၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ပါတီခေါင်းဆောင်တချို့က ရယ်သလို မောသလိုနဲ့ သတင်းတပ်ဖွဲ့ဝင်တွေကို ပြောတတ်တယ်။ “ကျုပ်တို့ကိုတော့ ဟိုတားဒီတားနဲ့ NLD ကိုတော့ လုပ်ချင်တာ လုပ်ခွင့်ပေးတယ်။ ခင်ဗျားတို့က မမိုက်ပါဘူးဗျာ”တဲ့။ မှတ်ပုံတင်နိုင်ငံရေးပါတီထက် မှတ်ပုံတင်မထားတဲ့ ပါတီကို ပစား ပေးနေခြင်းအပေါ် နားမလည်နိုင်လာတော့တဲ့ပုံ ရှိလာပါတယ်။
ခက်တာက ပြည်သူအများစုအနေနဲ့ ရွေးကောက်ပွဲဝင်ပါတီတွေ ဘာလုပ်နေသလဲဆိုတာထက် NLD ဘာလုပ်နေသလဲဆိုတာကို ပိုစိတ်ဝင်စားကြတယ်။ ဒေါ်စု ဘာလုပ်တော့မလဲဆိုတာ လူထုနိုင်ငံရေးလိုဖြစ်နေတာ ဘယ်လိုလုပ်ကြမလဲ။ ရေခဲမုန့်ကျွေးပြီး ဒေါ်စုနိုင်ငံရေးကို မကြည်နဲ့နော်လို ပြောလို့ရတာမှ မဟုတ်ဘဲ။ နည်းနည်းလေးတော့ ကြောက်တယ်၊ ဒါပေမယ့် မထောက်ခံဘဲလည်း မနေနိုင်ပေါ့။ ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးတစ်ခေါက် နေအိမ်အကျယ်ချုပ်က မလွတ်ခင်မှာ ပြည်ထဲရေး ဌာနက တာဝန်ရှိသူနဲ့ ဒေါ်စုတို့တက္ကသိုလ်ရိပ်သာလမ်းက အိမ်မှာ တွေ့ကြတော့ လိုအပ်တာ ပြောပါ။ ကူညီပါ့မယ်လို့ ရဲအရာရှိကြီး ကမ်းလှမ်းခဲ့တာကို မှတ်မိပါသေးတယ်။ ဒေါ်စုနဲ့ NLD အခုလို နိုင်ငံရေး ဆက် မလုပ်ဖို့ ပြည်ထဲရေးဝန်ကြီးက အကြောင်းကြားစာ ပို့ လိုက်ပြီးတဲ့နောက် ပြည်ထဲရေးဝန်ကြီးနဲ့ တွေ့ဆုံ လိုပါကြောင်း ဒေါ်စုဘက်က ပြန်လည် ပြောဆိုလိုက်ပါတယ်။ သမ္မတကြီးရဲ့ အစိုးရအဖွဲ့မှာပါတဲ့ ပြည်ထောင်စုဝန်ကြီး အဆင့်လောက်ကိုသာ စကားပြောခွင့် တောင်းဆိုတာဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်ပြီးတဲ့ နောက်ပိုင်း အစဉ်တစိုက် တွေ့ဆုံဆွေးနွေးဖို့ကို ဒေါ်စုတောင်းခဲ့ပေမယ့် အစိုးရသစ်ကလည်း တုတ်တုတ်မှ မလှုပ်ခဲ့ပါဘူး။
အစိုးရသစ်ရဲ့ဟန်းနီးမွန်းရက်(၁၀၀) ပြည့်ခါနီးတဲ့အထိ တုံဏိဘာဝေပါဘဲ။ အာဏာပိုင်တွေဘက်က ဒေါ်စုနဲ့ NLDကို ဘယ်လိုအနေအထား၊ ဘယ်လောက်အတိုင်း အတာမှာ “တည်”ထားစေချင်သလဲဆိုတာ စဉ်းစားရပါမယ်။ ရွေးကောက်ပွဲလမ်းကြောင်းပေါ် အမှန်တကယ် တက်စေချင်တာလား၊ နိုင်ငံရေးလိုလို လူမှုရေးလိုလိုနဲ့ လုံးပြီး ပျော်သလိုနေ၊ ရေချိန်တစ်ခုထက် မကျော်စေနဲ့ သဘောလား။ အီလယ်လယ်ဖြစ်လာတော့လည်း တောင်တွေးမြောက်တွေး တွေးလာကြပါတယ်။
ဒေါ်စု ပြန်လွတ်ခါစ ပြောတာဆိုတာတွေဟာ အတော်ကလေး ညင်သာလို့ တည်ဆဲအစိုးရပေါ်မှာ အင်မတန် ပျော့ပျောင်းပြီးခါမှ အခုလို တင်းတင်းမာမာ ဖြစ်လာရတာဟာ သူ့ကို ဥပေက္ခာပြုထားလို့၊ သိုသိုသိပ်သိပ်တောင် အဆက်အသွယ် မလုပ်လို့ဘဲဖြစ်ပါတယ်။ ဒီကာလတလျောက်မှာ ဒေါ်စုဘက်က လမ်းကြောင်းတွေ မြောက်မြားစွာဖွင့်ပေးခဲ့၊ လျို့ဝှက်စွာနဲ့ အများကြီးလိုက်လျောခဲ့ပါတယ်။ ကာယကံရှင်တွေ သိကြပါတယ်။ ဖိုင်နယ်မပြောနဲ့ ကွာတားလောက် မရောက်ခင်မှာဘဲ လမ်းစတွေ၊ လမ်းကြောင်းတွေ ပြတ်တောက်ကုန်ပါတယ်။ ဒေါ်စု စိတ်ပျက် လက်ပျက်ဖြစ်ရပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးကာလတုန်းက တောထဲကကွန်မြူနစ်ပါတီကို ရန်ကုန်မြို့ပင့်ဖိတ်ပြီး ဆွေးနွေး စကားပြောကြတော့ အထမမြောက်ခဲ့ဘူး။ ရန်ကုန်မှာ ကွန်မြူနစ်ဆဲလ်အသစ်တွေ မွေးခဲ့နိုင်တာဘဲ အဖတ်တင်တယ်လို့ ဝေဖန်ခဲ့ဖူးပါတယ်။ နောက်သုံးနှစ်ဆို ဒေါ်စု အသက်(၇၀)ပြည့်ပါတော့မယ်။ မြန်မာ့နိုင်ငံရေးရဲ့ ဟာကွက်စစ်စစ်ကို လက်တွေ့ကျကျ ဖြည့်ဆည်း ဆောင်ရွက်ပေးလိုတဲ့စိတ် ဒေါ်စုမှာ တည်ရှိနေပါပြီ။ ဒေါ်စုဟာ ကွန်မြူနစ်မဟုတ်လို့ အရင်က မြန်မာ့သမိုင်း အကြမ်းပတမ်းကာလက အတွေ့အကြုံတွေနဲ့ ယှဉ်ထိုးဖို့ မသင့်ပါဘူး။
