Pages

Tuesday, June 14, 2011

ထာဝရ နှင်းဆီ (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည် ဆောင်းပါးရှင် (မောင်မောင်ဝမ်း )

ထာဝရ နှင်းဆီ (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည်
(မောင်မောင်ဝမ်း )

ပန်းဆိုတာ နွမ်းတတ်တယ်
ပန်းဆိုတာ ညှိုးတတ်တယ်
ဒါပေမဲ့……
မညှိုးတဲ့ ပန်း…မနွမ်းတဲ့ နှင်းဆီဆိုတာ ရှိတယ်…
အဲဒါ……ထာဝရ နှင်းဆီ

ဒေါ်အောင်ဆန်းစုကြည်က သူ့ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းထက် နှစ်ဆသာသွားပြီ … ဟုတ်တယ်…. နှစ်ဆသာသွားပြီ...

ဗိုလ်ချုပ်ကျဆုံးသွားတော့ သူ့အသက်က ၃၃ နှစ်ပဲရှိသေးတယ်လေ။ အခု အန်တီစု အသက်က ၆၆ ဆိုတော့ ဘာပဲဖြစ်ဖြစ် ဖခင်ဗိုလ်ချုပ်ထက်တော့ လူ့ဘ၀မှာ နှစ်ဆနေခွင့်ရသွားပြီ..။ (နေခွင့်ရသွားပြီလို့ ပြောလိုက် တာက နေခွင့်မရအောင် ကြိုးစားတဲ့သူတွေရှိလို့ပါ)
အငြိုးအတေးများနဲ့ ဦးနေ၀င်း ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အသံကြားရင် ဒေါသတွေမွှန်လာတတ်တဲ့ န.၀.တ အတွင်းရေးမူး (၂) ဗိုလ်ချုပ်ကြီး တင်ဦး          သေနပ်နဲ့သေအောင် ပစ်သတ်ခိုင်းတဲ့…. ဗိုလ်ချုပ်မြင့်အောင်           တုတ်နဲ့လူမဆန်စွာ ရိုက်သတ်ခိုင်းတဲ့…. ဗိုလ်ချုပ်စိုးဝင်း သူတို့တတွေ သူတို့တတွေ ငရဲပြည်မှာ ဆုံစည်းနေကြရင် တကမ္ဘာလုံးမှာ ခြိမ့်ခြိမ့်သဲ ကျင်းပတော့မဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို ကြည့်ရင်း ဒေါသတွေနဲ့ ကျိန်ဆဲနေရှာရော့မယ်……။

          “တို့တွေကသူ့ကို မသေသေအောင်သတ်တာ….သူကမသေဘူး…..ငါတို့ကအရင် သေကုန်ကြတယ်….. အောင်မာ…၆၆ နှစ် မွေးနေ့ပွဲတောင် ကျင်းပနေပါ့လား…. တောက် ”

 သူတို့ထက် ပိုခံစားရမှာက မကျယ့်တကျယ်နဲ့ နေနေရတဲ့ ဗိုလ်ချုပ်ထွန်းကြည် တို့ကျော်ဘ တို့လိုလူတွေ ထောင်ထဲ မနေရယုံတမယ် နေနေရတဲ့ …… မာယာများတတ်တဲ့….. ဗိုလ်ချုပ်ခင်ညွန့်လိုလူတွေ..

သူတို့တတွေကတော့ ပြောနေရော့မယ်…..“လူကြီးသူမတွေပြောတဲ့… ဆံကေသာဆိုတာ ဒါမျိုးများလား.. ရိတ်လေ.. သန်လေတဲ့… ရိတ်တဲ့သူတွေသာ အရိတ်ခံလိုက်ရတယ်… ဆံကတော့ သန်ဆဲပါပဲလား……”
  
နေပြည်တော်ဆိုတဲ့ အရပ်ဒေသရဲ့….. လုံခြုံရေး အစောင့်ရှောက်များ (နောက်များ မကြာမှီ သူတို့တတွေဟာ ထောင်ဝန်ထမ်း အစောင့်များလည်း ဖြစ်လာကောင်း ဖြစ်လာနိုင်ပါသည်) ကြားက စံနန်းတော်ကြီး ပေါ်မှာ ဗိုလ်ချုပ်မူးကြီးဟောင်း သန်းရွှေ ကတော့……..ဖြစ်ပျက် တရားကိုရှုရင်း…….

