လျှက်တပြက်မြတ်ခိုင်သို့ (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
ကျေးဇူးကမ္ဘာ မြတ်ခိုင်လို့ ကျူးရင့်လိုက်ပါတယ်။ ကျနော်တူအရွယ် ညီအရွယ် ဆရာဝန်လေးများနဲ့ ညီအကိုလို နေခဲ့တဲ့ သူငယ်ချင်း ပါမောက္ခဦးသစ်လွင်နဲ့ အာလုံးသို့။ ပြသနာရဲ့ အရင်းကို စစ်လိုက်တော့ ဇစ်မြစ်က စံနစ်။ စံနစ်မကောင်းလို့ လူတော်လူကောင်းတွေ အများကြီငြောင်း ခဲ့ကြပါပြီ။ ဆရာဝန်တွေကို လစာ ၁၂ ဒေါ်လာ ပေးတယ်ဆိုတာ ကမ္ဘာမှာ မြန်မာတနိုင်ငံထဲဘဲ ရှိပါတယ်။ တိုးပေးလာတာ စေတနာရှိလို့ သူ့ဟာသူ စဉ်စားပြီး တိုးပေးတာမဟုတ်ပါ။ ကျုပ် ဗွီအိုအေပေါ်က အော်လိုက်လို့ပါ။ကဲမြတ်ခိုင်မင်းတို့ ဆောင်းပါးကို ဒီလူနာကိစ္စ မှာတင်ရပ်မထားပါနဲ့။ ဘန်ကောက်မှာ အခုလူနာရှင်လေးကို ကုသပေးလိုက်တဲ့ အထူးကု ဆရာဝန်ကြိးတွေ ရတဲ့ လစာတွေ ဖေါ်ပြပေးပါဦး။ ဘန်ကောက်က သူနာပြုတယောက် လစာက အခု ပါမောက္ခဆရာဝန်ကြီးကို မင်းတို့ဖါးနေတဲ့ အစိုးရကပေးထားတဲ့ လစာ ထက်- ၅- ဆ များပါတယ်နော်။ ဒါတောင်အထူးသူနာပြု ဆိုရင် ၈-ဆလောက်များတာလေး... လုပ်ပါဦး ကိုကိုမြတ်ခိုင်။
ကနေ့ဗမာဆရာဝန်တွေ မလေးရှား ဆေးတက္ကသိုလ်တွေမှာ စာသွားပြ သင်ပေးနေကြရတာ မင်းစာပေတွေ ရေးနေတော့ သိပါတယ်နော်။ စံနစ်ကွ စံနစ်။ ကိုယ်ညီဆရာဝန်လေးများ သိချင်ရင် ဒီမိုဝေယံမှာ ဖတ်ကြည့်ကြပါ။ တချိန်က ရွှေထီးဆောင်းခဲ့တဲ့မြန်မာ ရေးနေတာ နောက်ဆုံးအပိုင်း မတင်ရသေးဘူး။ အခုတော့ ဘဘရွှေ(ဟာ)နဲ့ ထောင်းခံနေရသမျှ ရွှေထီးဆောင်းဖို့  စိတ်ကူးတောင်မယဉ်ကြပါနဲ့။
ဆရာဝန်တစ်ယောက်ရဲ့ ဖွင့်ဟပြောဆိုချက် (မြန်မာပြည်က လာတဲ့စာ...) ပြန်ဖတ်ချင်ရင် Clickအခုပြည်တွင်းမှာ ၀န်ထမ်းလစာတွေ/ စစ်သည်တော်တွေရဲ့ လစာတွေ/ နေ့စား အလုပ်သမားတွေရဲ့ လစာတွေကို ကိုမြတ်ခိုင် ပြောနေတဲ့ ထိုင်းနိုငံ က သက်ဆိုင်ရာလစာတွေရဲ့ ၆၀-% ကနေ ၇၅- % အထိတိုးပေးဖို့  လက်မှတ်ထိုး ကမ်ပိန်းလေး ကျနော့်လူတွေ စတင်လှုပ်ရှားနေကြပါပြီ။
KENNY ROGERS ရဲ့  Country Music လေးတခု ဖြစ်တဲ့ COWARD OF THE COUNTY ဆိုတာလေး နာထောင်ကြည့်ကြပါဦးလို့။ အဲဒီထဲမှာ ပါထားတဲ့ ကျနော် တိုက်ခဲ့ မိုက်ခဲ့တာလေးတွေ ဟုတ်မဟုတ် ဦးသစ်လွင်ကိုသာ မေးကြည့်ကြပါလို့။
ကဲကဲ ကိုမြတ်ခိုင် ကျေးဇူးကမ္ဘာ ဆိုတာက ကျုပ်တို့က ဒီလို ၀န်ထမ်းတွေ ပွဲဆူလာတာ ကြုံချင် နေချိန်လေးဗျာ။ ကျုပ်တို့စနေတဲ့ လက်မှတ်ထိုး ကမ်ပိန်းအတွက် တွန်းအားလေး ဖေါ်ပေးလိုက်တဲ့အတွက် အထူးအထူး ကျေးဇူးကမ္ဘာ ပါလို့။ ရွဲ့ပြောတာ မဟုတ်ပါခင်ဗျာ။ ဒါကို အင်္ဂလိပ်လို BLESSING IN DISGUISE ပုံဖျက်ထားသော ကောင်းချီးမင်္ဂလာ လို့ခေါ်ပါတယ်။ လှိုင်မြင့်နဲ့ မြေသြဇာအဖွဲ့ဝင်တွေ အရမ်းကို ၀မ်းသာပါတယ်ခင်ဗျာ။
လှိုင်မြင့် ။
လျှက်တပြက် မြတ်ခိုင်ရဲ့ ဓာတ်ပုံ သတင်းရေးသားချက်ပါ အကြောင်းအရာ ပြန်ဖတ်ချင်ရင် http://www.imagebam.com/image/554440135568173