ပြည်သူတွေလည်း အေးချမ်းချင်ကြတယ်၊ အစိုးရလည်း အေးချမ်းချင်တယ်၊ နိုင်ငံရေးသမားတွေလည်း အေး
ချမ်းချင်တယ်၊ ဒေါ်စုလည်း အေးချမ်းချင်တယ်။ တော်လှန်ရေးတွေဖြစ်မှ၊ အဆုံးစွန် “၀ုန်း”လိုက်မှ ဆိုသူတွေကိုတော့ ထားပစ်ခဲ့လိုက်ပါ။ ဘယ်သူမှ ဆူဆူပူပူဖြစ်တာ မမြင်ချင်ဘူး၊ မြင်ချင်တာက အစိုးရတာဝန်ရှိသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တစားပွဲထဲထိုင်ပြီး နိုင်ငံရေးအကြောင်းတွေ ပြောဆိုကြတာပါ။ အပြန်အလှန် ကူညီရိုင်းပင်းနေကြတာပါ။ ဒါဟာ မြန်မာပြည်သား အားလုံးရဲ့ဆန္ဒပါ။ NLDရဲ့ ဆန္ဒမဟုတ်ဘူး၊ KNUရဲ့ ဆန္ဒမဟုတ်ဘူး။ အမေရိကန်ရဲ့ဆန္ဒမဟုတ်ဘူး၊ ကုလသမဂ္ဂရဲ့ ဆန္ဒမဟုတ်ဘူး။ ပြည်ထောင်စုသားအားလုံးရဲ့ ဆန္ဒပါ။
ဒီမိုကရေစီရေးအတွက် နှစ်ပေါင်း (၂၀)ကျော် ရုန်းကန်၊ မျှော်လင့်တာတွေ မဖြစ်ခဲ့တာများပြီး အသက်အရွယ်
အားဖြင့်လည်း ကြီးရင့်လာပြီဖြစ်တဲ့ ဒေါ်စုအတွက် ကမ္ဘာကျော်အတိုက်အခံဆိုတဲ့ ဂုဏ်ပုဒ်ကို နောက်ဆုံးထွက်သက် အထိ ဖက်တွယ်သွားပြီး ထောင်ထဲကို ပြန်ဝင်သွားဖို့လည်း ၀န်လေးနေမှာ မဟုတ်ပါဘူး။ ဒီလိုမျိုး အဆုံးသတ်မှုကိုပြည်သူတွေက မမြင်ရက်ပါဘူး။ မြန်မာ့သမိုင်းမှာ ဒီလိုမှတ်တမ်းမျိုး ရေးသားတော့မယ့် ခေတ်သစ်သမိုင်းဆရာတို့ရဲ့ လက်ညှိုးထိုးအပြစ်တင်မယ့် သမိုင်းတရားခံဘ၀ကို ကျွန်တော်တို့ အားလုံး အပို့မခံပါရစေနဲ့။
အစိုးရသစ်ရဲ့ဟန်းနီးမွန်းရက်(၁၀၀) ပြည့်ခါနီးတဲ့အထိ တုံဏိဘာဝေပါဘဲ။ အာဏာပိုင်တွေဘက်က ဒေါ်စုနဲ့ NLDကို ဘယ်လိုအနေအထား၊ ဘယ်လောက်အတိုင်း အတာမှာ “တည်”ထားစေချင်သလဲဆိုတာ စဉ်းစားရပါမယ်။ ရွေးကောက်ပွဲလမ်းကြောင်းပေါ် အမှန်တကယ် တက်စေချင်တာလား၊ နိုင်ငံရေးလိုလို လူမှုရေးလိုလိုနဲ့ လုံးပြီး ပျော်သလိုနေ၊ ရေချိန်တစ်ခုထက် မကျော်စေနဲ့ သဘောလား။ အီလယ်လယ်ဖြစ်လာတော့လည်း တောင်တွေးမြောက်တွေး တွေးလာကြပါတယ်။
နံပတ်ဖိုက်ဂီယာထိုးပြီး အရှိန်နဲ့မောင်းလာတဲ့ကားကို နံပတ်ဝမ်း တန်းထည့်ခိုင်းလို့တော့ မဖြစ်ပါဘူး။ လေးကနေသုံး၊ သုံးကနေ နှစ်ပေါ့။ ၂၀၀၈ဖွဲ့ စည်းပုံကို NO လုပ်တယ်၊ ၂၀၁၀ရွေးကောက်ပွဲကို NO လုပ်တယ်၊ ၉၀ရလဒ်ကို မဖြည်ဘူး၊ ဒဏ်ရာဗရပွ ခံထားရတဲ့ အတိုက်အခံပါတီကြီး NLDကို ဂငယ်ကွေ့ တန်းကွေ့ခိုင်းလို့တော့ မဖြစ်ပါဘူး။ ကိုယ့်နေရာမှာသူ၊ သူ့နေရာမှာကိုယ်ဆိုပြီး အပြန်အလှန် ကိုယ်ချင်းစာစိတ်တော့ ထားကြမှ နိုင်ငံရေးစိတ်ဝမ်းကွဲမှုတွေ လျော့ပါးပြီး ပြန်လည်သင့်မြတ်ရေးဆိုတာ ဖြစ်မှာမဟုတ်လား။
ဒေါ်စု ပြန်လွတ်ခါစ ပြောတာဆိုတာတွေဟာ အတော်ကလေး ညင်သာလို့ တည်ဆဲအစိုးရပေါ်မှာ အင်မတန် ပျော့ပျောင်းပြီးခါမှ အခုလို တင်းတင်းမာမာ ဖြစ်လာရတာဟာ သူ့ကို ဥပေက္ခာပြုထားလို့၊ သိုသိုသိပ်သိပ်တောင် အဆက်အသွယ် မလုပ်လို့ဘဲဖြစ်ပါတယ်။ ဒီကာလတလျောက်မှာ ဒေါ်စုဘက်က လမ်းကြောင်းတွေ မြောက်မြားစွာဖွင့်ပေးခဲ့၊ လျို့ဝှက်စွာနဲ့ အများကြီးလိုက်လျောခဲ့ပါတယ်။ ကာယကံရှင်တွေ သိကြပါတယ်။ ဖိုင်နယ်မပြောနဲ့ ကွာတားလောက် မရောက်ခင်မှာဘဲ လမ်းစတွေ၊ လမ်းကြောင်းတွေ ပြတ်တောက်ကုန်ပါတယ်။ ဒေါ်စု စိတ်ပျက် လက်ပျက်ဖြစ်ရပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးကာလတုန်းက တောထဲကကွန်မြူနစ်ပါတီကို ရန်ကုန်မြို့ပင့်ဖိတ်ပြီး ဆွေးနွေး စကားပြောကြတော့ အထမမြောက်ခဲ့ဘူး။ ရန်ကုန်မှာ ကွန်မြူနစ်ဆဲလ်အသစ်တွေ မွေးခဲ့နိုင်တာဘဲ အဖတ်တင်တယ်လို့ ဝေဖန်ခဲ့ဖူးပါတယ်။ နောက်သုံးနှစ်ဆို ဒေါ်စု အသက်(၇၀)ပြည့်ပါတော့မယ်။ မြန်မာ့နိုင်ငံရေးရဲ့ ဟာကွက်စစ်စစ်ကို လက်တွေ့ကျကျ ဖြည့်ဆည်း ဆောင်ရွက်ပေးလိုတဲ့စိတ် ဒေါ်စုမှာ တည်ရှိနေပါပြီ။ ဒေါ်စုဟာ ကွန်မြူနစ်မဟုတ်လို့ အရင်က မြန်မာ့သမိုင်း အကြမ်းပတမ်းကာလက အတွေ့အကြုံတွေနဲ့ ယှဉ်ထိုးဖို့ မသင့်ပါဘူး။
