောင်က အရေးပေါ်ခေါ်တော့ ၀န်ထမ်းတွေက သူ့ကိုတွေ့သွားလို့ ပြန်မိတယ်။ ရိုက်စစ်တာပေါ့။ သံတံခါးဖြတ်တဲ့ ဒိုင်းလွှ ဘယ်သူ သွင်းပေးလည်း ဆိုတာရယ် နောက်တပိုင်း ကျန်နေတာကို အပ်ဖို့ပေါ့။ အသေထိုးကြိတ်ကြတာပေါ့။ ညတိုင်း သူ့ကို သံတံခါးတိုင်မှာ လက်ထိပ်ခတ် အိပ်မရအောင် ထိုင်နေတဲ့ ပုံစံမှာ တုတ်ထားတာ။ ပြီးရေမတိုက် အစာမကျွေးပေါ့။ ငါးရက်လောက်ရတော့ သူဖျားပြီး မျှော့နေပြီ။ လက်ထိပ်ခတ်တဲ့ နေရာမှာ အနာဖြစ်ပြီး ယောင်ကိုင်းနေပြီ။ အဲဒီတော့ ကျနော်က ခေါပုတ်ခိုးသွင်း ခြေပြီး ၀န်ထမ်းကို ပေးကမ်းပြီး သူ ပါးစပ်ထဲ ခွံကျွေးခိုင်းရတယ်။ ရေခိုးတိုက်ပေါ့။
ကျန် လူတွေက သူ့ကိုဒေါကန်နေကြတယ်။ ထောင်ဖေါက်မှုဖြစ်ရင် ထောင်က အရမ်းကို ကြပ်သွားတယ်။ ကျနော်ကတော့ သနားတယ်။ ကျနော်လည်း ထမင်းမစားရဘဲ နေခဲ့ရဘူးတာ။ ထမင်းက မဆာဘူး။ လူက ချည့်နေတာ။ နောက်သူ ၀န်မခံတာကို လေးစားတာလည်း ပါတာပေါ့။ ကျနော်ခိုးကျွေးတာ သူများတွေကို အသိမပေးရဲဘူး။ ပြစ်ဒါဏ် အပေးခံရနိုင်တယ်။ ၀န်ထမ်းလည်း ထောင်ကျသွားနိုင်တယ်။ နောက်ထောင်က လက်လျှော့ရတယ်။ ဘာမှသူ့ ဆီက စစ်မရဘူး။ နောက်တော့ကျနော် သူကိုထားတဲ့ တိုက်ကိုပြောင်းရတယ်။ နောက်ပိုင်း သူ့အခန်း ဘေးကပ်နေရတယ်။ သူကသိပ်ကျေးဇူးတင်တာ။ သူကကြိုးစားတယ်။ ကျနော်ဆီက အင်္ဂလိပ်စာကို ခိုးသင်တယ်။ သူကကျောင်းမနေရဖူးဘူး။ ငယ်ငယ် ပထွေးဒါဏ် မခံနိုင်လို့ အိမ်ကပြေးတယ်။ သူခိုးတွေ လက်ထဲရောက်ပြီး ခိုးတတ်သွားတာ။
သူပြောပြတော့ သူတို့ခိုးပုံ ခိုးနည်းတွေ တော်တော် စုံတယ်။ အဲဒီ့မှာ တရက်သူက လာလာချည်သေး။ ဆရာ သူများတွေကိုတော့ ကျနော်မပြောချင်ပါဘူး။ ဆရာကို အကိုလိုခင် အားလည်း အားကိုးရလို့ အထူးပန်ကြားတာပါတဲ့။ ဘာလဲမေးတော့ ဆရာတို့လူတွေက ဒီစစ်ဗိုလ်တွေကို သူခိုးသူခိုးလို့ ပြောတော့ ကျနော်တို့ သူခိုးတွေ သိပ်သိက္ခာကျတယ်တဲ့။ လူကို ဟိုက်ကနဲပေါ့။ ဘာကိုဆိုလိုတာ ပါလိမ့်ပေါ့။ ကျနော်တို့က မရှိလို့ခိုးရတာ။ အချိန်တိုင်း အချိန်တိုင်း ခိုးနေတာမဟုတ်ဘူး။ တကြိမ် အပိုင်ခိုးပြီးရင် မခိုးဘဲနေတာပါ။ အဆိုးဆုံးက ကျနော်တို့က စည်းရှိတယ်။ သူခိုးစည်းတဲ့။
သူခိုးစည်းပေါ့။ သူပြောပြသမျှပေါ့။ ကိုယ်ထက် နိမ့်တဲ့သူဆီက မခိုးရဘူး။ ခိုးမိရင်တောင် တနည်းနည်း ပြန်ပို့ရတာတဲ့။ မဟုတ်ရင် ကံနိမ့်ပြီး အဖမ်းခံရတတ်တယ်တဲ့။ ဖြစ်နိုင်ရင် ခိုးလာတဲ့ အထဲကတော့ ကံဆိုးတွေ ပြေပါစေဆိုပြီး ဆင်းရဲသားတွေကို လှုသေးတယ်တဲ့။ ပြီးအချိန်ရှိတိုင်း ခိုးဖို့တွေးမနေရဘူးတဲ့။ သူခိုးချင်းလည်း မခိုးခင်က သူ့အလုပ်ကိုယ့်အလုပ် ဝေခွဲ ပြီးရလာတာကို မလိမ်မ၀ှက် ဝေစုခွဲရတာတဲ့။ လိမ်ရင်အဲဒါ တနည်းတနည်း အဖမ်းခံရကောတဲ့။ သူတို့က သူခိုး အဆင့်အတန်းအလိုက် အရိုအသေ ပေးရတယ်တဲ့။ ဘယ်သူက ဘယ်အရာရှိ ဘယ်သူဌေးအိမ် မ ဘူးတယ်ပေါ့ ။
