Department Of Civil Aviation လို့ခေါ်တဲ့ ပြည်တွင်း လေကြောင်းဌာနက June1stမှာ ခရီးသည် ဝန်ဆောင်မှုအခွန်တွေကို စတင်ကောက်ခံလိုက်ခြင်းမှာ မျက်လှည့်ဆရာက မျက်လှည့်ပြသလို လေဆိပ်ရောက်လာသူ၊ လိုက်ပါစီးနင်းမည့်သူများ အတောင်းခံရမှ စသိလိုက်ကြတာဖြစ်ပါတယ်။
ပုဂံ၊ ညောင်ဦး ပြည်တွင်းလေကြာင်းလိုင်း ဝန်ဆောင်မှုအခွန်...
ဒီပုံမှာပါတဲ့အတိုင်း ဖြတ်ပိုင်းလေးတွေ ပေးပါတယ်။ သေချာသည်မှာ ညတွင်းချင်းတော့ ရိုက်ထုတ် ပေးလိုက်ဟန်မတူ။ ဒီလိုဖြတ်ပိုင်းတွေ ဖြစ်ဖို့အချိန် တစ်ခုတော့ သူတို့ပေးခဲ့ရမှာ ဖြစ်ပါတယ်။ ဒါဆို ဘာလို့ အသိပေး အကြောင်းကြားခြင်း မရှိခဲ့တာလဲ။
ကျနော်တို့ မြန်မာပြည်မှာကလည်း အာဏာနဲ့လုပ်ပိုင်ခွင့်ကို အလွဲသုံးစား လုပ်တာဟာ အကျင့်ဖြစ်နေလို့ မှားနေရင်တောင် မှားတယ်လို့ ထောက်ပြမယ့် သူမရှိသလောက် ဖြစ်လာနေပါပြီ။ ဒီလို အခွန်ကောက်ခံတဲ့ ကိစ္စရပ်မျိုးကို ပေးရသူတွေဘက်က မကြည်ဖြူစရာမရှိပါ။ အခွန်ဆောင်သူကလည်း ဆောင်မည်။ အလုပ်လုပ်သူကလည်း လုပ်ရမည်မဟုတ်လား။ ဥပမာလေဆိပ်က ညစ်ပတ်နေတဲ့ အိမ်သာတွေလို မျိုးတွေပေါ့။ နောက်တစ်ခုက ဒီလို customer တွဆီက တိုက်ရိုက်ကောက်ခံတဲ့ စနစ်ထက်ကောင်းတဲ့ စနစ်တစ်ခုကို မစဉ်းစားခဲ့ကြဘူးလား။ ဥပမာ .. လေကြောင်းလိုင်း ကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီး လေယာဉ်လက်မှတ်မှာ တစ်ခါတည်း ပေါင်းလိုက်လျှင် ပိုပြီး အဆင်မပြေဘူးလားဟု ဧည့်လမ်းညွန် တစ်ယောက်က အခွန်ဆောင်ရန် အချိန်ပေးစောင့်ဆိုင်းရပုံ သူ၏အတွေ့အကြုံကို ပြောပြသည်။ ခရီးသွားနည်းတဲ့ ရာသီမှာတောင် ဒီအခွန်ဆောင်ဖို့ အချိန်ပေးရ၊ အဆင်မပြေဖြစ်နေရင် ခရီးသွားများတဲ့ ရာသီဆိုဘယ်လို ဖြစ်ကုန်မလည်း။ နိုင်ငံတော်မှ ဝန်ထမ်းများလည်း မလိုအပ်တဲ့ အလုပ်ပိုတစ်ခု လုပ်နေရသည်ဟုလည်း ထင်မိပါသည်။
ကိုယ်နဲ့မပတ်သက်တဲ့ကိစ္စကို စိတ်မဝင်စားတာဟာ ဒီမိုကရေစီကို ဆန့်ကျင်ရာ ရောက်ပါတယ်။ အာဏာရှိသူက တရားဥပဒေကို စိတ်ကြိုက်အသုံးပြုတာဟာ ဖောက်ပြန်တဲ့ ဥပဒေစနစ်သာ ဖြစ်ပါတယ်။ ဥပဒေပိုင်နက်နဲ့ အစိုးရပိုက်နက်ကို ခွဲခြားသိမြင်ဖို့ လိုအပ်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ အကျိုးကို ဖြည့်ဆည်းဖို့ ဥပဒေကပြဌာန်းတာဖြစ်လို့ လူ့အဖွဲ့အစည်း အကျိုးမသယ်ပိုးနိုင်တဲ့ ဥပဒေ ကိုပြောင်းလဲရမယ် လို့သမိုင်းပါမောက္ခဟောင်း ဒေါက်တာမောင်မောင်ကြီးရဲ့ စကားကို ကိုးကားရင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။
အားလုံးချမ်းမြေ့ကြပါစေ...
ရန်နောင်
ဒီမိုကရေစီနိုင်ငံတော် ဆိုပြီး ဥပဒေကို လွှတ်တော်က မဆုံးဖြတ်ပဲ ပါးစပ်ဥပဒေတွေနဲ့ ထုတ်ပြန်နေတယ်ဆိုတော့ လွှတ်တော်အမတ်မင်းကြီးတွေ ဘယ်အဆင့် ရောက်နေပြီဆိုတာ စဉ်းစားသာ ကြည့်ကြပါတော့...။

No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။