အဆိုပါဆိုဒ်မှ စာများအား ထပ်မံ Click နှိပ်ပါက စာများ ပြတ်သားစွာ ကြည့်ရှနိုင်ပါသည်..။
မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး)၏ သဘောထားကြေညာချက်
နေ့စွဲ - ၆.၆. ၂၀၁၁
မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး)၊ မန္တလေးမြို့
၁။ အဖိုးတန်သော လူ့အသက်များစွာကို ကယ်တင်ရသည့် ဆေးပညာရှင်ဆရာဝန်များအဖို့ ဆေးပညာရှင်ဆရာဝန်တစ်ဦးအဖြစ် လူနာအများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်မှာ ဆေးပညာအတတ်ကို အောင်မြင်ပေါက်မြောက်စွာ တတ်ကျွမ်းပြီးဖြစ်သည်ဟု နိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံဆေးကောင်စီတို့က အသိအမှတ်ပြုရန် လိုအပ်ပေရာ ဆေးပညာရှင်များသည် ကောင်းမွန်စွာ လေ့လာဆည်းပူးထားသော အတတ်ပညာရှင်များ (Professionals)ဖြစ်ကြောင်း ထင်ရှားပါသည်။။ မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး) သည် ဆေးပညာရပ်များကို အောင်မြင်ပေါက်မြောက်စွာ တတ်ကျွမ်းပြီးဟု အသိအမှတ်ပြုထားခြင်းခံရပြီးသောဖြစ်သော အဖွဲ့ဝင်ဆရာဝန်များ ဖြင့်ဖွဲ့စည်းထားသော အသင်းကြီးဖြစ်ပါသည်။
၂။ ၂၀၁၁ခု၊ ဇွန်လ (၃)ရက်နေ့ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ(၃)၊ အမှတ် (၃၉) စာမျက်နှာ (၁၃) တွင်ဖော်ပြပါရှိသော ဆောင်းပါးရှင် သံလျက် ၏ “ဒီလိုဒီလိုရှိတယ် အိုဘယ့်ဆေးဆရာ” ဆောင်းပါးသည် အယူအဆမှား၊ အချက်အလက်မှား၊ အတွေးအခေါ်မှားတို့ဖြင့် ဆရာဝန်နှင့်လူနာအကြား၊ ဆေးပညာရှင်များနှင့် ပြည်သူလူထုအကြား အခိုင်အမာတည်ဆောက်ထားရှိပြီးဖြစ်သည့် ယုံကြည်မှုကို ပျက်ပြားစေနိုင်သည်ဟု မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး)က ယူဆပါသည်။
၃။ မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး) အနေနှင့် ပြည်သူလူထုအား ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်နိုင်ရေးသာမက ယခုကဲ့သို့ ပြည်သူအများ ထင်ယောင်ထင်မှားဖြစ်စေနိုင်သည့် အခြေအနေကိစ္စရပ်များတွင် မှန်ကန်သော၊ တိကျသော ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ ပေးအပ်ရန်လည်း တာဝန်ရှိသည်ဟု ခံယူပေရာ ထိုလျှပ်တစ်ပြက်ဂျာနယ်ပါ ဆောင်းပါးနှင့် စပ်လျဉ်း၍ အခိုင်အမာထားရှိသည့် ကုသချက်မှတ်တမ်းများ၊ သက်ဆိုင်ရာဆရာဝန်ကြီးကိုယ်တိုင် ထုတ်ဖော် ပြောကြားချက်များကို ကိုးကားပြီး ပြည်သူအများ၏ အကျိုးကို ရှေးရှုရည်ရွယ်၍ ဤသဘောထားကြေညာချက်ကို ထုတ်ပြန်ကြေညာပါသည်။