သူပြောတာက ဆရာတို့က ဒီစစ်ဗိုလ်ချုပ်တွေကို သူခိုးသူခိုးပြောတော့ ဒီလူတွေက ကျနော်တို့ အထူးရှောင်တဲ့ ကိုယ့်ထက်နိမ့်သူဆီက ခိုးယူရုံမကဘူး အကြပ်ကိုင် ယူရုံတင်မကဘူး လူလစ်ရင် လည်မျိုတောင် ညှစ်တဲ့ အင်မတန် အောက်တန်းကျတဲ့သူတွေပါတဲ့။ ကျနော်တို့ခိုးလို့ တအိမ်အိမ် မွဲသွားရင် ကျနော်တို့မှာ အပြစ်ရှိတယ်။ သူတို့က ဒုက္ခရောက်နေသူကိုပါ ထပ်ပြီးလည်ပင်းညှစ်တဲ့ လူအောက်တန်းစားတွေတဲ့။ ကျနော်တို့က စားဖို့ခိုးတာ။ သူတို့က ငတ်နေသူဆီက ကိုလုပြီး စိန်ဝယ် ကားဝယ်ဖို့တဲ့။ သူပြောတာတွေ ကွက်တိကို ဟုတ်နေတာဘဲ။
သြော်စစ်ဗိုလ်တွေ ရှက်တတ်ရင် လူစိတ်မရှိရင်တောင် သူခိုးကြီး စိတ်လောက်ရှိရင် ဘယ်လောက် ကောင်းမလည်းပေါ့။ ဒါနဲ့တခါမှာ စစ်ကိုင်းက ဦးကြည်အောင်ကို ပြောပြတော့ အေးကွာမင်းနဲ့ စောစောကသိရ မင်းစိတ်ဓါတ်သိရင် မင်းကို ၀န်ကြီးချုပ်ခန့်ရင် သန်းရွှေ ထက် အများကြီး တိုင်းပြည်ကောင်းမှာ အသေအချာဘဲပေါ့။ သြော်စဉ်းစားကြည့်တယ်။ ဟုတ်တုတ်တုတ်။ သန်းရွှေဟာ သူခိုးကြီးတွေထက် ပိုခိုးတယ်။ ခိုးတာက ကြိုင်ကြိုင်အတွက် စိန်အကြီးကြီးတွေ ၀ယ်ပေးဖို့ စားဖို့ သက်သက်မဟုတ်ဘူး။ ၀တ်ဖို့မဟုတ်ဘူး။ ပြီးငတ်နေသူ ဒီထက်လုယူရင် သေတော့မယ့် လူတွေ ပါးစပ်ပေါက်ကလည်း ခိုးတာဘဲကိုး။ သူ့မြေး မျောက်ရှုံး စိတ်ထင်တိုင်းရမ်းဖို့ အကုသိုလ်တွေလုပ်ဖို့။ သူခိုးကြီးသာဆို သူလိုလုပ်ရက်မှာ မဟုတ်ဘူး။
သူက သူသိသမျှ ဓါးပြစည်းလဲ ပြောပြပါသေးတယ်။ ဓါးပြအစစ်က ဖြစ်နိုင်ရင်လူကို မရိုက်ရဘူးတဲ့။ မလွှဲသာမှ ရိုက်ရတာ။ အစစ်က ခြောက်နည်း တော်သူတဲ့။ ကိုယ့်တပည့်ကို ပြန်ရိုက်ပြ ဒေါသတွေ ထွက်ပြလိုက်ရင် တဖက်က အလိုလို စိမ့်ကြောက် ထွက်လာအောင် လုပ်ရတာတဲ့။ ပြီးမိန်းခလေးတွေ မထိတောင် မထိရဘူးပေါ့။ ပြစ်မှားတာ ဓါးပြစည်းဖေါက်တာတဲ့။ အခုစစ်ဗိုလ်တွေက အဖွားကြိးတောင် မချန် မုဒိန်းကျင့်ကြတာပေါ့။ ဓါးပြက ပစ္စည်းယူဖို့ လာတာ။ လူကိုစော်ကားဖို့ မဟုတ်ဘူး။ ပြီးဝေစုခွဲပေါ့ အစုံပါ။ ကြာတော့ နည်းနည်း မေ့ကုန်ပြီ။ မကောင်းမှုတွေ မလိုက်စားရဘူးပေါ့။ သူတို့ဓါးပြတွေထဲမှာ အရင်က ဓါးပြကြီးတွေ တချို့ဆို အခုမန္တလေးမှာ မြို့မိ မြို့ဖတွေတောင်ဖြစ်နေတာ ရှိတယ်တဲ့...။ မသိဘူး သူအပြောဘဲ။ အဲဒါဓါးပြစည်းကို ထိန်းလို့တဲ့။
အခုသန်းရွှေကတော့ ပြည်သူတွေဆီက နည်းမျိုးစုံ သုံးခိုးတယ်။ သူ့တပည့်တွေထဲကလဲ မခိုးခိုးအောင် အပူဇော် အပသတာတွေ လုပ်စေတော့ တပည့်တွေက နေရာကောင်းရဖို့  ပူဇော်ပသဖို့  ခိုးရရော။ တခါခိုး တိုက်ရာကနေ နောက် လက်ယဉ်သွားတယ်ပေါ့။ များများခိုးနိုင်သူတွေကို ရာထူးတိုးပေးကော။ နောက်ဆုံး န.၀.