Pages

Friday, June 24, 2011

ရုပ်ဝတ္ထုတွေ တိုးတက်ပြီး စိတ်ဓာတ်ခြောက်သွေ့နေတဲ့မြို့သို့ အလည်တစ်ခေါက်...

ကြပ်ပြေးသို့ အလည်တစ်ခေါက်...
 လူမရှိတဲ့လမ်းများ....
 ကြပ်ပြေးမင်းရဲ့ နေပြည်တော်က အကြီးဆုံး ဆူပါမားကတ်ပါတဲ့ လူမရှိဘူးလို့ဆိုပါတယ်..။
 အစိုးရ အရာရှိကြီးများရဲ့ အိမ်တော်တွေပါ...
 အိမ်တော်တွေလို့ ဆိုပါတယ်...
ပြီးခဲ့တဲ့လက အသိဂျပန်လူမျိုးတစ်ယောက် မြန်မာပြည် အလည်တစ်ခေါက်သွားပါတယ်...။ ပြန်ရောက်လာပြီး အီးမေးလ် ပေးပို့လာတာလေးကတော့ ရန်ကုန်မြို့ဟာ အစိုးရပြောင်းသွားပေမယ့် အရင်အတိုင်းပါပဲတဲ့.. ချိုင့်တွေ ခွက်တွေနဲ့ပေါ့ ဘာမှမပြောင်းလဲပါဘူးတဲ့...။ ကြပ်ပြေးနေပြည်တော်ကိုလည်း အလည်တစ်ခေါက် ရောကခဲ့ပါတယ်တဲ့....။ နိုင်ငံခြားသားတွေ တည်းခိုတဲ့ ဟိုတယ်နဲ့ လမ်းတွေပေါ်မှာ လူတွေမရှိပါဘူးတဲ့ မြင်ရတဲ့ အတိုင်းပါပဲတဲ့...။ မလိုအပ်ပဲ ညဘက်မှာ ထိန်ထိန်ညီးအောင် မီးတွေထွန်းတာကတော့ မီးပြတ်ပြီး အမြဲတမ်းမှောင်နေတဲ့ ရန်ကုန်မြို့နဲ့ တခြားဆီပါပဲတဲ့။ မလိုအပ်ပဲ မီးတွေထွန်းတာတာ အင်မတန်မှ ဖြုန်းတီးရာ ရောက်ပါတယ်တဲ့...။ 

အဆောက်အဦးတွေ ဟိုတယ်တွေ လမ်းတွေ တော်တော်များများပြီးနေတာ တွေ့ရပေမယ့် ဟိုတယ်တွေမှာ တည်းခိုတဲ့ သူတွေမရှိလို့ နောက်ပိုင်း ပြုပြင်ရေး စားရိတ်တွေ အတွက် စိတ်ပူရပါတယ်တဲ့ ...။ အကြီးဆုံး ဆူပါမားကတ်(၂)ခု ရှိပါတယ်တဲ့။ အစိုးရအရာရှိကြီးတွေရဲ့ အိမ်တွေကတော့ အင်မတန်မှ ခမ်းနားထည်ဝါပြီး သာမာန်ပြည်သူတွေရဲ့ ဘဝကတော့ ဆင်းရဲကြပ်တည်းနေတာ တွေ့ရတာ စိတ်မကောင်းစရာပါပဲတဲ့..။ 

ပေးပို့လာတာကတော့ ဒါပါပဲ... ဒါကတော့ မိုင်တိုင် ၇၆ အလွန်ကြပ်ပြေး မင်းတရားကြီးရဲ့ နေပြည်တော်သို့ အလည်အပတ်ရောက်စဉ် နောက်ဆုံးရ မြင်ကွင်းတွေပါပဲ...။ ရုပ်ပဲရှိပြီး နာမ်မရှိတဲ့သူတွေ အုပ်ချုပ်နေတဲ့ ကြပ်ပြေး ဘဝသေမင်းတရားကြီးရဲ့ မြို့ပေါ့ဗျာ....

