တကယ်တော့ ဗိုလ်ချုပ်ကြီးနေ၀င်း (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ က္ကဌကြီးဦးနေ၀င်း) ၁၉၆၂ခုနှစ်မှာ အာဏာသိမ်းလိုက်ခြင်းဟာ… ဒီမိုကရေစီကို သင်းကွပ် ပစ်လိုက်တာပဲဖြစ်ပါတယ်။ သူအာဏာရချိန်ကစလို့ ပါတီစုံဒီမိုကရေစီ ဆိုတာလည်း ဆိတ်သုဉ်းသွားရရှာတယ်…။ ၁၉၇၄မှာဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုပြီး…. တိုင်းပြည်ကို တပါတီအာဏာရှင်စနစ်နဲ့ သွားတယ်…. စီးပွားရေးပုံစံမှာလည်း ဆိုရှယ်လစ်စီးပွားရေးဆို… .ပြည်သူပိုင်အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်… တံခါးပိတ်စီးပွားရေး မူဝါဒကိုချမှတ်ပြီး… နိုင်ငံတကာရဲ့လာရောက် ရင်းနှီးမြုပ်နှံမှုတွေကို လက်မခံဘူး…အဲဒီတော့ ဘာဖြစ်လာလည်းဆိုတော့… မှောင်ခိုစီးပွားရေးစနစ်ဟာ… မဆလအစိုးရခေတ်မှာ အရမ်းကြီးထွားခဲ့တယ်…. ကျနော်တို့တိုင်းပြည်က နည်းပညာအားနည်းတော့… ဘာများ ဖြစ်ဖြစ်မြောက်မြောက် တီထွင်နိုင်မှာလည်း။
ပြည်တွင်းမှာ ထုတ်လုပ်တဲ့ခပ်ညံ့ညံ့ ပစ္စည်းတွေကိုပဲ သုံးစွဲရတော့တယ်။ ကျနော်တို့ ကျောင်းသားဘ၀က.. တက္ကသိုလ်အဆောင်တွေမှာ ပေးထားတဲ့.. ဆင်တဲထုတ် ရုပ်မြင်သံကြားတွေဆို… ဒီနေ့လူငယ်တွေ တွေ့လိုက်ရင် ရီကြမှာအမှန်ပဲ….။ ထင်းရူးသေတ္တာပုံးကြီးလိုဟာမျိုး…. နောက်တခါအံ့အား သင့်စရာ မဆလအစိုးရရဲ့ လုပ်ရပ်တခု ရှိသေးတယ်ဗျ…။ ပိုက်ဆံချမ်းသာလို့ အဖမ်းခံရတယ်ဆိုရင်… ယုံမလားမသိဘူး..။ အဲဒါတကယ်ပါ… ပိုက်ဆံချမ်းသာတဲ့သူတွေကို “ဆူဇကာစစ်ဆင်ရေး” ဆိုပြီး ထောင်ထဲထဲ့ထားတယ်….။ သဘောကတော့… ဂုတ်သွေးစုတ် အရင်းရှင်တွေပေါ့… ဒီလုပ်တွေ လုပ်လာနေမှာတော့… ဒီတိုင်းပြည်မှမမွဲ.. ဘယ်သူမွဲတော့မှာလည်း….။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်သွားတယ်…. ဒီလိုနဲ့… ၁၉၆၂စစ်အာဏာသိမ်းစဉ်က ပါဝင်ပြီး တော်လှန်ရေးကောင်စီလို့ခေါ်တဲ့ စစ်ကောင်စီမှာ အကြီးအကဲတယောက် အဖြစ်ပါဝင်ခဲ့တဲ့…ဦးအောင်ကြီး (ဗိုလ်မှုးချုပ်ဟောင်းအောင်ကြီး- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ.. ခဏလေး ဥက္ကဌ ဖြစ်ခဲ့ဘူးသူ) သူက.. ဦးနေ၀င်းဆီ ပေးပို့ထားတဲ့.. စာမျက်နှာ လေးဆယ်ကျော်ပါ စာတမ်းတခုက လူထုကြား ထွက်ပေါ်လာတယ်လေ….။ .ဦးအောင်ကြီးဟာ ဦးနေ၀င်းရဲ့ အမျက်တော်ရှမှုကြောင့် အာဏာရုတ်သိမ်း ခံရသူတယောက်ပေါ့။ မဆလကနေ အထုတ်ခံလိုက်ရပြီး.. ရန်ကုန်မြို့စမ်းချောင်း အရပ်ဒေသမှာ လဘက်ရည်ဆိုင်ကြီးဖွင့်ထားပြီး… နိုင်ငံကျော် “အောင်ကြီးကိတ်”ဆိုတာ သူ့စီးပွားရေးလုပ်ငန်းတွေပါ….။
သူ့စာတမ်းက..လူထုကြားမှာ တော်တော်လေး ပြန့်ပြန့်နှံ့နှံ့ ရောက်သွားခဲ့တယ်…။ ဗိုလ်ချုပ်ကြီးခင်ဗျားဆို… အစချီထားပြီး… ဖြစ်ပေါ်နေတဲ့… လူမှုစီးပွား၊ နိုင်ငံရေး အကြပ်အတည်းတွေကို တင်ပြထားတယ်….။ ဒါပေမယ့် သူ့စာထဲမှာ ဦးနေ၀င်းကိုတော့ အပြစ်ဖို့မထားဘူး…။ ဒါတွေဦးနေ၀င်း မသိပါဘူးေးပါ့ (သဘောကတော့… သူမသိလို့.. ဒီလိုတွေဖြစ်နေရတာပါပေါ့)… နောက်တခါ၁၉၆၂ အာဏာသိမ်းစဉ်က ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဗုံးဖောက်ခွဲပြီး.. ကျောင်းသားအများအပြား သေဆုံးခဲ့ကြရတဲ့ ဖြစ်စဉ်မှာ.. သူရော.. ဦးနေ၀င်းရော နှစ်ယောက်လုံး.. အပြစ်ကင်းမယ့် လေဟန်တွေပါ ပါဝင်တယ် (၁၉၆၂အာဏာသိမ်းတော့ စစ်အာဏာရှင်များဟာ… ရန်ကုန်တက္ကသိုလ်ဝန်းထဲမှာရှိတဲ့… ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဗုံးဖောက်ခွဲပြီး ပစ်ခတ် နှိမ်နင်းတဲ့အတွက် ကျောင်းသားပေါင်းများစွာ သေကြေခဲ့ရပါတယ်…. များစွာ.. ထောင်သွင်း အကျဉ်းချခြင်း ခံခဲ့ရပါတယ်။ အဲဒါကိုတော့… ဆဲဗင်းဂျူလိုင်ကျောင်းသား လှုပ်ရှားမူ့လို့ သမိုင်းတွင်စေခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ ကျောင်းသားသမဂ္ဂကို တရားဝင် ရပ်တည်ခွင့်မပေးတော့တာ အခုထိပါပဲ)။