တ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး) အဖွဲ့ ဝင်- ၂၁- ယောက်ထဲက ၁၈-ယောက်ကို အကြီးအကျယ်ခိုးမှုနဲ့ သူကိုယ်တိုင် ဖြုတ်တယ်။ ထောင်ချတယ်။ ပြိး -နှစ်ပတ်လောက်နေတော့ သူခိုးချင်း ပြန်ကြည့်ပြီး လွှတ်လိုက်တယ်။ အဲဒီတော့ န.၀.တ အဖွဲ့မှာ သူခိုး- ၈၅-% လို့ သန်းရွှေကိုယ်တိုင် အလုပ်နဲ့ သက်သေ ထုတ်ပြလိုက်ပါတယ်။ လက်အောက် ညွှန်ချုပ်တွေ ညွှန်မှုးတွေ တဖွဲ့ ကြီး။ တင်ဦးကလည်း သေသွားလို့ မဟုတ်ရင် သူ့လည်း အရေးယူ ရတော့မှာ သူက တကယ့်အငတ်။ သူ့ပါဖမ်းလိုက်ရင် န.၀.တ ၉၀-%က သူခိုကြီးတွေ။ ပြီးသူနဲ့ မောင်အေး နှစ်ယောက်စလုံးက (W.W.W) WEALTH WITHOUT WORK အိန္ဒိယ သမ္မတကြီး လက်ဆောင်ပေးလိုက်တဲ့ လူမှုပြစ်ချက်-၇-ပါး ထဲက ဒုတိယ ထိပ်ဆုံးက အဆိုလေး။
နောက် န.အ.ဖ အဖွဲ့ထဲကလည်း တယောက်ပြီး တယောက်ကော အသုတ်လိုက်ကော ခိုးမှုနဲ့ဘဲ အရေးယူတာပါ။ န.အ.ဖ / န.၀.တ အားလုံး သူခိုးတွေချည်းပါဘဲ။ ဒါပေမယ့် သူတို့ကို သူခိုးကြီးက သူခိုးလို့ ခေါ်ပါနဲ့တဲ့။ ဘယ်လိုခေါ်ရင် ကောင်းမလဲ။ အကြံပေးကြပါဦး။ သူခိုးတွေထက် စိတ်ဓါတ် နိမ့်နေတဲ့သူတွေပါ။ သူခိုးဆိုတာနဲ့ မတန်ဘူးတဲ့။ အခုသန်းရွှေက ဗိုလ်ချုပ်ဟောင်း သူထက် စီနီယာကြီး သူတွေကို ခေါ်တွေ့ပြီး သူမိသားစုကို ထောင်ချ ကြိုးစဉ်တင်မှာကိုပူပန်တယ်တဲ့။ ဒါတော့ ပါးစပ်ဖျားလေး အောက်မေးလေးလှုပ် ဟန်ပြ လေပြေထိုးတာပါ။ သူတကယ် သူ့မြေးတွေအတွက် ပူပန်ရိုးမှန်ရင် အချိန်ရှိပါသေးတယ်။ အချိန် မနှောင်းသေးပါဘူ။ သူမှားခဲ့တာတွေ ၀န်ချတောင်းပန်၊ ခိုးထားတာတွေ ပြန်အပ်၊ နာဂစ်ဥပဒေကြိးကို ဖျက်သိမ်းပြီး ညီလာခံအစစ် ခေါ်တာလေး လုပ်ပေးလိုက်ရင် သူ့မြေးတွေကို ဘယ်သူမှ သတ်ဖို့ မကြံစေရပါဘူး။
အိန္ဒိယမှာ ဘာသာရေးအရ ဟာနုမန်ကို ဘုရားလောင်းလို့ ကိုးကွယ်ကြတော့ မျောက်တွေကို ဘေးမဲ့ပေးထားကြတာ။ ဘုရားကျောင်းတွေ တိုးရစ်စခန်းတွေမှာ မျောက်တွေကို မနိုင်ကြတော့ဘူး။ အဲဒီတော့ မျောက်ဖမ်းသူတွေကို ငှားရတယ်။ ပြီးတောထဲ အဝေးကြီးကို ပို့ ရတယ်။ မျောက်ဖမ်းသူက ဖင်ကို အသေစုတ်ထားတဲ့ ဖလ်အိုး(အ၀ကျဉ်းကျဉ်း) ထဲကို ထန်းလျှက်လုံး ခပ်ကြီးကြီး တွေထည့်ထားရတယ်။ မျောက်အငယ်တွေက ထန်းလျှက် ၀င်နိုက်ရင် လက်က ပြန်ထုတ်မရချိန် ဖမ်းသူက လာဖမ်းတယ်။ အဲဒါကို ထန်းလျှက်ကို မလွှတ်တော့ လက်ကို လိမ်ဖြုတ်ယူရတယ်။ မျောက်အိုကြီးတွေ ကတော့ ပါးတယ်။ ထန်းလျှက်ကို လွှတ်ပြီးပြေးတယ်။ မျောက်ဖမ်းသူက အိုးနားကို မျောက်အိုကြီးတွေ မကပ်အောင်လည်း ခြောက်ရတယ်။
