Pages

Wednesday, June 22, 2011

ကားပေါ်မှာလိုက်လာပြီး ပရိသတ်မိုင်း မထိတဲ့ မောင်မျိုးမင်းနှင့် မင်းအုပ်စိုး.... (ဆောင်းပါးရှင် အောင်မျိုးထွန်း)

ဓာတ်ပုံ Freemyanmar VCD
ကားပေါ်မှာလိုက်လာပြီး ပရိသတ်မိုင်း မထိတဲ့ မောင်မျိုးမင်းနှင့် မင်းအုပ်စိုး.... 
(ဆောင်းပါးရှင် အောင်မျိုးထွန်း)
အခုတလော ရပ်ထဲရွာထဲမှာ လူပြောသူပြောများနေတဲ့ မြန်မာဗီဒီယိုဇာတ်ကား၊ လူကြည့်များနေတဲ့ ဗီစီဒီအခွေနဲ့ပတ်သက်လို့ ဝေဖန်သံမျိုးစုံကြားရလွန်းလို့ “မိုင်တိုင် (၇၆)”ကို နှစ်ခေါက်သုံးခေါက် ကြည့်ဖြစ်ပါတယ်။ နေပြည်တော်သွားတဲ့လမ်းဆိုတော့ ဆင်ဆာခွင့်မပြုတာ... တကယ့်အဖြစ်အပျက်၊ လူကြီးတစ်ယောက် သားရဲ့ကားက တကယ်တိုက်ခဲ့တာ... ဦးပိုင်လိမိတက် ကားလိုင်းဖြစ်လို့ ဆင်ဆာထိတာ... စသဖြင့် ဗီဒီယိုပရိသတ်တွေရဲ့ ထင်မြင်ချက်ပေါင်းစုံ ပလူပျံနေပေမယ့် အားလုံး တညီတညွတ် တည်း ပြောကြတာက “ကြည့်လို့ ကောင်းတယ်”ဆိုတာပါဘဲ။

ဗီဒီယိုဇာတ်ကား နာမည်အမှန်က “ကားပေါ်မှာလိုက်လာတယ်”ဖြစ်ပြီး လူတွေပါးစပ်ဖျားမှာတော့ “မိုင်တိုင်(၇၆)”လို့ ရေပန်းစားပါတယ်။ ဆင်ဆာအဖွဲ့ရဲ့တားမြစ်မှုကို ခံထားရပေမယ့် အပြင်လောကမှာ ဈေးကွက်မြင့်ပြီး လူအကြည့်ဆုံး၊ ရောင်းအကောင်းဆုံးအခွေ ဖြစ်နေပါတယ်။ မင်းအုပ်စိုး၊ ခွန်းဆင့်နေခြည်နဲ့ လင်းဇာနည်ဇော်တို့အဓိက သရုပ်ဆောင်ပါတယ်။ ဒါရိုက်တာက မောင်မျိုးမင်း (ရင်တွင်းဖြစ်)ပါ။ ဆင်ဆာအဖွဲ့ ရဲ့ ၁၃ / ၂၀၁၀ အစည်းအဝေးမှ အများပြည်သူသို့  ပြရန်မသင့်၍ ခွင့်မပြုခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး ဘာသာ သာသနာနှင့် ယုံကြည်ကိုးကွယ်မှုကို ယုံမှား သံသယဖြစ်စေခြင်း၊ ကြည့်ရှုသူပရိသတ်အတွက် အကျိုးပြုမှု မရှိသော လူအများစိတ်ခြောက်ခြားဖွယ် သရဲတစ္ဆေ ၀ိညာဉ်ဇာတ်ကားများကို ရိုက်ကူးဖော်ပြခြင်း မပြုရန် ညွှန်ကြားထားပြီးဖြစ်ခြင်းအပြင် စာပေစိစစ်ရေးမူအချက် (၇၀)မှ လူမှုရေးမူ (၇)နှင့် ငြိစွန်းနေ၍ ဗီဒီယိုဆင်ဆာအဖွဲ့ မှ ထောက်ညွှန်ချက် (၁၀)ချက်ဖြင့် အများပြည်သူသို့ ပြသရန် မသင့်သောကြောင့် ခွင့်မပြုခဲ့တာလို့ “မိုင်တိုင် (၇၆)”နဲ့ ပတ်သက်ပြီး ဗီဒီယိုဆင်ဆာအဖွဲ့ က ဆင်ခြေပေး တုန့်ပြန်ခဲ့ပါတယ်။