ပြည်သူတွေလည်း အေးချမ်းချင်ကြတယ်၊ အစိုးရလည်း အေးချမ်းချင်တယ်၊ နိုင်ငံရေးသမားတွေလည်း အေး
ချမ်းချင်တယ်၊ ဒေါ်စုလည်း အေးချမ်းချင်တယ်။ တော်လှန်ရေးတွေဖြစ်မှ၊ အဆုံးစွန် “၀ုန်း”လိုက်မှ ဆိုသူတွေကိုတော့ ထားပစ်ခဲ့လိုက်ပါ။ ဘယ်သူမှ ဆူဆူပူပူဖြစ်တာ မမြင်ချင်ဘူး၊ မြင်ချင်တာက အစိုးရတာဝန်ရှိသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တစားပွဲထဲထိုင်ပြီး နိုင်ငံရေးအကြောင်းတွေ ပြောဆိုကြတာပါ။ အပြန်အလှန် ကူညီရိုင်းပင်းနေကြတာပါ။ ဒါဟာ မြန်မာပြည်သား အားလုံးရဲ့ဆန္ဒပါ။ NLDရဲ့ ဆန္ဒမဟုတ်ဘူး၊ KNUရဲ့ ဆန္ဒမဟုတ်ဘူး။ အမေရိကန်ရဲ့ဆန္ဒမဟုတ်ဘူး၊ ကုလသမဂ္ဂရဲ့ ဆန္ဒမဟုတ်ဘူး။ ပြည်ထောင်စုသားအားလုံးရဲ့ ဆန္ဒပါ။
ဒီမိုကရေစီရေးအတွက် နှစ်ပေါင်း (၂၀)ကျော် ရုန်းကန်၊ မျှော်လင့်တာတွေ မဖြစ်ခဲ့တာများပြီး အသက်အရွယ်
အားဖြင့်လည်း ကြီးရင့်လာပြီဖြစ်တဲ့ ဒေါ်စုအတွက် ကမ္ဘာကျော်အတိုက်အခံဆိုတဲ့ ဂုဏ်ပုဒ်ကို နောက်ဆုံးထွက်သက် အထိ ဖက်တွယ်သွားပြီး ထောင်ထဲကို ပြန်ဝင်သွားဖို့လည်း ၀န်လေးနေမှာ မဟုတ်ပါဘူး။ ဒီလိုမျိုး အဆုံးသတ်မှုကိုပြည်သူတွေက မမြင်ရက်ပါဘူး။ မြန်မာ့သမိုင်းမှာ ဒီလိုမှတ်တမ်းမျိုး ရေးသားတော့မယ့် ခေတ်သစ်သမိုင်းဆရာတို့ရဲ့ လက်ညှိုးထိုးအပြစ်တင်မယ့် သမိုင်းတရားခံဘ၀ကို ကျွန်တော်တို့ အားလုံး အပို့မခံပါရစေနဲ့။
ဒေါ်အောင်ဆန်းစုကြည် လုပ်ပေးနိုင်တာတွေ ရှိပါတယ်။ ပြည်ထဲရေးဝန်ကြီးအနေနဲ့ဒေါ်စုနဲ့ စကားစမြည် ပြောကြည့်ပါ။ တစ်နိုင်ငံလုံး အပြုံးပန်းတွေဝေပြီး မေတ္တာတွေ လွှမ်းသွားပါစေ့မယ်။
အောင်မျိုးထွန်း
၃၀- ၆- ၂၀၁၁

ဦးအောင်မျိုးထွန်းရေ..
ReplyDeleteဒေါ်စုက ကွန်မြူနစ်မဟုတ်ပေမယ့်....
ပြည်တွင်းပြည်ပကွန်မြူနစ်တွေက သူ့ အရိပ်ခိုနေကြတာကို မသိတာလားဗျ...။
ခင်ဗျားပြောသလို ငြိမ်းချမ်းရေးကို
[လက်နက်ကိုင် (သို့ )ဒီမိုကရေစီ စကားလုံးနဲ့ စီးပွားဖြစ်နေကြသူအပေါင်းမှ အပ]
အားလုံး လိုချင်နေတာအမှန်ပါပဲ။ ဒီလူတွေနဲ့ အဆက်မဖြတ်သရွေ့ အစိုးရကလည်း "ချစ်သလားမုန်းသလား" ပြန်မေးမှာပဲလေ..။
ဒီလိုနဲ့ အနှစ် ၂၀ ကျော်ခဲ့တာပဲမဟုတ်လား။
ဒေါ်စုမှာ ကြီးကြီးမားမားလိုနေတာက ဆရာမွေးတပည့်မွေး ထောင်ချောက်က
လွတ်အောင်ရုန်းနိုင်တဲ့ အရည်အချင်းပဲထင်တယ်ဗျ။
ခင်ဗျားရဲ့  "လူထု" ဆိုတာဘာကိုဆိုလိုသတုန်း။
ရန်ကုန်လူထုလား။ အခွင့်ထူးခံ အွန်လိုင်းလူထုလား။ ဒီနေ့ မြန်မာပြည်ရဲ့ တောရွာတွေမှာ
"ဒေါ်အောင်ဆန်းစုကြည်" ဆိုတာကို
မသိတော့တဲ့သူတွေ...ဒုနဲ့ ဒေးဗျ။
ပြည်ပမီဒီယာနဲ့ အွန်လိုင်းပေါ်ပြောသမျှသာ
နိုင်ငံရေးလုပ်တတ်ကြတဲ့ "ရန်ကုန်အကျယ်ချုပ်နိုင်ငံရေးသမား" တွေအကြောင်း အစိုးရက ကောင်းကောင်းသိသပေါ့။
ဒေါ်စုတစ်ယောက်တော့ "ကျဉ်တုတ်ခံ့ဝံ့ မခံဝံ့" ပဲ။
ဒီနေ့ မြန်မာပြည်ရဲ့ တောရွာတွေမှာ
ReplyDeleteဒေါ်အောင်ဆန်းစုကြည်ကို မသိတော့တဲ့သူတွေ ဒုနဲ့ ဒေးဆိုတာကတော့ လုံးဝ
မဖြစ်နိုင်ပါဘူး
ဒေါ်စုသွားလေရာမှာ "ဒေါ်အောင်ဆနုးစုကြည်ကျန်းမာပါစေ
ဒေါ်အောင်ဆနုးစုကြည် အသက်ရာကျော်ရှည်ပါစေ " လို့ ကြွေးကျော်နေကြတာဘယ်သူကမှတိုက်တွန်းလို့ မဟုတ်ဘူုးဆိုတာ ခင်ဗျားကြုံဖူးရင်သိနိုင်ပါတယ်..
ပြီးတော့ ဒေါ်စုကတော့ ကျဉ်တုတ်ခံဝံ့ မခံဝံ့ ဆိုတာစဉ်းစားနေ၇မယ့်
ကိစ္စတစ်ခုမဟုတ်သေးပဲ လူမျိုးပြုတ်သတ်ဖြတ်မှုတွေအတွက် ကမ္ဘာ့တရားရုံးတင်ခံရဖို့ ရှိနေတာက ဘယ်သူလဲဆိုတာကိုလည်း အားလုံး
သိကြပါတယ်..