၎။ ဆောင်းပါးရှင် သံလျက် ရေးသားသော ထိုလျှပ်တစ်ပြက် ဂျာနယ်ပါဆောင်းပါးတွင် ရည်ညွှန်းဖော်ပြထားသည့် လူနာသည် မန္တလေးမြို့ရှိ ပုဂ္ဂလိကဆေးရုံကြီးတစ်ခုသို့ ၁၇.၅.၂၀၁၁ ညနေ ၆း၄၅ နာရီတွင် ခေါင်းထိခိုက်ဒဏ်ရာ(Head Injury)ဖြင့် လာရောက်ပြသသည်။ ထိုခေါင်းထိခိုက်ဒဏ်ရာ ရရှိသည့်အချိန်မှာ ထိုနေ့ ညနေ (၃း၀၀) နာရီတွင်ဖြစ်သည်။ ဖြစ်ပွားခဲ့သည့်နေရာမှာ ပြင်ဦးလွင်မြို့ဖြစ်သည်။ ထိုခေါင်းထိခိုက်ဒဏ်ရာရရှိသည့်အချိန်မှစ၍ ထိုဆေးရုံကြီးသို့ တက်ရောက် ကုသမှုခံယူသည့်အချိန်အထိ လူနာမှာ သတိလစ်မေ့မြောနေသည်။ သက်ဆိုင်ရာဆရာဝန်ကြီး၏ စစ်ဆေးစမ်းသပ်ချက်အရ ဆရာဝန်ကြီးက ဦးနှောက်ဓာတ်မှန်ရိုက်ရန် (Computerized Tomographic Scan) ရိုက်ရန် ညွှန်ကြားသည်။ သက်ဆိုင်ရာဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုဆရာဝန်ကြီးကိုယ်တိုင် ထိုဦးနှောက်ဓာတ်မှန်ကို ကြည့်ရှုစစ်ဆေး၍ ၁။ ဦးနှောက်အတွင်း တုန်ခါခြင်း (Cerebral Concussion) ၂။ ဦးနှောက် လှုပ်ရွေ့ခြင်း (Cerebral Distorsion) ၃။ (ညာဘက်အခြမ်း)ဦးနှောက်အတွင်း သေးငယ်သော သွေးခဲဖြစ်ပေါ်ခြင်း (Intracerebral Small Haematoma) ဟု ရောဂါအမည်တပ်သည်။ ထို့နောက် ရောဂါနှင့်စပ်လျဉ်း၍ ခွဲစိတ်ကုသရန်မလိုအပ်ကြောင်း၊ အနီးကပ်ကြည့်ရှုစီမံမှုဖြင့် လိုအပ်သည့်ဆေးချက်များ၊ ကုသထုံးများနှင့် ကုသသွားမည်ဖြစ်ကြောင်း လူနာရှင်အား ရှင်းလင်းပြောကြား၍ လိုအပ်သော ဆေးချက်များ၊ ကုထုံးများကို ညွှန်ကြားကုသသည်။ ထို့ကြောင့် ထိုလျှပ်တစ်ပြက်ဂျာနယ်ပါဆောင်းပါးတွင် “ဒါပေမဲ့လည်း အသစ်စက်စက်လို့ဆိုတဲ့ CT Scan နဲ့ ဦးနှောက်ကို ရိုက်ကြည့်လိုက်တော့ အဖြေက ဘာမှမတွေ့ဟု ဆေးစာထွက်လာပါတယ်။ ကဲ… ဘယ်လိုလုပ်မလဲ။ (ပေ) အခုလို CT Scan မှာ ဘာမှမတွေ့ရဘူးဆိုတဲ့ အဖြေထွက်တဲ့အပေါ် ယုံကြည်မှုအရ ဆရာဝန်တွေကလည်း စောင့်ကြည့်အနေအထားပဲ ထားလိုက်တော့တယ်။” ဟူသော ဖော်ပြချက်သည် လုံးဝမှားယွင်းပါသည်။
၅။ အနီးကပ်ကြည့်ရှုစောင့်ရှောက်မှု (Under Close Supervision) ကို တစ်နည်းအားဖြင့် Masterly Inactivity ဟုလည်း ဆေးပညာရပ်တွင် သုံးစွဲပါသည်။ ခွဲစိတ်ကုသမှုတိုင်းတွင် ခွဲစိတ်ကုသမှုအန္တရာယ်များ၊ မေ့ဆေးထုံဆေးအန္တရာယ်များ ရှိကြသည်သာ ဖြစ်ပါသည်။ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသမှုများမှာမူ မလိုအပ်ဘဲပြုလုပ်ပါက အသက်အန္တရာယ်စိုးရိမ်ရသည်အထိ မလိုလားအပ်သောအကျိုးဆက်များ ထွက်ပေါ်နိုင်ပါသည်။ ထိုလျှပ်တစ်ပြက်ဂျာနယ်ပါဆောင်းပါးတွင် ညွှန်းဆိုသည့် လူနာမှာ ခွဲစိတ်ကုသရန်မလိုအပ်ဘဲ ဆေးဝါးဖြင့်ကုသရန်သာ လိုအပ်သောကြောင့် အနီးကပ်ကြည့်ရှုစောင့်ရှောက်မှု (Under Close Supervision) ထား၍ လိုအပ်သော ဆေးဝါးကုထုံးများ၊ ဆေးချက်များပေး၍ ကုသရန် သက်ဆိုင်ရာဆရာဝန်ကြီးက ဆုံးဖြတ်ခြင်း ဖြစ်သည်။
၆။ လူနာ၏ ရောဂါနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ ကုသရာတွင် အသုံးပြုမည့် ဤကုသထုံးနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ ခွဲစိတ်ကုသရန်မလိုဘဲ ဆေးဝါးများဖြင့်သာ ကုသရန်သာလိုအပ်ကြောင်းကိုလည်းကောင်း၊ လူနာ၏ အခြေအနေမှာလည်း အသက်အန္တရာယ်စိုးရိမ်ရန် မရှိကြောင်းနှင့် ကုထုံးအလားအလာ(Prognosis) အနေနှင့် ရက်သတ္တပတ်ခန့်ကြာလျှင် ပြန်လည်ကောင်းမွန်လာမည်ကိုလည်းကောင်း စိုးရိမ်ရန်မရှိကြောင်းဖြင့် သက်ဆိုင်ရာဆရာဝန်ကြီးကိုယ်တိုင် လူနာရှင်မိသားစုကို သေချာစွာ ရှင်းလင်းပြောကြားခဲ့ပါသည်။