9 comments:

  1. မကြာသေးခင်က မြန်မာပြည်ကို စီးပွားရေး လာလုပ်တဲ့ ဂျပန်လူမျိုး တစ်ယောက်နဲ့ စကား ပြောခဲ့ရပါတယ်။ လေဆိပ်မှာ မြန်မာပြည် သွားမဲ့ ဂျပန်လူမျိုးအများကြီး တွေခဲ့ရပါ တယ်-တဲ့။ အံ့သြမိတာက အလည်သွားမဲ့ သူတွေ နဲ့ ဆတူလောက်ရှိတဲ့ စီးပွားရေးသမားတွေ ဂျပန်အစိုးရ ၀န်ထမ်းတွေပါ တွေ့ ခဲ့ရလို့ ပါဘဲတဲ့။ အောင်ဆန်း စုကြည်က ရုပ်ချော လို့  ဆွဲဆောင်မူကောင်းပြီး ဂျပန်မှာ လူသိများပါတယ်-တဲ့။ သူ့ ရဲ့  ခင်ပွန်းက အင်္ဂလိပ်လူမျိုး ဆိုတာ သိတဲ့သူ နဲပါတယ်-တဲ့။ သိတဲ့ လူများကတော့ ဘာကြောင့် သူမ၀န်ကြီးချုပ် မလုပ်နိုင်ဘူး ဆိုတာ နားလည်ပါတယ်-တဲ့။ နေပြည်တော် မြို့ ကို တိုတောင်းတဲ့ အချိန်အတွင်းမှာ တည်ဆောက်သွားတာ ချီးကျူးပါတယ်-တဲ့။ ဂျပန်မှာ သူ့ သောက်နေကျ အရက်ဆိုင်မှာ အလုပ်လုပ်တဲ့ မြန်မာလူမျိုးတွေ ဟာ အလုပ်အလွန်ကျိုးစား ကျပါတယ်-တဲ့ တော်လည်းတော်ပါတယ်-တဲ့။ မြန်မာနိုင်ငံမှာ ထူးခြား တာကတော့ သူတို့ ဂျပန် နိုင်ငံကလို အိမ်မဲ့ယာမဲ့ ဟုမ်းလက်စ် တွေ အတွက် စီစဉ်ပေးထားတဲ့ ရွက်ဖျင်တဲ အပြာတွေ မြစ်ဘေးတွေ မှာ မတွေ့ ရတာပါဘဲ-တဲ့။ ဂျပန်မှာ ဆောက်လက်စ တိုက်သစ်ကြီးတွေ အများကြီး ရှိနေပေမဲ့ ဂျပန်ဆောင်းရာသီမှာ အိမ်မဲ့ယာမဲ့ ဟုမ်းလက်စ် တော်တော်များများ အအေးကြောင့် သေကြရတာဟာ အလွန်စိတ် မကောင်းစရာပါဘဲတဲ့။ မြန်မာနိုင်ငံမှာ လူတွေဟာ ချို့ တဲ့ ကျသော်လဲ မျက်နှာများမှာ ပြုံးနေကျတာ ပျော်ရွှင်တဲ့ မျာက်နှာများကို တွေ့ ရပါတယ်တဲ့။ ဂျပန်နိုင်ငံမှာ ချမ်းသာသော်လည်း ကိုယ်ကိုကိုယ် သတ်သေသူ ပေါင်း တစ်နှစ်ကို လေးသောင်း ကျော် ရှိပါတယ်တဲ့။ မြန်မာပြည်ကို တစ်ခါလာပြီးရင် နောက်တစ်ခါ ထပ်လာချင်ကျတာကို လဲ သူ့ အနေနဲ့ မြန်မာပြည် မလာခင်က နားမည်မိပါဘူး-တဲ့။ စစ်ရှုံး ဂျပန်လူမျိုးတွေကို အကြင်နာ တရားနဲ့ စောင့်ရှောက်ခဲ့တဲ့ မြန်မာလူမျိုးများ အကြောင်းကို မြန်မာ့စောင်း ဇတ်ကားကနေ တစ်ဆင့် သိလာပြီးတဲ့ နောက်ပိုင်း မြန်မာပြည်မှာ စီးပွားရေး လုပ်ဖို့ လာခဲ့တာပါ-တဲ့။