ကို အောင်မျိုးထွန်းရေ တို့ကတော့ ဒေါ်စုကို အကြွင်းမဲ့ ထောက်ခံတဲ့ မြန်မာပြည်သူတယောက်ပါ... မြန်မာလူထု ရာနူံးပြည့် နီးပါးဟာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင် ယုံကြည်ပြီး ထောက်ခံတယ်ဆိုတာကို လုံးဝ ယုံကြည်တယ်.. လူသတ်လက်နက်တွေ ကိုတရားဝင်ကိုင် လူသတ်လိုင်စင်တွေကို တရားဝင် ရထားတဲ့ သူတွေက law ကိုလေးစားပါ လိုက်နာပါဆိုပြီးအော် လူထုထောက်ခံမှူ့ ကိုသေနတ် ပြပြီးတောင်း အင်မတန် ရွံရှာစက်ဆုပ်ဖွယ်ပါ.. အေး ၀ဋ်ဆိုတာလာမှာသေချာတယ်ဟေ့.. အလှည့်ကျရင်မနွဲ့စတမ်းပေါ့..
ReplyDeleteအပေါ်ဆုံးက ဖိလိုဆိုဖါးကြီးခင်ဗျား...
ReplyDeleteဆရာသမားကြည့်ရတာ သူဌေးဖြစ်နောက်ကျလို့ ကမောက်ကမ ဖြစ်နေပုံပါလား။ ဒါပေသိ မဲမဲမြင်ရာ ကွန်မြူနစ် ဆိုတာကြီးနဲ့လုပ်စားလို့ တွက်ခြေသိပ်မကိုက် မှာတော့သေချာသဗျ။ ဘာလို့ဆို အဲဒါကြီးက အရင့်အရင်ခင်ဗျားရဲ့ဆရာ့ဆရာတွေ လုပ်စားဖန်များလွန်းလို့ လိမ်ဆင်ကြီးမှန်း ကလေးကအစသိနေကြလို့ပါ။ မတော် “တို့ကျတော့ ကွန်မြူနစ်နဲ့ (ကန်တော့ပါရဲ့) ဖြဲဖြဲခြောက်ပြီး သူတို့ကျတော့ တိုင်းပြည်ကို ကွန်မြူနစ်တွေဆီ ရောင်းစားနေတယ်” လို့ပြန်ပက်ရင် မရှက်ရပါလား။ အနဝဇ္ဖာနိ ကမ္မာနိဆိုတာမင်္ဂလာ တစ်ပါးဗျ။ သမ္မာအာဇီဝ ပဲကောင်းပါတယ်ဗျာ။
ခင်ဗျားကိုးကားတဲ့ (တချိန်ကလျှမ်းလျှမ်းတောက် ကွန်မြုနစ်လူထွက် စာရေးဆရာကြီး ကိုးကားလိုက်လို့ လူသိများသွားတဲ့) ရှေးဟောင်း စာပုဒ်လေးနဲ့ အဆုံးသတ်ရအောင်ဗျာ။ ဘာတဲ့ “ကျဉ်တုတ်ခံဝံ့ မခံဝံ့” တဲ့ ဟုတ်စ။ ပြောင်မြောက်ပါပေ့ ဆရာရယ်။ အဲသည်အတွက် ဆရာ့ ရွှေဉာဏ်တော်စူးရောက်ပုံကို လေးစားသောအားဖြင့် ကျုပ်ကလည်း ကျုပ်အမြင်ကို ရှင်းရှင်းပြောရတာပ။ ဒီနေရာမှာ ရိုင်းတာလေးများပါခဲ့ရင် ခွင့်လွှတ်ဘို့တော့ ကြိုပြီးတောင်းပန်ထားပါရစေ။ ဒါကလည်း ကျုပ်တို့ဗိုလ်ချုပ်(အောင်ဆန်း) ပြောသလိုရိုင်းရိုင်းပြောမှ လူတွေက မှတ်မိတတ်တာကြောင့်ပါ။ လူတိုင်းတော့မဆိုလိုပါဘူး၊ ဗိုလ်ချုပ်ကလည်း လူတိုင်းကို ပြောလိုဟန်မတူပါဘူး။ ထားပါတော့။
ကျဉ်တုတ်ခံဝံ့ မခံဝံ့ လို့ ဆရာမေး(ပြော)တယ်နော်။ ကျုပ်အမြင် ပြောရရင် “ခွေးဆွဲ ခွေးဟောင် ခွေးကြောင်တောင်တရစပ်တို့ အပြတ်အသတ် အထပ်ထပ် အဟပ်ခံခဲ့ပြီးမှတော့ ခါးမသန်အမြင်နုတ်နဲ့ ကျဉ်တုတ်တာ မှုမယ်မထင်”။
လူအချင်းချင်းလှည့်(ညစ်)ပတ်ခြင်း ကင်းရှင်းကြပါစေ...
Socretes ရေ ခင် ဗျား ရေး မှ ပဲ ကျွန် တော် မျက် ရေ ဝဲ ရတော့ တယ် အ မေ ခင် မျာ ရှိ စု မဲ့ ဆု အား လေး နဲ့ ပြော နေ ဆို နေ ရ တာ ပါ ဗျာ ဖန်း မယ် ဆို ရင် လဲ ဘာ လုတ် လို့ ရ မှာ မို့ လို လဲ ဗျာ အ ဆုန်း စွန် သူ ဒို့ လုတ် ကျ တော့ လည်း ဘာ ပြန် လုတ် နိုင် မှာ လို့ လဲ
ReplyDeleteဒီလောက် က လေး စ ကား လေး နဲ နဲ လောက် ပြော ကြ ဆို ကြ ပြီး ကို လို ချင် တဲ့ အ ရာ ကို ငြိ ကြည့် ပေး ပါ လား ဗျာ
ကျေးဇူး ပြု ပြီး ကြိုး စား ကြည့် ပေး ပါ ဗျာ ဒီ လောက် ဆို ကျေ ကြ ပါ တော့
မြန်မာပြည်နှင့် ကွန်မြူနစ်အန္တရယ် အမှန်တကယ် ဟုတ်မဟုတ်၊
ReplyDeleteဒေါ်စု အရိပ်ခို ကွန်မြူနစ်ရှိမရှိ။
မင်းကောင်းပါလျှက် မင်းမြှောင်ဖျက်တတ်သည့် မြန်မာပြည်၏ သမိုင်းအစဉ်အလာကို ဆင်ခြင်မိစေဖို့ ...
ပြည်ပရောက် အစိုးရဆန့် ကျင်ရေးသမားတွေရေးထားတဲ့
အောက်က ဆောင်းပါးလေးတွေဖတ်ကြည့်လိုက်ကြပါဦး။
ဝေဖန်ဖို့ နဲ့ စဉ်းစားဆင်ခြင်ဖို့ ဝေငှလိုက်ခြင်းပါ..
ပျော်ပျော်ပါးပါးပေါ့..."ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုနဲ့  တံဆိပ်ကပ် အပုတ်ချခြင်း" ဟူသည် သေးနုပ်သိမ်ဖျင်းသော စိတ်ဓါတ်၏ ဖေါ်ပြချက်သာဖြစ်သည်ကို မှတ်ယူကြဖို့ ပါပဲ....
