ပြည်သူ့ဆေးရုံ စစ်ဆေးရုံ.... ပြည်သူ့ဆရာဝန် စစ်ဆရာဝန်..
ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)
လျှက်တပြက်မြတ်ခိုင်သို့ ဆောင်းပါးမှာ ဆရာပြန်ဖြေထားတဲ့ ကွန်မာန့်ကို အားလုံး သိရှိနိုင်စေဖို့ ပြန်လည် တင်ပြလိုက်ပါတယ်..။
အော် ကျနော်နံမည်ကို ခေါ်ပြီး ကိုယ့်နာမည်ကို ကိုယ်မဖေါ်ရဲတဲ့ သတ္တိရှင်ကြီးများ... မေးလာတာကလဲ ငွေယူပြီးကုသနေတဲ့ အထူးကုဆေးခန်း ငွေမပါရင်မကုပေးတာ ကျနော်က ဘာလုပ်ပိုင်ခွင့်ရှိမှာလဲ။ အဲဒီဆေးခန်းတွေကို ငွေရှိတိုင်း လိုင်စင်မရပါဘူး။ လုပ်ကိုင်ခွင့်ရအောင် အဆက်အသွယ် လိုတယ်ဆိုတာလောက်တော့ မြန်မာပြည်မှာနေသူတိုင်းသိပါတယ်။ လိုင်စင်ထုတ်းပေးတဲ့ မင်းတို့အဖေတွေကို ပြောရမှာလေ။ နောက် လူတွေက အစိုးရဆေးရုံကို ဘာလို့ အာမကိုးကြတာလဲ။ ကျန်းမာရေးအတွက် ဘတ်ဂျက် အများကြီးသုံးထားတာပဲ..။ ၁.၃ % ပဲသုံးထားတာလေ။ လူသတ်မယ့်အဖွဲ့ အတွက် ၂၅-%သုံး။ အသက်ကယ်မယ့် အဖွဲ့ အတွက် ၁.၃%... ပဲသုံးရှင်းတယ်နော်။
ဒါနဲ့ ၁၉၈၀- က ဂျပန် JICA ဆေးရုံကြီးမှာ ခေတ်မှီ ဓါတ်မှန်ကြီးတခု ဂျပန်ကပေးတယ်။ FUJI -500(ထင်)။ မ.ဆ.လအစိုးရက မင်္ဂလာဒုံစစ်ဆေးရုံအတွက် ဂျာမဏီက (SEIMEN-1000) ၀ယ်တပ်ဆင်တယ်။ အဲဒီတလုံးရဲ့ တန်ဖိုးက ဂျပန်-FUJI-500 - ၂-လုံးမက- ၀ယ်လို့ရတယ်။ န.၀.တ.တက်လာပြီး ဒေါ်လာလည်းရလာရော.. မေမြို့ စစ်ဆေးရုံနဲ့ မြို့ထဲစစ်ဆေးရုံအတွက် ဂျာမဏီ (SEIMEN-1000-၂-လုံး) နှစ်လုံး ထပ်ဝယ်ပါတယ်။ မန်းမှာ အဲဒီဓါတ်မှန်ရိုက်လိုသူ လူနာတွေမေမြို့ စစ်ဆေးရုံအထိ ခက်ခဲစွာသွား ပြီး ပိုက်ဆံပေးပြီး ဓာတ်မှန်ရိုက်ကြရပါတယ်။ ပိုက်ဆံမပေးရင် ရိုက်မပေးပါဘူး။ အခုမှ ပြင်ပဆေးရုံတွေမှာ ဒီဓာတ်မှန်တွေ ရလာတာပါ။ အဲဒီအချိန်- ဂျပန်ဆေးရုံကြီးက ဓါတ်မှန်စက်ကြီးက လုံးဝနီးပါး ပျက်နေပါပြီ။ စစ်တပ်အတွက် အလွန်ဈေးကြီးတဲ့ -၃-လုံးဝယ်ထားပြီး.. လူ-သန်း၅၀- အတွက်တလုံးမှ ၀ယ်မပေးသူတွေက... တခါတခါ.. ဒေါ်စုအကြောင်း ကမ္ဘာကပြောလာရင်.. လူတယောက်အတွက်ထက်-- လူသန်း၅၀-အတွက်ကြည့်ရမယ်ဆိုတဲ့ ပါးစပ်တွေလေ။ ရှင်းတယ်နော်... တပ်မတော်သာအမိ/အဖ... ဆိုနေမှတော့.. ပြည်သူသေတာ သူတို့ တောင်သတ်ရမယ့် သူတယောက် လျော့တယ်ဆိုပြီး လက်ခမောင်းတောင် ခတ်နေကြဦးမှာ။
