Pages

Tuesday, June 14, 2011

ရန်ကုန် မြို့တော် တိုးချဲ့ရေး စီမံကိန်း.... ဆောင်ပါးရှင် (ဒေါက်တာလှိုင်မြင့်)

ဆူးလေဘုရားနှင့်မှတ်တမ်းရုံး(၁၈၆၈) ဓါတ်ပုံ ကောင်းမြတ်ဟန် Picasaမှ
၁၉၄၈ခုနှစ် ဇန္နဝါရီလ(၄)ရက် လွတ်လပ်ရေးနေ့ အခါသမယက ရန်ကုန်မြို့မြင်ကွင်း ရုပ်သံ...
ရုပ်သံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင်  
ရန်ကုန် မြို့တော် တိုးချဲ့ရေး စီမံကိန်း
ဆောင်ပါးရှင် (ဒေါက်တာလှိုင်မြင့်)
ယနေ့  ရန်ကုန်မြို့ တော်ကြိးဟာ မူလဗြိတိသျှ တို့ အုပ်ချုပ်စဉ်အခါက လူဦးရေ နှစ်သိန်းအတွက် ရာထားတဲ့ စီမံကိန်း တည်ဆောက် ထားခဲ့တာပါ။ လွတ်လပ်ရေးရခါစက လူဦးရေ လေးသိန်းလောက် ရှိခဲ့ပါတယ်။ ပြည်တွင်းစစ်ကြီိးဖြစ်လာတော့ လူဦးရေပိုတိုးများလာခဲ့ပါတယ်။ တခါ ၁၉၅၈- ဦးနေ၀င်း အာဏာ အနုနည်းသိမ်းခဲ့တဲ့ (အိမ်စောင့်အစိုးရလက်ထက်မှာ) တနည်း အာဏာအပြီးသိမ်းဖို့  ရီဟာဆယ် လုပ်ချိန်က သာကေတမြို ၊့ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သုဝဏ္ဏ မြို့သစ်စတာတွေ လုပ်ခဲ့ပါတယ်။ အဲဒီတုန်းက မြို့တော်ဝန်ရုံးက ဗိုလ်ကြီးဆို ထောသွားတာမှ အခုယောက်လမ်းမှာ ကောင်းပေ့ဆိုတဲ့နေရာမှာပါ...။  အဲဒါကြောင့် ကျနော်တို့ လူရွှင်တော်ကြိး ကိုဇာဂနာကလဲ.. ၁၉၈၂ လောက်မှာ အမေရိကန် သမ္မတကြီးရော်နယ်ရီဂင်က လုံခြုံရေးပါရဂူတွေနဲ့ ညှိနှိုင်းတဲ့ အစည်းအဝေးမှာ သူက ရုရှားကနေ တိုက်ချင်းပစ် ဒုံးပျံတွေနဲ့ ပစ်လာခဲ့ရင် အာကာသထဲမှာတင် ဖေါက်ခွဲပြစ်နိုင်အောင် လုပ်လို့မရဘူးလား မေးလိုက်ပါတယ်။

အဲဒီကနေ ဒုံးခွင်းဒုံးစနစ် စတင်ပေါ်ပေါက်လာပါတယ်။ အင်္ဂလိပ်လိုတော့ STAR WAR ပေါ့။ အဲဒီမှာ ဇာဂနာကလဲ အဖေါက်မှာတော့ နှိုးတူးလေ။ သမ္မတကြိးရီဂင်ကကွာ စတားဝါး စီမံကိန်းကို သူစထွင်တာပါ လာလုပ်နေသေးတယ်။ သူက ၁၉၈၂- မှ စတာပါမောင်။ ငါတို့ဆီမှာ စတားတွေ ၀ါးနေတာ သူ့ထက် အနှစ်နှစ်ဆယ် စောပါတယ်မောင်။ နောက်သူက ပြောသေးတယ်။ စစ်ဗိုလ်တွေနဲ့ မောင်နှမ မောင်နှမနဲ့ ပေါင်ခွ လုံးထွေးနေသူ အမျိုးသမီးတွေကို ဒေါ်စတားလုံးတဲ့။

ထားပါတော့။ ရန်ကုန်မြို့ဟာ ယခင်က နှစ်ထပ်တိုက်တွေကနေ နောက်ပိုင်း အထပ်မြင့်တွေ ဆောက်လာတော့ လူနှစ်သိန်းစာ အတွက်လုပ်ထားတဲ့ မြေအောက် ရေဆိုးပိုက်တွေ ရေသန့်ပိုက်တွေက တိုးလာတဲ့လူဦးရေနဲ့ မနိုင်တော့ဘူး။ ကြာလာတော့ ပိုက်တွေကလဲဆွေးလာ မိလ္လာပိုက်နဲ့ ရေသန့် ပိုက် ရောကူးကုန်တဲ့အထိ အခြေအနေ ဆိုးလာပါတယ်။ လူဦးရေတသန်းမက ရန်ကုန်မြို့လယ်မှာ နေထိုင်နေပါတယ်။ လမ်းတွေကလည်း ၄၁-လမ်း အရှေ့ပိုင်းသာ လမ်းအနည်းငယ် (ပေ-၄၀-ပေ) ကျယ်ပြီး ကျန်မြို့တွင်းပိုင်း လမ်းတွေက မြင်း၊လှည်းခေတ်အတွက် အကျယ်-ပေ-၂၅-ပေ လမ်းတွေသာ ဖြစ်နေပါတယ်။