"Democracy demands Wisdom" "Wisdom can be developed by only means of critical thinking."
http://hittai.net/?show=rm&fileid=90&t=home4&id=4
http://hittai.net/?show=rm&fileid=84&t=home15&id=12
http://hittai.net/?show=rm&fileid=73&t=home15&id=12
http://hittai.net/?show=rm&fileid=88&t=home4&id=4
http://hittai.net/?show=rm&fileid=87&t=home4&id=4
http://hittai.net/?show=rm&fileid=83&t=home4&id=4
http://hittai.net/?show=rm&fileid=68&t=home4&id=4
http://hittai.net/?show=rm&fileid=65&t=home4&id=4
http://hittai.net/?show=rm&fileid=62&t=home4&id=4
http://hittai.net/?show=rm&fileid=42&t=home4&id=4
မြန်မာပြည်နှင့် ကွန်မြူနစ် အန္တရယ် အကြောင်း
ReplyDeletehttp://hittai.net/?show=rm&fileid=90&t=home4&id=4
http://hittai.net/?show=rm&fileid=84&t=home15&id=12
http://hittai.net/?show=rm&fileid=73&t=home15&id=12
http://hittai.net/?show=rm&fileid=88&t=home4&id=4
http://hittai.net/?show=rm&fileid=87&t=home4&id=4
http://hittai.net/?show=rm&fileid=83&t=home4&id=4
http://hittai.net/?show=rm&fileid=68&t=home4&id=4
http://hittai.net/?show=rm&fileid=65&t=home4&id=4
http://hittai.net/?show=rm&fileid=62&t=home4&id=4
http://hittai.net/?show=rm&fileid=42&t=home4&id=4
မြန်မာပြည်နှင့်ကွန်မြုနစ်အန္တရာယ် အမှန်တယ်ဟုတ်မဟုတ်….
ReplyDeleteဟိုတုံးကဟုတ်ခဲ့သည်ကို အဲသည်ခေတ်မွေး ကလေးက အစသိကြပါသည်။ ယနေ့မြန်မာပြည်နှင့် ကွန်မြုနစ်ထက် ဆိုးရွားသော“xxအာဏာရှင်အန္တရာယ်” အမှန်တကယ် ဟုတ်မဟုတ် မေးဘို့ရောလိုပါသေးလား။
ဒေါ်စု အရိပ်ခို ကွန်မြုနစ် ရှိမရှိ…..
ရှိနိုင်ပါသည်။ ကွန်မြုနစ်များ ဒေါ်စုအရိပ်ခိုခြင်း သို့မဟုတ် ဒေါ်စု၏ ဦးဆောင်မှုကိုခံယူခြင်းသည် အမျိုးသားညီညွတ်ရေး အတွက် လက္ခဏာကောင်း တစ်ရပ်ဟု မြင်နိုင်ဘို့သာလိုပါသည်။ စားဖါးညီညွတ်ရေးအတွက်မူ ထိုအချက်သည် လက္ခဏာကောင်း ဖြစ်ချင်မှ ဖြစ်ပါမည်။
မင်းပင်ကောင်းလျက်မင်းမြှောင်ဖျက်ဆိုသည်မှာ ရှေးဆရာတော်ကြီး များက သက်ဦးဆံပိုင်ဘုရင်(မင်း)များကို သွယ်ဝိုက်စွာ ဆုံးမသော စာဖြစ်ပါသည်။ ပညာကြီးသောမင်းများ ထိုအဆုံးအမကို နားလည် နာယူပြီး ကျင့်ကြံကြသောကြောင့် ပြည်သူတွေ ချမ်းသာကြသည့် သာဓကများ ရာဇဝင်မှာအထင်အရှား ရှိကြပါသည်။ ပညာနည်းသော မင်းများ ထိုအဆုံးအမကို နားမလည် မနာယူ မကျင့်ကြံကြသောကြောင့် ပြည်သူတွေ မင်းဒဏ်ရော မင်းမြှောင်ဒဏ်ပါ ခံရကာ ဆင်းရဲတွင်းနက် ကြရသည့် သာဓကများလည်း ရာဇဝင်မှာ (ပို၍ပင်) အထင်အရှား ရှိကြပါသည်။ ယထာဘူတကျကျ မြင်အောင်ကြည့်တတ်ဘို့သာလိုပါသည်။
စေတနာမှန်ဖြင့် ဝေဖန်ဆွေးနွေး စဉ်းစားဆင်ခြင်ခြင်းကို အမှန်ယုံကြည်တိုက်တွန်းလိုပါက ပြည်တွင်းရှိ အစိုးရဆန့်ကျင်ရေးသမားများ ရေးသားသောစာများကိုပါ တစ်ပါတည်း တင်ဆက်ပေးစေလိုပါသည်။ သို့မှသာ လွပ်လပ်စွာ သဘောထားတူညီခြင်း ကွဲလွဲခြင်းတို့ကို အားပေးရာရောက်ပါမည်။ အပျော်သဘောတော့ မဖြစ်စေလိုပါ။ တိုင်းပြည်ကို အမှန်(ဝတ္တရားအရမဟုတ်)ချစ်သူတိုင်း ဤကိစ္စကို ပျော်စရာဟု သဘောထားနိုင် ကြမည် မထင်ပါ။
“ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုနဲ့ တံဆိပ်ကပ် အပုတ်ချခြင်း” ဟူသည် သေးနုတ်သိမ်ဖျင်းသောစိတ်ဓါတ်၏….
မှန်ပါသည်။ မိမိကိုယ်မိမိ မှန်ထဲပြန်ကြည့်ကြရန်သာလိုပါမည်။ ကြက်ဆူပင် အဓမ္မစိုက်စေခြင်းမှသည် အင်္ဂါနံလူသားတစ်ဦး၏အမည်ကို မြင်ရုံကြားရုံမျှဖြင့် ဒိန်းဒလိမ်းနတ်ဖမ်းကာ အမနာပလိုကြခြင်းသည် ပုဂ္ဂိုလ် ရေးနှင့်မဆိုင်ကြောင်း မှန်တွင်းသို့ပြောလိုကပြောနိုင်ပါသေးသည်။
Democracy demands wisdom. Wisdom can be developed by only means of critical thinking.
P.S
“And no critical thinking can be nourished in the slanderous mind – likewise a lotus cannot blossom in the mud.”
ဒီ လောက် ကွန် မြူ နစ် မုန်း ကြ ရင် လဲ တ ရုတ် ကို ကျွန် မ ခံ နဲ့ ပေါ့ ဗျာ ခု တော့ ဗ မာ ပြည် လည်း ဧ ရာ ဝ တီ မြစ် ဆုံ ဆည် နဲ့ တင် လုံ လောက် ပါ ပြီ ဒါ နဲ့ ဗ မာ့ သ မိုင်း ကဧ ရာ ဝ တီ ထဲ က မ လွတ် ဘူး နော မှန် နန်း မ ဖတ် ဖူး မှာ ဆိုး လို့ ပါ ကွန် မြူ နစ် ဆန့် ကြင် ရေး ပဲ ဖတ် နေ မီ လို့ လွတ် မှာ ဆိုး လို့ ဗျ ဧ ရာ ဝ တီ မြစ် ဆုံဆည် ပြီး လို့ ဧ ရာ ဝ တီ မြစ်ခန်း သွား တော့ လဲ တ ရုတ် ပြည် မီး လင်း တယ် လို့ သာ ဓု ခေါ် ကြ ပေါ့ ဗျာ
ReplyDelete@ LAKAPA,
ReplyDelete-အကြောင်းအရာကို ဆွေးနွေးခြင်းနှင့် ပုဂ္ဂိုလ် ရေးတိုက်ခိုက်ခြင်းကို ခွဲခြားတတ်ပါစေ။ ရင့်ကျက်မှုရှိပါလေ။
"""""ဆရာသမားကြည့်ရတာ သူဌေးဖြစ်နောက်ကျလို့ ကမောက်ကမ ဖြစ်နေပုံပါလား။""""" IS THIS PHRASE A PERSONAL ATTACK OR NOT????