ဗိုလ်သန်းရွှေလဲ မျောက်အို တိရိစ္ဆာန် လောက်တောင် မစဉ်းစားတတ်ရင်တော့ သူ့ မြေးတွေအတွက် ပူတယ်ဆိုတာ သနားတယ်ပဲ ပြောချင်ပါတယ်။ အဓိပ္ပါယ်မဲ့သော အနှစ်မပါသော သောက အပူလို့ပဲ ပြောချင်ပါတယ်။ လက်က ထန်းလျှက်ခဲကို မလွှတ်ဘဲနဲ့တော့ ပူပန်မနေပါနဲ့။ တစ်ရက် မဟုတ်တရက် လည်ပင်းသာ ပြင်ထားကြလို့ မသေခင်မှာခဲ့ပါ။ စဉ်းစားလေ ခိုးထားတာတွေက စည်းဇိမ်ခံစားဖို့လေ။ လူကသေသွားရင် ဘယ်လိုလုပ် စည်းဇိမ်ခံကြတော့မှာလည်း။ ထန်းလျှက်ခဲကို လွှတ်လိုက်ရင် ကျနော်တို့ တတွေက ခင်ဗျားလို လူစိတ်ကင်းမဲ့သူ မဟုတ်ဘူး ဗုဒ္ဓဘာသာကို လေးလေးနက်နက် သက်ဝင်ယုံကြည်သူတွေဆိုတာလည်း ထဲ့စဉ်းစားပါအုံး။ ခင်ဗျားတို့လို ဘုန်းကြီးသတ်တဲ့ ဗုဒ္ဓဘာသာအမည်ခံ တွေ မဟုတ်ဘူးဆိုတာလဲ မြင်ထားပါ။ ခင်ဗျားက ၀န်ချတောင်းပန်ရင် မသတ်စေရအောင် ကျနော်နဲ့ လူအတော်များများကတော့ ကြားကကြိုးစားပေးမယ်။ ရနိုင်မယ် မရနိုင်ဘူး မပြောတတ်ပါ။ ၀န်ချ မတောင်းပန်ပဲ ကြားက ကျနော်တို့လို လူတွေက ဘယ်လိုလုပ် ကြားက ၀င်ပန်ကြားနိုင်မှာလဲ။ ခင်ဗျားက တိုင်းပြည်အုပ်ချုပ်ခဲ့သူ ကျနော်တို့ထက်သာသူ။ အခုလို ဆရာလုပ်ရတာကို သိပ်မသင့်တော်လှပါဘူး။ ပညာရှိသတိဖြစ်ခဲပဲ ယူဆလိုက်ပါ။ အချုပ်ဗျာ ခင်ဗျားမြေးတွေရဲ့ အသက်က ခင်ဗျား ရဲ့ အမြင်ပေါ်မှာဘဲ တည်နေပါပြီ။ အသက် ရှစ်ဆယ်ပြည့်ပြီ မျောက်အိုလောက်တောင် အသိဥာဏ်မရှိရင် ခံပေတော့။ ပူတယ်ပြောမနေနဲ့ အပိုတွေ။
ကဲဗျာ ကျနော် အရွှတ်အနောက် ဖေါက်နေတာ မဟုတ်ပါဘူး။ တခြားသူခိုးတွေ သိတာရှိရင် မေးကြပါဦး။ စစ်ဗိုလ်တွေကို သူခိုးခေါ်တာ သူခိုးတွေ သိက္ခာကျတယ်ဆိုတာကို။
အားလုံးကို လေးစားလျှက်
လှိုင်မြင့်



ဆရာတော်ဦးသုမင်္ဂလ(ဒယ်အိုးဆရာတော်) က ပြောပါတယ်။ တစ်နိုင်ငံလုံးသူခိုးတွေဖြစ်တော့မယ်လို့။
ReplyDeleteိခွေးသူခီုးလို့ ဘဲခေါ်သင့်ပါတယ်။
ReplyDeleteပညာရှင်တစ်ယောက်ရဲ့အရေးအသားလို့ကို ထင်စရာမရှိပါလားဗျာ။ ဆရာကြီး ဒေါက်တာသန်းထွန်းကို အားကျတယ်နဲ့တူတယ်။ အကွာကြီးပါဗျာ။ ကိုယ့်အသက်အရွယ်ကို အားနာပါဦး။
ReplyDeleteမင်းတို့ကတော့ ဒါမျိုးဘဲ ပြောတတ်တယ်၊ မင်း မကျေနပ်ယင် သူ့လိုဘဲ အချက်ကျကျ ပြန်ပြောလေ၊ ကိုယ်ဟာ ကိုယ်လဲ မပြောတတ်၊ လူများကိုပုတ်ခတ်ဖို့ဘဲ တတ်တယ်။ မင်းတို့ စစ်သားတွေ အထင်ကြီး စရာကို မရှိတာ။
ReplyDeleteဆရာရေ Bravo.... ဆက် Do ပါ အားပေးလျှက်
ReplyDeleteခင်ဗျားတို့ကိုမထောက်ခံတိုင်း စစ်သားဖြစ်ရောတဲ့လား။ စိတ်ပျက်ပါတယ်။ အဲဒါတွေကြောင့်လည်း ဦးသန်းရွှေလေချွန်မပျက်တာ။
ReplyDeleteဒီဠဒတွေ ခိုးတာက ဘယ်အထိ ထိခိုက်လဲ ဆိုတော့ တိုင်းပြည် မွဲရုံတင် မဟုတ်ဘူး လူမျိုးပါ တုးံတော့မယ် ထင်တယ် ရောက်လေရာ နိုင်ငံတိုင်းမယ် မြန်မာ လူမျိုးတွေက ရောက်တဲ့ နိုင်ငံတိုင်းက လူမျိုးတိုင်းက အထင်သေး အမြင်သေးတဲ့ မျက်လုးံတွေ နဲ့ကြည့်ကြသလို အထင်သေး အမြင်သေး တဲ့ စိတ်ဓာတ်တွေနဲ့ ဘဲ ဆက်ဆံကြတယ် အဲဒါ ဘာကြောင့်လဲ ဆိုတော့ ဒီဠဒ သူခိုးတွေကြောင့်ပါဘဲ.. အဲဒိတော့ မြန်မာလူမျိုးတွေကလည်း ရောက်လေရာနိုင်ငံတိုင်းမယ် were you from..? မြန်မာလို့ ဖြေရမှာတောင် ကြောက်နေကြပြီး ဗျာ...