၇။ ကုသချက်မှတ်တမ်းများအရ ထိုလျှပ်တစ်ပြက်ဂျာနယ်ပါဆောင်းပါးတွင် ရည်ညွှန်းဖော်ပြထားသည့် လူနာသည် ၁၉. ၅. ၂၀၁၁ နံနက် ၇း၃၀ နာရီတွင်လည်းကောင်း၊ ၂၀. ၅. ၂၀၁၁ နံနက် ၁၀း၃၀ နာရီတွင်လည်းကောင်း ဦးနှောက်ထိခိုက်ဒဏ်ရာတို့၏ သဘာဝအရ နှလုံးခုန်နှုန်းများ တစ်မိနစ် ၅၄ ကြိမ် နှင့် တစ်မိနစ် ၅၂ ကြိမ်တို့သို့ အသီးသီးကျဆင်းသွားရာ သက်ဆိုင်ရာဆရာဝန်ကြီးက အခြားအရေးကြီးသော လက္ခဏာရပ်များဖြစ်ကြသည့် လူနာ၏ သိ-ခံစား-လှုပ်ရှားမှုစွမ်းရည်များကို တိုင်းတာအကဲဖြတ်သည့်စနစ် (Glasgow Coma Scale)ရမှတ်၊ သွေးဖိအား (Blood Pressure)၊ အသက်ရှုနှုန်း (Respiratory Rate)၊ ခန္ဒာကိုယ်အပူချိန် (Body Temperature) တို့နှင့် ညှိုနှိုင်းစဉ်းစားလျက် ၄င်းအရေးကြီးလက္ခဏာရပ်များ ကောင်းမွန်စွာ ရှိနေကြသည့်အလျောက် လိုအပ်သော ဆေးဝါးကုသမှုများကို အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲကုသစေခဲ့ပါသည်။ လူနာအခြေအနေကို စောင့်ကြည်နိုင်ရန် ဆရာဝန်ကြီးကိုယ်တိုင်လည်း လူနာကို နေ့စဉ် ကြည့်ရှုခဲ့ပေသည်။ လူနာ၏ သိ-ခံစား-လှုပ်ရှားမှုစွမ်းရည်များကို တိုင်းတာအကဲဖြတ်သည့်စနစ် (Glasgow Coma Scale) မှာလည်း လွန်စွာ ကျဆင်းသွားခြင်းမရှိဘဲ ပုံမှန်ကျန်းမာသောလူတစ်ဦးတွင် ရှိသည့် အမှတ် ဖြစ်သော တစ်ဆယ့်ငါးမှတ်အဖြစ်သာ သတ်မှတ်အကဲဖြတ်ပါသည်။ ဦးနှောက်ထိခိုက်ဒဏ်ရာကြောင့် လူနာအနေအထား(General Condition)မှာ ပုံမှန်(Normal)၊ အနည်းငယ်မှိန်း (Slightly Drowsy)နှင့် မူးဝေမှိန်း(Drowsy) ဟူသော အခြေအနေများ ဖြစ်ပေါ်နေခြင်းသာ ရှိပါသည်။ သို့ဖြစ်ရာ ဆောင်းပါးရှင်သံလျက်၏ ထိုလျှပ်တစ်ပြက်ဂျာနယ်ပါဆောင်းပါးတွင်“ ဒီကြားထဲ လူနာက နှလုံးခုန်နှုန်းတွေ တဖြည်းဖြည်းထိုးကျလာတာ တစ်မိနစ်ကို အကြိမ် (၄၀) နဲ့ (၅၀)ခန့်သာရှိတော့တယ်။ (ပေ) ဒီအတိုင်း လူနာကုတင်ပေါ်မှာ သတိရတချက် မရတစ်ချက်ဖြစ်နေပြီး ကံကြမ္မာကို စောင့်နေတာထက်စာရင် နိုင်ငံခြားကိုသွားပြကြည့်ပါလား။ ဟိုမှာတစ်ခုခုအဖြေပေါ်ပြီး တစ်နည်းနည်းနဲ့တော့ကုနိုင်မှာပါ” ဟူ၍ ဖော်ပြထားခြင်းသည် အဖြစ်မှန်ကို ဖုံးကွယ်၍ လွဲမှားစွာ ရေးသားဖော်ပြထားခြင်းသာဖြစ်သည်။
၈။ ၂၀.၅.၂၀၁၁ ညပိုင်းတွင် လူနာရှင်က လူနာဖြစ်သူအား ထိုင်းနိုင်ငံရှိ ဆေးရုံကြီးတစ်ခုသို့ သွားရောက်ပြသရန်စီစဉ်ပြီးဖြစ်ကြောင်း သက်ဆိုင်ရာဆရာဝန်ကြီးက သိရှိရသောအခါတွင်လည်း သဘောထားကြီးစွာ သွားရောက်ခွင့်ပြုခဲ့ပါသည်။ လိုအပ်သော ဆေးကုသမှုမှတ်တမ်းများနှင့် စမ်းသပ်တွေ့ရှိချက်အပြည့်အစုံတို့ကို ရေးသားပေးလိုက်ပြီး လူနာရှင်နှင့်အတူ ယူဆောင်သွားစေခဲ့ပါသည်။ လူနာအား လေဆိပ်သို့ပို့ဆောင်ရာတွင်လည်း