    ReplyDelete
  2. လမ်းမကြီးကို ဖြူးနေတာဘဲ ဘာချိုင့်မှလဲ မတွေ့ ရပါလား

    ReplyDelete
  3. ဂျပန်နိုင်ငံ အလုပ်အကိုင် အခွင့်အလမ်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား ရာနှင့်ချီ လိမ်လည်ခံခဲ့ရပြီး လိမ်လည်သူများမှာ ဂျပန် နိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။

    Wednesday, 22 June 2011 10:42

    ဂျပန်နိုင်ငံ အလုပ်အကိုင် အခွင့်အလမ်း ရရှိမည် အထင်ဖြင့် ဂျပန်နိုင်ငံသားများထံသို့ ငွေကြေးများ ပေးအပ်ခဲ့ရာ လိမ်လည်ခံရသူ စုစုပေါင်းမှာ ၁၄၀ ကျော်ရှိပြီး ငွေကြေး ပမာဏအားဖြင့် မြန်မာကျပ်ငွေ သိန်းထောင်ကျော် ရှိကြောင်း သိရှိရသည်။
    ဂျပန်နိုင်ငံ အလုပ်အကိုင်နှင့် ပတ်သက်၍ လိမ်လည်ခံရသည့် ဖြစ်စဉ် တစ်ခုမှာ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Koeki Shoji Co., Ltd နှင့် ယင်း ကုမ္ပဏီ၏ ဥက္ကဋ္ဌ Mr.Tsuchino Masumaru ၊ မြန်မာနိုင်ငံတာဝန်ခံ Mr. Aikawa Daiki တို့ နှစ်ဦးသည် ပြည်ပ အလုပ်အကိုင်ဆိုင်ရာ အကျိုးဆောင်လိုင်စင် မရှိဘဲ ဒေါ်--- ပါ ဆွေမျိုး ကိုးဦးထံမှ စရန်ငွေ အဖြစ် တစ်ဦးလျှင် ငွေကျပ်ငါးသိန်းစီ၊ ဒေါက်တာ-- ၏ လွိုင်ကော်ဒေသမှ ဆွေမျိုးသားချင်း မိတ်ဆွေတပည့် ၁၀၈ ဦးထံမှ စရန်ငွေ ကျပ်သိန်း ၅၄၀ နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းနေ မ--ပါ ကိုးဦးထံမှ ငွေကျပ် သိန်း ၂၆၀ ရယူခဲ့ကြောင်း သိရသည်။
    ထို့ပြင် စမ်းချောင်းမြို့နယ်နေ ဦး-- သည် ပြည်ပ အလုပ်အကိုင် ဆိုင်ရာ အကျိုးဆောင် လိုင်စင် မရှိဘဲ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် ရရှိမည်ဟု ပြောဆို၍ ဒေါ်--ပါ ၁၆ ဦးထံမှ ငွေကျပ် ၁၇၆ သိန်း ရယူခဲ့ကြောင်းကို ပြည်ထဲရေး ၀န်ကြီးဌာနက စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
    ထို့အတူ ဂျပန်နိုင်ငံရှိ Myanmar Japan Relation Centre ၏ ဒါရိုက်တာ အဖွဲ့ဝင် တစ်ဦး ဖြစ်သူ Mrs. Shiho Nishikawa သည် ဂျပန်နိုင်ငံသို့ တစ်လအတွင်း သွားရောက်ရမည် ဆိုကာ စိုင်း-- ထံမှ ကျပ် ၃၇ သိန်းကျော်ကို လိမ်လည်ရယူပြီး ငွေများကို ပြန်လည် ပေးအပ်ခြင်း မရှိကြောင်း၊ အလားတူ မနန်း--နှင့် ၎င်း၏အစ်ကို စိုင်း--တို့ နှစ်ဦးကိုလည်း မူလ နှုတ်ကတိအတိုင်း ဂျပန်နိုင်ငံသို့ ထပ်မံပို့မပေးနိုင်သည့် အပြင် ပြန်အမ်းရမည့်ငွေ အမေရိကန်ဒေါ်လာ ၃၀၀၀ ကိုလည်း ပြန်လည် ပေးအပ်ခြင်း မရှိသဖြင့် အရေးယူပေးပါရန် တိုင်ကြားစာနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဆေးခဲ့ကြောင်း သိရသည်။