သြော်ဆရာဝန်တွေ ပေါ့ဆလို့ သေသွားတာလည်း ရှိကြမှာပါဘဲ။ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေမှာတောင် ရှိနေကြတာပါဘဲ။ ကျုပ်တို့ ဆေးကျောင်းတုန်း ကတော့ ဆရာကြီးပါမောက္ခ ဦးထွန်းသင် (၈၈၈၈-အရေးအခင်းတုန်းက ဦးတင်အောင်ဟိန်းရဲ့ ပြည်သူ့ဆန္ဒလေ့လာရေးကော်မရှင်မှာ ဆင်တကောင်လုံး ထွက်နေတာ.. ခြေရာခံနေစရာမလိုလို့ မှတ်ချက်ပေးသူ) နဲ့ဒေါ်မြင့်မြင့်ခင်တို့က စစ်တပ်က စစ်ဗိုလ်တွေကို လက်ညိုးထောင်ပြီး မာစတာဘွဲ့လွန် လာတက်ရင် စစ်ဗိုလ် ဆရာဝန်လေးတွေကို တော်တော်လေး ငေါက်ငမ်းပါတယ်။ စစ်ဗိုလ်ဆရာဝန်တွေက.. လူနာရောဂါကို ဆုံးဖြတ်ခိုင်းရင်.. ရောဂါကို၂-ခု..၃-ခုအထိ ပြောတတ်ကြတာ လက်မခံပါဘူး။ မင်းတို့တပ်ထဲမှာလို ဘရင်းဂန်းသရဖီ (BRAN-GUN THERAPY) ဒီမှာမလုပ်ရဘူးပေါ့။ ဒါကစာသင်နေတဲ့တက္ကသိုလ်.. သူတို့ခေါင်းကျိန်းကြရပါတယ်။ ဒေါ်မြင့်မြင့်ခင်ကတော့ ပြောဆိုဖွယ်မရှိ. ငတုံးတွေဆိုပြီး အော်တော့တာပါဘဲ။ သူကသိတယ်လေ။ ဘာအရည်အချင်းစစ်မှ ဖြေစရာမလိုတဲ့ လက်ညိုးထောင် တန်းတက်တွေလေ။ ပြီးသူတို့ လူစာမေးပွဲကျရင် ထုချေလွှာတွေ တင်ရတော့..အောင်စေပေါ့။
၁၉၉၂-ခုနှစ်မှာ.. လူမှုဝန်ထမ်းဌာနက ညွန်ချုပ်- ဗိုလ်မှုးကြီးထွန်းဦးဟာ.. ဇူလိုင်လထဲ.. တရက်မှာ..ခင်ညွန့်သမီး မင်္ဂလာဆောင် (ကုန်းမြင့်ရိပ်သာ-) ကွင်းပြင်မှာ လုပ်ပါတယ်။ လူအများကြီးပေါ့။ မိုးလေး တဖွားဖွားကျတာ ဘယ်သူမှ ထမပြေးရဲကြပါဘူး။ အဲဒီလိုဖြစ်ပြီးတော့ နောက်တနေ့မှာ နှာစေးပြီး နဲနဲလေး ဖျားပါတယ်။ သူ့မှာသားမက် နှစ်ယောက်စလုံးက ဆရာဝန်တဦက အထူးကုပါ။ သူကနေမကောင်းရင်.. သားမက်တွေ အကုမခံပါဘူး။ ကျနော်ဘဲ ကုပေးရပါတယ်။ ကျနော်မှာ သားမက်တွေကို အားနာရှာတယ်။ သူတို့က နားလည်ပေးကြပါတယ်။ အဲဒီနေ့ကကျနော့်ကို ရှာမတွေတော့ မြို့ထဲ စစ်ဆေးရုံကြီးကို ခေါ်သွားပါတယ်။ ညနေ-၅.၃၀-ခွဲ ဆေးရုံကြီးကို ရောက်တယ်။ ဆေးရုံပေါ် လမ်းလျှောက် တက်သွားပါတယ်။ ညနေ၆.၃၀-ခွဲလောက်မှာ ဆေးစသွင်းပါတယ်။ ပထမငှက်ဖျားဆေး (ကွီနင်း-QUINNINE)ကို အကြောဆေးသွင်းပါတယ်။ ပြီးမက်ထရိုနီဒဇော- ဆေးရည် (METRONIDAZOLE) ဆေးသွင်းပြန်ပါတယ်။ အူရောင်နေတာ အတွက်ဆိုပြီးတော့ ကလိုရီုဖင်နီကောဆေးရည် (CHLOROPHENICOL) ဆေးရည်ပါ။ တိုက်ဖွိုက်ရောဂါအတွက်..။ အသဲရောဂါ အထူးကု သမားတော်ကြီး ဦးခင်မောင်ဝင်းလည်း လာကြည့်ပါတယ်။ သားမက်တွေရောပါတယ်။ ည၁၁.၃၀ မှာ နမူးနထူးစဖြစ်လာတယ်။ ၁.၃၀ မှာ သတိစလစ်ပါတယ်။ ဆေးတွေ နောက်တကျော့ ထပ်သွင်းပြန်တယ်။ မနက်.. ၃.၃၀ လောက်မှာ ဆုံးသွားပါတယ်။ ဒီလောက်ပြင်းတဲ့ဆေးတွေ အပြုံလိုက်သွင်းရင် တော်ရုံလူသေမှာဘဲ။ မယုံရင်နည်းနည်း စမ်းကြည့်ပါလား။ တစုံပေါ့ (၃-မျိုး)တကြိမ်ပေါ့။
