Pages

Saturday, June 18, 2011

ကရုဏာလက် မှ ကမ္ဘာမြေကိုကျေးဇူးဆပ်ခြင်း

စစ်ပွဲတွေ၊အက်တမ်ဗုံးတွေနဲ့ လောဘသားတွေကို ရာစုနှစ်ပေါင်း မရည်တွက်နိုင်လောက်အောင် ရင်နဲ့ လွယ်ထားရတဲ့ ကမ္ဘာမြေကြီး မကျန်းမမာ ဖြစ်လာနေတဲ့အတွက် ကျွန်တော်များ ကရုဏာလက် လူမှု အကျိုးပြုလူငယ်များ ကကျွန်တော်တို့ တတ်အားသရွေ့ ကမ္ဘာမြေကြီးကို ကျေးဇူးဆပ် ဆေးကုပေးနိုင်ဖို့ အတွက် ဂေဟဟိတ ဆိုနဲ့သူငယ်ချင်းတွေရဲ့ ကမ္ဘာမြေကြီးကို ဆေးကုကျေးဇူးဆပ်ပွဲမှာ ပါဝင်ကူညီနိုင်ခဲ့ပါတယ်။ ပူးတွဲပါ ပုံများကတော့ ကျွန်တော်တို့ ကရုဏာလက်နဲ့ ဂေဟဟိတရဲ့ ကမ္ဘာမြေကို ကျေးဇူးဆပ်ပွဲလေးရဲ့ မှတ်တမ်း ဓါတ်ပုံလေးတွေပါ။ သစ်တပင်ကောင်းရင် ငှက်တသောင်း နားနိုင်တယ်လို့ ဆိုရိုးစကား ရှိပါတယ်။ ဒါကြောင့် လူပီသတဲ့ သမိုင်းကို ကျေပွန်နိုင်ကြပါစေ....။

ကရုဏာလက် လူမှုအကျိုးပြုလူငယ်များ



1 comment:

  1. မြို့ ပြနဲ့ နီးတဲ့နေရာလေးဆိုတာတော့ လျှပ်စစ်မီးကြိုးတွေ က သိသာပါတယ်။ ပိုအတိအကျသိရရင်ကောင်းပါမယ်။ ကြံပြုလိုတာလေးကတော့...အခုမြင်နေရတဲ့ မြက်တွေ သစ်ရွက် သစ်ပင်တွေကို ခုတ်..မြေပေါ်မှာ စုပုံ..တပေထုလောက်ရတိုင်းမြေသား ၂-လက်မလောက်အုပ်ထား..တခါ သစ်ရွက်တွေထပ်အုံ..နောက်ဆုံးအပေါ်က ပလပ်စတစ် နဲ့ အုပ်ထား။ နစ်ပတ်တခါရေလောင်းပေးရင်..၃-လ/လောက်နေရင် အလွန်မြေသြဇာပြည့်ဝသော သဘာဝမြေသြဇာ ORGANIC COMPOST ရလာပါမယ်။ အဲဒါကိုတောင်သူတွေ ဆီ အသိမျှဝေစေချင်ပါတယ်။အဲဒီမှာ နွားချေး/ကြက်ချေး..အိမ်ကသွန်တဲ့..ဟင်းသီးဟင်းရွက်တွေပါ ထပ်ထပ်ဖြည့်ပေးပါ။
    သို့ ပေမဲ့ အချဉ်/အစပ်/ဆား စတာတွေတောင့်မပါစေရဘူး။တခုတော့ ရှိတယ်..မြေဆွေးဖြစ်လာလို့  တူးရင်..ခက်ရင်းခွ နဲ့ အ၇င်နာနာထိုးဆွပေးရတယ်။ တီကောင်တွေအများကြိး ပြတ်သေကုန်တာ မမြင်ကောင်းလို့ ။ နောက်ဓါတုမြေသြဇာတော့ လုံးဝမရောပါနဲ့ ။ တီကောင်တွေ ပြေးကုန်တယ် ။

    အထူးသဖြင့် မြေပဲအတောင့်က မြေပဲတောင့်အခွံ က မြေသြဇာ အကောင်းဆုံး.သဘာဝမြေဆွေးဆိုတာ တောင်သူတွေ ကို လက်တွေ သိစေချင်ပါတယ် ။ ချင်ပေါင်ပင် ကို အခုလိုမြေဆွေးနဲ့ စိုက်ရင် အမြင့် - ၆-၇-/ ပေအထိ မြင့်ပါတယ် ။ ငြုပ်ဆို ၃-၄ နစ်ဆက်တိုက်သီးနေတော့တာပါ ။ရခိုင်၎က်ပျောသီးဆိုရင် ဧရာမ အခိုင်ကြီးတွေ သီးလာတယ် ။ အပင်လဲအမြင့်ကြီး။

    အားပေးလျှက်

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။