Pages

Saturday, May 28, 2011

NLD ကို မဲပေးဖူးသည်.. ဆောင်းပါးရှင် (အောင်မျိုးထွန်း)

 NLD ကို မဲပေးဖူးသည်.. 
ဆောင်းပါးရှင် (အောင်မျိုးထွန်း)
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လွတ်မြောက်ပြီး (၆)လ ကျော်အကြာမှာ စီစဉ်ကျင်းပသွားတဲ့ ၁၉၉၀ ရွေးကောက်ပွဲ (၂၁)နှစ်ပြည့်အခမ်းအနားက ဒေါ်စုနဲ့ဦးတင်ဦးတို့ရဲ့ ဟောပြောမှုတွေကို VOA၊ BBC တို့မှတဆင့် နားထောင်လိုက်ရပါတယ်။ အထူးသဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သုံးနှုန်းသွားတဲ့ စကားလုံးတွေဟာ ဒေါ်စုလွတ်လာပြီးနောက် အုပ်ချုပ်သူအစိုးရကို အမာထန်ဆုံး ဝေဖန်လိုက်တာဘဲလို့ မြင်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို “ပျော့သွားပြီ”လို့ ၀ိုင်းဝန်း သုံးသပ်နေကြတာတွေ ခေတ္တတုန့်ဆိုင်း သွားကြတော့မယ့်ပုံပါဘဲ။
ဒေါ်အောင်ဆန်းစုကြည် VOA အသံဖိုင်
ကြောက်လို့ မလုပ်တော့ဘူး ဆိုရင် အထဲမှာ ခံခဲ့ရတဲ့နှစ်တွေက အလကားဖြစ်သွားမှာပေါ့။ ဘာပဲပြောပြော ကိုယ်ခံခဲ့ရတာတွေက ကိုယ့်တိုင်း ပြည်အတွက် ခံရကျိုးနပ်အောင်လုပ်ပါ” လို့ ဒေါ်စု ပြောလိုက်တာဟာ ဟိုးတုန်းကဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်တွေ့ ရှိလိုက်ရသလို ခံစားရပါတယ်။ (၄၄)နှစ်သူ ဒေါ်စုကို ရိုးတိုးရိတ်တိတ် တွေ့လိုက်ရသလိုပါဘဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လေယူလေသိမ်းဟာ တစုံတရာကို စိတ်မရှည်တော့ဟန် ရှိပုံရပါတယ်။

ဦးတင်ဦးလည်း အခုအုပ်ချုပ်နေတဲ့သမ္မတကို “ခင်ဗျား..”လို့ သုံးနှုန်းပြောဆိုသွားတာ ကြားရပြီး ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေ လုံးဝဥသုံလွတ်မြောက်ရေးအတွက် ပြတ်ပြတ်သားသား တိုက်တွန်းသွားတာ နားထောင်ရ သိပ်ကောင်းပါတယ်။ ၉၀ ရွေးကောက်ပွဲရလဒ်ဘက်က ယနေ့ထိ ခုခံကာကွယ် ပြောဆိုသွားတာ ကြက်သီးထမိပါတယ်။ ၉၀ ရွေးကောက်ပွဲတုန်းက NLD ကို မဲပေးခဲ့တဲ့ သာမန်ပြည်သူ တစ်ယောက်ဖြစ်တဲ့ ကျွန်တော်တို့လည်း ကိုယ် မဲပေးခဲ့တဲ့ ပါတီခမျာ ရေရေလည်လည် နိုင်ခဲ့လျက်သားနဲ့ တိုင်းပြည်ကို အုပ်ချုပ်ခွင့်မရခဲ့တာနဲ့ ပတ်သက်ပြီး ခုထိ တနုံ့ နုံ့ ခံစားနေရတာမို့  ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ နာကျင်ဒေါသကို မျှဝေခံစားမိပါတယ်။ “သေသောသူ ကြာရင်မေ့”ဆိုပေမယ့်လည်း ရှင်သန်နေကြတုန်းမို့ မေ့ပစ်လိုက်ဖို့ အချိန်မတန်သေးပါဘူး။ မျှတကောင်းမွန်တဲ့ သမိုင်းထက် မမျှတ၊ မလှပတဲ့သမိုင်းကို လူသားတွေဟာ ပိုမိုစွဲလမ်းတတ်ကြပါတယ်။ ပြတ်ပြတ်ထင်ထင် ပိုရှိတတ်ပါတယ်။ ဆယ်စုနှစ် (၂)ခုတော့ ကျော်လွန်ခဲ့ပါပြီ။


အောင်မျိုးထွန်း
၂၇- ၅- ၂၀၁၁

3 comments:

  1. ဦးသုဝေဟာ ဘာနဲ့တူသလဲပြောရမယ်ဆိုရင် ဗြိတိသျှ လက်ထက်က ဒိုင်အာခီကို လက်ခံခဲ့တဲ့ သူနဲ့တူတယ်။ သူ့သမိုင်းလဲ ကွေးမှာပါး)))

    ReplyDelete
  2. ကဲ စုကြည်ကတော့ တိုင်းပြည် အေးအေး ချမ်းချမ်းနဲ့ တိုးတက်နေတာကို မနာလို မရှု့စိမ့်နဲ့ ဖျက်ဆီးဖို့ တာဆူလာပြီ၊ တရားဥပေအတိုင်း အရေးယူသင့်တယ်။

    ReplyDelete
  3.ှဟိတ်ကောင်..ဘယ်နေရာမှာအေးအေးချမ်းချမ်းနဲ့တိုးတက်နေတာလဲ။မင်းစစ်သားဆိုရင်စစ်သားပီပီသသနေစမ်းကွာ။ပေါက်ကရတွေဝင်မပြောစမ်းနဲ့၊စစ်သည်တော်ကျင့်ဝတ်ထဲမှာပေါက်ပန်းသေးပြောရမယ်လို့မပါဘူး။

    စစ်သားမဟုတ်တဲ့၊စောက်ဖားကောင်ရဲ့ပါးစပ်ကပြောတာဆိုရင်တော့၊သူ့အလုပ်သူလုပ်နေတယ်လို့ငါသဘောထားပေးလို့ရတယ်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။