Pages

Friday, June 17, 2011

ဓါတ်ဆီ၊ ဓါတ်ဆံ တို့ရဲ့ ဟာဒရရွှင်သွေး....

ဓါတ်ဆီ၊ ဓါတ်ဆံ တို့ရဲ့ ဟာဒရရွှင်သွေး အသံဖိုင်
တခါတလေ ရီစရာလေးတွေပေါ့ဗျာ...။ ရီစရာဆိုတာထက် တခေတ်တစ်ခါက လွတ်လွတ်လပ် သရော်နိုင် ဝေဖန်နိုင်တဲ့ အခြေအနေနဲ့ ခုခေတ် မိတ် အင် မြန်မာ ဒီမိုကရေစီနဲ့ နှိုင်းယှဉ်ကြည့်ကြပါ..။ ခုခေတ်မှာဆို ပျက်စရာ အများကြီးလေ... စတားဝါးတို့၊ ဖွတ်တို့ ပတတ်တို့၊ စွမ်းအားရှင်တို့ စွမ်းအားသေတို့ပေါ့.. ခုခေတ်မှာတော့ နိုင်ငံရေးပျက်လုံးဆိုတာ ပဋ္ဌာန်းတို့ သံဗုဒ္ဓေတို့ ရွတ်သံကြားရင် သရဲ၊ သဘက်၊ ကြံ့ဖွတ် စတဲ့ ကြပ်ပြေး မိစ္ဆာတွေ ကြောက်ကြသလိုပေါ့... ပါးစပ်တောင် အဟမခံဘူးလေ။ လူတိုင်းသိတဲ့ ရီစရာ စကားလေး တစ်ခုလိုပေါ့ ကြွှက်၊ ခြင်၊ ယင်၊ သန်းရွှေ၊ ပိုးဟပ်၊ စွမ်းအားရှင်၊ ကြံ့ဖွတ် အမျှဝေတဲ့ အထဲမှာ မပါဆိုသလိုပေါ့ဗျာ..။နားထောင်ကြည့်ကြပါ... အားလုံး ဘဝအမောတွေကြားမှာ ရယ်မောနိုင်ကြပါစေဗျာ....။

ပထမပိုင်း(၅)မိနစ်ကတော့ ပါလီမာန်ခေတ်က အခြေအနေကို ထင်ဟပ်စေတဲ့ ဓာတ်ဆီနဲ့ ဓာတ်ဆံတို့ရဲ့ ပျက်လုံးတွေလို့ ယူဆမိပါတယ်...။ ဒုတိယပိုင်းကတော့ စံမတူ၊ သော်တာဆိုတော့ ဆိုရှယ်လစ်ခေတ်က ပျက်လုံးတွေများလားပဲ၊ မှားရင်လည် ထောက်ပြပေးပါ...။

အသံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင် http://www.mediafire.com/?a7isis2cyhx9obm

မူရင်းဆိုဒ်မှာ ကျန်တဲ့ အပိုင်းတွေ စကားဝါ တေးဥယျာဉ်မှာ သွားရောက်နားဆင်နိုင်ပါတယ်...။

2 comments:

  1. 1976-ခုနှစ်မှာ တရုတ်ပြည်မှာ ဥက္ကဌကြီးမော်စီတုံး..သေပါတယ်။မန္တလေးက နာမည်ကျော် -သောင်းတန်အငြိမ့်က-မန့်းမှာကပြတော့..ဒေးဗစ်ချမ်း/တီလုံး/အိုအိချိ့ စတာတွေနဲ့မြန်မာကရွှေဂေါင်းပြောင်တို့ နဲ့ ပူးတွဲတင်ဆက်တယ်။ပြီးဒါတရုတ်မြန်မာ နစ်နိုင်ငံချစ်ကြည်ရေး..အခုကြည့်..တရုတ်ကဘတ်စကက်ဘောအသင်းကြီးလာတယ်..ဗမာပြည်ကဘာညာသွားတယ်ပေါ့..ကျန်လူပျက်တွေက ..( ချစ်ကြည်ရေး.)...အော်ပြီး..၀ိုင်းလက်ခုတ်တီးကြပါတယ် ၊ပြီး ဘယ်လူကြီးလာတယ်ဘာညာပေါ့...အရှိန်လေးရလာတော့မှ..အခုကြည့် အခုတရုတ်ပြည်မှာ ဥက္ကဌကြီးလဲ သေရော...ကျုပ်တို့ ဆီကဥက္ကဌကြီးလဲ..ဆိုပြီးရပ်ထားတုံး...လူပျက်တွေက ချစ်ကြည်ရေး ထအော်ကြကကြတော့ပေါ့ ။အဲဒီတော့ ခေါင်းဆောင်လူပျက်က ငါမပြီးသေးဘူးကွ.တရုတ်ပြည်ကဥက္ကဌကြီးလဲသေရော ..ကျုပ်တို့ ဆီက-ဥက္ကဌကြီးက၀မ်းနည်းကြောင်းသ၀န်လွှာ..ပို့ လိုက်တယ်..ပေါ့။ အဲဒီကျတော့ ချစ်ကြည်ရေးမအော်ကြတော့ဘဲ..အီးအီး နဲ့ ထငိုကြပါလေရော။ မင်းတို့ က ချစ်ကြည်ရေးအော်ရမှာလေ ပြောတော့ ကျုပ်တို့ လဲ တကယ်ကိုဝမ်းနည်းလို့  ငိုကြတာပါလုပ်ကြတာ။ဘာလို့ ဝမ်းနည်းရတာလဲ ဆိုတော့ ကျုပ်ဘက်က ...အီးအီး..တရုတ်ပြည်လို လိုက်မဖြစ်လို့ ပါ ..။

    ReplyDelete
  2. ဓါတ်ဆီ/ဓါတ်စံတို့ခေတ်က..ချင်းတွင်းမြစ်ရိုးအောက်မြို့ တွေမှာကပြတော့..သူတို့ ဟာသ ဇါတ်လမ်းနဲ့ ပေါ့ ။ ရွာတရွာမှာ.အမေလုပ်သူကစာမတတ်။သားကအထက်..အညာဘက်/ မင်းကင်း နဲ့ ကင်း မြို့ တွေဘက်ကုန်ကူးသွားတယ်။အမေကအထက်အညာဘက်က စုန်း/ကဝေ-ပညာတွေနဲ့ပြုစားခံရှာမှာကိုပူနေရှာတယ်။ဒီတော့သားဆီလူကြုံနဲ့ စာရေးလိုက်တယ်။ သားဖြစ်သူက လူကြုံမရှိတော့ ကြေးနန်းနဲ့ ပြန်တယ်။ကြေးနန်းကိုစာသိပ်မတတ်သူကဖတ်ပြပါတယ်။
    ( အမဲ..ကျွဲသား/ လဆံကင်စား..ဆုံးဖြစ်၏ )လို့့ ဖတ်ပြတော့အမေလုပ်သူက..သူ့ သားစုန်ပြုစားတာခံရပြီ ဆိုပြီးငိုပါလေရော။ ဒါနဲ့ ရွာဦးကဘုန်းကြီးဆီိသွားဖတ်ခိုင်းမှ..ကြေးနန်းအမှန်က..( အမေကြွယ်.သား..လဆန်း..ကင်း..စာရ..ဆုန်ဖြစ်၏ )်..အဓိပါယ်အမှန်က ( အမေကြွယ် လဆန်းတုံးက ကင်းမြို့ မှာ စာကိုရပါတယ်။ မကြာခင်ဆုန်ဖြစ်ပြီလို့  ပါ ) သူတို့ ကအရပ်ဒေသ တွေကိုပါသေသေခြာခြာလေ့လာထားပြီးဟာသ လုပ်ကြတာပါ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။