ဆေးရုံတွင် လူနာအသုံးပြုဆဲဖြစ်သော အောက်ဆီဂျင်စက်ကိရိယာများ၊ သွေးတွင်းအောက်ဆီဂျင်တိုင်းစက်များဖြင့် ဂရုတစိုက် ပို့ဆောင်စေခဲ့ပါသည်။ သို့ဖြစ်သောကြောင့် ဆောင်းပါးရှင် သံလျက်၏ ထိုလျှပ်တစ်ပြက် ဂျာနယ်ပါဆောင်းပါးတွင် “ လေဆိပ်မှာလာကြိုတဲ့ကားနဲ့ မန္တလေးမြို့တွင်းရှိ ပုဂ္ဂလိကဆေးရုံကြီးအထိ လူနာကို(ပေ) မန္တလေးဆေးရုံပေါ်မှာပဲ သူတို့ရဲ့ ဆေးပစ္စည်းကိရိယာတွေကို စိတ်တိုင်းကျ ပြောင်းလဲတပ်ဆင်ပြီးမှ လေဆိပ်ကိုလူနာနှင့်အတူ ပြန်လည် လိုက်ပါလာပါတယ်။” ဟုဖော်ပြထားခြင်းမှာ လုံးဝမှားယွင်းပါသည်။
၉။ ထိုင်းနိုင်ငံသို့ သွားရောက်ကုသရန် မထွက်ခွာမီကပင် သက်ဆိုင်ရာဆရာဝန်ကြီးက ထိုင်းနိုင်ငံရှိ ဆေးရုံကြီးတွင်လည်း မိမိကုသသည့် ကုသထုံးအတိုင်းပင် ကုသမည်သာဖြစ်ကြောင်း၊ ခွဲစိတ်ကုသရန် မလိုအပ်ပါကြောင်း၊ ယခုကဲ့သို့ လေယာဉ်စင်းလုံးဌားရန်လိုအပ်သည်ထိ အခြေအနေမဆိုးရွားပါကြောင်းဖြင့် လူနာရှင်အား ထပ်မံရှင်းလင်းခဲ့သည်။ စီစဉ်ပြီးဖြစ်သည့်အလျှောက် ထိုင်းနိုင်ငံသို့ ရောက်ရှိ၍ စမ်းသပ်စစ်ဆေးကြသောအခါတွင်လည်း မိမိတို့ မြန်မာနိုင်ငံမှ သက်ဆိုင်ရာဆရာဝန်ကြီး ကြိုတင်ရှင်းလင်းပြောဆိုထားသကဲ့သို့ပင် ခွဲစိတ်ကုသရန်မလိုအပ်ဘဲ ဆေးဝါးဖြင့်သာ လူနာကို ကုသခဲ့ပေသည်။ ဤသည်ကို ဆောင်းပါးရှင်သံလျက်က ထိုလျှပ်တစ်ပြက်ဂျာနယ်ဆောင်းပါးတွင် “ဒီကိုရောက်တာ အချိန်မီတဲ့အတွက် ခွဲစိတ်ကုသဖို့မလိုဘဲ ပျောက်ကင်းနိုင်တယ်ဆိုပြီး အားပေးစကားပြောတယ်” ဟူ၍ ဖော်ပြထားရာ ဤသည်မှာ ထင်ရှားသောအမှန်တရားတစ်ခုကို တမင်ဖုံးကွယ်လိုသောစိတ်ထားဖြင့်၊ ဆောင်းပါးရှင်သာ သိနိုင်မည်ဖြစ်သောရည်ရွယ်ချက်မျိုးဖြင့် ရေးသားထားခြင်းဖြစ်ကြောင်း ပေါ်လွင်ပါသည်။
၁၀။ သို့ဖြစ်ရာ ၂၀၁၁ ခုနှစ် ဇွန်လ ၃ ရက်နေ့ထုတ် လျှပ်တစ်ပြက်ဂျာနယ် အတွဲ (၃)၊ အမှတ် (၃၉) စာမျက်နှာ (၁၃) တွင် ဖော်ပြပါရှိသည့် ဆောင်းပါးရှင် သံလျက်၏ ဒီလိုဒီလိုရှိတယ် အိုဘယ့်ဆေးဆရာ ဆောင်းပါးသည် မှားယွင်းသော အချက်အလက်များ၊ မှားယွင်းသောအယူအဆများ၊ အမှန်ကိုဖုံးကွယ်၍ လိုရာဆွဲသော အရေးအသားများအပေါ် အခြေခံထားသည့်အလျောက် ပြည်သူလူထုနှင့် ဆေးပညာရှင်များအကြား နားလည်မှုလွဲမှားနိုင်စေခြင်း၊ ဆေးပညာရှင်များ၏ ဂုဏ်သတင်းကို ထိခိုက်ပျက်ပြား နစ်နာစေလိုသည့် ရည်ရွယ်ချက် ထင်ရှားနေခြင်းတို့ကြောင့် ဆောင်းပါးရှင် သံလျက်၏ “ဒီလိုဒီလိုရှိတယ် အိုဘယ့်ဆေးဆရာ” ဆောင်းပါးနှင့် ထိုဆောင်းပါး ဖော်ပြပါရှိသည့် လျှပ်တစ်ပြက်ဂျာနယ် အတွဲ (၃) အမှတ် (၃၉) တို့ကို သက်ဆိုင်ရာဆရာဝန်ကြီးနှင့် ဆေးပညာရှင်များကိုယ်စား မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး)က ပြင်းထန်စွာ ရှုံ့ချ ကန့်ကွက်လိုက်သည်။
၂၀၁၁ခုနှစ်၊ ဇွန်လ (6)ရက် တင်္နလာနေ့တွင် ကျင်းပသော အလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်အရ

ဆရာရယ်...