    အလားတူ ဖြစ်စဉ်တစ်ခုမှာ ဂျပန် နိုင်ငံသား Mr. Kobayashi Shoichi သည် ဂျပန်နိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဌာန၌ အလုပ်ပါမစ် ရရှိအောင် လျှောက်ထား ဆောင်ရွက်ပေးမည်ဟု ပြောဆို၍ မြန်မာကျပ်ငွေ ၂၅ သိန်းကျော်ကို စရန်ငွေ အဖြစ် ရယူခဲ့သော်လည်း အလုပ်ပါမစ် ရရှိအောင် ဆောင်ရွက်ပေးခြင်း မရှိသည့်အပြင် ပေးအပ်ထားသော စရန်ငွေများကိုလည်း ပြန်လည် ပေးအပ်ခြင်း မရှိကြောင်း တိုင်ကြားစာနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်း စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
    လိမ်လည်ခဲ့သူ ဂျပန်နိုင်ငံသားများ ဖြစ်ကြသည့် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Koeki Shoji Co., Ltd နှင့် ယင်းကုမ္ပဏီ၏ ဥက္ကဋ္ဌ Mr.Tsuchino Masumaru ၊ မြန်မာနိုင်ငံ တာဝန်ခံ Mr.Aikawa Daiki ၊ ဂျပန်နိုင်ငံရှိ Myanmar Japan Relation Centre ၏ ဒါရိုက်တာ အဖွဲ့ဝင် တစ်ဦး ဖြစ်သူ Mrs.Shiho Nishikawa နှင့် ဂျပန်နိုင်ငံသား Mr. Kobayashi Shoichi တို့အား သက်ဆိုင်ရာက လိုအပ်သည့် အရေးယူမှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်း သိရသည်။
    လိမ်လည်ခဲ့သူ ဂျပန်နိုင်ငံသားများနှင့် ပတ်သက်၍ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Koeki Shoji Co, Ltd နှင့် ယင်းကုမ္ပဏီ၏ ဥက္ကဋ္ဌ Mr.Tsuchino Masumaru ၊ မြန်မာနိုင်ငံ တာဝန်ခံ Mr. Aikawa Daiki တို့ နှစ်ဦးအား အမျိုးသား
    စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီးရုံးက အမိန့်ကြော်ငြာစာ အမှတ် ၄၄/၂၀၁၀ ဖြင့် အမည်ပျက်စာရင်း ရေးသွင်း၍ လည်းကောင်း၊ ဂျပန်နိုင်ငံရှိ Myanmar Japan Relation Centre ၏ ဒါရိုက်တာ အဖွဲ့ဝင် တစ်ဦး ဖြစ်သူ Mrs. Shiho Nishikawa ကိုလည်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီးရုံးက အမိန့်ကြော်ငြာစာ အမှတ် ၄၁/၂၀၁၀ ဖြင့် အမည်ပျက်စာရင်း ရေးသွင်း၍ လည်းကောင်း၊ ဂျပန်နိုင်ငံသား Mr. Kobayashi Shoichi ကိုလည်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီးရုံးက အမိန့်ကြော်ငြာစာ အမှတ် ၄၃/၂၀၁၀ ဖြင့် အမည်ပျက် စာရင်း ရေးသွင်း၍ လည်းကောင်း အရေးယူခဲ့သည်။