ကျွန်တော့်အမြင်ပြောရရင် ဗီဒီယိုဆင်ဆာအဖွဲ့ရဲ့  လုပ်ရပ်အမှားကြီး မှားပါတယ်။ ဒီဇာတ်ကားကို ခွင့်မပြုတာဟာ အခု လူတွေပြောနေကြတဲ့၊ စွပ်စွဲနေကြတဲ့ အကြောင်းအချက်တွေကို အဓိကပေတံ အဖြစ် ကိုင်ပြီး ချိန်ထိုးခဲ့လို့ဘဲ ဖြစ်နိုင်ပါတယ်။ ဆင်ဆာအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ အများပြည်သူ ကြည့်ရှုရန် သင့်တော်တယ်ဆိုပြီး ထွက်ခဲ့ပြီးသား သရဲလိုလို၊ စုန်းလိုလို၊ ရာဇ၀င်လိုလို ကားမျိုးတွေ အများကြီးရှိပါတယ်။ ယုတ္တိရှိမှ၊ ပရိသတ်ကို အကျိုးဖြစ်စေမှဆိုတဲ့ စံချိန်စံညွှန်းကြီးကို ကျစ်ကျစ်ဆုတ်ကိုင်ပြီး မြန်မာရုပ်ရှင် ဗီဒီယိုဇာတ်ကား တွေကို ဆန်တုတ်တိုက် ချနေမယ်ဆိုရင်တော့ “မြန်မာ့ရုပ်ရှင်ဗီဒီယို အဆင့်အတန်းမြင့်မားရေး၊ နိုင်ငံတကာအဆင့်သို့ ထိုးဖောက်နိုင်ရေး” ဆိုတဲ့ ကြွေးကြော်သံတွေဟာ အရူးချီးပန်းဟစ်အော်သံ တွေဘဲ ဖြစ်မှာပါ။

ရုပ်ရှင် (Movie) ရဲ့အနက်အဓိပ္ပာယ်စစ်စစ်ကို နားလည် တတ်ကျွမ်းကြဖို့ လိုအပ်နေပါပြီ။ နိုင်ငံတကာအဆင့်ကို မလှမ်းပါနဲ့ဦး၊ အာရှအဆင့်ကို မပြောပါနဲ့ဦး၊ အာဆီယံနိုင်ငံတွေက ထုတ်လုပ်လိုက်တဲ့ ရုပ်ရှင်တွေကို ကြည့်ကြပါ။ သူတို့တွေရဲ့“အများပြည်သူသို့ ပြသရန်မသင့်”ဆိုတာဘာကိုခေါ်တာလဲ၊ ဘာနဲ့ ချိန်ထိုးတာလဲဆိုတာ လေ့လာစူးစမ်းဖို့ ကောင်းတယ်။ ကမ္ဘာ အဆင့် ရောက်ချင်ရင် ကိုယ့်အရပ် ကိုယ့်ဇာတ် လုပ်နေလို့ မရပါဘူး။ ၀ါးလုံးခေါင်းထဲ လသာ နေလို့ မဖြစ်ပါဘူး။ ကျွန်တော်တို့ဆီမှာ စက်ပိုင်းဆိုင်ရာ ချို့တဲ့ပါတယ်။ အတတ်ပညာပိုင်းဆိုင်ရာ အားနည်းပါတယ်။ ဒီနှစ်ချက်ဟာ ဘာ့ကြောင့်ဖြစ်ခဲ့ရတာလဲဆိုတာ ရုပ်ရှင်လောကသားတွေ သိကြပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ရဲ့ အိုင်ဒီယာတွေ၊ စဉ်းစားပေါက်တွေ၊ Fine Art တွေဟာ လုံးဝ မချို့တဲ့ဘူး၊ လုံးဝအားမနည်းဘူး။ နိုင်ငံတကာအဆင့်နဲ့ယှဉ်ရင် အလှမ်းမဝေးဘူး။ ဒီအချက်တစ်ခုဘဲ ထူးထူးခြားခြား ပေမီဒေါက်မီရှိနေတာလေးကို နိုင်ငံကို ချစ်မြတ်နိုးလှပါတယ်ဆိုတဲ့သူတွေက အားပေးအားမြှောက် လုပ်ပေးရမယ့်အစား ရှင်သန်ကြီးထွားခွင့်မရအောင် စောင့်ကြည့်သင်းကွပ် နေတာဟာ အင်မတန် ၀မ်းနည်းစရာပါ။ “ပရိသတ် အကျိုးပြုမှု မရှိ” ဆိုတဲ့ ကြိမ်လုံးနဲ့ ရိုက်ရိုက်နေတာကို ကျောကော့အောင် ခံနေကြရလွန်းလို့ အစစအရာရာ ချည့်နဲ့နေပါပြီ။ ရုပ်ရှင်ဆင်ဆာ၊ စာပေဆင်ဆာတွေက ချမှတ်ထားတဲ့ ခေတ်နဲ့ အဆီအငေါ်မတဲ့၊ ကန့်လန့်တိုက်၊ ကင်ပေတိုင်ဆန်ဆန် အချက်အလက်တွေကို ပြန်လည် ပြင်ဆင်သင့်ပါပြီ။ အမျိုးသားရေးတစ်ခုလို ဦးတည်ပြီး ပြောင်းပြန်လှန်ပစ်ရမှာတွေကို ရဲရဲတင်းတင်း ကိုင်တွယ်ဆောင်ရွက်သင့်ပါပြီ။