အဲဒီတော့ ရန်ကုန်မြို့ကြီးက စက်မှုခေတ်အတွက် စီးပွားရေးတိုးချဲ့ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ မြို့သစ်မတိုးချဲ့တော့ မြို့ဟောင်းက မြေနေရာက ကျဉ်းတော့ ရန်ကုန်မြို့ရဲ့ မြေဈေးက တပေပတ်လည် ဈေးနှုန်း ကမ္ဘာမှာ ဈေးအမြင့်ဆုံးထဲ ရောက်နေပါတယ်။ အဲဒီလို မြေကျဉ်းမြောင်းတာ နိုင်ငံတကာနဲ့ စီးပွားကုန်သွယ်ရင် နှောင့်နှေးဖင့် နေပါတယ်။ စီးပွားရေး တကယ်တမ်း ထိုးတက်လာရင် ယဉ်ကျောပိတ်တာနဲ့တင် လုပ်ငန်းတွေ ထိုးရပ်သွားပါမယ်။ နောက်ဆိပ်ကမ်းက ပိုဆိုးနေပါတယ်။ ဘယ်လိုမှ နိုင်ငံတကာကို ယှဉ်ပြိုင်လို့မရနိုင်ပါ။ မြန်မာဆိပ်ကမ်းကို တန် ၁၂၀၀၀- အထက်သင်္ဘောတွေ မ၀င်နိုင်ပါဘူး။ အခုခေတ်က တန်ငါးသောင်း.. တန်းတစ်သိန်းလို သင်္ဘောတွေနဲ့ ကုန်စည်ပို့ နေတဲ့ခေတ်။

ရှေးက ရန်ကုန်မြို့အား ဒလဘက် အခြမ်းမှ မြင်ကွင်းဓါတ်ပုံ ကောင်းမြတ်ဟန် Picasaမှ
အဲဒီတော့ ဦးနေ၀င်း လက်ထက်ကတည်းက ရန်ကုန်မြို့တော်ကို ဒလဘက် တိုးချဲ့ရေး စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် ဦးနေ၀င်း လက်ထက်မှာ တိုးချဲ့ရအောင် နိုင်ငံတကာနဲ့ ကုန်သွယ်ရေးက ဘယ်လောက်မှမရှိဘူး။ အရေးမကြီးလှပါဘူး။ ဒါပေမဲ့ န.၀.တ လက်ထက်မှာကျတော့ ကုန်သွယ်ရေးတွေ မြင့်တက်လာတော့ သင်္ဘောဆိပ်ခံ နေရာကြပ်တည်းမှု ပေါ်လာပါပြီ။ သင်္ဘောတွေ ရေလည်မှာဆိုက်ထားရလေ သင်္ဘောငှားရမ်းခက တနေ့ဆိုတနေ့ တက်နေရရှာပါတယ်။ ဒါတောင် ရေလယ် ရပ်နေခအဖြစ် အစိုးရကို သင်္ဘော အရွယ်အစားအလိုက် တနေ့ကို ဒေါ်လာ- ၁၅၀၀- ကနေ ၂၂၀၀- အထိပေးနေရပါတယ်။ ဆိပ်ကမ်းကပ်ရင်တော့ တနေ့ ၃၀၀၀-လောက်ပေးရတယ် ထင်ပါတယ်။ အဲဒီအဖိုးအခတွေ တက်လာသမျှက ကျနော်တို့ ကုန်တွေ အပေါ်ဈေးနှုန်း ထိခိုက်စေတာပါ။

အခုဘန်ကောက်မှာ ဆန်တင်တယ်ဆိုရင် တန်ချိန်-၅-သောင်း သင်္ဘော။ တစ်မနက် ကပ်လိုက်တာနဲ့ အဆင်သင့်ရှိနေတဲ့ ဆိုင်လို ကြီိးတွေပေါ်ကနေ ဝေါဆို လောင်းထည့်လိုက်တာ တမနက်ဆို ပြည့်သွားပြီ။ ညနေ သင်္ဘောခွာနိုင်ပြီ။ သင်္ဘောကတန်-၅-သောင်း။ ငှားခက ထားပါတော့ တနေ့ကို ဒေါ်လာ ၄၀၀၀၀-လောက်ပေးရတယ်။ တတန်ကိုတနေ့အတွက် တစ်ဒေါ်လာလောက်ဘဲ တက်တယ်။  ကျနော်တို့က သင်္ဘောကအသေး တန်း၁၀၀၀၀- ငှားခက တနေ့ ၁၅၀၀၀- အထက်မှာ။ ဆိပ်ကမ်း ကပ်ကုန်တင်တော့ ကရိန်းနဲ့ ဆန်အိတ်နဲ့ တင်တယ်။ မိုးလေကင်းရင် ၁၀-ရက်လောက်တင်ရတာ။ မိုးရွာရင် တာလပတ်နဲ့ အုပ်ထား ပိတ်ထားပေတော့။ ၁၀-ရက်ဘဲထားပါ။ သင်္ဘောခက ၁၀-ရက်စာ ဒေါ်လာ- ၁၅၀၀၀၀- ခွဲတက်သွားပြီ။ ဆန်တစ်တန်အပေါ် ဆိပ်ကမ်းမှာတင် ၁၅-ဒေါ်လာတက်နေပြီ။ တခါ ရန်ကုန် ပင်လယ်ပေါက်ကို တလ(ရက်-၃၀ မှာ) ကို လပြည့်ရက်မှာ - ၆--ရက်လောက် အ၀င်အထွက် လုပ်နိုင်တယ်။ လကွယ်ရက်မှာ-၈- ရက်လောက် အ၀င်အထွက် လုပ်နိုင်တယ်။ ကျန်ရက်တွေ ကျောက်ချ ရပ်ထားပေးတော့။ ပေးပေဦးတော့ မြန်မာဆိပ်ကမ်းကို ရပ်နားခ။ ဆန်ကလဲ ၀န်ကြီးကို ဆန် တတန်ကို ၅ /၆ ဒေါ်လာနှုန်း ပေးရသေးတယ်။ တန် ၁၀၀၀၀- ထုတ်ချင်ရင် ဒေါ်လာ-၅၀၀၀၀- သူ့လက်ထဲ အရင်ပေးဘဲ။