          ဖြစ်လာခဲ့တဲ့ အရာတွေဟာ ပျက်တော့မှာ ပါ့လား…. ဆိုတဲ့ သံဝေဂ လေသံအပြည့်နဲ့ မြည်တွန် နေဆဲ……။ အာရုံ ထဲမှာ သူ့လူတွေက သူ့ကို အာဏာဖီဆန် တော့မယ့် နိမိတ်ပုံရိပ်…. သူသတ်ခဲ့တဲ့ သံဃာတော်တွေရဲ့ ခြောက်လှန့်နေမူ့များကြားက အော်…. မစုတောင်….. ၆၆နှစ်ပြည့်ပြီပဲ…. ငါတို့လည်း နေ၀င်ချိန်နီးပါပေါ့.. ဆိုပြီးသင်ခန်းစာတွေ ရနေမလား……. အတိုက်အခံဆို လက်ညှိုးထိုးကောင်း ယုံလောက်ထား.. ကျန်တာရှင်း.. တလက်မ မှတက်မလာစေနဲ့ဆို….ဒေါသစိတ်တွေနဲ့ ကန်လန့်ကာ နောက်ကွယ်က မုန်ယိုနေမလား။

ဘယ်လိုပဲဖြစ်ဖြစ် ထာဝရနှင်းဆီရဲ့ရနံ့တွေကြိုင်သင်းနေတာကတော့ ၆၆ နှစ်တိုင်ခဲ့လေပြီ။ ကျနော် ၈၈ လူထု အရေးတော်ပုံကြီး ဖြစ်နေတော့ (ဒေါ်အောင်ဆန်းစုကြည်လည်း ပေါ်ထွက်မလာသေးဘူး) စိတ်ထဲမှာ ခွန်အားတခု ဖြစ်မိတာရှိတယ်……… မြန်မာပြည်လူထု အရေးတော်ပုံကြီးကို ဦးဆောင်ဘို့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသား အောင်ဆန်းဦး ရောက်လာတော့မယ်တဲ့ ကျနော်တို့ ၀မ်းသာမိခဲ့တာအမှန်ပါ…..။ ဒါပေမဲ့ဒါတွေဟာ ကောလဟာလတွေ ဖြစ်ပြီး သမိုင်းကို ပြောင်းပြန် ဖန်တီးသူဖြစ်သွား တယ်ဆိုတာ နောက်ထပ် ဆယ်နှစ်လောက်အကြာမှာ သိလိုက်ရပါတော့တယ်။ တကယ်တော့ မြန်မာလူထု တော်တော်များများက ဒေါ်အောင်ဆန်းစုကြည်ကို သိပ်မျှော်တွေး မထားမိကြဘူး။ အရင်ဆုံးမျှော်လင့်ခဲ့မိသူက အကိုဖြစ်သူ… ဦးအောင်ဆန်းဦး။ 

လွဲတဲ့အခါလည်း….လွဲပေမပေါ့..။ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ ဖြစ်တည်လာခဲ့မှုမှာ… ဗိုလ်ချုပ်အောင်ဆန်း အရိပ်ပါ ပါတယ်… ဒါပေမယ့် လုံးလုံးလျားလျား ကြီးကြီးတော့ မဟုတ်ပါဘူး။

သတ္တိတွေ၊ ရိုးသားမှုတွေ၊ အနစ်နာခံမှု တွေမရှိခဲ့ရင် လူထုခေါင်းဆောင် ဖြစ်လာနိုင်ပါ့မလား ဗိုလ်ချုပ်အောင်ဆန်း ရင်သွေးမို့ ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ချစ်မြတ်နိုးလေးစား ကြည်ညို နေတယ်ဆိုရင် သားကြီး ဦးအောင်ဆန်းဦးကိုရော လူထုက ဒီလိုသဘောထား တထပ်တည်းရှိပါသလား။

တခါ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု သက်တမ်း အနှစ်၂၀ကျော် ကာလ ရောက်လာတဲ့အခါ သူ့အပေါ်အပစ်ဖို့ သူတွေကဖို့ ဆရာကြီးလေသံတွေနဲ့ ဟိုဟာလုပ်ပါ့လား…. ဒီဟာလုပ်ပါ့လား…. ဟိုဟာမလုပ်ခဲ့လို… ဒီလိုဖြစ်တာပေါ့… ဒီဟာမလုပ်လို့… ဟိုဟာမဖြစ်တာပေါ့။ စသည်..စသည်ဖြင့် သေချာတာတခုကတော့ ယောက္ခမ သေမယ်မှန်းသိရင်။ နွားအကျွေးဝယ် လိုက်တာပေါ့ဗျာ။