“မိုင်တိုင် (၇၆)”ကို ပရိသတ်တွေ အုတ်အော်သောင်းနင်း အားပေးကြပြီး၊ ဆင်ဆာအဖွဲ့က မျက်စိ စပါးမွှေးစူးတာမျိုးဟာ ရုပ်ရှင်နယ်ပယ်မှာတင်မဟုတ်ဘဲ ကျန်တဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေးနယ်ပယ်များမှာလည်း အလားတူ ပရိသတ်နဲ့ အာဏာပိုင်အဖွဲ့ တို့  ပေါင်းစပ်လို့  မရ နိုင်သေးတဲ့ ဖြစ်ရပ်မြောက်များစွာ ရှိနေပါတယ်။ နိုင်ငံနဲ့ လူမျိုး ရှေ့ရေးအတွက် စိုးရိမ်မိပါတယ်။ ပြောကြကြေးဆိုရင် ဒီဇာတ်ကားဟာ ဘုရားဟော ငါးပါးသီလထဲက “သေရည်သေရက် သောက်စား ခြင်းကို ရှောင်ကြဉ်ပါမည်”ဆိုတဲ့ ကောင်းမြတ်တဲ့သီလတစ်ပါးကို စောင့်ထိန်းချင်တဲ့စိတ် ဖြစ်ပေါ်လာအောင် တိုက်တွန်းလှုံ့ဆော်ထားပြီး အဲဒီပစ်မှတ်ကို “မိ” အောင် ဇာတ်အိမ်။ ဇာတ်ကွက်ကို တည်ဆောက် ထားတဲ့အပြင် သရုပ်ဆောင်အားလုံးလည်း ကွက်တိသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဇာတ်ညွှန်းဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင်တွေနဲ့တကွ နောက်ကွယ်က ပံ့ပိုးပေးတဲ့သူအားလုံး ပင်ပင်ပန်းပန်း အားထုတ်ခဲ့ကြပုံ ရပါတယ်။ အကယ်ဒမီဆုတွေ ဘာတွေတောင် မှန်းနိုင်ပါသေးတယ်။

ဒါပေမယ့် “မိုင်တိုင် (၇၆)” ဟာ ဆင်ဆာမိုင်း “ထိ” ခဲ့ပါတယ်။
ဒါပေမယ့် “မိုင်တိုင် (၇၆)” ဟာ ပရိတ်သတ်မိုင်း “မထိ” ခဲ့ပါဘူး။

အောင်မျိုးထွန်း
၂၂- ၆- ၂၀၁၁

 ကျွန်တော်တို့ တိုင်းပြည်မှာ စိုးရိမ်အမှတ်ကို ရောက်နေတဲ့ မြန်မာ့ရုပ်ရှင်လောကကို အဆင့်အတန်းမှီမှီ အာရှနဲ့ ယှဉ်ဘောင်တန်းနိုင်တဲ့ ရုပ်ရှင်ကားတွေ ရိုက်ကူးထုတ်လုပ်နိုင်ဖို့ အတွက် ဟိုးယခင်က နာမည်ကျော်ကြားခဲ့တဲ့ စုန်းကဝေ သရဲကားတွေ ပြန်လည်ရိုက်ကူးခွင့်ပေးဖို့ ဒါရိုက်တာတွေ တောင်းဆိုနေခဲ့ကြတာ ၁၀စုနှစ် ၂ခုမကကျော်နေပါပြီ...။ ငွေကြေးသိန်းပေါင်းများစွာ အကုန်ကျခံပြီး လမ်းတွေဖောက် တံတားတွေဆောက် မင်းသား၊ မင်သမီးစုံစုံလင်လင်နဲ့ အမြင်ပန်းလှအောင် အဓမ္မရိုက်ကူးထားတဲ့ ကားတွေရိုက်ပြပြီး ပြည်ပကိုဝင်တိုးလို့ မရပါဘူး။ ကြပ်ပြေး နေပြည်တော်ရဲ့ ခမ်းနားတဲ့ အဆောက်အဦးတွေ အပြင်အဆင်တွေ အောက်မှာ အကယ်ဒမီ ဆုပေးပွဲတွေ လုပ်နေတာ မြန်မာ့ရုပ်ရှင်လောက တိုးတက်နေတာ မဟုတ်ပါဘူး..။ တနှစ်တနှစ် မြန်မာ့ရုပ်ရှင်ကားတွေ ပြည်ပဈေးကွက်ကို ထိုးဖောက်ရမယ် ဆိုပြီး အမြဲပြောနေ ကြားနေရတာလည်း ရိုးနေပါပြီ...။ စေတနာသန့်သန့်နဲ့ ရိုက်ကူးပုံဖော် တင်ပြထားတဲ့ ရုပ်ရှင်ကားတွေကို လူတဦးတယောက် ပုဂ္ဂလိက အဖွဲ့အစည်း အစရှိတဲ့ အာဏာပိုင်တွေကို ရည်ညွန်းနေမလားဆိုတဲ့ မျက်စိနဲ့ ကြည့်နေမယ်ဆိုရင်တော့ မြန်မာ့ရုပ်ရှင်လောကကတော့ ရွှေပြည်တော်ရယ် မျှော်လေတိုင်းဝေးနေဦးမှာပါပဲ...။