၁၉၉၂-ခုနှစ်မှာ.. လူမှုဝန်ထမ်းဌာနက ညွန်ချုပ်- ဗိုလ်မှုးကြီးထွန်းဦးဟာ.. ဇူလိုင်လထဲ.. တရက်မှာ..ခင်ညွန့်သမီး မင်္ဂလာဆောင် (ကုန်းမြင့်ရိပ်သာ-) ကွင်းပြင်မှာ လုပ်ပါတယ်။ လူအများကြီးပေါ့။ မိုးလေး တဖွားဖွားကျတာ ဘယ်သူမှ ထမပြေးရဲကြပါဘူး။ အဲဒီလိုဖြစ်ပြီးတော့ နောက်တနေ့မှာ နှာစေးပြီး နဲနဲလေး ဖျားပါတယ်။ သူ့မှာသားမက် နှစ်ယောက်စလုံးက ဆရာဝန်တဦက အထူးကုပါ။ သူကနေမကောင်းရင်.. သားမက်တွေ အကုမခံပါဘူး။ ကျနော်ဘဲ ကုပေးရပါတယ်။ ကျနော်မှာ သားမက်တွေကို အားနာရှာတယ်။ သူတို့က နားလည်ပေးကြပါတယ်။ အဲဒီနေ့ကကျနော့်ကို ရှာမတွေတော့ မြို့ထဲ စစ်ဆေးရုံကြီးကို ခေါ်သွားပါတယ်။ ညနေ-၅.၃၀-ခွဲ ဆေးရုံကြီးကို ရောက်တယ်။ ဆေးရုံပေါ် လမ်းလျှောက် တက်သွားပါတယ်။ ညနေ၆.၃၀-ခွဲလောက်မှာ ဆေးစသွင်းပါတယ်။ ပထမငှက်ဖျားဆေး (ကွီနင်း-QUINNINE)ကို အကြောဆေးသွင်းပါတယ်။ ပြီးမက်ထရိုနီဒဇော- ဆေးရည် (METRONIDAZOLE) ဆေးသွင်းပြန်ပါတယ်။ အူရောင်နေတာ အတွက်ဆိုပြီးတော့ ကလိုရီုဖင်နီကောဆေးရည် (CHLOROPHENICOL) ဆေးရည်ပါ။ တိုက်ဖွိုက်ရောဂါအတွက်..။ အသဲရောဂါ အထူးကု သမားတော်ကြီး ဦးခင်မောင်ဝင်းလည်း လာကြည့်ပါတယ်။ သားမက်တွေရောပါတယ်။ ည၁၁.၃၀ မှာ နမူးနထူးစဖြစ်လာတယ်။ ၁.၃၀ မှာ သတိစလစ်ပါတယ်။ ဆေးတွေ နောက်တကျော့ ထပ်သွင်းပြန်တယ်။ မနက်.. ၃.၃၀ လောက်မှာ ဆုံးသွားပါတယ်။ ဒီလောက်ပြင်းတဲ့ဆေးတွေ အပြုံလိုက်သွင်းရင် တော်ရုံလူသေမှာဘဲ။ မယုံရင်နည်းနည်း စမ်းကြည့်ပါလား။ တစုံပေါ့ (၃-မျိုး)တကြိမ်ပေါ့။
သြော်ကုပေးတာကတော့ စစ်ဆေးဆရာဝန်ကြီးပါ။ နာမည်တော့ မဖေါ်တော့ပါဘူး။ အထူးကုလိုက်တာလေ..။ ကျနော်ည၁၂.၃၀ မှာပြန်ခဲ့တယ်။ သားမက် အထူးကုဆရာဝန်ကို.. သာမန်နှာစေးတာလေးကို ဘရင်းဂန်းနဲ့ ဆော်တာ.. ရောဂါပိုးရော လူပါအသေပဲ ပြောခဲ့ပါတယ်.။ ကျနော်ဆက်မကြည့်ရက်တော့ဘူး။ ငွေ့ငွေ့လေးဖျားတာကို ဘရင်းဂန်းတွေ နဲ့ဆော်ထည့်တော့တာလေ။ ပေါ့ဆမှု မဟုတ်ဘူး။ မကုတတ်လို့ သေရတာ ပိုကြောက်စရာ ကောင်းပါတယ်။ ဗိုလ်မှုးကြီးဦးထွန်းဦး ဇနီး.. အန်တီဝေကို သွားမေးကြည့်ပါ။
လှိုင်မြင့်...