    Source: http://www.news-eleven.com/

    ReplyDelete
  4. (လမ်းတွေပေါ်မှာ လူတွေ မရှိပါဘူးတဲ့ မြင်ရတဲ့ အတိုင်းပါပဲတဲ့...။ မလိုအပ်ပဲ ညဘက်မှာ ထိန်ထိန်ညီးအောင် မီးတွေထွန်းတာကတော့ မီးပြတ်ပြီး အမြဲတမ်းမှောင်နေတဲ့ ရန်ကုန်မြို့နဲ့ တခြားဆီပါပဲတဲ့။ မလိုအပ်ပဲ မီးတွေ ထွန်းတာတာ အင်မတန်မှ ဖြုန်းတီးရာ ရောက်ပါတယ်တဲ့...။)
    ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ ခရီးသွားခါ နီးပြီလေ တော်ကြာလမ်း မီးမှောင်နေပါအုံးမယ်။

    ReplyDelete
  5. (မကြာသေးခင်က မြန်မာပြည်ကို စီးပွားရေး လာလုပ်တဲ့ ဂျပန်လူမျိုး တစ်ယောက်နဲ့ စကား ပြောခဲ့ရပါတယ်။ လေဆိပ်မှာ မြန်မာပြည် သွားမဲ့ ဂျပန်လူမျိုးအများကြီး တွေခဲ့ရပါ တယ်-တဲ့။ အံ့သြမိတာက အလည် သွားမဲ့ သူတွေ နဲ့ ဆတူလောက်ရှိတဲ့ စီးပွားရေးသမားတွေ ဂျပန်အစိုးရ ၀န်ထမ်းတွေပါ တွေ့ ခဲ့ရလို့ ပါဘဲတဲ့။)

    ဂျပန်နိုင်ငံ၏ ပါလီမန်ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူ မစ္စ မခိကို ခိခုတသည် လာမည့် အပတ်တွင် မြန်မာနိုင်ငံသို့ သွားရောက် ရန်ရှိပြီး ခရီးစဉ်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် တာဝန်ရှိသူများနှင့်လည်း တွေ့ ဆုံပြီး မြန်မာနိုင်ငံကို ငွေကြေးအကူ အညီပေးရေး ဆိုင်ရာ ကိစ္စများ လည်း ဆွေးနွေးမည်ဖြစ်ကြောင်း၊ အခြား မြန်မာ့ နိုင်ငံရေး နယ်ပယ်မှ ခေါင်းဆောင်များနှင့် တွေ့ဆုံရန်လည်း ရှိကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် လည်း တွေ့ဆုံမည် ဖြစ်သည်လို့  ဖတ်လိုက်ရပါတယ်။

    ဂျပန်မှာ နေချင်လို့  refuges ခံထား တဲ့ သူ လျှောက်ထားတဲ့ သူတွေလဲ မြန်မာငွေ ဈေးတက်လာလို့  လုပ်သလောက် မခံစားရသလို ဖြစ်နေပါတယ်။ ဒေါ်စုလဲ ကယ်နိုင်မယ်လို့  မထင်ပါ။

    ReplyDelete
  6. အင်း ခင်ဗျားတို့လည်း ဒီဘလော့ဂ်မှာ အသစ်တက်တာနဲ့ အမောတကော လာဖတ်ရ အမြင်ပြောင်းပြန်တွေ ပြန်ရေးရ၊ ချောင်ကြို ချောင်ကြားကစာတွေ Copy လုပ်ပြီး Paste ကပ်ရနဲ့ ဆိုတော့ မလွယ်တော့ မလွယ်ဘူးနော်... ဒီပိုစ့်မှာ အမှန်အတိုင်း ပေးပို့လာတဲ့ ဂျပန်ကလည်း ရစရာမရှိတော့ဘူး.. ခင်ဗျားတို့ လူကြီးတွေ ဖိတ်လို့ သွားပြီးပြန်လာတာလေ... မြန်မာစာသာ ဖတ်တက်ရင် ထိုင်ငိုမှာ ဘာပဲဖြစ်ဖြစ် အမြင်မတူပေမယ့် တင်သမျှ ပြောင်းပြန် ရေးမယ့်မိတ်ဆွေများလို့ သတ်မှတ်ထားလိုက်ပါမယ်...။ နောက်ဆိုပို့စ် မတင်ခင် မေးလ်ကြိုပို့ပေးပါမယ်... လာဖတ်သက်သာအောင်း)