ဒီမိုဝေယံ

အချက်အလက်ကျကျ ရေးသားဖော်ပြထားပြီး အားလုံးသိအောင် ဆောင်းပါး ရေးသား ပေးပို့ပေးတဲ့ ကိုအောင်မျိုးထွန်းအား ကျေးဇူးတင်ပါသည်...။

အောက်မှာတော့ ရုပ်ရှင်“ကားပေါ်မှာလိုက်လာတယ်” ရုပ်ရှင်ကြည့်လို့ရတဲ့ လင့်(ခ်)နဲ့ ဒေါင်းလုပ်ဖိုင်တွေ တင်ပေးလိုက်ပါတယ်...။ ကားပေါ်မှာ လိုက်လာတယ်ဆိုလို့ မျက်စိထဲမှာ ဖြတ်ခနဲ မြင်ယောင်မိတာကတော့ ပြီးခဲ့တဲ့နှစ်များက ကြပ်ပြေး နေပြည်တော်ရဲ့ တပ်မတော်နေ့ အခမ်းအနားတွေမှာ ကားမဲကြီးစီးပြီး လိုက်လာတဲ့ ဟိုလူကြီးကို တိုက်တိုက်ဆိုင်ဆိုင် မြင်ယောင်မိတယ်ဗျာ... ပြောလို့တော့ မရဘူးဗျို့ လူ့လောကက ထွက် သွားရရင်တောင် မကျွတ်မလွတ်ဖြစ်ပြီး လူတွေကို ဆက်ပြီး ဒုက္ခပေးရင် ပေးနေဦးမှာ။ နေတာကလည်း ကြပ်ပြေးလေ...။
“ကားပေါ်မှာလိုက်လာတယ်” 
ရုပ်ရှင်ကြည့်ရန်လင့်(ခ်) 

ဒေါင်းလုပ်ဖိုင်များ မူရင်း ဆိုက်မှာ ကူးမရရင် ဒီမှာကူးနိုင်ပါတယ်...။
ရုပ်သံဖိုင် ပထမပိုင်း http://www.mediafire.com/?kq52taeim670qhe
ရုပ်သံဖိုင် ဒုတိယပိုင်း http://www.mediafire.com/?9az325zuq3ml9n6
ရုပ်သံဖိုင် တတိယပိုင်း http://www.mediafire.com/?92g9up7p2212bc6
ရုပ်သံဖိုင် စတုတ္ထပိုင်း http://www.mediafire.com/?yy81693sj244bcg

24 comments:

  1. ကိုယ့်သီလ ကိုယ် မလုံကြဘူးထင်တယ် ထိန့်လန့်နေကြပြီးလား နအဖ စစ်ခွေးတသိုက်တို့ရေ မထိန့်လန့်ပါနဲ့ အချိန်တန်ရင် လာမှာပါ အလှည့်..
    စက်တင်ဘာဦးနေမိန္ဒ (အမှန်တရားကိုဘယ်သူအနိုင်ရဖူးလဲx

    ReplyDelete
  2. နအဖ စစ်ခွေးတသိုက်တို့ရေ ဘာကြောင့်များ ဒီလိုကားမျိုးကို ပိတ်ပင်ရတာလည်း မင်းတို့လုပ်ခဲ့တဲ့ အမှုတွေကြေပျောက်မယ် ထင်လို့လား မထင်ပါနဲ့ မင်းတို့ အလှည့်ရောက်ရင် ဒိထက်ဆိုးမယ် ဆိုတာ သဘောပေါက်ပါ ..
    သောတုဇန ဘဏ်ကောက်