တမျိုးက… ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် ဘာတွေလုပ်ခဲ့လို့လည်းတဲ့ ဘာမှလုပ်ခွင့် မရအောင် လုပ်ထားမှတော့။ တိုင်းပြည်ကို ချစ်တဲ့စိတ် အနစ်နာခံမှုတွေ ကလွဲလို့ ဘာလုပ်ပြနိုင်မှာလည်း။ ပါးစပ်ကို ပိတ်ထားပြီးမှ သီချင်းလည်းမဆိုဘူး ဆိုတာမျိုးလား မျက်စိဖွင့်ပြီး အိပ်ကြည့်စမ်းပါ ဆိုတဲ့ သီချင်းလိုလား။
          တိုင်းပြည်အတွက် လုပ်ခွင့်ရအောင် ၀ိုင်းဝန်း ပံ့ပိုးပေးကြပါ့လား ပြည်သူလူထုကြီးရေ.
    သူလုပ်ပြပါလိမ့်မယ်
ကျနော်ပြောရဲတယ်ဗျာ သူတကယ် လုပ်ပြပါလိမ့်မယ်။

ဒါပေမယ့် အမေရိကန်ပြည်ထောင်စုကို တည်ထောင်ခဲ့တဲ့ ဂျော့ရှ်ဝါရှင်တန်ကတော့ ပြောခဲ့ဘူးတယ်။ စနစ်တခုကို ကူးပြောင်းဘို့ တော်လှန်ရေး လုပ်တယ်ဆိုတာ အင်မတန်မှ ခက်ခဲပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အဲဒီ့ စနစ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ဘို့ အခွင့်အလမ်းတွေ သင့်ဆီကိုရောက်လာခဲ့ရင်…… သင့်ရဲ့ သားစဉ်မြေးဆက် အမွေဆက်ခံနိုင်မှာမို့ပါတဲ့။


သူ့ကို ချစ်တဲ့သူ

သူ့ကို မုန်းတဲ့သူ

သူ့ကို ကြောက်တဲ့သူ

သူ့ကိုဘယ်လိုမှ မနေတဲ့သူ အားလုံးအတွက်

ထာဝရ နှင်းဆီရဲ့ရနံ့များ သင်းပြန့်နေတာကတော့ ၆၆ နှစ်တိုင်ခဲ့လေပြီ။

အားလုံးကိုလေးစားစွာဖြင့်
မောင်မောင်ဝမ်း

10 comments:

  1. (တိုင်းပြည်အတွက် လုပ်ခွင့်ရအောင် ၀ိုင်းဝန်း ပံ့ပိုးပေးကြပါ့လား ပြည်သူလူထုကြီးရေ. သူလုပ်ပြပါလိမ့်မယ် ကျနော်ပြောရဲတယ်ဗျာ သူတကယ် လုပ်ပြပါလိမ့်မယ်။)

    ဟုတ်ကဲ့ - နိုင်ငံရေး အကျဉ်းသား အရေအတွက် ၃၀၀၀ ဖြစ်သွားပြီး အမေရိကန်ရဲ့  NED က ပိုထောက်ပံ့ရမဲ့ အရေးဖြစ်လာပါလိမ့်မယ်။ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ကို မထောက်ခံကြပါနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲမပေးကြပါနဲ့ လို့  အမျိုးမျိုးတားနေတဲ့ ကြားထဲ က တပ်မတော်အစိုးရက မစည်းရုံးရဘဲ ပြည်သူလူထုကြီးက မနက်စောစောကြီး ကထဲက ထပြီး မဲပေးပြီး တပ်မတော် အစိုးရကို ပံ့ပိုးပေး သွားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလိပ်ကို တိုက်ပြီး သူ့ အသက်ပေးပြီး တိုင်းပြည်လွတ်လပ်ရေးကို ယူပေးခဲ့တာပါ။

    ReplyDelete
  2. ဖဆပလ နှင့် ကွန်မြူနစ်ပါတီ တို့၏ အပြန်အလှန်ပေးစာများ
    http://cpburma.org/letters/2010/cpb-afpfl.pdf