လျှက်တပြက်မြတ်ခိုင်သို့ ဆောင်းပါးပြန်ဖတ်ချင်ရင် Click


ဆောင်းပါးရှင်က ခပ်ကြီးကြီးတွေ နာမယ်မပါရင် စာမရေးတတ်ဘူးနဲ့ တူတယ်။ ဟိုလူမေးပါ ဒီလူ့မေးပါနဲ့ ဘယ်သူမှ အချိန်ကုန်ခံပြီး သွားမမေးဘူး လုပ်နိုင်တဲ့ အရည်အချင်းရှိရင် ရွေးကောက်ပွဲ ၀င်အရွေးခံပြီး လွှတ်တော်ထဲ ပြောချင်တာတွေ သွားပြောဗျာ။
ReplyDeleteအော်...ဖြစ်မှဖြစ်ရလေ...အထက်ကဆရာသမားရယ်....
ReplyDeleteနားထောင်သူရှိရှိမရှိရှိ...ပြောချင်ရာပြောတာကိုက...
စာရေးဆရာ လိုင်စင်လေဗျာ...
ကဗျာဆရာလိုင်စင်ဆိုရင်..ပိုဆိုး။ "ရွှေလ၀န်း" က အစိမ်းရောင်ဖြစ်လိုဖြစ်...ဒေလီယာပန်းက မွှေးပျံ့ လို့ မွှေးပျံ့ ....
ဒါတောင်မော်ဒန်ကဗျာ မဟုတ်သေးဘူး။ နိုင်ငံရေးအကြောင်းရေးတဲ့ စာရေးဆရာဆိုတာ...ငါ သူတော်ကောင်း၊ သူ ဒေ၀ဒတ်လောင်း....ရေးကြတာပဲလေ...။
ငါ့ ဝေဖန်ရေး ကြက်မွှေး၊ ဒင်း..ဝေဖန်ရေး တင်းပုတ်..။
လှလှပပ ပုတ်ခတ်ခြင်းဆိုတဲ့ အတတ်ပညာကျွမ်းကျင်ရသပေါ့...။
ဖတ်တဲ့လူက ရွှေကျင်သလို တန်နဲ့ ချီတဲ့ ခဲသလဲတွေဖယ်ပြီးဖတ်ပေါ့ဗျာ။ အေရာဝတီ ၀က်ဘ်ဆိုဒ်မှာပါတဲ့ အမှိုက်ကောက်တဲ့ ရွှေမြန်မာတွေလိုပေါ့...
အမိုက်ပုံတခုလုံး ထိုးဆွမွှေနှောက်...
အတိုအစလေးတွေရလိုရငြား....။
အပေါ်က Anonymousဆိုတဲ့လူ....
ReplyDeleteအရည်အချင်းရှိရင် ရွေးကောက်ပွဲ ၀င်အရွေးခံလို့ပြောရအောင် အရည်အချင်းရှိတိုင်း အရွေးခံလို့ရမှာ မို့လို့လားကွ!
ကလိမ်ကျအစိုးရရဲ့ ကလိမ်ကကျစ်လုပ်ထားတဲ့မဲတွေနဲ့ ကိုယ့်ဟာကိုယ်ရွေးလိုက်ကြတာများ မြန်မာသာမက ကမ္ဘာကသိတယ်၊ ပြည်သူကရွေးကောက်တင်မြှောက်တာမဟုတ်ဘဲ ကိုယ်ဟာကိုယ်ရွေးထားတဲ့ ကလိမ်ကျအစိုးရ...
လွှတ်တော်ထဲ ပြောချင်တာတွေ သွားပြောဗျာ။ ဆိုပြီး မင်းရဲ့သေးနုပ်နိမ့်ဖျင်းတဲ့ ဦးနှောက်နဲ့ ပေါက်လွှတ်ပဲစားပါးစပ်သုံးပြီး စွတ်အော်မနေနဲ့...
လက်ရှိခွေးတိုးပေါက်ကဝင်သွားတဲ့ လွှတ်တော်ထဲကအမတ်တွေကို သာဓကအနေနဲ့ကြည့်...
လက်ရှိကလိမ်ကျအစိုးရအုပ်ချုပ်နေသရွေ့ မြန်မာပြည်ကြီး စုတ်သထက်စုတ်ပြတ်လာလိမ့်မယ်...