နောက်ဆုံး ဆန်ဈေးနှုန်းကို ထိုင်းကို ဘယ်လိုလုပ် ယှဉ်နိုင်ပါတော့မလဲ။ နာတာကတောင်သူတွေ။ အရေးထဲ တပ်ရိက္ခာဆိုပြီး ဓါးပြအတိုက်ခံရသေးတယ်။ နောက်ဒီလိုဘဲ ဓါတ်မြေသြဇာ ပြန်သွင်းတော့လဲ အိတ်နဲ့ မိုးလေသာမှ။ အိတ်ဖိုးနဲ့ အလေအလွှင့်က ရှိသေး။ အဲဒီတော့ ဓါတ်မြေသြဇာ ဈေးကျပြန်တော့လဲ ထိုင်းထက်များနေပြန်။ ကြားထဲ စိုက်ပျိုးရေးဝန်ကြိးကို ကော်မရှင်က တစ်တန်ကို ၅-ဒေါ်လာနှုန်း ပေါ်ရသေးတယ်။ တခါတိုင်းအဆင့် မြို့နယ်အဆင့်တွေ ဈေးထပ်တင် ခွဲတမ်းဘာညာ လုပ်တော့ ဓါတ်မြေသြဇာဈေးက မတရား ခေါင်ခိုက်ကုန်ရော။ ထိုင်းမှာက သင်္ဘောပေါ်ကနေ လေနဲ့စုပ်တင်လိုက်တယ် ဂိုဒေါင်ထဲ ပိုက်ကြီးပေါ်ကနေ ဝေါဝေါနဲ့ကျနေတယ်။ လိုသလို ပိုက်ကို ရွှေ့ပေးနေတာ။ တနေဆို ဆန်၃--၄ သောင်း တင်ပြီးပြီ။ နောက်ကားကြီးတွေနဲ့ လာတင်တယ်။ မြေကော်တဲ့ ကားကြိးတွေနဲ့ ကော်တင်ပေးလိုက်တယ်။ လေးငါးခေါက် ကော်တင်လိုက်ရင် ကားဖင်ထိုင်သွားပြီ။ အထွက်တန်ချိန် ဒါဘဲ ။ ဘာအလုပ်သမားမှ မရှိဘူ ။

အဲဒီလိုတွေ တင်နေကြတာ ၀န်ကြီး၊ ညွှန်ချုပ်တွေ ခရီးထွက်နေ ရောက်နေတာပဲ။ ကျနော်က အဲဒီလို လုပ်ချင်လာတယ်။ နားလည်သူ အတွေ့အကြုံ ရှိသူတွေကိုမေးတယ်။ မှတ်သားတယ်။ စဉ်းစားနည်းတွေ မေးတယ်။ နောက် ဒေါက်တာချန်နရောင်းတို့နဲ့ စီမံကိန်းတွေရေးတယ်။ သူဆက်သွယ်ပေးလို့ အခု ထိုင်းက Italian-Thai နဲ့ဆက်ရတယ်။ နောက် Australia သူငယ်ချင်းတွေနဲ့ ညှိတယ်။ စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်း၊ အော်ဇီ တွေပါလာပြီး ရန်ကုန် လာလည်တယ်။ ဒလဘက်ကူးတယ်။ လျှောက်ကြည့်တယ်။ နောက်တနှစ်လောက် နေတော့ သူတို့ စီမံကိန်းအတွက် ပုံစံတွေ နဲ့လာပြီ။ စာအုပ်လို ချုပ်ထားတယ်။

အဲဒီအထဲမှာ သူတို့က အမေရိကန် ဒေါ်လာ သန်း-၂.၀ ထောင် (၂-ဘီလျှံ) ကျော်လောက်ရင်းနှီးမယ်။ သူတို့ အတွက် မြေဧက..၃၀၀၀-လောက်ကို အနှစ်-၅၀- ဆောက်လုပ် စီမံခန့်ခွဲခွင့် တောင်းတယ်။ B.O.T. (BUILT OPERATE TRANSFER)ပေါ့။ အခုထားဝယ်ရေနက်ဆိပ်ကမ်းလို ပုံစံပေါ့။ BUILT-ဆိုတာ ကိုယ့်အရင်းအနှီးနဲ့ ကိုယ်တည်ဆောက်။ OPERATE ကအနှစ်-၅၀- လုပ်ကိုင် ခွင့်ပေါ့ ။ နောက် TRANSFER က အစိုးရဆီကို အနှစ်-၅၀ -ပြည့်ရင် ပြန်လွှဲပေါ့ ။

ပါတာက မြေအောက်ရထားလမ်း။ တမြို့လုံးရဲ့ အဓိက သယ်ပို့ရေးက မြေအောက်ရထားတွေ မြို့တော်  ဆိပ်ကမ်းတွေ။ ဒလ ဘက်ခြမ်းမှာတင် ဆိပ်ကမ်းကြီး တန်-၃သောင်းကနေ ၅သောင်း သင်္ဘောကပ်နိုင်တဲ့ ဆိပ်ကမ်း- ၈-ခု။ သံလျှင်ဘက်ချမ်းမှာ ၅-ခု။ နောက် မြို့အလယ်မှာ အင်ယားကန်ထက် ကြီးတဲ့ ရေကန်ကြီးက -၃-ခု။ အဲဒီရေကန်တွေ ပတ်လည်မှာက အခုဝင်ဒါမီယာ၊ အင်ယားလမ်းတို့လို သူဌေးရပ်ကွက်တွေ ။ မြေတွေတူးဖို့ ထာပြီးတောင်ကုန်လေးတွေပါ ပါအုံးမယ်။ တောင်ကုန်းပေါ်မှာ ရွှေတိဂုံ ပုံတူ စေတီတော်ကြိးက ပါထားသေးတယ်။ ခရိယာန်ဘုရားကျောင်းတွေလည်း ပါထားသေးတယ်။ ဒလနဲ့ သံလျှင်ကို မြေအောက် ကားလမ်း ရထားလမ်း ဆက်ထားမှာပါ။

အဓိကကတော့ ဒလဘက်ကူးမယ့် တံတား။ လမ်းသစ်လမ်းကနေ ချိန်ထားပါတယ်။ အောင်ဆန်းလမ်းကနေ ချဉ်းကပ်ထားပါတယ်။ အောင်ဆန်းလမ်းထက်ကို မြင့်နေပါတယ်။ ဟိုဘက်မှာတော့ ဒလမြို့ ကို ကျော်သွားပြီး ဆုံးထားပါတယ်။ အောက်က တန်-၃၀၀၀-လောက် ပင်လယ်ကူးသင်္ဘောတွေ သွားနိုင်အောင် လွတ်ပါတယ်။ တံတားအောက်က ဒလအတွက်ပါမယ်။ အဲဒီကန်ကြီးတွေကနေမှ မြို့သုံးယူထားတော့ ရေအသစ်အမြဲ လဲပေးနေသလို ဖြစ်နေပါမယ် ။