    ReplyDelete
  3. လူယုတ်မာ အာဏာရှင် တွေ ဒီလိုမျိုးဇာတ်ကားကို ပိတ်ပင်တာလေးနဲ့တင် မင်းတို့လုပ်ရပ်တွေ ကြေပျောက်သွားမယ်ထင်လား သေချာတယ် မင်းတို့ အလှည့်ရောက်တော့မယ် မကြာခင်မျော် ။
    အရှင် (အမှန်တရားဆိုတာ ဖုးံကွယ်ထားလို့မရပါဘူး)

    ReplyDelete
  4. သိပ်တော်လိုက်တဲ့ ဒါရိုက်တာ နဲ့ ဇာတ်ညွှန်းရေး ဆရာ နအဖ တွေ ထိန့်လန့်နေကုန်ပြီး ..
    ကျေးဇူးဘဲဗျို့..

    ReplyDelete
  5. အခုလိုမျိုး လွယ်လင့်တကူ ကြည့်လို့ရအောင်လုပ်ပေးတဲ့ အတွက်ကျေးဇူးဘဲဗျို့..

    ReplyDelete
  6. နေပြည်တော်လမ်းမကြီးရဲ့ တကယ့်အဖြစ်အပျက် သရဲ တစ္ဆေဇာတ်လမ်း တွေထဲကတခုကို ဇာတ်လမ်းအဖြစ် တင်ပြထားခြင်းဖြစ်ပါတယ်.။

    ReplyDelete
  7. ဇာတ်ကားကို တိုက်ရိုက်ကြည့်ချင်သူများအတွက် link
    http://www.burmeseclassic.com/showtime3.php?index=NTU4NA==&d=aW1nL21vdmllLzU1ODQuZ2lm&s=6&p=1&tp=1

    ReplyDelete
  8. ဆင်ဆာအဖွဲ့ကို ဘယ်သူတွေဦးဆောင်နေသလဲ။မရှိတော့တဲ့ နအဖ အဖွဲ့စည်းကို တမ်းတမနေပါနဲ့။ဘာမှလည်းမဆိုင်ဘူး။

    ReplyDelete
  9. မရှိတော့တဲ့ နအဖ အဖွဲ့က နောက်က လိုက်ပြီး အားလုးံကို ချုပ်ကိုင်ထားတာပါ ဒီငနွားနအဖ အဖွဲ့ ရဲ့ ပရောဂတွေပါ ပါတယ် ...

    ReplyDelete
  10. အင်းယားလမ်း ၅ လောင်းပြိုင်လူသတ်မှု.ကိုလည်း ရိုက်သင်.ပါတယ်

    ReplyDelete
  11. ချုပ်ကိုင်ထားတယ်လို့ ဘာသက်သေအထောက်ထားနဲ့ပြမှာလဲ?ပြစရာရှိလား?

    ReplyDelete
  12. ပြရမဲ့ အနေအထား လောက်ထိအောင်ကို မလိုလောက်ပါဘူး လူတိုင်းသိသာပါတယ်...လူတိုင်းလည်း သိလောက်ပါတယ် မပြောပြဘဲနဲ့ကို..