အမေရိကန် အမတ် ဂျွန်မက်ကိန်း လာတော့ မြန်မာ ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားတဲ့ လွှတ်တော်အမတ် များကို တန်းတူ ဆက်ဆံရတယ်လေ။ မြန်မာလွတ်တော် အမတ်များက တော်ပါတယ်။ ၊ီပလိုမေစီ ကောင်းပါတယ်။ လွှတ်တော်အမတ်သက် နဲသေးတာမို့ လို့  ဂျွန်မက်ကိန်း ဆီက အတွေ့ အကြုံတွေ ဝေမျှဖို့ နဲ့ အမေရိကန် လွှတ်တော် အမတ်တွေ ထပ်လာလည်ဖို့ တောင် ဖိတ်လိုက်သေး။ အဲ၊ါ မြန်မာ ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားတဲ့ လွှတ်တော်အမတ် များကို အမေရိကန် လွှတ်တော် အမတ်က တရားဝင် အသိအမှတ် ပြုသွားတာဘဲ။
ReplyDeleteရွးကောက်ပွဲလဲ မ၀င်၊ ပြည်သူတွေကိုလဲ မဲမပေးဖို့  စည်းရုံး၊ ပြည်သူတွေက မဲပေးတော့ ခိုးတယ် ကလိမ်ကကျစ် လုပ်ထားတယ် နဲ့။ ခိုးတဲ့မဲတွေ ကလိမ်ကကျစ် လုပ်ထားတဲ့ မဲတွေရှိတယ်ဆိုရင် ဘယ်လို ခိုးတယ် ကလိမ်ကကျစ် လုပ်ထားတယ် ဆိုတာ တိတိကျကျရေး။ ပေါ်အာင်လုပ်။ ရွေးကာက်ပွဲ ကော်မရှင်ကိုတိုင်။ မပိုင်ဘဲ လျှောက်ပြောမနေနဲ့.။ ပြောတဲ့လူရဲ့  နောက်ကွယ်မှာ ဘယ်သူတွေ ရှိတယ်ဆိုတာ ပြည်သူသိတယ်။ မင်းတို့  အဲဒီလို လုပ်လေ ပြည်သူ့ ချဉ်ဖတ် ဖြစ်လေ-ဘဲ။ ရဲရဲတင်းတင်း ရွေးကောက်ပွဲမှာ ပြည်သူ့ အဆုံးအဖြတ် ခံယူစမ်းပါ။ ကြောက်မနေပါနဲ့။
ReplyDeleteခိုးတာ တကမ္ဘာလုံးသိတာ နာနေသေးလားကွာ မဟုတ်မှလွဲရော ခိုးဖော်ခိုးဖက် ဖွတ်ဖေါ်ဖွတ်ဖတ်တွေ ဆိုတော့ အနာပေါ်ဖွတ်ကျတာပေါ့
ReplyDeleteလာပြီ ဆရာလှိုင်မြင့်ရေ....Socretes လာပြီ ။ ဂရိအတွေးအခေါ်ပညာရှိကြီးဆိုခရီးတီးကတော့ အမှန်တရားအတွက်အဆိပ်သောက်ပြီးအသေခံပြသွားတယ်။ အခု န.အ.ဖ ဆိုခရိးတီး က ဆရာလှိုင်မြင့် စိန်ခေါ်တဲ့ စစ်ဗိုလ်ချုပ်တွေ မခိုးဘူး / ခိုးတယ် စိန်ခေါ်ထားတာ တကယ်ချမဲ့လူ နော် ။ ရှေ့ ရှောက် စိန်ခေါ်တဲ့အခါ န.အ.ဖ.ဆိုခရိတီး မပါလို့  ထဲ့ရေးပါ။ သူက ဂရီ ဆိုခရိးတီးထက် အမှန်တရားအတွက်အသေခံရဲတဲ့ပုံရှိတယ်။
ReplyDeleteဟေ့ ဗိုလ်ချုပ်အောင်ဆန်း လို ပြောရဲလား ။ သတ္တိရှိရင် မံပုံးထောင်လိုက် ။ ဒေါ်စု မလွတ်ခင် ရွေးကောက်ပွဲ ရက် ကိုချိန်လုပ်..အူနီဖေါင်းဝတ်ထားပြီး ဘာလက်နက်မှ မရှိတဲ့ မိန်းမသားကို ဒီလောက်ကြောက်ကြရတယ်လို့  ။ နိုင်ငံတကာအကဲခတ်တွေ မပြောနဲ့  သတင်းထောက်တောင် အ၀င်မခံရဲ ။ သတ္တိံရှိရင် ကြိုတင်မဲ မပါကျေး...နိုင်ငံတကာ အကဲခတ် လာခွင့်ပြု ရဲလား အူနီဖေါင်းဝတ် ကြီးများရယ်။ ဗမာ့ တပ်မတော်ကြီးရဲ့ တံဆိပ်ကိုလဲအားနာပါအုံး။