တခါ ရန်ကုန်ဖြစ်ကို ဧရာဝတီ မြစ်နဲ့ အဖျောက်အောက်နားကနေ တူးမြောင်းနဲ့ ဆက်ထားပါမယ်။ အဲဒီတော့ ဧရာဝတီမြစ်ရေ အမြဲစီးဝင်စေပြီး မိုးရာသီမဟုတ်ချိန်မှာ ရန်ကုန်မြစ်ရေဟာ ကြည်လင်နေပါမယ်လို့ တွက်ဆထားပါတယ်။ ရေစီးအားလဲကောင်းလာပြီး ရန်ကုန်မြစ်ဝမှာ ရေလမ်းကြောင်းထိန်း ဒလက်တွေ ထောင်ပေးထားပြီး ရေရှည်မှာ ရေနက်လမ်းကြောင်းတခု ဖေါ်ဆောင်ထားဖို့ပါ။ တန် ၃-သောင်းမှ ၅-သောင်း အထိ သင်္ဘောတွေ တလကို နေ့ စဉ်အစဉ်အမြဲဝင်ထွက်နေနိုင်မယ်လို့ ရည်မှန်းထားပါတယ် ။

စက်မှုလုပ်ငန်းတွေအများစုဟာ သင်္ဘောဆိပ်ကမ်းအနီိးမှာ ရှိနေပြီး ကုန်တွေ ပို့ သယ်တာကို ခရီးနီးနီးလေး လုပ်ရတော့ စရိတ်စက အလွန်သက်သာလာရင် တခြားနိုင်ငံတွေကပါ ပိုမိုရင်းနှီးလာမယ်ပေါ့။ အဲဒီ စက်မှုဇုံတွေအနီးမှာ အလုပ်သမားတွေအတွက် အထပ်၂၀-လောက်တိုက်ခန်းတွေ အများကြီး။ အခုန သူဌေးအိမ်တွေ အများစုကလည်း နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေ ဈေးသက်သက်သာသာ နေနိုင်မယ့်အိမ်တွေ ဖြစ်ဖို့ပါ။ မြေအောက်ရထားကတော့ ရုရှားကို ကန်ထရိုက်ပေးမယ့် သဘော်ဖြစ်ပါတယ်။ နောက် ဆန်တင်တာလဲ ဆိုင်လိုစံနစ် မြေသြဇာလဲ ဆိုင်လိုပုံစံ။ ရေးထားတာတော့ အားရစရာကြီး။ အင်းယားလို ရေကန်ကြီးထဲမှာ စပိဘုတ်နဲ့  ရေလွှာစကိတ်စီိးနေသူ ပုံလေးပါ ပါသေးတယ်။

အဲဒီတော့ ထုံးစံအတိုင်း ကျနော်က ဗိုလ်ခင်ညွှန့်ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်မှုးကြီးဖေငြိမ်းဆီသွားတင်ပြပါတယ် သူကလည်း လာဘ်စားမှုကင်းတယ်။ သဘောလည်း ကောင်းတယ်။ ကျနော်စိတ်လဲသိတယ်။ တခါထဲနောက်နေ့ ဗိုလ်ခင်ညွှန့်ကိုပြလိုက်တယ်။ စာအုပ် လေးအုပ်စလုံး သူအကုန် ယူထားလိုက်တယ်။  ကောင်းတယ်။ ငါသိပ်ကြိုက်တယ်။ မြေဧက အပေးအယူ လုပ်ငန်း သဘောတူညီချက်တွေကို ငါ စဉ်းစားအုံးမယ်။ ဒါဘယ်သူ့ မှ မပြတော့ဘူး။ ဒါငါ့ ကိုယ်ပိုင် ပရောဂျက်လို့ပြောပြီး ဗိုလ်မှုးကြီးဖေငြိမ်းကိုပင် ဘယ်သူမှ မသိစေနဲ့တော့။ အားလုံးကို အံ့အားသင့်စေမယ်ပေါ့။ သူအတက်ချီကေ့စ်ထဲ တခါထဲ သိမ်းလိုက်တော့တယ်။

နောက်ပိုင်း ဗ.က.မ.ဖေငြိမ်းက ကျနော်ကို တခါခါ မရှင်းတာလေးမေးပါတယ်။ အဲဒါ- ၉၄-ခုနှစ်ကပါ။ ၉၄- ဇူလိုင်မှာ ဒေါ်စုကို နေအိမ်အကျယ်ချုပ်က လွတ်ရက်နီးနေပြီ။ အဲဒီမှာ မလွှတ်ဘဲ တနစ်ထပ်တိုးလိုက်တော့ သူတို့လန့်သွားပြီ။ ဒီပုံအတိုင်းလုပ်နေရင် သူတို့လည်း အစုရှယ်ယာရှင်တွေက ပြသနာ လုပ်လာနိုင်တယ်ဆိုပြီး သူတို့မလာတော့ဘူး။ သူတို့ရေးထားတဲ့ စာအုပ်တွေ ရအောင်ပြန် နှုတ်ပေးပါပေါ့။ ဘယ်လိုလုပ် ပြန်တောင်းရဲမှာလဲ။ ဗ.မ.က.ဖေငြိမ်း မေးလာတော့ ကုမ္မဏီ အဖွဲ့ကွဲ သွားတယ်ဘဲ ပြောလိုက်ရတော့တာပေါ့။ ဟိုကလည်း ဒီစာအုပ်ဘဲ ငွေကုန်ပါစေ ရအောင်ပြန်ယူပေးပါပေါ့။ ကျနော်လည်း နောင်ဆို ဖုံးကိုင်ရမှာကို လန့်လာတယ်။