-ကိုယ်နဲ့ အလိုမတူရင် အစိုးရလူလို့ တံဆိပ်ကပ်၊ ပုတ်ခတ်လိုက်တာ ဒီမိုကရေစီကျင့်ထုံးဖြစ်ပါသလား။
"""""အရင့်အရင်ခင်ဗျားရဲ့ဆရာ့ဆရာတွေ လုပ်စားဖန်များလွန်းလို့ လိမ်ဆင်ကြီးမှန်း ကလေးကအစသိနေကြလို့ပါ။""""" DOES THIS PHRASE REALLY MEAN "AGREE TO DISAGREE?"
-ထောင်နခမ်း လမ်းလျှောက်မည့်သူမဟုတ်သည့်အတွက်
ပြည်တွင်းမှ အစိုးရဆန့် ကျင်ရေးစာများ ရရှိလိုလျှင် မိမိဘာသာ မြန်မာပြည်တွင်းတွင် ရရှိအောင်အားထုတ်စေလိုပါသည်။
-ဗုဒ္ဓ၊ အောင်ဆန်း၊ အစိုးရ၊ အောင်ဆန်းစုကြည်၊ ဒီမိုကရက်၊ ကွန်မြူနစ် NLD...တစ်ဦးတစ်ယေက်ကိုမျှ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု ပြုလုပ်သူ၊ ပုဂ္ဂိုလ်ရေး အပုတ်ချသူလည်း မဟုတ်ပါသဖြင့် မိမိတို့ ကိုးကွယ်ဆည်းကပ်သော ပုဂ္ဂိုလ်အား တိုက်ခိုက်သည့် သက်ဆိုင်သူများကိုသာသက်ဆိုင်ရာအချက်များအား
ပြန်လှန်မေးခွန်းထုတ်သင့်ပါကြောင်း။ မိမိနှင့်မသက်ဆိုင်ပါကြောင်း။
"""""ကြက်ဆူပင် အဓမ္မစိုက်စေခြင်းမှသည် အင်္ဂါနံလူသားတစ်ဦး၏အမည်ကို မြင်ရုံကြားရုံမျှဖြင့်
ဒိန်းဒလိမ်းနတ်ဖမ်းကာ အမနာပလိုကြခြင်းသည် ပုဂ္ဂိုလ် ရေးနှင့်မဆိုင်ကြောင်း မှန်တွင်းသို့ပြောလိုကပြောနိုင်ပါသေးသည်။""""
PS. နိုင်ငံရေးဘုန်းကြီးများကို သာ့သနာ့ရန်သူ ဟူ၍ မှတ်ယူပါသဖြင့် "အရှင်ဘုရား" ဟူ၍ မသုံးနှုန်းနိုင်သည်ကို ခွင့်လွှတ်စေလိုပါသည်။
I'm not from Myanmar and Russia neither; just a student.
ကို socretes ရေ တ ကယ် ပဲ အ လက် ရှိ အ ခြေ အ နေ နဲ့ အ စိုး ရ ကို ထောတ် ခံ လို့ ဆို ရင် တော့ ချီး ကျူး မိ ပါ တယ်။ ရေ မြေ ခြား မှာ ပ ညာ သင် နေ တာ ဆို ရင် ပို တောင် ချီး ကျူး ရ မှာ ပါ. န။စ် ၂၀ လောက် ကြာ ခဲ့ ပေ မဲ့ ပို ပို ထင် ရှား လှ တဲ့ ကွာ ခြား မှူ အ များ ကြီး ဖြစ် လာ နေ တာ အာ စီ ယံ မှာ တောင် နောက် ဆုံး မှာ ပါ ။ နှစ် ၂၀ ကျော် ဆို တာ နိုင် ငံ တ ခု အ တွက် လို အတ် တာ ထက် လုံ လောက် မယ် ထင် ပါ တယ်။ ဒီ လို ထင် ရှား နေ တာ ကြောင့် ပွင့် လင်း တဲ့ အုတ် ချုတ် သူ မျိုး လို ချင် ပါ တယ်။ သူ့ ဟာ သူ ဘာ စ နှစ် ပဲ ကျင့် ကျင့် ပွင့် ပွင့် လင်း လင်း ရှိ မယ် စို ရင် အား လုံး ဝိုင်း အ ကြံ ပြု ကြ မယ် ဆို ရင် အောင် မြင် မှာ ပါ။
ReplyDelete@MgMyanmar1
ReplyDeleteထပ်ပြောပါရစေ...ကိုယ်နဲ့ အလိုမတူရင်၊ NLD ကိုဝေဖန်လျှင်၊ ဒေါ်စုကို ဝေဖန်လျှင် "အစိုးရ လိုလားသူ" တို့ ရန်သူ ဆိုပြီး အလျင်စလို တံဆိပ်ကပ်တတ်သူများပေါများနေသရွေ့  dialogue ဆိုတာဝေးလာဝေးပါပဲ။ တရုပ်ကိုလိုနီ ဖြစ်ဖို့ များမှာပါပဲ။ ဒီမိုကရေစီနဲ့ ဝေးနေဦးမှာပါပဲ...။
ခုပြောနေတဲ့အကြောင်းအရာက NLD ဘာကြောင့်ဒီနေ့ ဒီအခြေအနေကို ရောက်သွားသလဲ...နှစ် ၂၀ ကျော်ဇတ်မျောနေသလဲဆိုတဲ့ ဇစ်မြစ်ကို
ပြောနေတာဖြစ်တယ်။ ပို့ စ်ပါ အကြောင်းအရာကို ဆွေးနွေးနေတာ ဖြစ်တယ်။
[[[[""ကို socretes ရေ တ ကယ် ပဲ အ လက် ရှိ အ ခြေ အ နေ နဲ့ အ စိုး ရ ကို ထောတ် ခံ လို့ ဆို ရင် တော့ ချီး ကျူး မိ ပါ တယ်။""]]] ဆိုတာမျိုးဟာ လိုရာဆွဲတွေးတဲ့ ကလေးဆန်တဲ့ကောက်ချက်မျိုးပဲ။
ဒါ ဆို ခင် ဗျား က ဘယ် ဘက် က ပါ လဲ ။နား မ လည် လို့ ပါ သာ မန် သူ ထဲ က မို့ နား မ လည် ပါ ။ကျွန် တော် က တော့ ရှင်း ရှင်း ပဲ လက် ရှိ အ စိုး ရ က မ လုတ် နိုင်ဘူး ။ အဲ ဒီ တော့မယုံ ကြည် ဘူး။ လုတ် မဲ့ သူ ကို လို လား တယ် အဲ ဒီ အ တွက် .လုတ် ပေး မယ် လို့ ယုံ ကြည် ရ တဲ့ သူ ကို အား ပေး မယ် ။အ တတ် နိုင် ဆုံး ထောက် ခံ မယ် ။အဲ ဒါ ကို ဝေ ဝါး စေ မဲ့ အ ကြောင်း အ ရာ တွေ ကို ဆန့် ကျင် တယ်။