ReplyDeleteခွေးသနားမှ ချီးချမ်းသာမယ့်ချီးထုပ်(ကပ်စား မြှောက်စား ဖျက်လိုဖျက်ဆီးကောင်)ကြီးကို ဒီထက်နာနာလေး ဆုံးမပေးပါ
မြတ်ခိုင်ခမျာလဲ မြင့်မြတ်တဲ့လူ့ဘဝ ၊ ရခည်းတဲ့ လူ့ဘဝတိုတိုလေးမှာ လူလာဖြစ်တာတောင်မှ လူတကာရဲ့ မျက်နှာမြင် စောင်မြင်ကပ်ပါစေ၊ အသံကြားဆောင့်ကန်ချင်စိတ်ပေါက်ပါစေ ဆုတောင်းနဲ့များ ပြည့်ခဲ့လေသား မောင်မြတ်ခိုင်ရယ်၊ မင်းကိုတော့ တကယ်သနားတယ်။
ReplyDeleteစာဖတ်ပရိသတ်တဦးအနေ ဖြင့် စာရေးသူဒေါက်တာလှိုင်မြင့် ၏ ဦးတည်ချက်နဲ့ စေတနာကို ကောင်းစွာသဘောပေါက် သကဲ့သို့ အပေါ်မှ ဆဲရေး သူ၏ အဆင့်အတန်းနိမ့်ကျပုံကို ၄င်း၊မှားယွင်းသော(အစိုးရ)ဘက်မှနေပြီး အနာပေါ်တုတ်ကျခံစားနေရပုံကို တွေ့ ရသဖြင့် ၎င်း ယခုဆောင်းပါးကို အခါခါ ဖတ်မိသွားပါသည်။မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး)၊ မန္တလေးမြို့ က ပြတ်ပြတ်သားသား ကြေငြာချက် ထုတ် နိုင်သော်လည်း မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) ဆိုတာကြီး ရှိန်းဆာယာပိုမောက် ပြီးကိုယ်ဖျောက်နေတာလား၊ (လုံးဝ)ပျက်သွားပြီးလားဆိုတာလည်း သိချင်နေပါတယ်.... ဆရာ ဒေါက်တာလှိုင်မြင့်ခင်ဗျား
ReplyDeleteဆရာဝန်တွေရဲ့ တာဝန်ပေါ့ဆမှုကြောင့် သေသွားရတဲ့ လူနာတွေအတွက် ခင်ဗျား ဆောင်းပါးလေး တစ်ပုဒ်လောက်ရေးပါအုန်း ဆရာလှိုင်မြင့်။ငွေမပါရင် မကုတက်တာ အထူးကုဆေးခန်းက ဆရာဝန်တွေပါ။
ReplyDeleteအော် ကျနော်နံမည်ကို ခေါ်ပြီး ကိုယ့်နံမည်ကိုကိုယ်မဖေါ်ရဲတဲ့ သတ္တိရှင်ကြီးများ...မေးလာတာကလဲ ငွေယူပြီးကုသနေတဲ့ အထူးကုဆေးခန်းး..ငွေမပါရင်မကုပေးတာ ကျနော်က ဘာလုပ်ပိုင်ခွင့်ရှိမှာလဲ။အဲဒီဆေးခန်းတွေကိုငွေရှိတိုင်း လိုင်စင်မရပါဘူး။ လုပ်ကိုင်ခွင့်ရအောင် အဆက်အသွယ်လိုတယ်ဆိုတာလောက်တော့ မြန်မာပြည်မှာနေသူတိုင်းသိပါတယ်။ လိုင်စင်ထုတ်းပေးတဲ့ မင်းတို့ အဖေတွေကိုပြောရမှာလေ။ နောက် လူတွေကအစိုးရဆေးရုံကိုဘာလို့ အာမကိုးကြတာလဲ။ကျန်းမာရေးအတွက် ဘတ်ဂျက်အများကြိးသုံးထားတာဘဲ။၁.၃ % သုံးထားတာလေ။လူသတ်မဲ့အဖွဲ့ အတွက် ၂၅-%သုံး။အသက်ကယ်မဲ့အဖွဲ့ အတွက်၁.၃%...ရှင်းတယ်နော်။
ReplyDeleteဒါနဲ့ ၁၉၈၀- က ဂျပန်JICA ဆေးရုံကြီးမှာ