    ReplyDelete
  13. ဒီလောက်ညံ့တဲ့ ကားကိုများ

    ReplyDelete
  14. ကိုအောင်မျိုးထွန်းေ၇အနောက်နဲ့မြန်မာမတူဘူးပြော၇င်နအဖလူလို့ပြောတော့မယ်အနောက်ကဘာသာေ၇းနဲ့၇ုပ်ပိုင်းကိုအလေးထားမှုအ၇ ဒါတွေမယုံကြည်လို့ အပျော်တမ်းကြည့်ကြတာ။မြန်မာမှာကပညာတတ်တွေကအစအစွဲအလန်းမှားတွေကြီးစိုးနေတယ်တစေသူ၇ဲအယုံကြည်အစွဲလန်းများနေတယ်နာမ်ပိုင်းကိုယုံ့တယ်ဒါပေမယ့်ဗုဒ္ဓတ၇ားကိုလည်းသေချာမသိဘူးဒါကြောင့်လည်းရှေးကဒီလိုကားတွေပိတ်ခဲ့တာပါခင်ဗျားအယူအဆတခုကိုအတင်းမသွပ်သွင်းပဲရွေးချယ်ခွင့်နဲ့လူတွေကိုနားလည်းခွင့်ပေးစမ်းပါအကျိုးမဲ့ပြီးကိုယ့်စိးပွားေ၇းကိုယ်ရှာနေတာဘာရည်၇ွယ်ချက်၇ှိလည်းဒါရိုက်တာမေးကြည့်လိုက်ပါငါးပွက်၇ာငါးစာချနေကြတာနားလည်ပါဒိကားကနအဖနဲ့လည်းမဆိုင်ပဲအသားလွတ်ဆဲနေတဲ့လူတွေဘာကောင်းသလဲေ၇ာဝတီဆိုဒ်မှာဆိုအပါယ်၎ဘုံမှာသူ၇ဲဘဝကကောင်းသေးတယ်ေ၇းထားတာဘယ်လောက်ဆိုးလဲအပါယ်ဘုံဟာချမ်းသာ၇ာမ၇သလိုအမျှဝေပေးလည်းအကုသိုလ်ကံကြီးမားနေ၇င်သာဓုခေါ်ခွင့်မ၇တာမျိုးတောင်နားမလည်ကြတဲ့ဗုဒ္ဓဖာသာတွေကိုဒါမျိုးခင်ဗျားအတွေးအခေါ်စွတ်မသွင်းပါနဲ့သူမျးကိုလည်းဆွဲခေါ်မနေပါနဲ့--အများ၇ဲ့အကျိုးအတွက်ဝင်ေ၇း၇တာပါ

    ReplyDelete
  15. သြော်------- တချိန်က ဆ၇ာဝန်တင်ေ၇ွှက သူ၇ဲခြောက်သောအိမ်ကြီး ဆိုတဲ့ဝတ္တူေ၇းတာ အဲဒီလို မြန်မာတွေ မဟုတ်မမှန်မကောင်းတဲ့ အစွဲအလန်းတွေကြီးစိုးနေတာဖြေဖျောက်ဖို့နော် ခင်ဗျားအသက်အ၇ွယ်အရ အဲဒီဆ၇ာဝန်တင်ေ၇ွှဆိုတာ သိမှာပါ ဒါ ခေတ်လို့တော့မပြောပါနဲ့ ယူသင့်တဲ့အတွေးခေါ်ယဉ်ကျေ။းမှုရှိသလို မယူသင့်တဲ့အပိုင်းလည်း ရှိပါတယ်။ကိုယ့်ယဉ်ကျေးမှုတော့သူများကို လွှမ်းအောင်မလုပ်နိုင် သူများယဉ်ကျေးမှုကိုတော့ ကောင်းကောင်းမကောင်းကောင်းယုတတ်တဲ့ မြန်မာတွေကို ပြုပြင်ပေး၇မယ့်အစား အတွေးအခေါ်တွေ ကိုယ့်ကြောင့် မလွဲပါစေနဲ့ ကိုယ့်ယဉ်ကျေးမှုကိုသူများကလေးစားတယ် သူတိှု့ဆီမှာလိုက်မလုပ်နိုင်တာပဲရှိတယ် အဲဒါကို မြန်မာတွေနားမလည်ကြဘူး ကိုယ့်ကိုကိုယ်နားလည်းခြင်း ဟာ အေ၇းကြီးတယ်နော်.----စေတနာဖြင့်

    ReplyDelete
  16. ရွှေတိဂုံဘုရားအပေါ်တောင် ခွပ်ဒေါင်းအလံ တက်လွှင့်တဲ့ ဒီမိုဟန်ဆောင် ဗကပတို့ မှာ ဘာသာရေးအား နားမလည်ပါ။

    ReplyDelete
  17. Kill the monk, carry the communist (china) ball, who are they? then you say not understand religious, who are not respect to religious? you should thinking first before write the Ba Ka Pa.(ရွှေတိဂုံဘုရားအပေါ်တောင် ခွပ်ဒေါင်းအလံ တက်လွှင့်တဲ့ ဒီမိုဟန်ဆောင် ဗကပ), If you do not agree the communist, why your fathers are carry the China, Russia ball???