ဘာပဲဖြစ်ဖြစ်… ဦးအောင်ကြီးရဲ့ စာတမ်းကတော့… မျက်မှောက်အခြေနေနဲ့ အနီးစပ်ဆုံး အံဝင်ဂွင်ကျ ဖြစ်သွားတဲ့အတွက်… လူထုကြားမှာ.. တော်တော်.. ဂယက်ထသွားပြီ… ဘယ်လောက်ထိ ဂယက်ရိုက်သလည်းဆို တော့ပါတီညီလာခံမှာ… ဦးနေ၀င်းကိုယ်တိုင် ကျောင်းသားသမဂ္ဂ ကိစ္စကို ဖြေရှင်းချက် ပေးရတော့တယ်…။ သူ့ဖြေရှင်းချက်က… ဦးအောင်ကြီးကိုပဲ… ပြန်ပြီးလက်ညှိုးထိုး တရားခံအဖြစ် အပြစ်ဖို့ သယောင်ယောင် ပြောဆိုချက်တွေနဲ့ ပြောဆို ထားတယ်လေ….။ အဲဒီပါတီညီလာခံမှာပဲ… ဦးနေ၀င်းက နိုင်ငံရေးအစတခုကို ဟပေးလိုက်တယ်…။ တိုင်းပြည်ကို… တပါတီစနစ်နဲ့ပဲ သွားမလား…။ ပါတီစုံစနစ်နဲ့ပဲ သွားမှာလားဆိုတာ… အဆုံးအဖြတ်ပေးဘို့… ညီလာခံကိုတင်ပြခဲ့တယ်….. အဆိုးဆုံးက… လူထုကို စိမ်ခေါ်တဲ့စကား ပြောဆိုသွားတာပါ...။ ကျနော်တို့… တခုတည်းသော မြန့်မာ့ရုပ်မြင်သံကြားက တဆင့်ပါတီညီလာခံ ကျင်းပတာကို ကြည့်လိုက်ရတယ်။ ကျနော်မှတ်မိသေးတယ် ဦးနေ၀င်းဟာ.. မိန့်ခွန်းပြောဆိုနေရင်းက.. ဒေါသတွေ ထွက်လာတယ်။ (ကြည့်ရတော်တော်ကို ရုပ်ဆိုးတာပါ)… ဘာပြောသလည်းဆိုတော့….. “ဒီတခါတိုင်းပြည်မှာ.. ဆူဆူပူပူလုပ်တဲ့သူတွေကိုသတိပေးချင်တယ်…… စစ်တပ်ဆိုတာမိုးပေါ် ထောင်မဖောက်ဘူး… ပစ်ရင်မှန်အောင်ပစ်တယ်… နောက်တခါ ဆူဆူပူပူလုပ်လို့ကတော့… လုပ်တဲ့သူတွေ မလွယ်ဘူးသာပြင်” ဆိုတော့ တိုင်းပြည်ကလူထုက ပိုချဉ်သွားကြတော့တယ်….။ စဉ်းစားကြည့်ပါ… တိုင်းပြည် ခေါင်းဆောင်လုပ်တဲ့သူ ပြောအပ်တဲ့ စကားလားဆိုတာ….. ဒါဟာ..ခေတ်အဆက်ဆက် ကျန်ရစ်နေတဲ့.. ဦးနေ၀င်းရဲ့ သမိုင်းဝင်မိန့်ခွန်းပါ။ လူထုက ဘာဖြစ်လာသလည်းဆိုတော့။ ကြောက်လန့်မလာပဲ…. ဒေါသတွေ ပိုထွက်လာကြတယ်။ နဂိုကမှ အထွေထွေ အကြပ်အတည်းတွေ ငွေစက္ကူတွေကို တရားမ၀င် သတ်မှတ်လိုက်တဲ့ ကိစ္စတွေကြောင့်.. မကျေနပ်မှု အဆိုင်အခဲက.. ဦးနေ၀င်းမိန့်ခွန်းကြောင့်… ပိုဆိုးလာကြတယ်။
ကျနော်ဇာတိမြေကို ပြန်ရောက်တော့… ထူးခြားချက်တခုက… သက်ဆိုင်ရာနယ်မြေများမှာ ပါတီဝင်များကနေ… ကျောင်းသားများကို အနီးကပ်စောင့်ကြည့်ဘို့ကို ညွှန်ကြားထားတယ်လေ….။ ကျနော်ရေနံချောင်း ပြန်ရောက်တော့… အိမ်ကခြံဝန်းအတွင်းမှာ စစ်ပြန်၊ စစ်မှုထမ်းဟောင်း အမိန့်ရ လိုင်စင်ထန်းရည်ဆိုင် ငှားတယ်။ အဲဒီမှာ တာဝန်ခံလုပ်နေတဲ့… ဦးအံ့မောင်ဆိုတာ သူကရပ်ကွက် ပါတီစိတ်မှုး… သူ့ကိုမြို့နယ်ပါတီယူနစ်က… တာဝန်ပေး ထားတာ။ ကျနော့်ကို အနီးကပ်စောင့်ကြည့်ဖို့ပေါ့…။ ကျနော်ကလည်း… ဟန်မပျက်နေရတယ်…။ သူကလည်း အရိပ်တကြည့်ကြည့်။ ကျနော်အိမ်ကို ၀င်ထွက် သွားလာတတ်တဲ့ သူငယ်ချင်းတွေကို အမြဲလေ့လာတယ်။ ပြီးရင်မှတ်တမ်းတင်တယ်… သတင်းပို့တယ်။ ဦးအောင်ကြီး စာတမ်းတွေကို ဖြန့်တော့…. သူငယ်ချင်း တယောက်က စာရွက်တွေကို ကော်ပီကူးလို့ရအောင် လက်နဲ့လုပ်ထားတဲ့ ပစ္စည်းလေးသူက ဖန်တီးလာတယ်… လုပ်ရမယ့် နေရာကလည်း မရှိတော့….. ကျနော့်အိမ်မှာပဲ ကူးကြတယ်။ ကျနော်က တခုကြံရတော့တယ်…။ အခန်းထဲမှာဆို ရိပ်မိနိုင်တယ်။ ဒါ့ကြောင့်အခန်းထဲမှာ မကူးပဲ.. အပြင်မှာပဲ ပေါ်တင်လုပ်တယ်။ ဘယ်လို လုပ်သလည်းဆိုတော့…. ကူးပြီးသားစာရွက်တွေကို ဖွက်ထား… တရွက်ထွက်လာ.. တရွက်ဖွက်ပေါ့…. ဘေးနားမှာ… ဆယ်တန်းသချာင်္ သင်ကြားချက် စာရွက်တွေကို အသင့်ပုံထားတယ်။ ထင်တဲ့အတိုင်း သူကလာကြည့်တယ်။ ဘာတွေ လုပ်နေကြတာလည်းပေါ့။