ReplyDeleteစက်တင်ဘာဦးနေမိန္ဒ (အောင်ပွဲမရသေးခင် အပြစ်ပြောတာ မဆန်းပါဘူး)
မြန်မာလူမျိုး မြန်မာလို့ ရဲရဲတင်းတင်းနဲ့ ဂုဏ်ယူစွာနဲ့ ကျုပ်တို့ကတော့ အမြဲဖြေတယ်ဗျာ။မြန်မာကလို့ မဖြေလို့ ကပ်ပလီတိုင်းပြည်ကလို့ ဖြေလို့ရမလား။
ReplyDeleteမောင်လှိုင်မြင့်လည်း အသက်သာကြီးတာ အတွေးခေါ်ကတော့ နိမ့်ကျနေတုန်းပဲဗျို့။ဘလော့လူစည်အောင်လောက်နဲ့ အတင်းတုတ်တဲ့စကားလုံးတွေ ကိုယ့်ရဲ့အဆင့်တန်းကို မနှိမ့်ချချင်ပါနဲ့ဗျာ။
နိုင်ငံအတွက်စကားပြော လုပ်နေရမှာသည် အနာဂတ်နဲ့ ပစ္စုပန်အတွက်ပဲဖြစ်တယ်။အတိတ်က အရာတွေမဟုတ်ဘူး။ဦးသန်းရွှေ ခိုးသည်ဖြစ်စေ မခိုးသည်ဖြစ်စေ အတိတ်ကအရာတွေဖြစ်လို့ စိတ်မ၀င်စားပါ။လက်ရှိ အစိုးရသစ်ရဲ့လုပ်ဆောင်ချက်တွေနဲ့ အနာဂတ်အတွက် တိုင်းပြည်တွက် လျှောက်လှမ်းမယ့် လမ်းစဉ်တွေအတွက်ပဲ ပြောပါဆွေးနွေးပါ။
ဦးသန်းရွှေမိသားစုကို အချိန်တိုင်း မိန်းမကြီးလို အတင်းတုတ်နေတာ သိပ်ရယ်စရာကောင်းတယ်။
(ခင်ဗျားတို့ကိုမထောက်ခံတိုင်း စစ်သားဖြစ်ရောတဲ့လား။ စိတ်ပျက်ပါတယ်။ အဲဒါတွေကြောင့်လည်း ဦးသန်းရွှေလေချွန်မပျက်တာ။) ... ပြောတဲ့လူဟာ
ReplyDeleteစစ်သားမဟုတ်ဘူးဆိုရင်တော့ ကြံ့ဖွတ်ပေါ့
ကြံ့ဖွတ်တွေက စစ်သားတွေထက် ဆိုးတာ....
ခိုးရုံတင်ဘဲမဟုတ်ဘူး.ဘုန်ုးကီးသတ်.လူသတ်..သူခိုးဓမြအစိုးရ.ကောင်င်္တေ..ဒီသူခိုးတွေအကြောင်ရေးလို့ကတော့..ဘယ်တော့မှကုန်မယ်မထင်ပါဘူး.ဆက်သာရေး.ဆရာရေ..
ReplyDeleteအမှန်တွေပါ ဆရာရေ.. သူခိုးတွေ 85 % ဆိုတာ သူတို့ ကိုယ်တိုင် ၀န်ခံထားတာပါ။ ခိုးနေကြတာတွေ က ပက်ပက်စက်စက်ပါ။ သူခိုးလောက်တောင် အဆင့်မရှိတဲ့သူတွေ အုပ်ချုပ်လို့ တိုင်းပြည်က တဖြည်းဖြည်း ပြောင်နေပါပြီ။ အတိတ်ကဆိုပြီး ပြီးပြီးရော ရမလား၊ ဒါဆို ဒီနေ့ လုပ်တာ မနက်ဖြန်ဆို အတိတ်ဖြစ်သွားပြီလေ။ အဲ့ဒီ့လို လွယ်လွယ်နဲ့ ပြီးသွားမှာလား။ ဆွေစဉ်မျိုးဆက် ၀င်ုခံရတတ်တယ်ဆိုတာ သမိုင်းမှာ သင်ခန်းစာတွေနဲ့ နော့်။ မမေ့နဲ့ ။ ဆရာရေ.. ဆက်သာရေးပါ။ ဆရာလို ချက်ကျကျ မပြောတတ်လို့ ပါ။ ကျေးဇူးအထူးတင်ပါတယ်။ share ခွင့်ပြုပါဆရာ။
ReplyDeleteAnonymous (May 27, 2011 3:26 AM ) said...
ReplyDelete"ဦးသန်းရွှေ ခိုးသည်ဖြစ်စေ မခိုးသည်ဖြစ်စေ အတိတ်ကအရာတွေဖြစ်လို့ စိတ်မ၀င်စားပါ။"
ဟိတ်ကောင်
Anonymous (May 27, 2011 3:26 AM ) နာမည်နဲ့ အရူးစကား ရေးသွားတဲ့ သန်းရွှေ အောက်ဆွဲ အယုတ်တမာကောင် ...
