Pages

Saturday, June 11, 2011

ရှမ်းပြည်နယ် ၀န်ကြီးချုပ် စပ်အောင်မြတ်သို့ တိုင်ကြားစာ....

 ပေးပို့လာတဲ့ တာချီလိတ်က လောင်းကစား Game ဆိုင်တစ်ခု
အကြောင်းအရာ။.....။

တာချီလိတ်မြို့တွင် လောင်းကစား ဂိမ်းဆိုင်များ ပြန်လည်ဖွင့်လှစ်နေခြင်းအား တိုင်ကြားခြင်း

သို့ရှမ်းပြည်နယ် ၀န်ကြီးချုပ်စပ်အောင်မြတ် ခင်ဗျား

တာချီလိတ်မြို့တွင် လွန်ခဲ့သော တစ်လကျော်ခန့်က ပိတ်ပင်တားဆီးထားသော လောင်းကစား ဂိမ်းစက်များသည် ပြန်လည် ဖွင့်လှစ်နေပါသည်။ အရွယ် မရောက်သေးသည့် ကလေးငယ်များ ကျောင်းဖွင့်ရာသီ ကျောင်းစာသင်ချိန်၌ အဆိုပါ လောင်းကစား ဂိမ်းဆိုင်များသို့ ရောက်ရှိနေပါသဖြင့် ကျောင်းသားမိဘများ အလုပ်သမားများ၏ ဇနီးမယားများမှာ လွန်စွာစိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေရပါသည်။

တာချီလိတ်မြို့တွင် Game စက်အလုံးပေါင်း ၂၀၀၀ခန့်ရှိပြီး တစ်လုံးလျှင်တစ်လ ဘတ်ငွေ၃၀၀ စီဖြင့် နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်မြင့်ထွေးအား ပေးဆောင်ကြ ရပါသည်။  ဒုရဲအုပ်မြင့်ထွေးမှ ခရိုင်အုပ်ချုပ်ရေးမှူး ရဲမင်းကြီး အစရှိသည့် လူကြီးများအား အဆင့်ဆင့် ခွဲဝေပေးနေပါသဖြင့် လောင်းကစား Game ဆိုင်များမှာ ပျော်ပျော်ကြီး ဖွင့်လှစ် လုပ်ကိုင်လျှက် ရှိနေပါသည်။ တာချီလိတ်  အာဏာပိုင်များအနေဖြင့် ၀င်ငွေကောင်းသော လောင်းကစား Game လုပ်ငန်းအား ပိတ်ခိုင်းဖွယ် မရှိပါသောကြောင့် ကျွန်တော်တို့ ရှမ်းပြည်နယ် ၀န်ကြီးချုပ်အနေဖြင့် ကလေးငယ်များ၏ အနာဂတ်နှင့် စာရိတ္တ ပျက်ဆီးစေနိုင်သော အဆိုပါ လောင်းကစားရုံများအား တားဆီးပေးနိုင်ပါရန် တင်ပြအပ်ပါသည်။

တာချီလိတ်မြို့ခံ ကျောင်းသားမိဘတစ်ဦး...

2 comments:

  1. ဒါလည်း လူတစ်ယောက်ရဲ့အခွင့်ရေးပဲလေ။လူ့အခွင့်ရေးပဲလေ။ဒီတော့ ကောင်းတာ ဆိုးတာကတော့ မိမိတို့ကိုယ်တိုင်ပဲ ခွဲခြားပြီးလုပ်ကြပေါ့ဗျာ။Game ဆိုင်တွေဆိုတာ နိုင်ငံတကာအားလုံးမှာရှိတယ် ကလေးသူငယ်တွေလည်း အပန်းဖြေဖို့တွက် ဆော့ကြတာပါပဲ။အဓိက ကျောင်းစာလည်းလုပ် ဦးနှောက်အပန်းဖြေနိုင်မှု ဂိမ်းလည်းဆော့ချင်ဆော့ပေါ့ဗျာ။၂၄ နာရီတော့ ဘယ်သူမှမဆော့ပါဘူး။ကျောင်းမသွားပဲ ဂိမ်းဆော့ရင်တော့ မိဘတွေက အုပ်ထိန်းမှု ညံ့ဖျင်းတယ်လို့ဆိုရမှာပဲ။

    ReplyDelete
  2. အပေါ်က နောင်ကြီးဖွတ် Game ဆိုင်ဆိုတာ ရိုးရိုးဆိုင် မဟုတ်ပါဘူး နောင်ကြီးသိန်းစိန် လောင်းကစား ဆိုင်တွေပါ ဥိးတိန်းစိန်ခင်ဗျား

    http://www.mongloi.org/burmese/component/content/article/2314-dvb-mongloi-.html

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။