ဒါနဲ့ကျနော်က… “ကျောင်းအားရက်သုံးဘို့ ပိုက်ဆံမရှိတာနဲ့… ကျူရှင်က စာရွက်တွေကို ကူးရင်း.. ပိုက်ဆံရှာ နေတာပါ ”လို့ဆိုတော့…သူကတရွက် ယူကြည့်ပြီး…အဖြေကို ကျေနပ်သွားပုံရတယ်…
“ ကောင်းပါတယ်… မုန့်ဘိုးရှာကြပေါ့… ပေါက်တတ်ကရတွေမလုပ်ပြီးတာပါပဲ”
ကျနော်က မကျေနပ်တဲ့ပုံနဲ့….“ ပေါက်တတ်ကရတွေဆိုတာ… ဘာကိုဆိုလိုတာလည်းဗျ ”
“ဆူဆူပူပူ မလုပ်ရင် ပြီးတာပါပဲကွာ… ငါ့ကိုပါတီက.. ခိုင်းထားလို့ကွ….. ငါလည်း မင်းကို စောင့်ကြည့်ရတာ.. တဒုက္ခ….” သူကရိုးတယ်… သူ့ရင်ထဲက ပွင့်ပွင့်လင်းလင်း ထွက်ကျလာတယ်။ ကျနော် သနားသွားမိတယ်။
ကျနော်တို့ဖြန့်လိုက်တဲ့ ဦးအောင်ကြီး စာတမ်းတွေကလည်း လက်သိပ်ထိုး တော်တော်ပြန့်သွားတယ်။ အဲဒီကာလတွေက ရေဒီယို အသံလွှင့်ဌာနဆိုတာ.. သုံးခုလားပဲရှိတယ်.။ ဘီဘီစီရယ်၊ ဗွီအိုအေ၊ အောလ်အိန္ဒိယ …တသက်လုံးက ရေဒီယို နားမထောင်ဘူးတဲ့ ကျနော်တို့တတွေ… အခုမပြတ်တမ်း နားထောင် နေရတယ်လေ။ လူတွေ တော်တော်များများလည်း နားထောင်ကြတယ်။ တိုင်းကျော်… လဘက်ရည်ဆိုင်မှာ ရေဒီယိုအသံလွှင့်ထားတော့ လဘက်ရည်လာသောက်သူရော ပြင်ပကသူတွေရော နေ့စဉ်လာနား ထောင်ကြတာ အများသားလား။ အဲဒီမှာ…. သတင်းထောက် ခရစ္စတိုဖာဂါးနက်ဆိုသူက ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၊ ကိုဌေးအောင်၊ ကိုတင်မောင်မောင်ထွေး၊ ကိုကိုလတ်တို့နဲ့တွေ့ပြီး…. အဖမ်းခံလိုက်ရတဲ့ ကျောင်းသူတွေထဲက… တစ်ယောက်ပေါ့.. သူ့နဲ့အင်တာဗျူးခန်းက လူထုစိတ်ကို နှိုးဆွစေခဲ့တာ သူကအဖမ်းခံရ စဉ်မှာ.. လုံခြုံရေးတပ်သားတွေရဲ့ မုဒိန်းကျင့်ပုံတွေကို ပြောပြတယ်။ ကြားရတဲ့လူထုရင်ထဲ.. မခံစားပဲ မနေနိုင်ကြတော့ဘူး။ မျက်ရည်ကျ.. ကြတယ်။
ကျနော်တို့ကလည်း လူထုအရေးတော်ပုံကြီး ပေါ်ပေါက်ရေးအတွက်… တမြို့နယ်နဲ့တမြို့နယ်.. လျှို့ဝှက်ဆက်သွယ်ကြ… အသင့်ပြင်ကြပေါ့။ ဒီကြားထဲမှာ… လူထုရဲ့အစိုးရပေါ် မကျေနပ်မှုကြီးကို… အာရုံပြောင်းစေချင်တော့။ မဆလအစိုးရက ဘာလုပ်သလည်းဆိုတော့…. လူမျိုးရေး အဓိဂရုဏ်းကို ဖန်တီးပေးလိုက်တယ်…။ ဒါကလည်း ဦးနေ၀င်း အာဏာသိမ်းပြီးကတည်းက တိုင်းပြည်မှာ.. အစိုးရကို.. လူထုက မကျေနပ်မှုကြီး လာပြီဆို… အာရုံ ပြောင်းအောင် လုပ်နေကြ…။ ဒါမှအစိုးရကို ဆန့်ကျင်တဲ့.. ဆန္ဒပြပွဲတွေ မပေါ်ပေါက်တော့မှာကိုး ... တောင်ကြီး၊ အောင်လံ၊ ပြည်၊ ပဲခူးဘက်တွေမှာ ကုလားဗမာ အဓိကရုဏ်းတွေဖြစ်တယ်။ မွတ်စလင် တော်တော်များများ ခံလိုက်ရတယ်… သေဆုံးမူ့တချို့ရှိခဲ့တယ်။ ဒီအချိန်မှာ တနိုင်ငံလုံးကို ရိုက်ခပ်စေမဲ့ တပ်လှန့်သံက.. အသံလွှင့်သတင်း ဌာနတွေကထွက်လာပြီ…. ၁၉၈၈သြဂုတ်လ ၈ရက်နေ့မှာ.. တနိုင်ငံလုံး မဆလလို့ခေါ်တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရကိုတပြိုင်နက်ထဲ တော်လှန်ကြမယ်။ လူထုတော်လှန်ရေးကြီး ဆင်နွှဲကြမယ်။ အဲဒီနေ့ကလည်း… သိပ်ထူးခြားတဲ့နေ့ ရှစ်လေးလုံး ပေါင်းဆုံထားတဲ့နေ့ ၈.၈.၁၉၈၈