သန်းရွှေက ဒေါ်လာသန်းထောင်နဲ့ချီပြီး ခိုးခဲ့တာတွေ၊ လူသတ်ခဲ့တာတွေ၊
ခရစ်စတီကျွန်း လူအစုအပြုံလိုက် သတ်မှု (၁၉၉၈)၊ ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှု (၂ဝဝ၃)၊ သံဃာတော်တွေနဲ့ ပြည်သူတွေကို သတ်ဖြတ်မှု (၂ဝဝ၇) အပါအဝင် လူအစုအပြုံလိုက် သတ်ခဲ့တာတွေ၊ (အထူးသဖြင့်) တိုင်းရင်းသားဒေသတွေမှာ အတင်း ရွာပြောင်းခိုင်းမှုတွေ၊ မြေသိမ်းမှုတွေ၊ ဥပဒေမဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေ၊ မုဒိမ်းကျင့်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုတွေ၊ ..... ဟာ ရာဇဝတ်မှုတွေပဲ။
အတိတ်က အရာတွေဖြစ်လို့ စိတ်မဝင်စားဘူး ဆိုလို့ အရူးစကား လာပြောမနေနဲ့ ... သူခိုးအားပေး၊ အဆိပ်ပင်ရေလောင်း၊ အရူးဘုံမြှောက်၊ လူစိတ်ပျောက်နေတဲ့ အယုတ်တမာကောင်ရဲ့။
သန်းရွှေ ခိုးတာကို မြန်မာပြည်သူတွေက စိတ်ဝင်စားတယ်၊ တရားဥပဒေအတိုင်း စစ်ဆေး အပြစ်ပေးဖို့ နိုင်ငံတကာကပါ စိတ်ဝင်စားတယ်။
ခိုးသား ၅ဝဝ ဘယ်ကမလဲဗျာ
ReplyDeleteခိုးသား ၅ဝဝ ဘယ်ကမလဲဗျာ.. စစ်ဗိုလ်အရေခြုံ ခိုးသား ၅ဝဝ ရဲ့ အဆွယ်အပွား လက်ပါးစေ ၅ဝဝဝဝ လောက်ပါ ဆရာ ရေးထားသလို သူခိုးစည်းတောင် မစောင့်ဘဲ စည်းလွတ်ဝါးလွတ် ခိုးလာတာ နှစ် ၅ဝ ရှိလာပြီဘဲ..
ဗိုလ်ချုပ်တွေ နှစ် ၅ဝ အုပ်ချုပ်လိုက်တော့ (အစိုးရ အမည်ခံပြီး ခိုးလိုက်တော့) ဗိုလ်ချုပ်တွေက ဒေါ်လာသန်းထောင်နဲ့ ချီဲပီး ချမ်းသာသွားတာပေါ့.. ပြည်သူတွေကတော့ ဖွတ်သထက် ညစ်သွားရော..
နေပြည်တော် ခိုးသားကြီး ၅ဝဝ နဲ့ သူတို့ရဲ့ လက်ပါးစေ ထောက်တိုင် ခိုးသား ၅ဝဝဝဝ က ကျိကျိတက် ချမ်းသာနေချိန်မှာ ပြည်သူ ၄ သန်းလောက်က ပြည်ပနိုင်ငံပေါင်းစုံမှာ ကျွန်ခံနေရတယ်.. တစ်ချိန်က ရွှေထီး ဆောင်းခဲ့တဲ့ ရွှေမြန်မာတွေ ကျွန်လူမျိုး ဖြစ်နေရတယ်..
ဒီမှာ လာလာဖတ်ပြီး ခွေးသခိုး သန်းရွှေ ကို မေ့လိုက်ကြဘို့ ရေ့းရေးနေတဲ့ ခွေးသခိုး ရဲ့ မယားပါ သားတွေ တွေ ကို သနားတယ်။ ခွေးသခိုး ကျော်ဆန်း ရဲု့ ဘောမတွေပဲ ဖြစ်မယ်။
ReplyDeleteသမိုင်းဆိုတာ..အတန်ကျောင်းတတ်ဖူးသူတိုင်သင်ရတဲသင်ခန်စာတစ်ခုပါ
ReplyDeleteဒါပေမဲဒါဒီသမိုင်းစာတွေဟာအတိတ်မှာဖြစ်ခဲကြတဲဖြစ်ရပ်တွေပါ..ဒါကိုဘာဖြစ်
လို့နောင်လာနောင်သားတွေကိုသင်ပေးကြတာလဲ..နောင်အနာဂါတ်မှာဒီလို
အမှားမျိုးမဖြစ်အောင်လို့သင်ပေးနေကြတာပါ..အတိတ်ဟာအရေးမကြီးဘူးဆို
တဲဟိုခွေးသခိုးလေးကတော့အတန်ကျောင်အတတ်ခဲဖူးမှန်သိသာပါတယ်..