ReplyDeleteဆရာ့ဆောင်းပါးထဲ ပါထားသူကိုမေးပေါ့ . မမေးရဲဘဲ ပြန်ဖြဲတာကတော့ မေးမှ ကွဲမှာသေချာနေပြီ ။ ဘယ်သူကအမှန်ဆိုတာရှင်းသွားပြီ ။ဒါတောင် ညွှန်ချုပ်အဆင့် ကို စောက်ရမ်းကုထဲ့တာ ။ ရဲဘော်တွေ ဆို အဲဒီလို ဘရင်းဂန်းကုထုံးကြောင့် ထောင်သောင်းချီ သေပြီးလောက်ပြီ။ ပြောကြအုံးမှာ ဆေးကို အများကြီး စုံနေအောင်ကုပေးတာကို မရလိုက်ဘူး ။ ကျေးဇူးတောင် တင်မဆုံး ဖြစ်နေကြရမဲ့ပုံ ။
ကမ္ဘာက ဘာကိုသိတာလဲ။တွေ့ကရပါးစပ်ထဲ ကမ္ဘာကိုလျှောက်ဆွဲထည့်မနေနဲ့။မင်းညီမကို စစ်တပ်က မဒိန်းကျင့်တယ်ပြောလည်း ငါတော့မယုံဘူး။သက်သေပြနိုင်မှယုံမယ်။အဲဒီလိုပဲ ကမ္ဘာသိ မီဒီယာတွေရှိ ပြည်သူတွေပွင့်လင်းစွာ မဲပေးကြ ပြည်သူတွေရှေ့မှာ မဲဖောက်ကြ မဲရေကြလုပ်ပြနေတာကို မဲခိုးပါတယ်စွပ်စွဲ။အတော်ဂွကျတဲ့သူတွေပါပဲ။ခိုးတယ်ဆိုရင်လည်း ဘယ်သူဘယ်ဝါကခိုးတယ် ဘယ်မှာခိုးတယ် ဘာညာအထောက်ထားပြဆိုတော့လည်းမပြနိုင်။အထောက်ထားမပြပဲ ခိုးပါတယ်ဆိုပြီး ဇွတ်ပြောနေတော့ မခက်ပေဘူးလား။ဒါကြောင့်လည်း ဒီမိုကတုံးနဲ့ငတုံးတွေပဲရှိတယ်ဆိုတာ ပိုယုံသွားပြီ။
ReplyDeleteမင်းတို့လုပ်တတ်တာ ဖင်ပိတ်ငြင်းဖို့ပဲသိတယ်။အထောက်ထားမပြနိုင်ရင် စကားတစ်ခွန်းတောင်မပြောသင့်ဘူး။
သတ္တိရှိလို့ မဲပုံးထောင်ပေးထားတာကို ၀င်မပြိုင်တာ ဘယ်အဖွဲ့စည်းလဲ?ဘယ်သူလဲ?ရှက်တတ်ရင် ကိုယ့်လဥကို တူနဲ့ထုသေသင့်တယ်။အာဏာကိုလိုချင်ရင် တရားသောနည်းလမ်းနဲ့ အခြေခံဥပဒေထဲကနေလုပ်ပြီး ပြည်သူအရွေးချယ်ခံခိုင်းထားတာကို မ၀င်ပြိုင်ပဲ အပြင်ဘက်ကနေ ကန့်လန့်လိုက်နေတာဟာလည်း ရွံ့စရာကောင်းတဲ့အလုပ်တစ်ခုပါပဲ။
ReplyDeleteကျနော် ဆေးကု လိုင်စင် ( ဆ.မ )မြန်မာပြည်က မထွက်ခင်က အထိ လုပ်ထားပါတယ်။ ရှိပါတယ် ။ အားမှ စကင်ဆွဲတင်ပေးပါမယ်။ အနာပေါ် ထိ လို့  ရှောက်ရမ်းမနေပါနဲ့  ။ ကျုပ်လို အတိုက်အခံဆရာဝန်မျိုး..လူနာကုလို့ သေရင် မင်းတို့ လူယုတ်မာအောက်တန်းကျလှတဲ့အစိုးရလား..လိုင်စင်သိမ်းရုံလေးနဲ့ တင်ပြီးမှာ ။ ထောင်ပါ အနစ် ၂၀ လောက်ချပြစ်မယ်ဆိုတာ ထမင်းစားသူတိုင်းသိပါတယ် ။ လဥ-လောက်ဥိးဏှောက်နဲ့လာလာခြေသေး ။