    ReplyDelete
  3. အေးဗျာ အဲ့လို မဲအစောကြီးသွားပေးတာတောင်မှ မနိုင်လို့ မဲခိုးလိုက်ရတာ ဝက်ဝက်ကွဲပဲ.. ပြည်သူတွေတွေ မဲပေးတာ မမြင်ဘူး မပေးဘူးလို့တဲ့ဗျ သေတဲ့သူ မရှိတဲ့သူတွေ ကြိုတင်ခိုးမဲတွေ လိမ်ထည့်လိုက်မှ နိုင်တော့တယ် ဟူး
    နောက်တခါ မသေချာရင် ရွေးကောက်ပွဲမလုပ်ပါနဲ့ဗျာ စိတ်မောတယ်
    နေပြည်တော် ဖွတ်ကြီး

    ReplyDelete
  4. အပေါ်တစ်ယောက်ကျော်ကညီအကို၊ စကားနဲနဲပြောချင်တယ်
    အဲဒီတုန်းကနေပြည်တော်မှာကျွန်တော်ရှိနေခဲ့တယ်မဲပေးရမဲ့ရက်မရောက်ခင်ကထဲကကျွန်တော်တို့မဲတောင်မထဲ့လိုက်ရဘဲနာမည်တွေအားလုံးကြိုတင်မဲထဲပါသွားပါတယ်၊ရန်ကုန်မှာတာဝန်ကျနေတဲ့သူငယ်ချင်းတစ်ဦးပြန်ပြောပြချက်အရညနေမဲရုံပိတ်ခါနီးအထိမဲတည့်မည့်သူတွေအလွန်နည်းတဲ့အတွက်အရန်မီးသတ်တွေတစ်လမ်းဝင်တစ်လမ်းထွက်မဲတည့်ကြဖို့လိုက်နှိုးဆော်ခဲ့ကြရပါတယ်။

    နောက်တစ်ချက်တပ်မတော်ဆိုတာနိုင်ငံကိုကာကွယ်ရန်အတွက်ပါအုပ်ချုပ်ဖို့မဟုတ်ပါ၊တပ်မတော်အစိုးရဆိုတာမရှိပါရှိခဲ့ယင်လည်းထိုအစိုးရဆိုတဲ့အဖွဲ့ဟာတပ်မတော်နာမည်တပ်ပြီးနိုင်ငံတော်ကိုဖျက်ဆီးနေတဲ့အာဏာရှင်တွေဖြစ်ပါလိမ့်မယ်

    ReplyDelete
  5. စာရေးတဲ့သူကလဲတလွဲဗျာ ကိုယ်ရေးတဲ့အဓိပ္ပါယ်ဘယ်အထိရောက်သလဲ မသိဘူးလားမသိဘူး " ဗိုလ်ချုပ်ကျဆုံးသွားတော့ သူ့အသက်က ၃၃ နှစ်ပဲရှိသေးတယ်လေ။ အခု အန်တီစု အသက်က ၆၆ ဆိုတော့ ဘာပဲဖြစ်ဖြစ် ဖခင်ဗိုလ်ချုပ်ထက်တော့ လူ့ဘ၀မှာ နှစ်ဆနေခွင့်ရသွားပြီ. " ဆိုတာမျိုးက မရေးရဘူး မရေးကောင်းဘူး၊ စာမရေးတတ်ရင်လဲမရေးပါနဲ့ဗျာ။

    ReplyDelete
  6. ထိပ် ဆုံး က ကောင်၊ မင်း လို ကောင် တွေ ရှိ နေ လို့  က တော့ မြန် မာ ပြည် မြေ ပုံ ပျောက် ပြီး ပေါ့ ကွာ။