    ReplyDelete
  18. ကျွန်တော့ကိုသနားပါ..(နအဖ)အခုတော့ကြံ့ဖွတ်ပါတီကောင်းကြောင်းရေးမှအမွှန်းတင်မှငွေရမဲ့ဘဝပါ..တစ်လသုံးဖို့ပေးတဲ့ဒေါ်လာ၂၅၀ကမလောက်လို့ပါ..တစ်ခါသခြားလူတွေကိုစော်ကားပြီးနအဖ(ကြံ့ဖွတ်)ကောင်းကြောင်းကော်မန့်ရေးယင်တစ်ခါရေး(၁)ဒေါ်လာရပါတယ်..ပေါင်မုန့်ဖိုးအရက်ဖိုးလေးအတွက်ပါ..တစ်ခါတစ်လေဖာဖိုးလေးအတွက်ပါ..နားလည်ပေးကြပါ..သနားပါခင်ညာ..သနားပါ

    ခွေးသူခိုး

    ReplyDelete
  19. ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ရဲ့ အခန်း (၁) နိုင်ငံတော်အခြေခံမူများ မှာ နိုင်ငံတော်သည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသည်။ လို့  တိတိကျကျ ပါပါတယ်။ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးတဲ့ အမေရိကန်လဲ သူ့ ရဲ့  အကျိုးတူစီးပွား အတွက် ကွန်မြူနစ် စနစ်ကို ကျင့်သုံးတဲ့ တရုတ် နဲ့ ပေါင်းတယ်
    multi-party representative democracy စနစ်ကို ကျင့်သုံးတဲ့ Russian Federation နဲ့ ပေါင်းတယ်။ မြန်မာလဲ ဒီလိုပဲပေါ့။ မြန်မာပြည်ကို စီးပွားရေး ပိတ်ဆို့ နေတဲ့ အမေရိကန် နဲ့  အင်္ဂလိပ်ဆိုတာ ကျန်ခဲ့တဲ့ ဆယ်စုနှစ် မဝေးသေးတဲ့ ကာလမှာ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံတဲ့ နိုင်ငံတွေရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ နိုင်ငံတွေပါ။ မြန်မာက ရင်းနှီးမြုပ်နှံမူကို လမ်းဖွင့်ထားတဲ့ အတွက် အမေရိကန် နဲ့ အီးယူကလဲ လာချင်နေပုံပါ။ သူ့ လူကို အားမကိုးရရင် နောက်ဆုံး ရှိတဲ့လူတွေနဲ့ ဘဲ အဆင်ပြေအောင် လုပ်မဲ့ သဘောရှိပါတယ်။

    ReplyDelete
  20. ဟိုအပေါ်က ဆရာဝန်တင်ရွှေဆိုသူ တစ်ယောက် မြန်မာပြည်မှာ သရဲကားတွေ ပြန်ရိုက်ခွင့်ပေးနေတာ မသိဘူးထင်တယ်။ ဘယ်နှစ်ကားရှိပြီလဲ လေ့လာကြည့်ဦး ဒီကားက ဘာကြောင့်ငြိ ဘာကြောင့် ပိတ်ခံရတယ် ဆိုတာ လေ့လာလိုက်ဦး။ အာဏာပိုင် ငတုံးတွေက အကြောင်းမရှိပဲနဲ့ မပိတ်ဘူးဗျ ဒါမောင်မျိုးမင်းရဲ့ သရဲဇာတ်လမ်း ဘယ်နှစ်ကားမြှောက်လဲဆိုတာ မေးကြည့်ဦး။ ဒါအကြောင်း ပြည်တွင်းကလူတွေ အကုန်သိတယ် အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံတွေမှာ သရဲကားရှိမရှိစုံစမ်းဦး ထပ်သိချင်ရင် အီးမေးလ်လိပ်စာပေးမယ်.. သရဲကားပြခွင့် မပေးလို့ မြန်မာတွေ ချမ်းသာနေတယ်၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုရာတွေ အရှေ့တောင်အာရှမှာ ထိပ်ရောက်နေတယ်ဆိုရင် လက်ခံပါဦးမယ် သရဲမပြောနဲ့ ဘုန်းကြီးတောင်ချမ်းသာ မပေးတာ

    ပြည်တွင်း ရုပ်ရှင်ထုတ်လုပ်သူ

    ReplyDelete
  21. ဒီလောက်ညံ့တဲ့ကားလို့ ပြောတဲ့သူ အသံတွေတုန်နေပါလား ကိုယ့်အလှည့်ကျ မနွဲ့ကျစတမ်းနော် ဘာမှမကြောက်နဲ့ မိုးပေါ်ထောင်ပစ်တာ မြေအောက် လှိုင်ခေါင်းထဲကနေ

