‘လွတ်လပ်တဲ့ ငါ’
ငါ့ဘဝကို သူများဘောင်နဲ့ ခတ်မထားဘူး……
ငါ့အလှကို တုပမှုနဲ့ အရောင်မခြယ်ဘူး…….
ငါ့စကားကို အများအကြိုက်နဲ့ ရောမလိုက်ဘူး…….
ငါ့ဆန္ဒကို အကြောက်တရားနဲ မဖိနှိပ်ဘူး…….
ငါ့ အကြားကို ၀ါဒမှိုင်းနဲ့ ပိတ်မထားဘူး……..
ငါ့စာကို သူ့အာဏာနဲ့ အဆိပ်မခတ်ဘူး…….
ငါ့မွေးရာပါ အခွင့်အရေး………….
ဘယ်သူ မပေးပေး ငါ့အတွေးနဲ့.........
လောကကောင်းကျိုး နိုင်ငံအကျိုးကို
နိုင်ရာဝင်၍ထမ်း လွတ်လပ်စွာ………
ပျံသန်းလျက်ပါ…..။
အပ္ပမာဒေါ အမတံ ပဒံ
နေစကြာနိုင်
၎.၇.၂၀၁၁
*** လွတ်လပ်စွာတွေး၍ ဘဝကို စတေးကာ လွတ်လပ်မှုကို ပေးသွားသော ဖခင်ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ပုဂ္ဂိုလ်ကြီးများကို ဤစာဖြင့် ဂါရဝပြုပါ၏။ အားလုံးလွတ်လပ်မှုကို တကယ်မြတ်နိုးနိုင်ကြပါစေ။ လွတ်လပ်မှုအတွတ် ကြိုးစားနိုင်ကြပါစေ။***

ကိုယ့်ရဲ့ လွတ်လပ်မှုတွေကိုလည်း မလွတ်လပ်နိုင်သေးတဲ့ လူတွေကို မလွတ်လပ်နိုင်သေးတဲ့ တိုင်းပြည်ကြီးကို ကိုယ့်ရဲ့ လွတ်လပ်မှုတွေနဲ့ အတူ အားလုးံကို လွတ်လပ်သွားအောင် ကျိုးစားလုပ်ကိုင်ကြစို့
ReplyDeleteစက်တင်ဘာဦးနေမိန္ဒ (ပျောက်ဆုးံနေသော တိုင်းပြည်ကြီးကို အမှောင်ထုတည်းမှ ဆွဲထုပ်ကြစို့)