    ReplyDelete
  7. ဒေါ်စု ဟာလူငယ်ထုအတွက် အနိုင်မခံအရှံးမပေးသည့်
    စိတ်ဓါတ်ရေးရာ စံပြနမူနာတစ်ယောက်ပါ။ သို့ သော် နိုင်ငံရေးစွမ်းဆောင်ရည်မှာတော့
    မှတ်ကျောက်တင်စရာမရှိပါ။
    မြန်မာပြည်သားတွေ မျှော်လင့်သလောက်၊
    မြန်မာပြည်၏နိုင်ငံရေး လိုအပ်ချက်ကို
    ဖြည့်စွမ်းနိုင်ခြင်းမရှိခဲ့ပါ။ စာရေးသူမှ ဒေါ်စု၏ ၆၆ နှစ်မွေးနေ့ ကို ဂုဏ်ပြုရေးသားထားသည်ကို ဖတ်မိ၍ တွေးမိသည်မှာ..
    လွန်ခဲ့သော အနှစ် ၂၀ က ငယ်ရွယ်သူ ဒေါ်စု သာ
    ယနေ. ၆၆နှစ်ဒ်ါစု၏ စိတ်နေစိတ်ထားမျိုး၊
    ရင့်ကျက်မှုမျိုးသာထားနိုင်ခဲ့လျှင်
    ပြည်သူပြည်သားတို့ အတိဒုက္ခရောက်စရာမရှိပါ။
    နိုငင်ငံရေးစွမ်းဆောင်ရည်ဟူသည် လူကြိုက်များခြင်းနဲခြင်းနှင့်မဆိုင် ရင့်ကျက်မှုနှင့်ဆိုင်သညိကို ၃၃ နှစ်သားလေးအောင်ဆန်းကိုကြည့်ကသိနိုပ်ပါ၏။ နာမည်ကြီးသလောက် လုပ်ငန်းပေါက်ရောက်ဖို့ ကပိုအရေးကြီးပေ၏။

    ReplyDelete
  8. to socretes ဒီတယောက်ရဲ. အသက် ကိုမသိပါ တို.ကတော. လွန်ခဲ့တဲ့ နှစ်၂၀ က ဒေါ်စုကို ဝေဖန်ရန် င်္လုလောက်တဲ. အသိမရှိ ငယ်ရွယ်တဲ့အတွက် မဝေဖန်လိုပါ ခု၆၆နှစ်အရွယ် ဒေါ်စု ရဲ့စိတ်နေသဘောထား ပြည်သူတွေအပေါ် ထားတဲ.မေတာ ဒေါ်စုရဲ့အရည်အချင်းတွေ ကို အသိရှိလာလေ ပိုပြီးတွေးခေါ်နိုင်လာလေလေ နှစ်သက်သဘောကျ ယုံကြည်အားကိုး လာပါတယ်. ခုလက်ရှိအခြေအနေ နဲ့နှိုင်းပြောရရင် ပြည်သူတွေအတိဒုက်ခရောက်တာ ငါနဲ့ ငါ့မိသားစုအတွက် သာတွေးပြီး ပြည်သူကျွေးတဲ့ ထမင်းကိုစား လက်နက်အားကိုးတဲ့ ပြည်သူ့တပ်မတော်မဟုတ်တဲ့ လူတစုကိုပဲအကာအကွယ်ပေးတဲ့စစ်တပ်ကြောင့်လို့ အကြွင်းမဲ့ယုံကြည်တယ်.. နောက် socretes ဆိုတဲ. သူတွေလို မီးစာတဖက်ရေမှုတ်တဖတ် ပျော့ပျော့လေးနဲ့နံတဲ့ကြောင်ချီးလို သူတွေကြောင်. ပြည်သူတွေ ဒုက်ခရောင်ရတယ်လို့လဲ ယုံကြည်တယ်

    ReplyDelete
  9. ဗိုလ်ချုပ်ထက် ဒေါ်စုက သာသွားပြီဆိုတာကတော့ တော်တော်လွန်သွားပြီ။ဘယ်လိုမှ နှိုင်းယှဉ်လို့မရတဲ့ အရာနှစ်ခုကို သွားနှိုင်းတာဟာ ဗိုလ်ချုပ်သိက္ခာကျပါတယ်။

    ReplyDelete
  10. ခင်ဗျားက စာကိုသေသေချာချာမဖတ်ဘူးထင်တယ်။ စာရေးသူဆိုလိုတာ ဒေါ်စု လက်ရှိအသက်က ၆၆နှစ် ဗိုလ်ချုပ်က၃၃ နှစ် ဒါ့ကြောင့် ဒေါ်စုက ဗိုလ်ချုပ်ထက်နှစ်ဆလူ့ပြည်မှာနေခွင့်ရသွားပြီ၊နှစ်ဆသာသွားပြီလို့ဆိုလိုတာ၊ရေးထားတာ အရှင်းကြီး ဒါကိုဖတ်ရင်းနဲ့ ရှုတ်နေတာလား၊ ဗမာစာမဖတ်တတ်ဘူးလား။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။