သတင်းတွေကပြန့်နေပြီ အရပ်ထဲ.. ရွာထဲ.. ဈေးထဲ.. ကျောင်းထဲ…. ကျောင်းသားတွေ… ဆန္ဒပြကြတော့မယ်တဲ့…။ ဒါပေမဲ့…. မဆလအစိုးရက.. သိပ်ထိပ်လန့်ပုံတော့ မပြဘူး…။ အရင်အခါတွေတုန်းကလို… နှိမ်နင်းပြလိုက်ရင် ပြတ်သွားမယ်ပဲ ထင်နေဆဲ။ တနိုင်ငံလုံးမှာ သူတို့ပါတီတွေ… လုံခြုံရေးတွေကို နည်းနည်းပါးပါး တပ်လှန့်ထား ယုံကလွဲလို့ အရမ်းကာရောကြီး တင်းကြပ်မထားဘူး။ မြို့နယ်အသီးသီးက… အထက်တန်းကျောင်းတွေမှာတော့ ဆရာတွေ ကိုယ်တိုင် ကင်းစောင့်နေရတယ်။ ကျနော်တို့အားလုံး စီစဉ်ရတော့တယ်။ အဲဒီမှာ ပြသနာက ဘာလည်းဆိုတော့ ကျနော်တို့က ကျောင်းသားတွေ… ၀င်ငွေမရှိဘူး ပိုက်ဆံဆိုတာ မိဘတွေကပေးမှ မုန့်ဘိုးအဖြစ်ရကြတာ။ နယ်အသီးသီးကိုသွားဖို့ ဆက်သွယ်ဖို့… စာရွက်စာတမ်းတွေ ဖြန့်ဝေဖို့ငွေလိုတယ်။ လူတကာဆီ လိုက်အလှုခံလို့ရတဲ့ အမျိုးလည်းမဟုတ်ဘူး…. ဒါနဲ့လျှို့ဝှက် အစည်းဝေးထိုင် ဘာလုပ်ခဲ့ရသလည်းဆိုတော့ ချဲရောင်းမယ်… များများစားစား မဟုတ်ဘူး..။ ၁၀ဘိုးအကွက်လား မသိဘူး.. ဒါနဲ့လူခွဲပြီး လိုက်ရောင်းတယ်။ တယောက်က မေးတယ်…။ ပေါက်ရင် ဘယ်လို လုပ်မလည်းဆိုတော့… ငါတို့က ၈ ရက်နေ့မှာ လူထုအုံကြွမှုစမှာ… ချဲက၁၅ရက်နေ့မှ ထွက်မှာ… အဲဒီတော့.. ဒါထဲ့တွက်ဘို့ မလိုတော့ဘူး။ ပေါက်တဲ့သူရှိရင်လည်း တောင်းပန်လိုက်မယ်ကွာဆိုပြီး… ကိုယ်မြင်တဲ့ အမြင်သေးသေးလေးလေးနဲ့ ဖြေရှင်းခဲ့ကြတယ်။ ချဲရောင်းလို့ရတဲ့ ငွေတွေနဲ့ နယ်အသီးသီးကို သွားကြ စာရွက်စာတမ်းတွေ ဝေကြပေါ့။ ဒီလိုနဲ့ တဖြေးဖြေး သြဂုတ်လ ၈ - ရက်နေ့ နီးကပ်လာတယ်။ တနေ့ ကျနော့်သူငယ်ချင်း တယောက်က အူယားဖားရား သတင်းလာပေးတယ်။
“ဟေ့ကောင်… ငါသတင်း အတိကျရထားပြီ ပါတီယူနစ်အတွင်း သတင်းက ပေါက်ထွက်လာတာ။ ငါတို့ကျောင်းသားတွေကို ဒီရက်ပိုင်း အတွင်း အကျယ်ခေါ်ပြီး ထိန်းသိမ်းထားလိမ့်မယ်..။ အထူးသဖြင့် ရန်ကုန်မှာကျောင်းတက် နေတဲ့သူတြွေ ဖစ်ဘို့များတယ်။ ”ကျနော်လည်း ခေါင်းတော်တော် စားသွားတယ်..။ ဘာလုပ်ရမှန်းမသိတော့ဘူး… အတွေ့အကြုံကလည်းမရှိ… အသက်အရွယ်ကလည်း ငယ်ရွယ်တဲ့ သူတွေဆိုတော့ ဆုံးဖြတ်ရခက်သွားတယ်။ ဒါနဲ့ ကျနော်တို့ ချက်ခြင်းလူစုပြီး… အစည်းအဝေးထိုင်တယ်။ အားလုံးက သဘောတူညီစွာနဲ့… ဆန္ဒပြပွဲကို သြဂုတ်လ၈ရက်နေ့ လုပ်မဲ့အစား ရှေ့တိုးပြီး၆.ရက်နေ့မှာ စတင်ဘို့ ဆုံးဖြတ်ချက် ချလိုက်ကြတယ်။ ရက်ကအရမ်းနီးနေပြီ.. လုပ်စရာရှိတာ စီစဉ်စရာရှိတာတွေကို အသေးစိတ် စီစဉ်ရတော့တယ်။ နောက်တခါ ရေနံမြေက အလုပ်သမားတချို့နဲ့ ကျနော်တို့ ကျောင်းသားတွေ ချိတ်ဆက်မိတယ်။ သူတို့ပါ.. ပါဝင်လာတယ်..
လူထုဆန္ဒပြပွဲကိုစတင်ဘို့ မြို့လယ်နဲ့ မနီးမဝေးမှာရှိတဲ့… အထက(၁)ကို ရွေးချယ်လိုက်တယ်။ ဒီကျောင်းက သမိုင်း အစဉ်လာကြီးတဲ့ကျောင်း ဗိုလ်ချုပ်အောင်ဆန်းကစလို့ အရှင်ဆန္ဒာဓိက၊ စာရေးဆရာမဂျူးတို့ ပညာရည်နို့စို့ခဲ့ရာ ကျောင်းတော်ကြီး တယောက်ကကျောင်းရဲ့ မြေပုံကိုပြုစုတယ်။ အဖွဲ့တွေ အသီးသီး ခွဲလိုက်ကြတယ်။ ပြန်စဉ်းစားကြည့်လိုက်တိုင်း ကျေနပ်မိတာတခုက ကျနော်တို့အားလုံးက ထင်ရာမြင်ရာတွေနဲ့ စုပေါင်း လုပ်လိုက်ကြတာ.. နည်းနည်းတော့ စနစ်ကျတယ်ပြောလို့ ရပါတယ်…။ အဖွဲ့အသီးသီးခွဲပြီး ဘယ်သူကဘယ် ကျောင်းဆောင်မှာ တာဝန်ယူမယ်။ ဘယ်သူနဲ့အဖွဲ့က ကျောင်းရှေ့တံခါးကိုပိတ် လုံခြုံရေးစောင့်ကြည့် တာဝန်မြို့ထဲ တလျှောက်ကနေ ကျောင်းအထိ.. ကြားထဲမှာ ကျနော်တို့ လူတွေတယောက်ပြီး တယောက်ချထားတယ်။ အချိန်ကိုက်… တပ်လှန့်ထားတယ်။ သတ်မှတ်တဲ့အချိန် ရောက်တာနဲ့မြို့ထဲမှာ ရှိနေတဲ့လူထုကို ကျောင်းသားတွေ ဆန္ဒပြပြီဆိုတာကို ဆော်သြဘို့ပေါ့…….