သူအတွက်ဒီလိုစာတွေဟာအသုံးမဝင်ပါဘူး..ကျွန်တော်တို့အတွက်တာ့အရမ်းကို
ဗဟုသုတလဲရသင်ခန်စာလဲရသံဝေဂလဲရတဲဆရာရဲ့စားတွေကိုအမြဲအားပေးနေ
ပါတယ်..ဘယ်သူတွေဘာပြောပြောဆက်ရေးပါဆရာ..ချီမွန်ရွာ့တစ်ဝက်ကဲ့ရဲ့
ရွာတစ်ဝက်ပါ..ချီမွန်ရွာတစ်ဝက်ထဲမှာကျွန်တော်ကတော့ထိပ်ဆုံးကအမြဲပါ
နေမှာပါ.ဆရာစာကိုcopy လုပ်သွားပါတယ်ခွင်ပြုပါဆရာ...း)
တပ်ထဲမှာလဲကောင်းတဲ့စစ်ဗိုလ်၊စစ်သားတွေအများကြီးပါ။ကိုစိုင်းသိန်းဝင်းဆိုတာလဲ၊ရုရှားပြန်စစ်ဗိုလ်တစ်ယောက်ဘဲ။တပ်ထဲမှာတကယ်ပညာတတ်တဲ့သူတွေအများကြီး၊အပြောင်းအလဲလိုချင်တဲ့သူတွေက၊တကယ့်ကိုအများစု၊စစ်သားတွေအကုန်လုံးကအပြင်လူတွေထင်သလိုငတုံးငအတွေမဟုတ်ကြပါဘူး။
ReplyDeleteတကယ့်စစ်သားဆိုတာလုပ်ပြီဆိုတုံးတိုက်တိုက်ကျားကိုက်ကိုက်၊ထလုပ်တတ်တယ်။မလုပ်သေးတာလုပ်ရမယ့်အချိန်မရောက်သေးလို့၊ပြီးတော့အတိုက်အခံဆိုသူတွေကိုအထင်မကြီးလို့ဘဲ။
တစ်သွေးတစ်သံတစ်မိန့်နဲ့အသားကျနေတဲ့စစ်သားတွေအတွက်အခုအချိန်အထိ၊အတိုက်အခံတွေဖက်က၊အချင်းချင်းညီညွတ်မှုမတည်ဆောက်နိုင်သေးတာကလဲ၊စစ်သားတွေကိုတွေဝေစေတဲ့၊အတိုက်အခံတွေအပေါ်မှာအထင်အမြင်သေးစေတဲ့အရေးပါတဲ့အချက်တစ်ခုဘဲ။
စစ်သားတွေထဲမှာလဲဂျပန်အလိုတော်ရိလိုကောင်စားမျိုးတွေရှိသလို၊ဘာအတန်းပညာမှမတတ်တဲ့၊မိုက်မိုက်ကန်းကန်းစွမ်းအားရှင်လိုကောင်စားမျိုးတွေရှိနေကြတာဘဲ။ အလိုတော်ရိလိုကောင်မျိုးတွေက၊သူတို့အဘမျက်နှာသာပေးအောင်၊အဘခိုင်းတဲ့အတိုင်းအတိုက်အခံတွေကိုဆဲပြမယ်၊စိတ်ဓာတ်စစ်ဆင်ရေးတွေလုပ်မယ်။စွမ်းအားရှင်လိုကောင်မျိုးတွေကလဲ၊အထက်ကပစ်မိန့်ပေးလို့ကတော့ပျော်ပျော်ကြီးပစ်သတ်မှာဘဲ။
အရပ်သားတွေက၊စစ်သားမြင်ရင်၊နာကျင်မုန်းတီးနေအောင်နဲ့စစ်သားတွေကအရပ်သားတွေအပေါ်မှာရန်သူတွေလို၊ပျော့ညံ့တဲ့သူတွေလိုမြင်နေအောင်၊စနစ်တကျသွေးခွဲအုပ်ချုပ်ထားတာကိုအမြင်မှန်မရနိုင်သေးသရွေ့တော့၊ကျွန်တော်တို့အားလုံးလိုချင်တဲ့၊ပန်းတိုင်နဲ့ဝေးနေရအုံးမယ်။
ဘာဘဲဖြစ်ဖြစ်အတိုက်အခံတွေဖက်ကလဲ၊စစ်သားတွေအကုန်လုံးကိုသိမ်းကြုံးပြီးပြောတာတော့မကောင်းဘူးပေါ့ဗျာ။တိုင်းပြည်ချစ်စိတ်နဲ့စစ်ထဲဝင်လာပြီး၊အသက်ပေးသွားကြရတဲ့စစ်သားတွေကမှတော်သေးတယ်၊ခြေပြတ်လက်ပြတ်ဖြစ်ပြီးရပိုင်ခွင့်ဆိုတာမယ်မယ်ရရမရှိဘဲ၊ရှင်သန်နေကြရတဲ့စစ်သားတွေဆိုရင်လဲ၊အလိုတော်ရိစစ်ဗိုလ်တွေစွမ်းအားရှင်စစ်သားတွေကြောင့်၊အရပ်သားတွေကြားမှာရပ်တည်ရတာအရမ်းခက်ခဲနေကြရပြီ။ရုရှားကညီလေးတွေအများစုကလဲ၊ပညာတတ်တွေပါ၊အခြေအနေအကြောင်းကြောင်းကြောင့်သာ၊ကိုယ်နိုင်ငံသားအချင်းချင်းအမုန်းများနေကြရတာဘဲ။အရာရာကိုခွဲခွဲခြားခြားမြင်နိုင်စေချင်ပါတယ်၊
ဘာလုပ်လုပ်စဉ်းစားပြီးပြောကြလုပ်ကြပါ။
ReplyDeleteမှန်တယ်ထင်လို့လုပ်ရဲတာယောင်္ကျားကောင်း
ဘာဘဲလုပ်လုပ် ငုပ်မိသဲကိုင်တက်နိုင်ဖျားရောက် ဖြစ်အောင်တော့လုပ်ကြပါ
(ကိုယ်ဖြစ်ကိုခံ လာမတောင်းပန်နှင့်ငါဘုရားအချဉ်မဟုတ်တော့ပါ
ဦးကျွမ်းကြီး။ ။
"ပင်လုံစာချုပ်ပြပြီး တိုင်းရင်းသားတွေ ခွဲထွက်ရင် ပြည်ထောင်စု ပြိုကွဲမယ်" လို့ ပြည်သူတွေကို ခြောက်ပြီး စစ်တပ်က အာဏာသိမ်း၊ တိုင်းပြည်ရဲ့ စီးပွားရေးကို မောင်ပိုင်စီးပြီး စစ်ဗိုလ်ချမ်းသာရေး လမ်းစဉ်ကို ချမှတ်ပေးခဲ့တဲ့ အဖေကြီး နေဝင်း ရဲ့ နည်းအတိုင်း ပြည်သူ့ငွေတွေကို သွားဖြဲနားဖြဲနဲ့ ဝါးလိုက်၊ ဒီမိုကရေစီရရင် တိုင်းရင်းသားတွေက ပင်လုံစာချုပ်ပြပြီး ခွဲထွက်မှာမို့လို့ ဒီမိုကရေစီကိုဆန့်ကျင်ဖို့ ကယောင်ကတမ်း ထထအော်လိုက်၊ ဗမာ နဲ့ တိုင်းရင်းသားတွေကို သွေးခွဲပေးလိုက်၊
ReplyDeleteစစ်တပ်နဲ့ ပြည်သူတွေကို ရန်တိုက်ပေးလိုက်၊ ခုံလှုပ်လာတော့ ကြောက်အားလန့်အားနဲ့ ဘုန်းကြီးပါမရှောင် အသေပစ်သတ်လိုက်၊ ထောင်ဒဏ်နှစ် ၁ဝဝ ကျော်ချလိုက်နဲ့ အဖေကြီး နေဝင်းစကားနဲ့ လုပ်စား၊ လိမ်စား၊ ခိုးစား၊ လုစား၊ သတ်စား လာတာ နှစ် ၂ဝ ကျော်ပီကွ..