    ReplyDelete
  7. ကိုဒီမိုဝေယံရေ..
    ထစ်ကနဲရှိ "အစိုးရလူ၊ နအဖလူ၊ ကြံ့ဖွတ်၊ စစ်ခွေး၊" (သို့ ) "ဒီမိုငတုံး" စသည်စသည်... ကိုယ်နဲ့ အမြင်မတူ ရန်သူ ဆိုတဲ့ သူငယ်နာမစင်တဲ့ တံဆိပ်ကပ်ဝါသနာထုံသူ အပေါင်းကိုလည်း ပြောပေးပါဦးဗျို့ ။ ခမျာတို့ မှာလည်း...စာပါအကြောင်းအရာကို
    ဆွေးနွေးတာကနည်းနည်း စာရေးသူကို ချီးမွန်းတာ (မိမိနဲ့ အလိုတူပါက)၊ ကွန်မင့်ပေးသူအချင်းချင်း တိုက်ခိုက်တာ (မိမိနဲ့ ဆန်ု့ ကျင်ပါက) တွေကလည်း မဆီမဆိုင် လက်ပံသား ဓါးနဲ့ ချိုင်ကြတဲ့သူတွေပါပဲဗျာ။
    သဗ္ဗညုတ ဘုရားလို့ ဆိုကြတဲ့ ဗုဒ္ဓ တောင် "၀ိဘဇ္ဇ" ၀ါဒီ
    ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို ရှံ့ ချ၊ တထစ်ချ မဆို ကျိုးကြောင်းသင့်မသင့်ပဲဆုံးဖြတ်တာပဲမဟုတ်လားဗျာ...။
    ကျုပ်တို့ ရင့်ကျက်အောင်အားထုတ်ကြပါစို့ ။။

    ReplyDelete
  8. ငွေမရှိပေမယ့် စိတ်ချမ်းသာပျော်ရွှင်တတ်တဲ့ အပြုံးပိုင်ရှင်ဆိုတာ ကမ္ဘာမှာ မြန်မာပဲရှိတာပါ။ရောင့်ရဲတင်းတိမ် တတ်တဲ့လူမျိုးတွေမို့ ဘ၀ကအနေစုပ်ကြပေမယ့် ပျော်ရွှင်နေကြတဲ့သူတွေပါ။ ဂျပန် အမေရိကားတွေမှာ ငွေရှိပြီး မပျော်နိုင် အိပ်စရာမရှိလို့ ညဘက်မှာ ဂျပန်ဘူတာကြီးတွေမှာ လာလာအိပ်ကြတဲ့သူတွေကလည်း ဒုနဲ့ဒေးပါပဲ။မြန်မာပြည်မှာ အိပ်စရာ တဲတစ်လုံး ဖျာလေးတစ်ခုတော့ရှိကြပါတယ်။

    ကိုယ့်လူမျိုးကိုယ့်နိုင်ငံအပေါ်ကို အကောင်းမြင်စိတ်လေးတွေမွေးနိုင်အောင် ထားကြစမ်းပါဗျာ။

    မောင်

    ReplyDelete
  9. လင်းဝေAugust 5, 2011 at 6:09 PM

    ၃ယောက်လုံးရဲ့အမြင်ကိုလေးစားပါတယ်...ကိုအမည်မသိရဲ့အမြင်ကိုတော့...ရင်ဘတ်နှင့်ထပ်တူပါပဲ...

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။