စိတ်ထဲလဲမကောင်းဘူး။ အော်ဒီလို လာရင်းနှီးသူပေါ်လာအောင် တင်ပြလိုက်ရတာတွေ။ စိတ်ဝင်စားသူတွေ တောင်မနည်းပြောပြ ရှင်းပြနေရတာ။ လာတယ်။ ပြီးနိုင်ငံရေး ကတိမတည်တော့ ဟိုက ဘယ်လာရဲတော့မှာလဲ။ သြော်ဒို့ ပြည်ကတော့ တိုးတက်ဖို လမ်းကတော့ မမြင်ပေါ့။ ဒေါ်စုကို စဖမ်းတုန်းက နေအိမ်အကျယ်ချုပ် ဥပဒေကိုက အများဆုံးမှ ၃-နှစ်။ အဲဒါကို ၉၁ လွတ်ရက်နီးလာခါမှ ဥပဒေကို ပြင်တယ်ဆိုပြီး ၅-နစ်လုပ်တယ်။ တကယ်တော့ တရားသူကြီး အမိန့်ချကတည်းက- ၃-နှစ်ဆိုထားတာကို ထပ်တိုးခွင့် မရှိတော့ဘူး။ နောက်ထွက်တဲ့ ဥပဒေက နောက်ကြောင်း ပြန်သက်ရောက်မှု မရှိစေရလို့ ဆိုထားမြဲ။

တကယ်တော့ ကိုယ်က မမှန်တာလုပ်ထားသူဆိုတော့ ဒေါ်စု ကို ယောင်္ကျားစိတ် အပြည့်နဲ့မယှဉ်ပြိုင်ရဲတော့ မိန်းမရှာစိတ်နဲ့ ညစ်ပတ်တာ။ ဘယ်သူနာလည်း တိုင်းပြည်နာတာဘဲ။ ကတိက မတည်တာပါသေးတော့ ယုံကြည်မှုက တည်ဆောက်လို့ မရတော့ဘူး။ ဒေါ်စု ကို ဒီလောက်တောင် ကြောက်နေကြရတာ ပါလားလို့ လည်း သိလိုက်ပါတယ်။ စားလည်း ဒေါ်စု အိပ်လဲဒေါ်စု ကြောက်နေကြရတာကိုး။ ပါးစပ်ကတော့ မကြောက်ဘူး။ ဒူးက တုန်နေတယ်။

မျက်စေ့ထဲက သူတို့ဆွဲထားတဲ့ မြို့မြေပုံတွေ တိုက်တွေ ပုံတွေ ရေကန်ပုံတွေ တံတားကြီးပုံတွေ မျက်စေ့ထဲကကို မထွက်ဘူးဗျာ။ ကိုယ်တိုင်းပြည် တိုးတက်ပြီ အားခဲထားတာ။ သေရော .... ယောင်္ကျားစိတ် မပြည့်လို့။အခုဆို ၉၄- ကထဲကလေ။ အနစ်-၂၀ တောင်နီးလာပြီ။ ကျနော်ကလည်း ဗိုလ်ခင်ညွှန့်နဲ့ စကား တော်တော်အဆင်ပြေရင် ဒလဘက်မှာ မြေတွေ ၀ယ်မယ်ပေါ့။ ကတိ ပျက်ကွက်တာနဲ့ သွားပါလေရော ပလုံဘဲ။

ကနေ့ ဆရာကြီးဦးမြင့် အနေနဲ့ အခုဆိုကျနော်တို့ဆီက ကုမ္မဏီကြိးတွေ ကိုယ်အားကိုယ်ကိုးပြီးတောင် ဆောက်နိုင်နေပါပြီ။ ဗိုလ်ခင်ညွှန့်ဆီမှာ စာအုပ်ရှိလေ သေးလားတော့မသိ။ ဒလ စီမံကိန်း မလုပ်နိုင်သမျှ ကျနော်တို့ ကုန်သွယ်ရေးမှာ ကမ္ဘာကိုပြိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ အခုပိုဆိုးတာက နေပြည်တော်ဆိုပြီး တောထဲ ရုံးကိစ္စတွေ သွားလုပ်နေရတော့ ပြိုင်ကြည့်ပါ။ စာအုပ်မရှိတော့ရင်လဲ ကိုယ်ဖါသာ စီမံကိန်း  ရေးဆွဲလို့ ရနေတာပါဘဲ။ လူထုလည်း အလုပ်အကိုင်တွေ တိုးလာပါမယ်။ နိုင်ငံတော်အတွက် WIN - WIN ပါဘဲ။

တခုတော့ ရှိနေပါတယ်။ အခုကမ္ဘာကြီး ပူနွေးလာမှုကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်လာမှာကို ကြိုတင် ပြင်ဆင် တွက်ချက်ထားရပါမယ်။ ဒါကလည်း ဟိုလူတွေ စီမံချက်မှာ ပါထားပြီးသား ဖြစ်ပါတယ်။ ရန်ကုန် လေယဉ်ကွင်းကိုတောင် ပင်လယ်ဖက်နီးနီးမှာ ပြထားပါတယ်။ နောက်မိလ္လာကိုလဲ အခုလိုကားနဲ့ စုပ်နေတာမဟုတ်ဘဲ တနေ့စာ မိလ္လာကို စက်နဲ့မှုတ်ပြီး နေရာ ၃/၄ ခုမှာစုစည်း မီသိန်းဓါတ်ထုတ်။ လျှပ်စစ်ထုတ်။ ကျန်တာရေသန့်  မြေသြဇာ ပြန်လုပ် အစုံပါထားတာပါ။

ကျနော်သိသမျှ မှတ်မိသမျှလေးပါ။ ဒီလိုမှန်းသိရင် ဗ.မ.က.ဖေငြိမ်းဆီ စာအုပ်ပေးတုံးက တအုပ် လစ်ထားလိုက်ပါတယ်ဗျာ ။ ဒီလိုဖြစ်သွားမယ် မတွက်ထားမိဘူး။ တခုရှိတယ်။ အဲဒီတုန်းက အင်ဂျင်နီယာက သူက ရန်ကုန်မှာ အခုတိုက်တွေ ဆောက်နေတာ ကြည့်ပြီး တော်တော်လေး ကျောချမ်းနေတယ်။ မင်းတို့ မြန်မာတွေ ဘာမှမသိတော့ အခုဆောက်ထားတဲ့ အိမ်တွေမှာ နေရဲကြတာ။ သိရင်နေရဲကြမှာ မဟုတ်ဘူးတဲ့။ သူကတိုင်ဝမ်သား။ ငါတို့ဆီမှာ အခုလိုရန်ကုန်မြစ်ထဲက သဲမျိုးနဲ့ အိမ်ဆောက်ခွင့်မရှိဘူး။ နောက် ကျောက်စရစ်(မြစ်သဲကျောက်ပေါ့) နဲ့က နစ်ထပ်ထက် ပိုတဲ့အိမ်တွေ လုံးဝ ဆောက်ခွင့်မရှိဘူးတဲ့။ အခုကတော့ တိုက်အမြင့်ကြီး တွေမှာကို ကျောက်စရစ်တွေနဲ့ ဆောက်နေကြတာ။ ရန်ကုန်မြစ်ပေါက်က သဲတွေနဲ့ ဆောက်နေကြတာ။ ငလျှင်လှုပ်လို့ကတော့ ရစ်ချက်တာ စကေး ၆.၅ ကျော်တာနဲ့ လူတွေ သိန်းချီ သေကုန်ပါမယ်။