ReplyDelete-ဘယ်ဘက်မှ မပါဘူး။
ReplyDelete-အာဏာရူး၊ အမြင်ကျဉ်း အစိုးရဘက်လည်းမပါသလို "ဒီမိုကရေစီ" "လူ့ အခွင့်အရေး" စကားလုံးတွေနဲ့ ပဲ အချိန်ကုန်၊ လက်တွေ့ မကျ၊ ပြည်သူငတ်ပြတ်နေတာကို သူတို့ အိမ်မက်လောက်အရေးမထားတဲ့ အတိုက်အခံဘက်လည်းမပါဘူး။
-၂ ဘက်စလုံး ကိုယ့်အတ္တနဲ့ ကိုယ်ပိတ်မိ။ ကိုယ့်အုပ်စုကိုယ်ဖွဲ့ ။ပြည်သူရဲ့ အခြေခံလိုအင်ကို မျက်ကွယ်ပြုနေကြသူတွေပဲလို့ မြင်ပါတယ်။ ပိတ်မိနေပုံချင်း မတူတာပဲကွဲတယ်လို့ မြင်ပါတယ်။
ွှ
-အနှစ် ၂၀ ကျော်ကြာပြီးတဲ့နောက်...ကိုယ့်ဝန်ကိုယ်ထမ်းရဲတဲ့ သတ္တိမွေးကြဖို့ ပဲလို့ မြင်ပါတယ်။ လုပ်နိုင်သူတွေက သူတို့ မဟုတ်။ "အတ္တာဟိအတ္တနော နာထော" မိမိတို့ ကိုယ်တိုင်ပါပဲ။
ဆက်ရေး ဗျာ အရမ်းကောင်းတယ် ဒကာတော် ထိလည်း ထိရောက်တယ် ဦးဇင်းတော့ အပြည့်ဝ လက်ခံတယ် ..။
ReplyDeleteစက်တင်ဘာဦးနေမိန္ဒ( ကြာကြာဆုပ်ကိုင်ထားလို့ ရတဲ့ အရာ ဆိုတာ မရှိပါဘူး)
ဒါ ဆို လဲ ဆ ရာ ဦး ဆောင် ပါ ။ ယုံ ကြည် ရ တဲ့ အ ခါ သေ သေ ချာ ချာ ထောက် ခံ ပါ့ မယ်။ ခု တော့ ကျွန် တော် ယုံ တဲ့ သူ ကို ဆက် အား ပေး လိုက် အုံး မယ်။
ReplyDeleteမောင် ဆိုကရေးတီး ရေ..
ReplyDeleteလက်စသပ်တော့ မောင်ကကျောင်းသားကိုး။ ကျောင်းသားဆို ကျုပ်တို့က လေးစားပြီးသားပါ။ မလေးစားမှာစိုးလို့ neither in Myanmar nor Russia တွေဘာတွေ လုပ်နေစရာမလိုပါဘူး။ ကျောင်းသားသာဖြစ်ပါစေ North Korea ရောက်နေလဲ လေးစားပြီးသား။ တခုတော့ရှိတာပ၊ အစိုးရနဲ့သဘောထားမတူညီတဲ့ blog တိုင်းကိုမပျင်းမရိ စောင့်ကြည့်၊ post တခုထွက်တာနဲ့ ခြေမြန်လက်မြန် အပုတ်ချ၊ တစ်စုံတစ်ယောက်ရဲ့ နာမည်များ ထောက်ထောက်ခံခံ ပြောမိရင် (အစိုးရနဲ့သဘောထားမညီပါ ဆိုမှ အစိုးရဘဝင်မကျသူကို ထောက်ထောက်ခံခံ လုပ်တော့မှာပေါ့ ကျိုးကြောင့်သင့်ဘို့သာ လိုရင်းမို့လား) မီးကုန်ယမ်းကုန် အသလွတ် smear လုပ် နဲ့ တမိုးလုံးဖျောက်ဆိပ် ဖြစ်နေတော့ ဘုရားစူးကျောင်းသားလို့ အမြင်မှားစရာကလား။ pre-constitution ကာလ smear campaigner တွေရဲ့လုပ်ရပ်နဲ့ တထပ်တည်းကျ နေတာရယ်၊ ကွန်မြူနစ် ဆီသယ်မလက်သုတ်ကြီး တရမ်းရမ်းရယ် တို့ကြောင့် လုပ်စား ဆိုတဲ့ အသုံးအနှုံးပါသွားတာပါ။ ဘွာ..ဘွာ။
ကျုပ်ကိုယ်တိုင်ကျောင်းသား ဖြစ်ခဲ့ဘူးတာမို့ ရဲဘော်ရဲဘက်စိတ်နဲ့ အကြံပေးချင်တယ်။ တကယ့်စေတနာနဲ့ ပြောတာနော်။ အဲသည် တမိုးလုံးဖျောက်ဆိတ်အလုပ်တွေ မလုပ်ပါနဲ့တော့။ တော်နေ blog watching တွေနဲ့ အချိန်ကုန်ပြီး စာမေးပွဲကျလို့ ထောက်ပံ့သူတွေ ရင်ကျိုးနေပါ့မယ်။ တိုင်းပြည်အနာဂါတ်က ကိုမင်းကိုနိုင်တို့ မောင်ကျောင်းသားတို့လို လူငယ်တွေရဲ့လက်တွင်းမှာ ရှိတယ်မို့လား။
ဗုဒ္ဓကိုဂ္ဂိုလ်ရေးကိုးကွယ်သူမဟုတ်ပါ ဆိုတဲ့စကားကိုတော့ သိပ်ကျယ်ကျယ်လောင်လောင် မပြောစေချင်ဘူး။ မောင်ကျောင်းသား အတွက်ပါ။ ဒီအစိုးရက သုတို့သာ သာသနာပ အလုပ်တွေ လုပ်ချင်လုပ်မယ်၊ ဗုဒ္ဓကိုလူသားနဲ့နှီးနွယ်ပြောတာတောင် လက်ခံနိုင်တာမဟုတ်ဘူး။ လူသားကနေ ဗုဒ္ဓ (ဘုရား)ဖြစ်တာပါ ပြောမိလို့ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်လောက်က နိုင်ငံရေးပါတီတခုကို ကွန်မြူနစ်တံဆိပ်ကပ်ပြီး အပြတ်အသတ် နှိပ်ကွပ်တာတွေ့ဘူးထားလို့ပါ၊ သည်တုံးက မောင်ကျောင်းသား ငယ်လွန်းလို့ သိချင်မှသိမယ်။ တော်ကြာ မောင်ကျာင်းသားတယောက် ကိုယ့်တုတ်နဲ့ကိုယ် ပြန်အထိုးခံရကိန်း ဆိုက်မှာစိုးရိမ်လို့ပါ။ ဒီအတွက် လိုင်စင်ရပြီးသား ဆိုရင်တော့ တမျိုးပေါ့။
@LOKA PALA