၁၉၈၈ သြဂုတ်လ (၆)- ရက်
ကျနော်….၅..ရက်နေ့ တညလုံးနီးပါးလောက် မအိပ်ရဘူး… ကြွေးကြော်သံ စာရွက်ငယ်လေးတွေ ကူးနေတာ။ မနက်လင်းခါနီး လောက်ကြမှ တမှေးလောက်ပဲ မှေးလိုက်ရတယ်။ မနက်..၈နာရီလောက် ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ရင်း.. ဆုံရပ်ရှိရာကို ထွက်လာခဲ့တယ်။ လမ်းတလျှောက် ဖြတ်လာရင်း ကြည့်လိုက်တော့ ရေနံမြေက အလုပ်သမားတချို့ အနည်းငယ်အကွာဝေးဆီမှာ မရောင်မလည် လုပ်ရင်းနေရာယူနေတာကို တွေ့လိုက်ရတော့ တော်တော်အားတက်သွားမိတယ်။
အထက(၁)ကျောင်းရှေ့မှာ ရှိတဲ့ လဘက်ရည်ဆိုင်ကနေ ကျောင်းထဲကို လှမ်းပြီးအဆက်မပြတ် အကဲခပ် ကြည့်လိုက်တော့.. ကျောင်းဝန်းတံခါး အ၀င်ဝမှာ ဆရာတွေက ကျောင်းသားတွေကို စောင့်ကြည့် စစ်ဆေးတာတွေ လုပ်နေတာကို လှမ်းမြင်နေရတယ်။ ရှေ့တံခါးပေါက်မကြီးက ၀င်ရောက်ရမှာက သုံးဦး… ကျနော်ရယ်… သက်နိုင်(ဒသာနိကဗေဒ) ကျော်ဆန်းဦး(မကွေးကောလိပ်)…… အားလုံးက ရင်ခုံနေကြတယ်။ ဘာရယ်မဟုတ်ဘူး ကျနော်ခါးကြားမှာ ဓါးမြှောင်တိုလေး တချောင်းဆောင်လာတယ်။ ပထမကျောင်းတက် ခေါင်းလောင်းထိုးသံ ကြားလိုက်ရပြီ။ ရင်ခုံသံတွေက.. အရင်ကထက် ပိုကျယ်လောင်လာပြီ..။ သုံးယောက်လုံး လဘက်ရည်ဆိုင်ကနေ… ထထွက်လာပြီး အသင့်နေရာယူလိုက်တယ်။ ဒုတိယခေါင်းလောင်းထိုးပြီးရင် ကျောင်းတံခါးကို ပိတ်လိုက်တော့မှာလေ… အချိန်က နောက်ထပ်ငါးမိနစ်ပဲ ကျန်တော့တယ်။ ခပ်လှမ်းလှမ်းကို လှမ်းကြည့်လိုက်တော့ စီးပွားရေးတက္ကသိုလ် ကျောင်းသားကျော်လင်းနဲ့ သူ့အဖွဲ့သားတွေက.. ကျောင်းဝန်းတံခါးတွေကို ပိတ်ပြီး ထိန်းသိမ်းထားဘို့ အသင့်…ကျနော့်ကို သူက လက်မထောင်ပြတယ်..။ (အားလုံးအိုကေပေါ့ )… နောက် ကျောင်းနောက်ဖက်ကနေ ပတ်ဝင်ပြီး သွားမယ့် ကျော်စွာတို့အဖွဲ့က ခပ်သုတ်သုတ်ပြေးသွားပြီ….. သက်နိုင်က ကျနော်ကိုကပ်ပြီး တိုးတိုးလေး လှမ်းပြောတယ်။
“ကိုဝမ်း…မတတ်နိုင်ဘူးဗျာ… ရှေ့ကစောင့်နေတဲ့ ဆရာတွေက… ခင်ဗျားတို့ ကျနော်တို့ဆရာတွေ သူတို့ဘယ်လို တားတားကျနော်တို့ နားမယောင်နဲ့ တွန့်မသွားနဲ့ ရှေ့ဆက်တိုးမယ်….” ဆိုတော့ ကျော်ဆန်းဦးက….
“ငါတို့ ဆုံးဖြတ်ချက်ချပြီးသားပဲ…. သေချင်သေပါစေ… နောက်မဆုတ်ဘူး…. ဆက်လုပ်မယ်…”
တောင်ဘက်အရပ်ဆီက တိုက်ခတ်လာတဲ့ တချက်သော လေအဝှေ့မှာ…. ဖုန်မှုန့်တွေ ဖွားကနဲ လွင့်ထွက်လာတယ်။ ရှေ့မှာမောင်းနှင်လာတဲ့… မြင်းလှည်းတစီးရဲ့ မြင်းခွာရိုက်သံက.. ဂီတစည်းချက်အလား… ကျနော်တို့ရဲ့ရင်ခုန်သံ များအလား… ပြီးတော့ပတ်ဝန်းကျင်ကြီးဟာ… ပုံမှန်ထက်များ ငြိမ်သက်နေရော့သလား စိတ်အစဉ်မှာ ခံစားနေရင်းက…. ကျောင်းဝန်းအတွင်းက… ဒုတိယခေါင်းလောင်းသံက ထိုးဖောက်ထွက်လာပြီ။
ဂလိုင်…. ဂလိုင်…. ဂလိုင်…. ဂလိုင်….. ဂလိုင်………..
အပိုင်း (၃) ဆက်ပါဦးမည်
အားလုံးကိုလေးစားစွာဖြင့်
(မောင်မောင်ဝမ်း)

Waiting for the Part 3. Thanks......
ReplyDeleteမုဒိမ်ကျင့်ခံပါတယ်ဆိုတဲ့ကျောင်းသူက လှည်းတန် ၁ လမ်းထဲပါ၊ သိပ်မကြာမှိ သူက ကြေးမုံအယ်ဒီတာသို့ အိပ်ဖွင့်ပေးစာဆိုပြီး၊ အဲဒီတုန်းသူရဲ့ သူငယ်ချင်းတွေကမြှေက်ပေးလို မဟုတ်ပဲ လိမ်ခဲ့၇တာပါလို့ သတင်းစာမှာပါလာတယ်။။။ ညကြတော့ သူအိမ်ရှေ့ က အုတ်ေ၇ကန်ကိုကွယ်ပြီး သွားအော်ကြသေးတာ သတိ၇မိတယ်(ခလေးတွေဆိုတော့ လူကြီးတွေ မြှောက်လို့ သွားအော်တား)
ReplyDeleteဟဟဟ ကြေးမုံ သတင်းစာ သို့ ပေးစာတဲ့ စစ်အာဏာရှင်တွေရဲ့  လူသတ်မှုရော ပို့ ရင်ထည့်ပေးလား မေးကြည့်တာနော်
ReplyDelete8888 မှာ ခေတ်ဟောင်း မင်းသားကြီး အောင်လွင်(NLD ခေါင်းဆောင်) ရဲ့ကျွန်တော် သမီးတွေကို လုံထိန်းတပ်သားတွေက မုဒိန်းကျင့် လိုက်ကြဆိုတယ် လုပ်ကြံ ဇာတ်လမ်းလေးကို ပြည်သူတွေ မမေ့ဘူး ဒီမိုဝေယံ(Army)
ReplyDeleteတရားမဝင် ပြည်ဖျက်အစိုးရရဲ့ လက်ကိုင်တုတ် သိစေရန် ---
ReplyDeleteဗမာ နဲ့ တိုင်းရင်းသားတွေကို သွေးကွဲအောင်၊ တိုင်းရင်းသား အချင်းချင်းကို သွေးကွဲအောင်၊ ပြည်သူတွေနဲ့ စစ်တပ်ကို သွေးကွဲအောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာက အစိုးရ အမည်ခံ စစ်အုပ်စု ဖြစ်ပါတယ်။