ဆရာကြီးဦးမြင့် အဲဒီကိစ္စ အဲဒီ့အင်ဂျင်နီယာပြောတာ ဟုတ်မဟုတ် အတည်ပြုစေချင်ပါတယ်။ သူကတော့ ငလျှင်လှုပ်လိုက်ရင် မင်းတို့ဆီက ဆေးရုံတွေက အစ ပြိုကုန်တော့ ဘယ်သွားကုကြမှာလည်းတဲ့။ ဒေါက်တာ နေဇင်လတ်ဆိုရင် စစ်ဗိုလ်အာခီတက်ပါ။ သူပို သိနိုင်ပါမယ်။

အားလုံးကိုလေးစားလျှက်

လှိုင်မြင့်

9 comments:

  1. ဒေါက်တာနေဖင်လတ်sorryနေဇင်လတ်ဆိုတဲ့ကောင်အလကားကောင်B.Eတပ်ကသူခိုးဘယ်ကPh.Dရတာလဲ...အော်သန္တာရွှေလိုPh.Dထင်တယ်

    ဂန့်ရွှေ

    ReplyDelete
  2. (ကျနော်ကလည်း ဗိုလ်ခင်ညွှန့်နဲ့ စကား တော်တော်အဆင်ပြေရင် ဒလဘက်မှာ မြေတွေ ၀ယ်မယ်ပေါ့။ ကတိ ပျက်ကွက်တာနဲ့ သွားပါလေရော ပလုံဘဲ။)

    ဘဲနဲ့  ဘဲနဲ့  အောက်မှာ ထည့်ထားတဲ့ ကော်မန့် လေး ဘယ်ရောက် သွားပါလိမ့် ဒီမို အဝေဖန် မခံရေ။ ပြန်ရေးလိုက်ပါတယ်။

    ဒလစီမံကိန်းသာ အကောင်အထည်ပေါ် သွားခဲ့ရင် ဦးလှိုင်မြင့် တစ်ယောက် ဒီဘလောက်လာပြီး အစိုးရ မကောင်းကြောင်း ရေးမှာ မဟုတ်ပါဘူး။ အခွင့်အရေးသမားတွေ ဟာ ဒီလိုပါဘဲ။

    ReplyDelete
  3. အတွင်းသိကြီး အလွန်သိကြီး ဦးလှိုင်မြင့်ရေ - USA Today ကပေးတာ ဒေါ်လာတစ်သန်း မဟုတ်ပါဘူးလို့  ပြောထားတာ ဆက်ရှင်းပါအုံး၊ မေ့သွားမှာစိုးလို့  သတိပေးရတာပါ။

    ReplyDelete
  4. အူလေတဲ့ အူလေ
    မောင်သန်းရွှေကို ချစ်တဲ့ ကြောင်စစ်သည်တွေ
    ဘလော့တကာ လှည့်ကာအူတော့
    လူတကာက အထင်သေးတယ်
    ဆွမ်းကြွက်ချေးများ

    မျိုးကြီး

    ReplyDelete
  5. အေးဒေါ်စုအဲဒီဆုရတုံးက ကျုပ်ထောင်ထဲမှာ။ထောင်ထဲမှာကဘာမှမသိရဘူး။သူ့ ဟာသူဆုရတဲ့ငွေလေ။တိုင်းပြည်ကခိုးထားတာမဟုတ်ဘူး။မင်းကိုသံတော်ဦးတင်စရာလိုသေးလို့ လား။လိုနေတာက ပြည်သူ့ ငွေတွေခိုးထားတာ..သန်းပေါင်းဘီလျှံအများကြီး။ဝှက်ထားတယ်။ဒီလိုလုပ်လေ။မင်းနံမည်ပြောပါ။ငါ့နံမည်ကျသုံးပြီးကိုယ်နံမည်ကျတော့မဖေါ်ရဲတဲ့ကိုသတ္တိကြိး။နံမည်မသိတော့..ဗ.က..လား/ဖ.သ..လားခွဲမရဘူး။ဗ.ကဆိုရင်လဲ(လ.အ.လ.ခ)ရမှာပေါ့။..ဖ.သ..ဆိုရင်တော့(လ.အ.လ.စ)ထားမှစိတ်ချရမယ်လေ။
    တရက်မင်းတို့ ဗိုလ်ချုပ်တွေ ခိုးတာ မရှိပါဘူးသက်သေပြနိုင်ရင် ငါပြောထားပြီးသားလေ..CYANIDE သောက်ကြေးစိန်ခေါ်ထားပြီးသားလေ။
    သတ္တိရှိရင်..မခိုးပါဘူးအာမခံရဲရင် ငါစိန်ခေါ်တာ လက်ခံလိုက်လေ။
    နောက် ငါကငါ့ကိုငါတတ်တယ်လို့ တခွန်းမှ မပြောထားပါဘူး။ငါသိတာကို ဘယ်သူ့ မှမကြောက်ဘဲပြောရဲတာတခုဘဲ။ အခုတိုင်းပြည်မှာဖြစ်နေတာက တကယ်သိတဲ့တတ်တဲ့သူတွေအများကြီးရှိတယ်။ မထင်ရင်သေလုနီးနီိးရန်လုပ်တတ်လို့ ကြောက်နေကြတာ။ ပြောထားတာက..ဘာမှမသိသူကိုဆရာတင်နေတဲ့အတွက်..သူတို့ ခေါင်းထဲမှာ ဘာမှမသိဘူးဆိုတာ သေခြာပြီလို့ သာပြောထားတာပါ။ပြန်ဖတ်ကြည့်ပါအုံး။ဗိုလ်မှုးဇော်လင်းနဲ့ စစ်အရာရှိကြီးတဥိး ထောင်ထဲလာဆွေးနွေးတုံးက ကျုပ်ဘာမှမတတ်ပါဘူး..လူမှားနေပြီလို့ ပြောထားပြီးသားပါ။လူတပ်ကြီးလို့ ပြောတာကမင်းပါ။