ခေတ်မှီဓါတ်မှန်ကြိးတခုဂျပန်ကပေးတယ်။FUJI -500(ထင်)။မ.ဆ.လအစီုးရက.မင်္ဂလာဒုံစစ်ဆေးရုံအတွက်.ဂျာမဏီက( SEIMEN-1000 ) ၀ယ်တပ်ဆင်တယ်။အဲဒီတလုံးရဲ့ တန်ဖိုးက ဂျပန်-FUJI-500 - ၂-လုံးမက-၀ယ်လို့ ရတယ်။န.၀.တ.တက်လာပြီးဒေါ်လာလဲရလာရော..မေမြို့ စစ်ဆေးရုံ နဲ့ မြို့ ထဲစစ်ဆေးရုံအတွက်ဂျာမဏီ( SEIMEN-1000-၂-လုံး ) နစ်လုံးထပ်ဝယ်ပါတယ်။မန်းမှာအဲဒီဓါတ်မှန်ရီုက်လိုသူလူနာတွေမေမြို့ စစ်ဆေးရုံအထိ ခက်ခဲစွာသွားပိုက်ဆံနဲ့ ရိုက်ကြရပါတယ်။ပိုက်ဆံမပေးရင်ရိုက်မပေးပါဘူး။ အခုမှ ပြင်ပဆေးရုံတွေမှာဒီဓါတ်မှန်တွေရလာတာပါ။အဲဒီအချိန်-ဂျပန်ဆေးရုံကြီးကဓါတ်မှန်စက်ကြီးကလုံးဝနီးပါးပျက်နေပါပြီ။စစ်တပ်အတွက် အလွန်ဈေးကြိးသော -၃-လုံးဝယ်ထားပြီး..လူ-သန်း၅၀-အတွက်တလုံးမှ ၀ယ်မပေးသူတွေက...တခါတခါ..ဒေါ်စုအကြောင်းကမ္ဘာကပြောလာရင်..လူတယောက်အတွက်ထက်--လူသန်း၅၀-အတွက်ကြည့်ရမယ်ဆိုတဲ့ပါးစပ်တွေလေ။
ှရှင်းတယ်နော်...တပ်မတော်သာအမိ/အဖ...ဆိုနေမှတော့..ပြည်သူသေတာ သူတို့ တောင်သတ်ရမဲ့သူတယောက်လျော့တယ် လက်ခမောင်းခတ်နေကြဦးမှာ။
လှိုင်မြင့်
အော်ဆရာဝန်တွေပေါ့ဆလို့ သေသွားတာလဲ ရှိကြမှာပါဘဲ။ဖွံ့ ဖြိုးပြီးနိုင်ငံကြီးတွေမှာတောင်ရှိနေကြတာပါဘဲ။ကျုပ်တို့ ဆေးကျောင်းတုံးကတော့ ဆရာကြီးပါမောက္ခဦးထွန်းသင်( ၈၈၈၈-လေးလုံး)မှာဦးတင်အောင်ဟိန်းနဲ့ပြည်သူ့ ဆန္ဒလေ့လာရေးကော်မရှင်မှာ (ဆင်တကောင်လုံးထွက်နေတာ..ခြေရာခံနေစရာမလိုလို့မှတ်ချက်ပေးသူ) နဲ့ ဒေါ်မြင့်မြင့်ခင်တို့ က စစ်တပ်ကစစ်ဗိုလ်တွေကိုလက်ညီုးထောင်ပြီး မာစတာဘွဲ့ လွန်လာတက်ရင် စစ်ဗိုလ်ဆရာဝန်လေးတွေကိုတော်တော်လေးငေါက်ငမ်းပါတယ်။စစ်ဗိုလ်ဆရာဝန်တွေက..လူနာရောဂါကိုဆုံးဖြတ်ခိုင်းရင်..ရောဂါကို၂-ခု..၃-ခုအထိ ပြောတတ်ကြတာလက်မခံပါဘူး။မင်းတို့ တပ်ထဲမှာလို ဘရင်းဂန်းသရဖီ( BRAN-GUN THERAPY ) ဒီမှာမလုပ်ရဘူးပေါ့။ဒါက စာသင်နေတဲ့တက္ကသိုလ်..သူတို့  ခေါင်းကြိမ်းကြရပါတယ်။ဒေါ်မြင့်မြင့်ခင်ကတော့ ပြောဆိုဖွယ်မရှိ.ငတုံးတွေအော်တော့တာပါဘဲ။သူကသိတယ်လေ။။ဘာအရည်အချင်းစစ်မှဖြေစရာမလိုတဲ့ လက်ညိုးထောင်တန်းတက်တွေလေ။ ပြီးသူတို့ လူစာမေးပွဲကျရင်ထုချေလွှာတွေတင်ရတော့..အောင်စေပေါ့ ။
ReplyDelete၁၉၉၂-ခုနှစ်မှာ..လူမှုဝန်ထမ်းဌာနကညျွန်ချုပ်-ဗိုလ်မှုးကြိးထွန်းဦးဟာ..ဇူလိုင်လထဲ..တရက်မှာ..ခင်ညျွန့် သမိးမင်္ဂလာဆောင်(ကုန်းမြင့်ရိပ်သာ-) ကွင်းပြင်မှာလုပ်ပါတယ်။လူအများကြီးပေါ့။မိုးလေးတဖွားဖွားကျတာဘယ်သူမှထမပြေးရဲကြပါဘူး။အဲဒီတော့နောက်တနေ့ မှာနာစေးနဲနဲလေးဖျားပါတယ်။သူ့ မှာသားမက်နစ်ယောက်စလုံးကဆရာဝန ။်တဥိးကအထူးကုပါ။သူကနေမကောင်းရင်..သားမက်တွေအကုမခံပါဘူး။ကျနော်ဘဲကုပေးရပါတယ်။ ကျနော်မှာသားမက်တွေကိုအားနာရှာတယ်။သူတို့ က နားလည်ပေးကြပါတယ်။ အဲဒီနေ့ ကကျနော့်ကိုရှာမတွေ့ တော့မြို့ ထဲစစ်ဆေးရုံကြီးကိုခေါ်သွားပါတယ်။ညနေ-၅.