ReplyDeleteရေးပါအုံးမယ် ။ မ.ဆ.လ.ခေတ်က ဒေသပါတီ ဥက္ကဌဟောင်းတဦးကို- ၁၉၉၁- က မင်္ဂလာဒုံစစ်ဆေးရုံက မှားခွဲစိတ်လိုက်တာလေး။ အားမှ ဖြေးဖြေးပေါ့ ။
တော်တော် ထိ သွားပုံရတယ်။ အခုလွှတ်လာတဲ့ အမတ်ဦးကျော်ဆန်း ဆိုရင်..ကားတိုက်မိတာ လက်ကျိုးရုံ ။ အမှုလဲကျေအေးပြီးသား ။ နောက်မှ ထောက်က သိတော့ လူနာကို ဖိအားပေး အမှုပြန်ဖွင့်ခိုင်း ထောင် ချပစ်တာပါ။ ဒေါ်စု ကားယဉ်မောင်း ၉၆- မှာတောင်ငူနားမှာ ကားတိုက်တာ..လက်မလေး ခေါက်သွားရုံ။ ကား ၃-စီးစလုံးက လူအားလုံးကိုဖမ်းတယ်။ မဆီမဆိုင် ဖမ်းတာလေ ။ နောက်မှ ပြန်လွှတ်တယ်။ တိုက်တာ တောင်ငူမ၀င်ခင် ။ ကျေအေးပြီးသာ ။ သိမှ ပြန်ဖမ်းတာ ဖြူးမှာဖမ်းတယ် ။ ပြီးထောင် ငါးနှစ်ချပါတယ်။ အဲဒီရက်ပိုင်း ဗိုလ်ချုပ်မှုးကြီးသားမိတ်ဆွေ လမ်းမတော် ရဲစခန်း မီးပွိုင့်မှာတိုက်တာ နေရာတင်ပွဲချင်းပြီးသေတယ်။ လွတ်ပါတယ်ဗျာ။
အဲဒီလိုတိုင်းပြည်အုပ်ချုပ်သူတွေရဲ့  စိတ်ဓါတ်အောက်တန်းကျလို့ ..အခု ငွေဈေးတွေ ကမောက်ကမ ဖြစ်..စီးပွားတွေ ပျက်လာမယ် .ပြီးမကြာခင် မြန်မာငွေဈေး မာနေရာကနေ..ပြိုကျ ရှော့ရ လာပါတော့မယ် ။ ဒေါ်လာသာကိုင်ထားကြပါ ။ မြန်မာငွေ မာတာ ကနေ ပြုတ်ကျပါမယ် ။
လှိုင်မြင့်
ဒကာတော်ရေ ကျေးဇူးဘဲဗျာ ဆက်ပြီးတော့ ရေး ဗျာ ဒကာ တော် အတွေ့အကြုံ တွေ အများပြည်သူတွေ အကုန်သိရအောင်
ReplyDeleteစက်တင်ဘာဦးနေမိန္ဒ ( ဖုးံကွယ် ထားလို့မရတဲ့ အရာတွေတည်းမယ် အမှန်တရားက ထိပ်ဆုးံက)
ကျွန်တော့ကိုသနားပါ..(နအဖ)အခုတော့ကြံ့ဖွတ်ပါတီကောင်းကြောင်းရေးမှအမွှန်းတင်မှငွေရမဲ့ဘဝပါ..တစ်လသုံးဖို့ပေးတဲ့ဒေါ်လာ၂၅၀ကမလောက်လို့ပါ..တစ်ခါသခြားလူတွေကိုစော်ကားပြီးနအဖ(ကြံ့ဖွတ်)ကောင်းကြောင်းကော်မန့်ရေးယင်တစ်ခါရေး(၁)ဒေါ်လာရပါတယ်..ပေါင်မုန့်ဖိုးအရက်ဖိုးလေးအတွက်ပါ..တစ်ခါတစ်လေဖာဖိုးလေးအတွက်ပါ..နားလည်ပေးကြပါ..သနားပါခင်ညာ..သနားပါ
ReplyDeleteခွေးသူခိုး
ကျွန်တော့ကိုသနားပါ..(နအဖ)အခုတော့ကြံ့ဖွတ်ပါတီကောင်းကြောင်းရေးမှအမွှန်းတင်မှငွေရမဲ့ဘဝပါ..တစ်လသုံးဖို့ပေးတဲ့ဒေါ်လာ၂၅၀ကမလောက်လို့ပါ..တစ်ခါသခြားလူတွေကိုစော်ကားပြီးနအဖ(ကြံ့ဖွတ်)ကောင်းကြောင်းကော်မန့်ရေးယင်တစ်ခါရေး(၁)ဒေါ်လာရပါတယ်..ပေါင်မုန့်ဖိုးအရက်ဖိုးလေးအတွက်ပါ..တစ်ခါတစ်လေဖာဖိုးလေးအတွက်ပါ..နားလည်ပေးကြပါ..သနားပါခင်ညာ..သနားပါ