    ကျုပ်သာဒေါ်စု နေရာဆိုရင်..ကျမပိုင်ဆိုင်တာတွေကြေငြာမယ်။ ထိမ်ချန်ထားတာရှိရင် အကုန်သိမ်းကြေး/လူပါထောင်ချကြေး။ဗိုလ်ချုပ်ကြီးတွေအားလုံးပိုင်ဆိုင်တာကြေငြာကြေးစိန်ခေါ်လိုက်ပြီ။
    နောက်အခုဒီမိုကရေစီပါတီတွေကတောင်းဆိုနေပါပြီ။အမတ်ဝင်ပြိုင်မဲ့သူအားလုံး..မိမိနှင့်မိသားစုတွေပိုင်ဆိုင်တာတရားဝင်ကြေငြာကြေး..မင်းတို့ လဲသမ္မတကြီးကိုတောင်းဆိုပေးကြပါဦး။ဒီလိုမကြေငြာဘဲ..လတ်စားမှုတိုက်ဖျက်မယ်ဆိုတာကတော့...ဖါခေါင်းတွေနဲ့ဖွဲ့ ထားတဲ့ပြည့်တန်ဆာ ပပျောက်ရေးအသင်းကြီးဖြစ်နေမှာပေါ့။

    နောက်တတိုင်းပြည်လုံး အခုသမ္မတကြီးကအကြံပေးတွေဖွဲ့ လိုကတာကို်ဝမ်းသာနေကြတာပါ။ဒါပေမဲ့ အဖွဲ့ ဝင်အားနည်းနေပါသေးတယ်။ငါအခုရေးနေသလို..ငါရေးတာနိမ့်နေတယ်ထင် လွှဲနေတယ်ထင်ရင်..်ငါ့ကိုရှုံ့ ချမနေပါနဲ့ ။ပိုကောင်းတာတွေရေးပါ။ဒါတိုင်းပြည်စုတ်ပြတ်နေချိန် ကိုယ်သိတာရေးကြဖို့ မြန်မာနိုင်ငံသားတိုင်း..တိုင်းပြည်ကိုတိုးတက်စေချင်စိတ်ဆန္ဒအမှန်ရှိသူတိုင်းရဲ့ တာဝန်ပါ။အမျိုးသားရေးတာဝန်ပါ။ တိုင်းပြည်ဘာကြောင့်စုတ်ပြတ်သွားရတာအမှန်အတိုင်းရေးထားတာကိုမကျေနပ်နေတာ..မင်းကြိုက်အောင် ချိုရေးရမှာလား။ လိမ်ရေးပေးစေချင်တာလား။အဲဒါတော့ ဆောရီး..(ဆက်ရန်)

    ReplyDelete
  6. နိုင်ငံခြားတိုင်းပြည်တွေကို ရောက်ဖူးတဲ့သူတိုင်း ကိုယ့်တိုင်းပြည်အတွက် အင်မတန်ကို ရင်နာကြရပါတယ်။ အိမ်နီးချင်း ထိုင်းကို ယှဉ်ဖို့ မပြောနဲ့  အခုထိုင်းနိုင်ငံကလို အခြေအနေတွေ ရောက်ဖို့ ဒီအသုံးမကျတဲ့ အစိုးရနဲ့ တော့ နောင်နှစ်သုံးဆယ်တောင်မှီပါ့မလားဘဲ။ တခြားတိုင်းပြည်တွေက ရပ်နေတာမဟုတ်ဘူးလေ။ အရှိန်အဟုန်နဲ့ တိုးတက်နေတာဆိုတော့။ ပြည်သူတွေမှာက လုပ်ချင်တာတောင် လုပ်ခွင့်မှမရဘဲ။ ထိုင်းနိုင်ငံလို အဆင့်မျိုး မသေခင် မြင်ရပါ့မလားတောင်မသိပါဘူး။ ထိုင်းအဆင့်လောက် မြန်မာပြည် ဖြစ်ရင်တောင် သေပျော်ပါပြီ။ အရှက်မရှိတဲ့အစိုးရ ကြောင့် ပြည်သူတွေ ခါးစီးခံနေရပါတယ်။ သူတို့ ရော တခြားတိုင်းပြည်တွေ အလယ်မှာ လူလို အဆက်ဆံခံရလို့ လား။ အသုံးမကျတဲ့ အစိုးရကြောင့် တိုင်းပြည် ကတော့ ဆုတ်ယုတ်ပြီးရင်း ဆုတ်ယုတ်လာတယ်၊ စိတ်မကောင်း တော်တော်ဖြစ်ရပါတယ် ဆရာ။ ဆရာလည်း ဆက်လက်ရေးပါအုံးနော်။

    ReplyDelete
  7. ကဲဗျားးးးးဒေါက်တာလှိုင်မြင့်ကတော့ အဆိပ်သောက်မယ်လို စိန်ခေါ်နေပါပြီးးးးးး နောက်ထပ် ၂ရက်လောက်စောင့်ကြည့်လိုက်မယ်....ဘယ်ကစစ်ဗိုလ်တွေ ထွက်လာပြီးရင်ဆိုင်ဆိုတာ.......မထွက်လာရင်တော့ ကိုယ်အကြောင်းကိုသိပေါ့ 