မြန်မာစစ်တပ်က ပြည်သူတွေကို သွေးခွဲတဲ့ အနေနဲ့ရော၊ ခြိမ်းခြောက်တဲ့ အနေနဲ့ပါ ကျယ်ကျယ်ပြန့်ပြန့် မုဒိမ်းကျင့်ခြင်းကို လက်နက်သဖွယ် သုံးနေတာကို ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖေါ်ပြောကြားလိုက်တာကို ဖတ်ကြည့်ပါ။
"မုဒိမ်းစစ်တပ်" ဟု ဒေါ်စုပြောပြီ
ရာဇဝတ်ကောင်တွေ ကြီးစိုးနေဆဲဖြစ်တဲ့ တရားမဝင် ပြည်ဖျက်အစိုးရရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ် အဖြစ် အသုံးချခံနေရတဲ့ မြန်မာ မုဒိမ်းစစ်တပ် အကြောင်းကို ဒေါ်စုပြောတာက ဒီလိုပါ။
"ကျမတို့ မြန်မာနိုင်ငံမှာ စစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် မုဒိမ်းကျင့်ခြင်းကို လက်နက်သဖွယ် အသုံးပြုနေပါတယ်။
ငြိမ်းချမ်းစွာ နေနိုင်ရုံ နေလိုတဲ့ မြန်မာပြည်သူတွေနဲ့ မိမိရဲ့ အခြေခံလူ့အခွင့်အရေးကို ကာကွယ်ရုံ ကာကွယ်တဲ့ မြန်မာပြည်သူတွေ အပေါ်မှာ မြန်မာစစ်တပ်က မုဒိမ်းမှုတွေကို လက်နက်သဖွယ် သုံးပြီး ကျူးလွန်နေတာပါ။
အထူးသဖြင့် တိုင်းရင်းသားနယ်မြေတွေမှာ မြန်မာစစ်တပ်ရဲ့ မှုဒိမ်းမှုတွေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပါတယ်။
တိုင်းရင်းသားတွေကို ခြိမ်းခြောက်ဖို့ နဲ့ မြန်မာနိုင်ငံသားတွေ အချင်းချင်း မညီညွတ်ပဲ အကွဲအပြဲ ဖြစ်အောင် ရန်တိုက်ပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ မြန်မာစစ်တပ်က မုဒိမ်းကျင့်ခြင်းကို လက်နက်သဖွယ် သုံးနေတာပါ။
မြန်မာစစ်တပ်က ကျူးလွန်တဲ့ မုဒိမ်းမှုတိုင်းဟာ မြန်မာပြည်သူတွေကြားမှာ အကွဲအပြဲ ဖြစ်စေပါတယ်၊
မြန်မာစစ်တပ်က ကျူးလွန်တဲ့ မုဒိမ်းမှုတိုင်းဟာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကြားမှာ အကွဲအပြဲ ဖြစ်စေပါတယ်၊
မြန်မာစစ်တပ်က ကျူးလွန်တဲ့ မုဒိမ်းမှုတိုင်းဟာ စစ်တပ်နဲ့ ပြည်သူတွေကြားမှာ အကွဲအပြဲ ဖြစ်စေပါတယ်၊
မြန်မာစစ်တပ်က ကျူးလွန်တဲ့ မုဒိမ်းမှုတိုင်းဟာ (ဗမာအများစုနဲ့ ဖွဲ့စည်းထားလို့ "ဗမာစစ်တပ်" လို့ ခေါ်နေကြတဲ့ မြန်မာစစ်တပ်က ကျူးလွန်တာ ဖြစ်လို့) ဗမာတွေနဲ့ တိုင်းရင်းသားတွေကြားမှာ အကွဲအပြဲ ဖြစ်စေပါတယ်။
ဒါကြောင့် တိုင်းရင်းသားတွေ အပါအဝင် ငြိမ်းချမ်းစွာ နေလိုသူ ပြည်သူတွေ နဲ့ မိမိရဲ့ အခြေခံလူ့အခွင့်အရေးကို ကာကွယ်သူ ပြည်သူတွေကို ခြိမ်းခြောက်တဲ့အနေနဲ့ရော၊ သွေးခွဲတဲ့အနေနဲ့ပါ မြန်မာစစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် မုဒိမ်းကျင့်ခြင်းကို လက်နက်သဖွယ် အသုံးပြုနေတာကို အဆုံးသတ်သွားအောင် ကျမတို့အနေနဲ့ လုပ်နိုင်တာအားလုံးကို လုပ်ကြရပါမယ်။
http://www.yeyintnge.com/2011/05/aung-san-suu-kyi-on-sexual-violence-in.html
နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများက ကျူးလွန်ခဲ့သော မုဒိမ်းမှုပေါင်း ၁၈ဝဝ ကျော်ကို မှတ်တမ်းတင်ထားပြီ
ReplyDeleteနအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများက ကျူးလွန်ခဲ့သော မုဒိမ်းမှုပေါင်း ၁၈ဝဝ ကျော်ကို မုဒိမ်းကျင့်သူ စစ်ဗိုလ်၊ စစ်သား၏ တပ်အမှတ်၊ မုဒိမ်းကျင့်ခံရသူ အမျိုးသမီး၏ အမည်၊ နေရပ်၊ မုဒိမ်းကျင့်သည့် နေရာ၊ နေ့ရက်၊ အချိန် နှင့် မုဒိမ်းကျင့်ပုံ ဖြစ်စဉ် အတိအကျ မှတ်တမ်းတင်ထားပြီးပါပြီ။
နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများ၏ မုဒိမ်းမှု အရေအတွက် အစစ်အမှန်မှာ မှတ်တမ်းတင်ထားပြီးသည့် မုဒိမ်းမှု အရေအတွက် ၁၈ဝဝ ကျော်ထက် အဆပေါင်းများစွာ ပိုများသည်မှာ ထင်ရှားသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အထူးကော်မရှင် အစီရင်ခံစာ
မြန်မာအမျိုးသမီး အဖွဲ့အစည်း အများအပြားက ထုတ်ပြန်ထားသော အစီရင်ခံစာများတွင် အောက်ပါအတိုင်း ဖော်ပြထားသည်။
နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများသည် အသက် ၇ နှစ် အရွယ်ရှိ ကလေးများကိုပင် မုဒိမ်းကျင့်ကြသည်။
အုပ်စုလိုက် မုဒိမ်းမှုများနှင့် အခြား လိင်ဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှုများကို နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများက ပြုကျင့်ရာတွင်လည်း ၇ နှစ်ကလေးများကိုပင် ချမ်းသာမပေးကြပါ။
နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများ၏ မုဒိမ်းကျင့်ခြင်း၊ အုပ်စုလိုက် မုဒိမ်းကျင့်ခြင်းနှင့် အခြား လိင်ဆိုင်ရာ အကြမ်းဖက် ကျူးလွန်ခြင်းများ ကျူးလွန်ခံရသော မိန်းကလေးများ၊ အမျိုးသမီးများသည် နအဖ စစ်ဗိုလ်၊ စစ်သားများ၏ ပြန်ပေးဆွဲခြင်း၊ ရိုက်နှက်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းတို့ကိုလည်း အကျူးလွန်ခံနေရသည်။
နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများက ထိုကဲ့သို့ ကျူးလွန်ခြင်းများကို မိန်းကလေးများ စာသင်နေရာ ကျောင်းတွင်ရော၊ အိမ်တွင်ပါ ကျူးလွန်လာခဲ့ကြရာ မိန်းကလေးအများအပြားမှာ အပြင်းအထန် ဒဏ်ရာရရှိပြီး မိန်းကလေးအချို့မှာ အသက်ဆုံးရှုံးခဲ့ရသည်။
မြန်မာ လူ့ အခွင့်အရေး ပညာပေးရေးအဖွဲ့က မှတ်တမ်းတင်ထားသည်မှာ နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများသည် ကလေးသူငယ်များကို အိမ်မှ ကျောင်းသွားစဉ်တွင်လည်းကောင်း၊ ကျောင်းမှ အိမ်ပြန်စဉ်တွင်လည်းကောင်း အတင်း ဖမ်းဆီးကာ ပြန်ပေးဆွဲသွားပြီး အတင်းအကျပ် အလုပ် လုပ်ခိုင်းခြင်း၊ မုဒိမ်းကျင့်ခြင်း နှင့် လူကုန်ကူး ရောင်းစားခြင်း များကို ဆက်တိုက် ကျူးလွန်လာခဲ့သည်။
မုဒိမ်းကျင့်ခံရပြီး အသတ်မခံရသည့် အမျိုးသမီးများ၊ မုဒိမ်းကျင့်ခံရသည့် ဒဏ်ရာများကြောင့် အသက်မဆုံးရှုံးသည့် အမျိုးသမီးများထဲမှ အမျိုးသမီးအများစုက တစ်ခါရှက်က နှစ်ခါရှက် ဖြစ်မည် စိုးသဖြင့် မုဒိမ်းကျင့်ခံရသည်ကို ထုတ်ပြောလေ့ မရှိကြပါ။ ထို့ပြင် မုဒိမ်းကျင့်ခံရသော အမျိုးသမီး အများအပြားကလည်း နအဖ စစ်ဗိုလ်၊ စစ်သားများက မုဒိမ်းကျင့်သည့် ဖြစ်ရပ်မှန်များကို လူ့ အခွင့်အရေးအဖွဲ့များ၊ အမျိုးသမီးအဖွဲ့များ၊ သတင်းသမားများကို ထုတ်ဖော်ပြောကြားပါက မိမိ နှင့် မိမိ မိသားစုကိုသာမက တစ်ရွာလုံးကိုပါ နအဖ စစ်တပ်မှ စစ်တပ်၏ လုပ်ပိုင်ခွင့် နှင့် စစ်လက်နက်ကို အလွဲသုံးစားလုပ်ပြီး လာရောက် ဥပဒေမဲ့ ဖမ်းဆီး ထောင်ချ၊ နှိပ်စက်၊ သတ်ဖြတ်ခြင်းများ လုပ်မည်ကို စိုးရိမ်သဖြင့် ရေငုံ နှုတ်ပိတ်နေကြသည်။
ထို့ကြောင့် နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများ၏ မုဒိမ်းမှု အရေအတွက် အစစ်အမှန်မှာ မှတ်တမ်းတင်ထားပြီးသည့် မုဒိမ်းမှု အရေအတွက် ၁၈ဝဝ ကျော်ထက် အဆပေါင်းများစွာ ပိုများသည်မှာ ထင်ရှားသည်။
http://thawthikho.blogspot.com/2010/10/blog-post_932.html
(((သောသီခိုဘလော့ တွင် တင်ထားသော "သမီးအား မုဒိမ်းပြုကျင့်သော တပ်ကြပ်ကြီးကို ဖခင်ဖြစ်သူက ခုတ်သတ်၍ ပွဲချင်းပြီး သေဆုံး" post အောက်ရှိ comment (October 12, 2010 3:12 AM ) ကို ကူးယူဖော်ပြပါသည်။)))
နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများက ကျူးလွန်ခဲ့သော မုဒိမ်းမှုပေါင်း ၁၈ဝဝ ကျော်ကို မှတ်တမ်းတင်ထားပြီ (၁)
ReplyDeleteနအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများက ကျူးလွန်ခဲ့သော မုဒိမ်းမှုပေါင်း ၁၈ဝဝ ကျော်ကို မုဒိမ်းကျင့်သူ စစ်ဗိုလ်၊ စစ်သား၏ တပ်အမှတ်၊ မုဒိမ်းကျင့်ခံရသူ အမျိုးသမီး၏ အမည်၊ နေရပ်၊ မုဒိမ်းကျင့်သည့် နေရာ၊ နေ့ရက်၊ အချိန် နှင့် မုဒိမ်းကျင့်ပုံ ဖြစ်စဉ် အတိအကျ မှတ်တမ်းတင်ထားပြီးပါပြီ။
နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများ၏ မုဒိမ်းမှု အရေအတွက် အစစ်အမှန်မှာ မှတ်တမ်းတင်ထားပြီးသည့် မုဒိမ်းမှု အရေအတွက် ၁၈ဝဝ ကျော်ထက် အဆပေါင်းများစွာ ပိုများသည်မှာ ထင်ရှားသည်။
http://thawthikho.blogspot.com/2010/10/blog-post_932.html
(((သောသီခိုဘလော့ တွင် တင်ထားသော "သမီးအား မုဒိမ်းပြုကျင့်သော တပ်ကြပ်ကြီးကို ဖခင်ဖြစ်သူက ခုတ်သတ်၍ ပွဲချင်းပြီး သေဆုံး" post အောက်ရှိ comment (October 12, 2010 3:12 AM ) ကို ကူးယူဖော်ပြပါသည်။)))