ReplyDeleteခင်ဗျာုးမလည်း ပုဂ္ဂိုလ်ရေး တိုက်ခိုက်ချင်တဲ့ ၀ါသနာက မသေးပဲကိုး။ အကြောင်းအရာကို ဆွေးနွေးပါဗျာ...အရပ်ထဲက အတင်းတုပ်တဲ့မိန်းမကြီးတွေလို မလုပ်ချင်စမ်းပါနဲ့ ။ ကလေးဆန်ဆန်..မဆိုင်တဲ့လမ်းကြောင်းတွေနဲ့ ထွက်မပြေးစမ်းပါနဲ့ ။ အထက်မှာ ကျုပ်လင့်ခ်တွေ တင်ပေးထားတာပဲ။ ခင်ဗျားဖတ်ကြည့်ရင်သိမှာပေါ့။ အဲဒါတွေက ကျုပ်ရေးထားတာလည်းမဟုတ်။ အဲဒီစာရေးဆရာတွေကလည်း အစိုးရလိုလားသူတွေလည်းမဟုတ်။ ပြည်ပြေးတွေပဲလေ။
သူပုန်တွေပဲလေ။ NLD နဲ့ အောင်ဆန်းစုကြည် အခြေအနေကို သုံးသပ်ထားတဲ့ ခေတ်ပြိုင်နိုင်ငံရေးသမားတွေရဲ့ အမြင်တွေပဲလေ...။
ိကိုယ့်ကိုယ်ကို ဒီိမိုကရေစီဘက်တော်သားလို့ ယုံကြည်တယ်ဆိုရင် သူတို့ ရေးထား၊ ထောက်ပြထားတဲ့ အချက်တွေကို အကျိုးသင့် အကြောင်းသင့် ခိုင်ခိုင်လုံလုံ ပြန်ချေပေါ့။ ဟုတ်၏မဟုတ်၏ အချက်လက်နဲ့ ပြန်ရှင်းပေါ့။
မဆီမဆိုင်...ကျုပ်ကို ဘာလို့ လှည့်တိုက်ခိုက်ချင်နေရတာလဲ။ ဒီလိုတိုက်ခိုက်တော့...ခင်ဗျားမှာ အမှန်တရားကြီးဘက်က ရပ်တည်တာဖြစ်သွားရောလား။ "တမိုးလုံး ဖျောက်ဆိပ်" တွေရော၊ ဘာတွေရော ရှုပ်လို့ ။ လူတစ်ယောက်ကို စွတ်စွဲတာဟာသိပ်ကိုလွယ်တဲ့အလုပ်ပါ။ ဈေးထဲက ငါးစိမ်းသည်တောင် တတ်တာပါပဲ...။
ကျုပ်ဟာကျုပ် တက္ကသိုလ်ကျောင်းသားဖြစ်ဖြစ်၊ နွားကျောင်းသားဖြစ်ဖြစ်၊ ဘုန်းကြီးကျောင်းသားဖြစ်ဖြစ် အရေးလား။ ဆွေးနွေးတဲ့ အချက်နဲ့ လူနဲ့ ခွဲမြင်ဖို့ လိုတာပဲမဟုတ်လား။ ဒီလို လူနဲ့ စာကို ခွဲမမြင်သရွေ့ တော့ Freedom of Speech ကိုနားမလည်ဘူးဖြစ်နေမှာပေါ့။ လူလိမ္မာသားဆိုရင် ယဉ်ပါးပါဗျာ။ ဒါ...နောက်ဆုံး ပြန်ပြောခြင်းပဲဗျို့ ။ မဆီမဆိုင်တွေပြောရတာ စိတ်ကုန်လွန်းလို့ 
//ကိုဒီမိုဝေယံရေ...ဆောရီးဗျာ...အကြောင်းအရာကိုဆွေးနွေးမလား ၀င်ရေးမိပါတယ်...မဆီမဆိုင်တွေပြောနေရတော့တယ်...
ကိုလောကပါလနဲ့  ကိုဆိုကရေးတီးခင်ဗျား ဆွေးနွေးကြတာ ပြသနာ မရှိပါ။ လောလောဆယ် ၂ဦးစလုံး ကွန်မာန့် မှာ spam တွေပါနေပါတယ်။ ဒါပေမယ့် ကျတော် ပြန်တင်ပေးထားပါတယ်။spam virus နည်းနည်းစစ်ကြည့်ကြပါဦး။
ReplyDeleteကိုဒီမိုခင်ဗျား
ReplyDeleteSpam နှင့်ပတ်သက်၍ ကျွန်တော် သိပ်ဗဟုသုတ မရှိပါ။ တိုက်တိုက်ဆိုင် မနေ့တနေ့ကမှစ၍ ကျွန်တော့် ကွန်ပြူတာ Down Load လုပ်မရတော့ပါ။ အနီးနားမှ IT ဆရာသမားတစ်ဦးထံ အကူအညီတာင်းရာ malware တွေဝင်နေကြောင်းသိရပါသည်။ သူ၏ပြုပြင်ပေးမှုဖြင့် ယ္ခုကောင်းသလို ရှိနေပါပြီ။ သို့ရာတွင် အကုန်အစင် ဖြစ်မဖြစ် မသိကြောင်း ဝန်ခံပါသည်။ Spam တွေကြားက ကျွန်တော့် comments တွေ တင်ပေးခြင်းအပေါ် ကျေးဇူးတင်ရင်း ဤတစ်ခုကိုလည်းတင်ပေးဘို့ မေတ္တာရပ်ပါ ရစေ။ ဤ post အတွက် ကျွန်တော်၏ နောက်ဆုံး comment ဖြစ်ပါသည်။ နောက်ထပ် မရေးလို၊ ရေးရန်လိုမည်လည်း မထင်တော့ပါ။ Post တစ်ခု၏ message ကို ဒီမိုဝေယံ ပရိဿတ်များ နှိုင်းနှိုင်းချိန်ချိန် ရယူနိုင်ရန်အလို့ငှါ ဖြည့်စွက်စာအဖြစ် ပေးသင့်တာပေး၍ ရတန်သလောက် ရလောက်ကြပါပြီ။ ပို၍ချင့်ချိန်နိုင်ကြအောင် ပြောလိုသေးသည်မှာ ကျွန်တော် နိုင်ငံရေးသမား(politician)တစ်ဦး မဟုတ်ပါ။ နုင်ငံရေးသတ္တဝါ (political animal) တစ်ကောင်မျှသာ ဖြစ်ပါသည်။
ဟုတ်ကဲ့ ကိုလောကပါလ ခင်ဗျား... ကွန်မာန့်တွေ ရေးပေးတာ ကျေးဇူးတင်ပါတယ်...။ ဆက်လက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်..။ ကျွန်တော်ကတော့ ကျွန်တော့်အမြင် ကျွန်တော့်သဘောထားကို ဆောင်းပါးနဲ့ သတင်းတွေမှာ ချပြထားပြီးဖြစ်တဲ့ အတွက် တချို့ကွန်မာန့်များကို ပြန်လည် ဖြေရှင်ချင်း မရှိပါဘူး..။ ကိုလောကပါလလို ပြန်လည်ဆွေးနွေးပေးတဲ့ စာဖတ်ပရိသတ်များကို ဖိတ်ခေါ်ပါတယ်... ဆက်လက်ရေးသားစေလိုပါတယ်..။
ReplyDelete