    ReplyDelete
  8. ဗိုလ်မူးကြီး ဖေငြိမ်းဆိုတာ နာနတ်တော့ကပါးးးးလာဘ်စားမစားတော့မသိဘူးးးးကမာရွှတ် လှည်းတန်းက ရပ်ကွက်တွေ ဖျက်တော့သူဆွေမျိုးတွေဟာ အိုးပိုင်အိမ်ပိုင်မရှိကြဘူးးးး(သူ၁ယောက်သာထူးထူးချွန်ချွန် အရာ၇ှိဖြင့်နေတာ)အဲဒီတော့ ၇ပ်ကွက်ဖျက်ပြီး ပြန်ပြီးတိုက်ခန်တွေပေးတော့ အိမ်ရှင်၁ ခန်း အိမ်ဌား ၁ ခန်း ပေးစနစ်နဲ့ အိမ်ဌားနေတဲ့သူ ဆွေမျိုးတွေကို တိုက်ခန်းတွေပိုင်အောင်လုပ်ပေးခဲ့ပါတယ်.တိုက်ခန်တွေကို ကန်ထရိုက်ကပုံစံပြတော့ ၁မျိုး တကယ်ဆောက်တော့ အုပ်ခဲကြီးအတိုင်းထွက်လာတယ် ၀ရန်တာမပါ မျက်နှာစာမပါနဲ့ ။ ပြည်ဖြိုးအောင်ဆောက်လုပ်ရေး(ဖော်ကောင်ဝင်းသိန်း နဲ့ ဗိုလ်မူးကြီးဖေငြိမ်း) လက်ဝါးရိုက်ပြီး လူတွေကိုအနိုင်ကျင့်လိုက်တာပါ။။။စကားမစပ် NLD ကအမတ်ဒေါ်စမ်းစမ်းအမွေဆိုင်း အိမ်ကိုတော့ အစို၇က ရှေဟောင်းအိမ်ဖြင့်သောကြောင့် သိန် ရ၀ လျှော်ကြေးပေးပါတယ်။။။။က

    ReplyDelete
  9. အလုပ်များနေလို့ ပါ။ကြွားတာမဟုတ်ရပါဘူး။နေပြည်တော်က ဘဘကြီးခေါင်းကိုက်သွားဆိုဘဲ။ကျုပ်တို့ လဲ ပြန်အဆော်ခံတာတော်တော်ပြာသွားရပါတယ်။ကံကောင်းလို ကျုပ်လူလဲ့မသေတာပါ။ထားပါ။
    အခုပြည်တွင်းကနိုင်ငံရေးပါတီထောင်ထားတဲ့..ဒီမိုကရေစီပါတီကြီးများကိုလူထုကတခုဝိုင်တောင်းဆိုပေးကြပါ။အဲဒီပါတီတွေကနေ..အခုလာမဲ့ကြားဖြတ်ရွေးကောက်ပွဲမှာ..ပြိုင်ဆိုင်ခိုး တဲ့ ပြည်ခိုင်ဖြိုး ပါတီကဗိုလ်ချုပ်တွေက ..သူတို့ လတ်မစားပါဘူး ကြေငြာရဲရင်.သူတို့ နဲ့ ပူးပေါင်းဆောင်ရွက်သည်အထိလက်တွဲပါမည်လို့  ကြေငြာလိုက်ပါလို့ ။ အဲဒီလိုလုပ်မယ်ဆိုတာသိတာနဲ့..ကြားကနေ..ရွေးကောက်ပွဲကော်မရှင်က တခုခု နဲ့ဟန့် တားလာပါမယ်။မဆိုင်တာတွေမကြေငြာရလုပ်ကာကွယ်ပေးလာရပါမယ်။

    ကဲအခု ကြားဖြတ်ရွေးကောက်ပွဲမှာ ပြိုင်ဆိုင်ခိုး တဲ့ပါတီ ၀င်မပြိုင်ရဲအောင် ..ဆြာလှိုင်မြင့်က သူခိုးမကပ်ရဲတဲ့ ဂါထာ ပေးပါမယ်ဗျာ။ ရွေးကောက်ပွဲကော်မရှင်က မလှုပ်လဲ( မြင်းကမလှုပ်..ခုံကလှုပ်ရတော့မှာ ) ဒီမိုကရေစီဘက်ကအမတ်လောင်းတွေက ကိုယ့်မိသားစု ပိုင်ဆိုင်တာကို တရားဝင်ကြေငြာတာလုပ်..ရွေးကောက်ပွဲကော်မရှင်ဆီကိုလက်မခံလဲ ဇွတ်အတင်းသာတင်ပါ။ ထိန်ချန်ထားတာရှိရင် ထောင်ချကြေး/ပြည်သူပိုင်သိမ်းပါ ဂတိပါပေးလိုက်ပါ။ ပြိုင်ဆိုင်ခိုးပါတီကလူ မတင်ရဲရင် ခင်ဗျားတင်ရဲလားတခွန်းမေးလိုက်တာနဲ့ ..မတင်ရဲတာနဲ့ တင်..လူတွေ ထမင်းစားနေကြသူတွေချည်းပါ။ အခုတောင် ၀လွတ်မြောက်ရေးတပ်မတော်ကို ထိုးစစ်ဆင်တာနဲ့ လတ်ယူထားတာတွေ ထုတ်ပြန်မှာ လန့် နေတဲ့သူတွေလေ ။
    မနေ့ က ( ၁၇ / ၀၆ /၁၁ )Tအော်ဇီ သတင်းစာတဆောင်မှာ လူတဦးက အော်ဇီနိုင်ငံသားတွေ စိတ်ဓါတ် နဲ့ မြို့ ပြတိုးချဲ့ ရေးအတွက်ရေးလာတာက..We need leaders with innovative ideas and courage and organizational skills to make a difference..တိုးတက်မှုကိုဦးဆောင်နေတဲ့နိုင်ငံကြိးမှာတောင် ဒီလို အကြံဥာဏ်ကောင်းတွေကိုထုတ်ပေးနိုင်သူတွေ လိုနေပါတယ်ရေးလာသေးတာကိုထောက်ဆရင် ဘက်ဂီယာသွားနေတဲ့ ကျုပ်တို့ နိုင်ငံအတွက် ကျုပ်တို့ လူနည်းစုလေးသာရေးနေတာ .သိပ်နည်းနေပါတယ်။ .ပြီးခင်ဗျား မှာပိုကောင်းတာလေးတွေ ရှိနေပုံရပါတယ်။ ရေးပေးပါလို့ တောင်းဆိုလိုက်ပါတယ်။

    လှိုင်မြင့်

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။