    ReplyDelete
  22. ရုပ်ရှင်ထုတ်လုပ်သူဆိုသူငါးပွက်၇ာငါးစာချေ၇းသား၇ိုက်ကူးထုတ်လုပ်နေသူတွေချည်းပါပြည်သူလူထုကိုဘာကောင်းတဲ့၇ည်၇ွယ်ချက်ပေးချင်တာလည်းခင်ဗျားတို့ကငွေပဲလေပြန်ပြခွင့်ပြုတာလူတိုင်းသိတယ်ဒါပေမယ့်ပိတ်ဖို့မပိတ်ဖို့ထက်အကျိုးမရှိတဲ့ကိစကိုပြောတာ၇ုပ်၇ှင်အဆင့်အတန်းတိုးတက်ဖို့ဟာသူ၇ဲကားတွေဖေါ်ချွတ်တွေ၇ိုက်မှမဟုတ်ဘူးသ၇ဲကားပြခွင့်ပေးလို့ကောမြန်မာတွေချမ်းသာလာသလားစုန်းတစ္ဆေကဝေအစွဲအလန်းသမားတွေပဲတိုးလာမယ်နို်ငငံခြားကားတွေအဆင့်အတန်းမြင့်တာရိုက်ကူးချက်အတွေးအခေါ်ဇတ်လမ်းသ၇ုပ်ဆောင်စသဖြင့်-ဟိုချွတ်ခန်းတွေကသူတို့သဘာဝမြှုဆွယ်မှုကသပ်သပ် --မဟုတ်တာတွေပဲခင်ဗျားတို့လိုက်တုပါအတုခိုးမှားဖို့ခင်ဗျားတို့ကပိုလုပ်နိုင်ပါတယ်အာဏာပိုင်ကမတုံးလို့ပိတ်တာလည်းသတိထားဟိုမျောက်လောင်းကြောင့်သူ၇ဲကား၇ိုက်လာ၇တာပါခင်ဗျားတို့ဦးသုခလိုပညာပေးဇတ်ကားကောင်းတွေဘာတွေထုတ်လုပ်ပြီးပြီလည်းဆ၇ာဝန်တင်ရွှေဘာ၇ည်၇ွယ်ချက်နဲ့ေ၇းခဲ့လဲမေးကြည့်အစိုး၇ကိုဖားေ၇းတာမဟုတ်ဘူးနော်ငါးပွက်၇ာငါးစာချငွေ၇ှာနေတာကိုလာကာမနေစေချင်ဘူး

    ReplyDelete
  23. ဟိုအပေါ်ကဆ၇ာဝန်တင်ေ၇ွှဆိုသူ ခင်ဗျားကိုကျုပ်ထောက်ခံတယ် ဆ၇ာဝန်တင်ရွှေက ရည်ရွယ်ချက်ကောင်းစေတနာကောင်းနဲ့ေ၇းခဲ့တယ်ရုပ်ရှင်ထုတ်လုပ်သူရဲ့၇ည်ရွယ်ချက်က ငွေရဖို့ဝင်ငွေကောင်းဖို့ဘယ်သူသေသေငတေမာပြီးရောဘာရည်ရွယ်ချက်ကောင်းနဲ့သ၇ဲကားတွေရိုက်ခဲ့ပြီးတာလည်း အင်း မေး၇င်တော့ ဖျော်ဖြေရေးပြောကြမှာပါ ဦးသုခလိုမျိုး ငါသူတပါးယောက်ကျားမိန်းမ ဗိုလ်အောင်ဒင်လိုမျီုး ခု ဘယ်သူတွေရိုက်နေလည်း ဇတ်လမ်းတွေက်ကောချစ်မယ်ကြိုက်မယ်--ဘာညာခွင့်မပြုလို့ နဲနဲချန် ပြီးကွဲမယ်ပေါင်းမယ်ဒီထက်ဘာမှမပိုဘူးဆင်ဆာသာမရှိလို့ကတော့မြင်ယောင်သေးမြန်မာကပိုသာမယ်အရည်အချင်းတော့မဟုတ်ဘူးဖေါ်ချွတ်

    ReplyDelete
  24. သေချာတာကနိုင်ငံခြားကရိုက်တာအပျော်တမ်း တို့မြန်မာကတကယ့်အဖြစ်အပျက်တဲ့ ဒါဆိုဖျော်ဖြေေ၇းသက်သက်မဟုတ် ပဲငွေရှာဖို့၇ည်ရွယ်ချက်သက်သက်ပါဇာတ်လမ်းရှင်တွေကိုနစ်နာစေလို့ဇာတ်လမ်းဖိုးပေးသင့်တယ်တောင်းပန်သင့်တယ်လို့ထင်တယ်တစေသူ၇ဲမှော်စုန်းကဝေတွေအယုံအကြည်အစွဲလမ်းတွေမြန်မာတွေကိုတကယ့်အအဖြစ်အပျက်ဆိုတာနဲ့သွပ်သွင်းကြဦးမှာပေါ့စိတ်မကောင်းစ၇ာပဲတိုင်းပြည်ပျက်နေ၇တဲ့အထဲဗျာ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။