ဆရာထက် တပည့် လက်စောင်းထက်ပြီး ခိုးလာတာ ဒေါ်လာ သန်း ၄ဝဝဝ ကျော်နေပြီကွ.. တရုတ်ပြည်မှာလည်း နန်းတော်လို အိမ်ကြီး၊ ခြံကြီးတွေ အများကြီး ဝယ်ထားပြီးပြီကွ.. စင်ကာပူက ဘဏ်တွေမှာလည်း ခိုးထားတဲ့ ပိုက်ဆံတွေ ဒေါ်လာ သန်းထောင်ပေါင်းများစွာကိုလည်း အပ်ထားပြီးပြီကွ.. အဖေကြီး နေဝင်းတောင် အဘ လောက် မခိုးနိုင်ဘူးကွ..
အဘရဲ့ ညစ်ပတ်ကောက်ကျစ်ယုတ်မာပုံ၊ ရက်စက်လူမဆန်ပုံ တွေ အပါအဝင် အမဲစက်တွေနဲ့ ပြည့်နေတဲ့ အဘ ဘဝကို သိချင်ရင် ဒီမှာ ဖတ်ကြည့်ကြကွာ..
http://yaw-han-aung.blogspot.com/2010/07/blog-post_23.html
Serbian ဗိုလ်ချုပ်ကြီး ရက်ကို မာလဗစ် ကို Bosnianမူဆလင်များ အစုလိုက်အပြုံလိုက် သတ်မှုနဲ့ နက်သာလန် က The Hague တရားရုံးမှာ တရားစွဲခွင့်ရပြီ ...
ReplyDeleteသူနဲ.အတူပစ်မှုကျူးလွန်ခဲ့တဲ့ ဗန်ကာရာဒစ်ခ်ျ ကိုလဲ မိထာပြီးဖြစ်လို. ရာဇ၀တ်ဘေးပြေးမလွတ် ဆိုတာ မှန်လေစွ...
What goes round will come round certainly.
မောင်သန်းရွှေရေ ... ဥပဒေက လိုက်မမှီခင် စေါစေါသေရပါစေ ဆုတောင်းထား ဟေ့။
http://www.bbc.co.uk/news/world-europe-13582289
ဒေါက်တာလှိုင်မြင့်
ReplyDeleteရေးသာရေးပါဗျာ.. အမှန်တရားတွေပါ.. နဲနဲတော့ ဒေါသစိတ်နောက် မလိုက်ပဲ ရေးပေးပါ.. ကိုလှိုင်မြင့် ရေးတာ တပ်အတွင်းပိုင်းအကြောင်း အချို့လောက် နဲနဲ လွဲတာကလွဲလို့ အမှန်ချည်းပါပဲ..
ရုရှားက အခြောက်အများစု ဖြစ်နေတဲ့ ဗိုလ်ပေါက်စတွေပါ.. ၈၈ လောက်မှ မွေးတာ.. ဘာမှသိတာ မဟုတ်ဘူး.. လူ့ဘဝကို သူတို့ အရမ်းသိနေပြီ ထင်နေတာပါ.. လက်ဆင့်ကမ်းသူ မရှိယင် မသိကြဘူး..
စင်ပေါ်မှာရှိတုန်းတော့ ဂရုမစိုက်တာ ထုံးစံပါ.. စင်အောက် ရောက်သွားအောင် ကောင်းကောင်းမွန်မွန်
ပြောလို့ ရယင်ရ.. မရယင် ကြမ်းရမယ့် အချိန်က နီးလာပါပြီ..
ကိုလှိုင်မြင့်က ချက်ကောင်းချည်း ဆော်နေတော့ ရုရှားက ဗိုလ်ပေါက်စ အခြောက်ကလေးတွေက သိက္ခာအတွက် အသေအလဲ ခုခံကာကွယ်ရရှာတာပါ..
ရှင်းသွားတာဘဲလက်စက်သပ်တော့သူတို့ကသူခိုးအတုတွေကို
ReplyDelete