Pages

Saturday, June 4, 2011

ယနေ့ မြန်မာစံတော်ချိန် နေ့လည် ၃နာရီခန့်က မြောက်ဦးမြို့ နန်းတော်ရာကုန်းမှ ဆန္ဒပြမှု သတင်း.. (Breaking News)

မြောက်ဦးမြို့မှ ရရှိသော ၄ ပိသာ ၆၄ ကျပ်သားရှိ ဘုရားဆင်းတုတော် အပါအ၀င် အခြား ရှေးဟောင်း ဆင်းတုတော်၂၇ ဆူကို နေပြည်တော်သို့ ယူဆောင်ရန် ညွှန်ကြားလိုက်ပြီ ဖြစ်သည်။ ယနေ့ (သို့မဟုတ်) နက်ဖြန်ခါ ယူဆောင်တော့မည် ဖြစ်သည်။ မြောက်ဦးတွင် မြို့သူ မြို့သားများမှ နန်းရာကုန်းတွင် စုရုံးပြီး ဘုရားကို မယူဆောင်ရန် မေတ္တာရပ်ခံ ပန်ကြားနေကြသည်။ တချို့က အထူး မကျေမနပ် ဖြစ်နေကြသည်ဟု သိရသည်။ ရုန်းရင်း ဆန်ခတ် ဖြစ်မည့် အနေအထားသို့ ရောက်ရှိနေသည်ဟု သိရသည်။ အမြန်ဆုံး တတ်နိုင်သလို လုပ်ကြပါ။ 

 ဆက်သွယ် မေးမြန်းရန် 
ဦးအောင်သန်းတင်- ၀၉ ၄၉၆၄၁၇၅၉ ရခိုင်ယဉ်ကျေးမှုဝန်ကြီး
ဒေသခံတစ်ဦး ဦးရွှေတင်- ၀၉ ၄၉၆၆၈၈၈၇
ယခုလူစုနေကြပြီ ဖြစ်ကြောင်းသိရှိရပြီး နောက်ဆုံးအခြေအနေအရ လူတော်တော်များလာပြီ ဖြစ်ကြောင်း နန်းတော်ရာကုန်းကို ၀ိုင်းလိုက်ပြီ ဖြစ်ကြောင်းသိရှိရပါတယ်...။ မတရားမှုကို ငုံခံမနေကြပါနဲ့ အားလုံး ပူပေါင်း ဆော်သြကြပါ...။

1 comment:

  1. This is clear reflection of old military junta on new civilian government. How can they claim that there is democratic government in Burma while they commit crimes like this to ethnic minorities of Burma. They don't give a shit about sufferings of its indigenous peoples. Burma is far away from a democratic country.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။