အပေါ်မှာ အများအပြားက စစ်သားတွေရဲ့အမှားတွေ ရက်စက်မှုတွေကို ထင်သာမြင်သာစေတဲ့ အကြောင်းတွေကို ဆွေးနွေးသွားကြပါတယ်။ ကျနော် ထပ်ဖြည့်ဆွေးနွေးချင်တာလေးက "ဘာကြောင့်စစ်သားတွေ အခုလို အမှားလုပ်ကြလဲ " ဆိုတာလေးပါ။ ကျနော် အနေနဲ့ တိုင်းရင်းသားတွေခံစားရတာတွေကို အတွေးနဲ့တင် ကြက်သီးထဖို့ကောင်းလောက်အောင် ထိတ်လန့်မိပါတယ် (ကျနော်တို့ စီးပွားရေး၊ လူမှုရေးပြဿနာတွေမှာတောင် တခါတခါ အကူအညီမဲ့ ရင်ဆိုင်ရရင် ခံစားရတဲ့ ခံစားချက်ထက် အများကြီး ပိုဆိုးရွားပါလိမ့်တမယ်) ။ တပ်မတော်သားတွေ အခုလိုအမှားတွေ ကျူးလွန်နေတာဟာ စိတ်ပိုင်းဆိုင်ရာ အယူအဆ မှားယွင်းနေလို့ပါ။ (ဒိတ္ထိဗျတန ဖြစ်နေတာကြောင့်ပါ။) ဒီလိုမှားယွင်းစေတာကတော့ ကမ္ဘာ့လူဆိုးကြီးစာရင်းဝင် သန်းရွှေနဲ့ အပေါင်းပါတွေရဲ့ ယုတ်မာတဲ့ စိတ်ဓါတ်စစ်ဆင်ရေးလုပ်ရပ်ကြောင့်ပါ။ အခုလို ပျက်ဆီးနေတာ စစ်သားတွေချည်းပဲဆိုရင် တဖက်စောင်းနင်းပြောရာရောက်ပါတယ်။ ဝန်ထမ်းတွေလဲ အကျင့်ပျက်လာဒ်စားကြတာပဲ။ ဒီလိုလာဒ်စားတာတောင် တချို့တွေက သူတို့လာဘ်စားပြီးလုပ်ပေးတာကိုတောင် ပြည်သူတွေက ပြန်ကျေးဇူးတင်ရမလိုပြောကြတဲ့အထိ အမှားကို အမှန်ထင်နေကြပါတယ်။ ဒါတင်မကသေးပါဘူး ပြည်သူတွေမှာလဲ မှားယွင်းတဲ့ အမူအကျင့်တွေ ရှိနေတာပါပဲ။ မနေ့တနေ့က မြန်မာ vs အိုမာန် ဘောပွဲက သက်သေပါ။ facebook ပေါ်မှာ သံဃာ့ဆွမ်းဂျိုင့်တောင် လိမ်တဲ့အကြာင့်ဖတ်လိုက်ရပါတယ်။ ဒါဟာဘာကိုပြလဲဆိုရင် ဗမာပြည်မှာ စိတ်ပိုင်းဆိုင်ရာ အားနည်းချက် လူတိုင်းမှာရှိနေတယ်ဆိုတာပါ (စစ်သား၊ ဝန်ထမ်း နဲ့ ပြည်သူ အမှား အကြီးအသေးက ကျားကြီးခြေရာကြီးဆိုသလို ကွာသွားတယ်လို့ထင်ပါတယ်။) ဒါတွေအားလုံးဟာ စနစ်ဆိုးကြီးရဲ့ အကျိုးဆက်တွေပါ။ တာဝန်ယူမှုမှားယွင်းနေတာပါ။ တပ်မတော်ဟာ စစ်တိုက်ရမယ် ဒါပေမယ့် သာမာန်ပြည်သူနှင့်တကွ သုံ့ပန်းတွေကို မနှိပ်စက် မညှင်းပန်းရဘူး ဆိုတာ လိုက်နာရဲ့လား။ ဝန်ထမ်းတွေကလဲ မိမိတာဝန်ကို တိတိကျကျ လိုက်နာကြရဲ့လား။ ပြည်သူတွေကရော ကိုယ့်အကျိုးစီးပွား၊ ကိုယ့်အတ္တ၊ ကိုယ့်ခံစားချက်အတွက် နဲ့ သူတပါး ထိခိုက်မှာကို စဉ်းစားကြရဲ့လား။ အဓိက နဲ့ သာမညကို ခွဲခြားမြင်စေချင်ပါတယ်။ စစ်သားတွေဆိုးပါတယ်။ စစ်သားတွေထက် ပိုအဓိက အရေးကြီးနေတာ ပြဿနာက ကျနော်တို့နိုင်ငံက အာဏာရှင်စနစ်ပါ။ လက်ရှိအစိုးရ ပြုတ်ကျရင်တောင် နိုင်ငံသားတွေ စိတ်ထဲမှာ ကြွင်းကျန်နေတဲ့ ဒီစိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကို ဖြေဖျောက်နိုင်ဖို့ ကျနော်တို့ အတော်ကြီး ကြိုးစားရအုံးမှာပါ။
ReplyDeleteအဲ့လိုကြိုးစားတဲ့နေရာမှာ အမေစုပြောသလို ကိုယ်ကိုယ်တိုင်က စပြင်ဖို့လိုပါတယ်။ ငါတို့က စစ်သားတွေလောက် မဆိုးဘူး လို့ပြောစရာရှိပါတယ်။ ကျနော်ပြောချင်တာက စစ်အာဏာရှင်ဆိုတာ ရက်စက်မှာပဲ ဆိုးမှာပဲ။ ကျနော်တို့ အဆိုးတွေကို ထိုင်ပြောနေပြီး၊ သူတို့နဲ့ အဆိုးလိုက်ပြိုင်ကြမှာလား။ ကိုယ့်အမူအကျင့်နဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ တိုးတက်အောင် မပြုမူသင့်ဘူးလား။ မိသားစုအနေနဲ့စဉ်းစားကြည့်ပါ။ မိမိညီငယ်မှားနေရင် ဆူပူနေရုံနဲ့ ဒီညီငယ် ပြုပြင်လာမလား။ ကျနော်တို့ကိုယ်ကိုယ်တိုင်ကစပြီး ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို စဉ်းစားဆင်ခြင်ဥာဏ် ရှိလာအောင် ပြုပြင်သင့်ပြီထင်ပါတယ်။ အမှားတွေကို ထောက်ပြရမှာဖြစ်သလို အမှားတွေကိုပြုပြင်ရာမှာလဲ ကူညီရပါမယ်။ တဖက်ကလဲ အမှားလုပ်တဲ့သူတို ဖေးမပြီး ပြုပြင်ပေးရပါမယ်။ နောက်ဆုံး ကိုယ်ကိုယ်တိုင်ကလဲသူတို့ အတုယူစရာ စံပြဖြစ်အောင် ကိုယ့်ရဲ့ အပြောအဆို အမူအကျင့်တွေကို ထိန်းသိမ်းဖို့လိုလိုပါတယ်။ တချို့ကိုယ်ကျိုးရှာနိုင်ငံရေးသမားတွေ၊ တပ်မတော်အရာရှိတွေနဲ့ စစ်အာဏာရှင် လက်ဝေခံ အဖွဲ့အစည်းတွေအနေနဲ့လဲ ပြည်သူတွေ(မိမိတို့အမျိုးတွေချည်းကိုပဲ ပြည်သူလို့လုပ်တာကိုမဆိုလိုပါ)ရဲ့ အကျိုးစီးပွား၊ အနာဂါတ် ကိုယ့်ရင်သွေးတွေရဲ့အကျိုးကိုကြည့်ပြီး မကောင်းတဲ့အကျင့်ဆိုးတွေ၊ ကန့်လန့်တိုက်တတ်တဲ့ အပြုအမူတွေကို ပြုပြင်သင့်ပြီ။ မဟုတ်ရင် ခင်ဗျားတို့ကျနော်တို့ ရင်သွေးတွေ သူတို့ကိုယ်သူ ဗမာပါလို့ နိုင်ငံတကာမှာ မပြောရဲအောင်ဖြစ်ရလိမ့်မယ်။ အခုတောင် ထိုင်းနဲ့ မလေးရှား မှာ ဗမာပြည်သူတွေ ဗမာလို့ လူသိခံဖို့ခက်နေသလို၊ စင်ကာပူမှာ ဗိုလ်ချုပ်သားသမီး နဲ့ လက်ဝေခံ သူဌေးကြီးတွေရဲ့ သားသမီးတွေက သူတို့ကိုယ်သူတို့ ဗမာလို့ ပြောဖို့ရှက်နေကြလေရဲ့... (ကျနော်ကိုယ်တိုင်လဲ ကိုယ့်ဖာသာကိုယ် ကြိုးစားပြီး ပြုပြင်နေပါတယ် သိလွန်းလို့ပြောတာမဟုတ်ပါဘူး ကျနော့အမြင်လေး ပြန်လည်ဝေမျှတာပါ)
ReplyDelete