ReplyDeleteခွေးသူခိုး
ကျွန်တော့ကိုသနားပါ..(နအဖ)အခုတော့ကြံ့ဖွတ်ပါတီကောင်းကြောင်းရေးမှအမွှန်းတင်မှငွေရမဲ့ဘဝပါ..တစ်လသုံးဖို့ပေးတဲ့ဒေါ်လာ၂၅၀ကမလောက်လို့ပါ..တစ်ခါသခြားလူတွေကိုစော်ကားပြီးနအဖ(ကြံ့ဖွတ်)ကောင်းကြောင်းကော်မန့်ရေးယင်တစ်ခါရေး(၁)ဒေါ်လာရပါတယ်..ပေါင်မုန့်ဖိုးအရက်ဖိုးလေးအတွက်ပါ..တစ်ခါတစ်လေဖာဖိုးလေးအတွက်ပါ..နားလည်ပေးကြပါ..သနားပါခင်ညာ..သနားပါ
ReplyDeleteခွေးသူခိုး
ဆရာကတော်တော်အဆဲသန်ပုံရတယ်။ကိုယ်ချင်းစာပါတယ်ဗျာကိုယ့်ထိတော့ရှိသမျှဟာပါကလော်တုတ်နေတာအဆင့်မရှိတဲ့နိုင်ငံရေးသမားပဲ။ ပညာတတ်တိုင်းအဆင့်ရှိတာမဟုတ်ဘူးဆိုတာလက်တွေ့ပဲ။
ReplyDeletehttp://www.demowaiyan.co.cc/2011/06/blog-post_1445.html?showComment=1309387935738#c7609914240684111250
ReplyDeleteဇတ်လမ်းကတော့စပြီ...။
ဆရာလှိုင်မြင့်ရေ..... ဦးသိန်းစိန်တို့ အလှည့်ပြီးသွားတော့
NLD အသိုင်းဝိုင်းကြားတိုးပေါက်ခဲ့သူတစ်ယောက် အနေနဲ့ ... "NLD...ကျဉ်တုတ်ခံဝံ့ မခံဝံ့" ခေါင်းစဉ်နဲ့ 
ဆောင်းပါးလေးတစ်ပုဒ်လောက်ရေးပါဦးဗျ။
ဒီကိစ္စက ပုဆိုးလှန်ပြ၊ ထမီလှန်ပြလို့ ရတာလည်းမဟုတ်တော့...
"မဆလ"၊"ထောက်လှမ်းရေး" နဲ့  "ပတ်စပို့ ရုံးကလူတွေ" ကို ဥပဒေနည်းကျ ခင်ဗျား ပြန်ကိုင်ခဲ့သလို ညဏ်နီညဏ်နက်တွေ ထုတ်ပါဦးဗျ။
၉၀ ရွှေထီးဆောင်းကာလကို မလွတ်တမ်းဆုပ်ထားနိုင်အောင်ပေါ့။
အစိုးရက...NLD ကို စတီးရွိုက်ဖြတ်တော့တာလားမသိဘူးဗျို့ ။
ဆရာအဖြစ် တပည့်လာခံသူကို ဆဲတာငေါက်တာ ဆန်းသလား မကျွမ်းကျင်သေးရင် အနစ်နာခံသင်ရမှာဘဲ စေတနာနဲ့ ဆုံးမသွန်သင်တာလို့
ReplyDeleteသဘောထားတယ် (ခံရသူက) တတ်ဖို့အဓိကဘဲလေ
ဆောင်းပါးရှင်က တစ်ခါမှ မဆူ မငေါက်ခံရဖူးဘူးထင်တယ်
တော်လိုက်တာ မုဒိတာ ပွားပေးပါတယ်
ဆောင်းပါးရှင် စိတ်ထားမျိုးနဲ့သာဆို တာဝန်2ခုထမ်းဖို့ စစ်သင်တန်းသွားတက်ရင် နည်းပြဆရာတွေ နှုတ်ထွက်ခွင့်
တင်ပြေးကြမှာ အသေချာဘဲ ဘာကြောင့်လဲမေးရင် ခံယူချက်နဲ့စိတ်ဓါတ်လိုအပ်ချက်အရ ပါးရိုက်သင်ရလွန်းလို့ လက်တွေနာလွန်းလို့ပါ ဆိုတဲ့ အကြောင်းပြချက်နဲ့လေ ဒီတော့ကာ စဉ်းစား---