Pages

Tuesday, June 21, 2011

အမေ့စုရဲ့ မေတ္တာပန်းတို့ လန်းရာမြေ...


အမေ့စုရဲ့ မေတ္တာပန်းတို့ လန်းရာမြေ

မနေ့ (20th June)က အမေ့အိမ် ကျောင်းလေးမှာ အမေစုဆီက ပို့လိုက်တဲ့ မေတ္တာပန်းတွေနဲ့ ဝေခဲ့ရပါတယ်။ အမေစု ကိုယ်တိုင် မလာရောက်နိုင် သေးပေမယ့် အမေက ကလေးများအတွက် သတိတရနဲ့ Cake မုန့်နဲ့ နှင်းဆီပန်း အများအပြားကို အမေ့ကိုယ်စား လူငယ်အဖွဲ့ဝင်တွေက လာရောက်ပို့ ပေးသွားကြပါတယ်။ အမေ့ဆီက ပန်းနဲ့ မုန့် လက်ဆောင်ရလိုက်ကြတဲ့ ကလေးများရဲ့ ဝမ်းသာပျော်ရွှင်မူဟာ သူတို့ဘ၀ရဲ့  ကြီးမားတဲ့ စိတ်ဓါတ်ခွန်အားတွေကို အမေ့ဆီက ရလိုက်တာပါဘဲ။ အမေ့ရဲ့ မေတ္တာပန်းတို့ လန်းရာမြေဖြစ်တဲ့ အမေ့အိမ်က ၀မ်းသာပျော်ရွှင်မူများကို အားလုံးခံစားနိုင်အောင် မျှဝေပေးလိုက်ပါတယ်။

ကျေးဇူးပါမေမေ...

အမေ့ရဲ့ သားသမီးမြေးများ
အမေ့အိမ် ပညာဒါနကျောင်း
လှိုင်သာယာ

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။