၃၀-ခွဲဆေးရုံကြီးကိုရောက်တယ်။ဆေးရုံပေါ်လမ်းရှောက်တက်သွားပါတယ်။၆.၃၀-ခွဲလောက်မှာဆေးစသွင်းပါတယ်။ပထမ၄က်ဖျားဆေး ( ကွီနင်း-QUINNINE )ကိုအကြောဆေးသွင်းပါတယ်။ပြီးမက်ထရိုနီဒဇော-ဆးရည်( METRONIDAZOLE )ဆေးသွင်းပြန်ပါတယ်။အူရောင်နေတာအတွက်ဆိုပြီး ။ပြီးတာ့-ကလိုရီုဖင်နီကောဆေးရည်( CHLOROPHENICOL )ဆေးရည်..တိုက်ဖွိုက်ရောဂါအတွက်..အသဲရောဂါအထူးကုသမားတော်ကြီးဥိးခင်မောင်ဝင်းလဲလာကြည့်ပါတယ်။သားမက်တွေရောပါ။ည၁၁.၃၀ မှာနမူးနထူးစဖြစ်လာတယ်။၁.၃၀ မှာသတိစလစ်ပါတယ်။ဆေးတွေနောက်တကျော့ထပ်သွင်းပြန်တယ်။မနက်..၃.၃၀ လောက်မှာ ဆုံးသွားပါတယ်။
ဒီလောက်ပျင်းတဲ့ဆေးတွေ အပြုံလိုက်သွင်းရင် တော်ရုံလူသေမှာဘဲ။မယုံရင် နဲနဲ စမ်းကြည့်ပါလား။တစုံပေါ့ ( ၃-မျိုး)တကြိမ်ပေါ့။
အော် စစ်ဆေးဆရာဝန်ကြီးပါ။နံမည်တော့မဖေါ်တော့ပါဘူး။အထူးကုလိုက်တာ..ကျနော်၁၂.၃၀ မှာပြန်ခဲ့တယ်။သားမက်အထူးကုဆရာဝန်ကို..သာမန်နှာစေးတာလေးကို ဘရင်းဂန်းနဲ့ဆော်တာ..ရောဂါပိုးရောလူပါအသေဘဲပြောခဲ့ပါတယ်.ကျနော်ဆက်မကြည့်ရက်တော့ဘူး။ငွေ့ ငွေ့ လေးဖျားတာကို ဘရင်းဂန်းတွေ နဲ့ဆော်တော့တာလေ ။ပေါ့ဆမှု မဟုတ်ဘူး။မကုတတ်လို့ သေရတာ ပိုကြောက်စရာကောင်းတယ်။
ဦးထွန်းဦးဇနီး..အန်တီဝေကိုသွားမေးကြည့်ပါ။
လှိုင်မြင့်
Hello friend Dr Billy,
ReplyDeleteI am Dr Ko Ko Gyi, one year senior to you in IMM.
I hope you could remember me as you had visited my clinic in KL, Malaysia, while you were trying to get an Asylum from UNHCR.
Dear Dr. Hlaing Myint, as a friend, may you kindly allow me to request you to refrain from writing to incite the racial or religious hatreds amongst different groups in Burma.
I believed that you have a right to be on your own. And also have a right to criticise DASSK, NLD and others.
But please kindly refrain from writing racist articles (WHETHER RIGHT or EVEN IF YOUR OWN EXPERIENCE) which could create misunderstandings between Burmese Buddhist and Burmese Muslims.
As you are Christian, if I am not wrong, your writings during the Saffron Monk revolution could be seen as an attempted diversion of the anger against the government with a racial riot Between Buddhists and Muslims.